အပိုင်း(၅၄၀)
Vol. 36 Ch. 540
ချူးမိသားစုက ရှင်းယောင်မြို့၌ နံပါတ်တစ်ဖြစ်သည်။ ၎င်းတို့က ထိုက်မိသားစုနှင့်ညီအကိုများကဲ့သို့ဖြစ်၏။
ချူးကလန်ရောက်ရှိလာသောအခါတွင် ထိုက်မိသားစု ယနေ့ည ခံစားရမျက် ပျက်ကိန်းကကံကောင်းသွားလိမ့်မည်ဟု
လူများ တွေးကြ၏။ ချူးကလန်ကရောက်ရှိလာပြီဖြစ်သည်။
ထိုက်မိသားစု၏ ဝမ်းနည်းကြေကွဲနေသော စိတ်များပင် ချူးမိသားစုခေါင်းဆောင်
ချူးကျူး
ဦးဆောင်မှုအောက်၌ ချူးကလန်ရောက်ရှိလာသောအခါတွင် အဝေးသို့လွင့်ပျယ်သွားသည်။
ထိုက်မိသားစုဝင်များစွာပင် ဝမ်းနည်းကြေကွဲမှုအားခံစားရပြီးနောက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြ၏။
ထိုက်မိသားစုဝင်များမှာ ချူးကလန်ပေါ်၌ ယုံကြည်မှုတို့ပြည့်နှက်နေ၏။သူတို့က ချူးမိသားစုခေါင်းဆောင်ချူးကျူး၏ အစစ်အမှန်ခွန်အားကိုသိကြသည်ဖြစ်သည်။
ဥက္ကာပျံများနှင့်ဆင်တူသည့် မျက်စိကျိန်းလောက်စရာအလင်းတန်းမျာက ညကောင်းကင်ယံထဲ၌စတင်ရပ်တန့်လာသည်။ ထိုက်ကလန်ထက်၌ အလင်းတို့ပျောက်ကွယ်သွားပြီး များစွာသောပုံရိပ်များ စတင်ပေါ်လာ၏။
၎င်းတို့စုစုပေါင်းဆယ့်ငါးယောက် ရှိသည်ဖြစ်သည်။ ဤဆယ့်ငါးယောက်လုံးက စွမ်းအားကြီးအရှိန်အဝါတို့အား
ထုတ်လွှတ်နေ၏။
သူတို့အားလုံးကသူတော်စင်နယ်ပယ်
များဖြစ်ကြသည်။ ကျင့်ကြံမှုအမြင့်ဆုံးသူက အဖြူရောင်ဆံပင်ရှည်နှင့် အဘိုးအိုဖြစ်သည်။ သူ့၌ ခန့်ညားသောအသွင်အပြင်ရှိပြီး ရွှေရောင် နောက်ခံဝတ်ရုံပါသော ရွှေရောင်အဝတ်အစားကိုဝတ်ဆင်ထား၏။
ဤလူမှာ ရှင်းယောင်မြို့အတွင်း၌ လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးရှိသော
သူဖြစ်သည်။သူက ရှင်းယောင်မြို့၌ နံပါတစ်ကလန်ဖြစ်သော ချူးကလန်၏ခေါင်းဆောင်ဖြစ်သူ ချူးကျူးပင်ဖြစ်သည်။
ချူးကျူးက သူ၏လက်နှစ်ဖက်အားရင်ဘက်ရှေ့
တွင်ပိုက်ထားပြီး အောက်သို့ငုံ့ကြည့်နေသည်။
သူ့နောက်ရှိရွှေရောင်ဝတ်ရုံက ညလေနှင့်အတူ တဖျပ်ဖျပ်လွင့်နေသည်။ သူက ဆင်းသက်လာသော ဘုရင်တစ်ပါးကဲ့သို့ပင်ဖြစ်၏။
ချူးကလန်၏ အခြားသောကျင့်ကြံသူဆယ့်လေး
ယောက်မှာ ကြယ်တစ်ပွင့်မှ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်
အတွင်းဖြစ်ကြသည်ဖြစ်၏။သူကိုက ချူးကလန်၏ခေါင်းဆောင်ဖြစ်သော ချူးကျူး ၏နောက်၌ တန်းစီရပ်နေကြသည်။ သူတို့၏ ခေါင်းများအားငုံ့၍ ရှစ်ဖုန့်နှင့် ထိုက်မိသားစုတိုထံကြည့်နေသည်။
ဤအချိန်တွင် ချူးကလန်၏ ကျင့်ကြံသူများမှာ သူတို့၏မျက်နှာထက်၌ လှောင်ပြုံးအားဆင်မြန်း၍ အနက်ရောင်ပုံရိပ်အား ကြည့်နေကြသည်။
ချူးကလန်မှဤလူများအားဤနေရာ၌ ရှစ်ဖုန့်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အစက သူ့အနေဖြင့် ချူးကလန်၏လှပသောမိန်းကလေး အားတွေ့ရန်အတွက် ချူးကလန်သို့သွားရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော်ရှစ်ဖုန့်အနေဖြင့် အမျိုးသမီးငယ်နှင့်သူမ၏မိခင်ဖြစ်သူ၊ဖခင်ဖြစ်သူတို့အား မမြင်တွေ့ရပေ။
ချူးကလန်အဖွဲ့ဝင်များအားကြည့်၍ ရှစ်ဖုