← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

ပထမအဆင့် ယှဉ်ပြိုင် အပြီးမှာတော့  ထိပ်ဆုံး အယောက်၈၀က ပေါ်ထွက်လာတယ်။

ယန်ကလန်က ခုနစ်ယောက် အောင်မြင်တယ်။

ရှန်းတုန်ကလန်နဲ့ ကောင်းကလန်ကတော့  ၆ယောက်စီ အောင်မြင်ကျတယ်။

ဒါပေမဲ့ လီကလန်ကတော့ လီဖူချန်း နဲ့ လီယွန်ဟိုင် နှစ်ယောက်ပဲ အောင်မြင်တယ်။

နောက်ထပ် ဒုတိယ အဆင့်အတွက် အယောက် ၄၀ ရွေးတဲ့အခါ ကျရင်တော့ ပြိုင်ဖက်တွေက ပိုပြီးခက်ခဲ လာမှာဖြစ်တယ်။

ဒုတိယ အဆင့်မှာတော့ ယန်ကလန်က ၅ယောက် ပြုတ်သွားတယ်။

ကောင်းကလန်က၃ ယောက် ပြုတ်သွားတယ်။ ရှန်းတုကလန်က ၄ယောက် ပြုတ်သွားတယ်။ လီကလန်ကတော့ နှစ်ယောက် ကျန်နေတုန်း ပဲ ။

တတိယ အဆင့်မှာတော့ ထိပ်ဆုံးအယောက် ၂၀ အတွက် စတင်ရွေးချယ် တော့မှာဖြစ်တယ်။ ပြိုင်ပွဲက လုံးဝ အကျိတ်အနယ် ဖြစ်လာတော့မည်လေ။ ထိပ်ဆုံး အယောက် ၂၀ အတွက် ရမယ့် ဆုကြေးက နည်းနည်းနောနော မှမဟုတ်တာ။

ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ကောင်းဖန် နဲ့ ရင်ဆိုင်ရဖို့ အလှည့်ကျလာတယ်။

" လီကလန်က အရမ်း ကံဆိုးတာပဲ။ လီဖူချန်း နဲ့ ကောင်းဖန်က ဒီလောက် အစောကြီး သွားတွေ့တယ်။

“ဟုတ်ပါ့ကွာ။ ကောင်းဖန် နဲ့သာ မတွေ့ရင် လီဖူချန်း က ထိပ်ဆုံးအယောက်၂၀ ထဲဝင်ဖို့ဆိုတာ လုံးဝ အေးဆေးပဲ "

ပွဲကြည့် ပရိသတ်တွေကလည်း လုံးဝ ဆူညံနေကြပြီ။

ပြီးခဲ့တဲ့ နှစ်ကျော့စလုံးမှာ လီဖူချန်း က ကောင်းကောင်း လုပ်ဆောင် နိုင်ခဲ့တဲ့အတွက်  ပရိသတ် အချို့က သူ့ကိုအားပေး နေကျတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် သူ့ပြိုင်ဖက်က နှယ်နှယ်ရရ မဟုတ်ဘူးလေ။ ဆေးရည်တစ်ထောင် ရေကန်ကို ဝင်ခွင့်ရတဲ့ ခြောက်ယောက်ထဲက တစ်ယောက်။ ကောင်းဖန်ကို အေးအေးဆေးဆေး ထိပ်ဆုံး ၁၀ယောက်အထိ ဝင်နိုင်မယ်လို့ အားလုံးက ခန့်မှန်း ထားကျတယ်။ ယန်ခိုင်တစ်ယောက်ပဲ သူ့ကို ကောင်းကောင်း အနိုင်ယူမှာလေ။

"လီဖူချန်း။ ကြည့်ရတာ မိုးနတ်မင်းကြီးက ငါ့တို့ကို စီစဉ်ပေးလိုက်ပုံ ရတယ်"

ကောင်းဖန် ရဲ့မျက်နှာကတော့ လီဖူချန်းကို ဆုံးမရတော့မည် ဖြစ်သဖြင့် ပြုံးရွှင်နေလေသည်။

လီဖူချန်းကို အရင်တစ်ခေါက်က ရှုံးခဲ့တာကို သူ့ကို အရမ်းသိက္ခာ ကျစေခဲ့တယ်။ သူ က လီဖူချန်းဆီက အကြွေးဟောင်းကို ကောင်းကောင်းကြီး ပြန်ဆပ်ခွင့် ရပြီလေ။

လီဖူချန်းက ခပ်ပေါ့ပေါ့ ကလေး ရယ်သွမ်းလိုက်ပြီး။

" ကောင်းကင်ဘုံ အလိုကျတဲ့လား။ ဟားဟား။ ဒါပေါ့လေ၊ ဒါပေါ့" ။

"မင်းက ငါ့ကို ရှုံးမယ် ဆိုတာကို လုံးဝ မယုံဘူးပေါ့လေ။ အေးဟုတ်ပြီ။ ရယ်ထား... မင်းပါးစပ် ထဲက သွား ၃၂ ချောင်းလုံး ငါရိုက်ချိုးလိုက်တဲ့ အခါကျရင် မင်းရယ်နိုင် ဦးမလားဆို ငါစောင့်ကြည့်ဦးမယ်။"

ကောင်းဖန်က လီဖူချန်းရဲ့ အပြုအမူကြောင့် အရမ်းဒေါသ ထွက်သွားတယ်။

***

" ခေါင်းဆောင်။ ကောင်းဖန်က ဒီတစ်ခါ အနိုင်ရနိုင်ပါ့မလား"

ဒီမေးခွန်းကို မေးလိုက်တဲ့သူက ကောင်းဖန် ရဲ့ အဖေဖြစ်တဲ့ ကောင်းရှန်။

ကောင်းရှန်က ပုံမှန်အားဖြင့် သူ့သားကောင်းဖန်ကို ယုံပါတယ်။

ဒါပေမဲ့ ဒီတစ်ခါ  ပြိုင်ဖက်က သူ့သားကို အနိုင်ရဖူးတဲ့ လီဖူချန်းလေ။ ပြီးတော့ ပြိုင်ပွဲ စင်မြင့်ပေါ်မှာက တစ်ချက်မှားတာနဲ့ အရာအားလုံးက ဖြစ်သွားနိုင် သည်လေ။ ဒါကြောင့် ကောင်းရှန်က စိတ်မအေးနိုင်ဘူး ဖြစ်နေတယ်။

ကောင်းယုက ခေါင်းကို ခါလိုက်ပြီး

" စိတ်အေးအေး ထားစမ်းပါ။ လီဖူချန်းကို အရင်တစ်ခေါက် သူရှုံးတာက သတိမမူ မိလိုက်လို့ ပါ။ အခု လီဖူချန်းနဲ့ ပြိုင်မယ့် ကောင်းဖန်က အရင်ကကောင်းဖန် မဟုတ်တော့ဘူး ဆိုတာလည်း သတိထားဦး"

ရုတ်တရက် အရမ်း တိုးတက်လာတဲ့ လီဖူချန်းကြောင့် သူအနည်းငယ် အံ့အားသင့်မိတယ်။

ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ သာမန်အရိုး တည်ဆောက်ပုံ နဲ့ လူဟာ အနာဂတ် မှာ ဘယ်လောက်မှ တိုးတက်မှာ မဟုတ်ဘူးလေ။ " သာမန်အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးကို မင်းတို့အားလုံးက ဒီလောက်တောင် ကြောက်သလားကွာ ...

ကောင်းယုရဲ့ ညာဘက်မှာ ထိုင်နေတဲ့ ဆံပင်မီးခိုးရောင်နဲ့ အဘိုးကြီးက သူတို့အားလုံးကို ရှုံ့ချလိုက်တယ်။

ကောင်းယုနဲ့ ကောင်းရှန်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ဒီအကြီးအကဲက ကောင်းကလန် ရဲ့ တစ်ဦးတည်းသော မြေကမ္ဘာအဆင့် သိုင်းပညာရှင်ဖြစ်ပြီး  အရေးကြီးတဲ့ အချိန်တွေမှာမှ ပေါ်လာတတ်တဲ့ သူတစ်ဦးဖြစ်တယ်။

***

" နှမျောစရာပဲ။ မင်းငါ့ကို ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး။

ငါမင်းကို တစ်ခါ အနိုင်ယူဖူးရင်   နောက်တစ်ခါလည်း အနိုင်ယူဦးမှာပဲ" လို့

လီဖူချန်း ကပြောလိုက်တယ်။

“အရှက်မရှိ လိုက်တဲ့ ကောင်ကွာ ။ ကောင်းဖန်က လီဖူချန်းဆီကို ပြေးဝင်လာပြီး မိုးရွာ နေသကဲ့ သို့ ဆက်တိုက် တိုက်ခိုက်လိုက်တယ်။

ကောင်းဖန် ရဲ့ ဓားသိုင်းက မိုးရေစက် ဓားသိုင်းဖြစ်တယ်။လီဖူချန်းကတော့ သူ့ရဲ့ လေပြေ ဓားသိုင်းနဲ့ပဲ ခုခံနေတယ်။

" ဒီကောင့်ရဲ့ ဓားသိုင်းက အတော် တိုးတက်လာတာပဲ"

လီဖူချန်း  ကကောင်းဖန်နဲ့ အကွက်အနည်းငယ် တိုက်ပြီးနောက်မှာတော့ ကောငးဖန် ရဲ့ ဓားသိုင်း တိုးတက်လာတာကို သတိပြုမိလိုက်တယ်။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလည်း" ကောင်းဖန်က မျက်မှောင်ကြုတ်လိုက်တယ်။ လက်တွေ့ တိုက်ခိုက်မှု လေ့ကျင့်ခန်းတွေ အတော်များများ လုပ်ပြီးနောက်မှာတော့ သူ့ရဲ့ဓားသိုင်းက တော်တော်လေး တိုးတက်လာတာလေ။

သူထင်ထားတာက လီဖူချန်း ရဲ့ လက်တွေ့ တိုက်ခိုက်မှု အပိုင်းက ကောင်းတယ် ဆိုပေမယ့် သူ့ကို မမှီလောက်ဘူး ထင်ထားခဲ့တာ။

အခုတော့ သူ့ရဲ့မိုးရေစက် ဓားသိုင်း က လီဖူချန်းရဲ့ လေပြေ ဓားသိုင်းအောက်မှာ ထိန်းချုပ်ခံ နေရ ရုံသာမက  လီဖူချန်း ရဲ့ ဓားချက်တွေကလည်း သူ့ရဲ့အားနည်းချက် ဟာကွက်တွေကိုပဲ ရွေးချယ် တိုးဝင်လာတယ်လေ။

" အထင်ကြီးစရာပဲ။  ဒီကောင်လေး ရဲ့ဓားသိုင်းက တော်တော်လေးကို ကောင်းတာပဲ။ သူ့ရဲ့ ဓားချက်တွေက သူ့ပြိုင်ဖက်ရဲ့ ဟာကွက်တွေကို ကောင်းကောင်းကြီး ဖိနှိပ်ထားတယ်။"

ချန်ဇောင်မင်က လီဖူချန်းကို ချီးကျူးလိုက်တယ်။

ရှန်းတုကျန်းဟီက ခေါင်းညိတ်ပြီး ထောက်ခံလိုက်တယ်။

"ဒီလူငယ်လေး က လီကလန် ခေါင်းဆောင် ရဲ့သား လီဖူချန်းလေ။သူက ဓားသိုင်းဘက်မှာ တော့ အတော်လေး ပါရမီပါတယ်။ ဒါပေမဲ့ နှမျောစရာ ကောင်းတာက သူက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။

" သာမန် အရိုးတည်ဆောက်ပုံလား"

ချန်ဇောင်မင် ရဲ့ မျက်နှာထက်မှာ သနားကရုဏာ သက်တဲ့ပုံတွေ ဖြစ်ပေါ်လာတယ်။လီဖူချန်း ရဲ့ ဓားသိုင်းက အရမ်းကြီးတော့ ထူးချွန်နေတာ မဟုတ်ပေမယ့် ကောင်းတယ်လို့တော့ သတ်မှတ်လို့ ရတယ်လေ။တစ်ကယ်လို့ လီဖူချန်းသာ ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဆိုရင် မိုးပြာရောင် ဂိုဏ်းထဲ ဝင်ဖို့ တစ်ခါတည်း ခေါ်လိုက်မှာပဲ။

" ဒီခွေးသားရဲ့ ဓားသိုင်းက ဒီလောက်ကောင်းသလားဟ"

ကောင်းဟောင် နဲ့ ကောင်းယန် ကတော့ လီဖူချန်း ရဲ့ ဓားသိုင်းကိုမြင်ပြီး အံ့သြနေကြတယ်။

" အရမ်းလည်း ပျော်မနေနဲ့ဦး"

ကောင်းဖန်က အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ့ရဲ့ဓားသိုင်းကို ပြောင်းလိုက်တယ်။

" မိုးသက်မုန်တိုင်းဓားသိုင်း"

ကောင်းဖန်ရဲ့ ဓားချက်တွေက အရမ်းမြန်လာရုံ သာမက အရမ်းလည်း ပြင်းထန်လာတယ်။

" ငါမင်းကို ထပ်ပြောလိုက်ဦးမယ်။ တစ်ခါ မင်းကိုနိုင်ဖူးရင် နောက်လည်း နိုင်နေဦး မှာပဲ"

လီဖူချန်းက သူ့ရဲ့ လေပြေဓားသိုင်းကို အရှိန်မြှင့် လိုက်တယ်။

" ရွှမ်း"

လီဖူချန်းရဲ့ ဓားချက်က ကောင်းဖန် ရဲ့ ဓားကွက်တွေကို ဖျက်စီးလိုက်ပြီး အနိုင်ယူခါနီး ဆဲဆဲမှာ  ထူးဆန်းတဲ့ အသံတစ်ခုက လီဖူချန်းရဲ့ နားထဲ ဝင်လာတယ်။

" လူငယ်လေး ။ ဒီအဘိုးကြီး ကမင်းကို ထိပ်ဆုံး ၂၀ အတွင်းဝင်တဲ့ ဆုကြေးထက် ဆယ် ဆပေး ပါ့မယ်။ ကျေးဇူးပြုပြီး အရှုံး ပေးလိုက်ပါလား။

လီဖူချန်ကတော့ ထိုအသံကို ဂရုမစိုက်ပဲ လေပွေမုန်တိုင်း ကန်ချက်နဲ့ ကောင်းဖန်ကို စင်ပေါ်ကနေ ကန်ချ လိုက်တယ်။

" ဘန်း''

ကောင်းဖန် က စင်အောက်ကို ဇောက်ထိုးကြီး ပြုတ်ကျသွားလေတယ်။

***

All Chapters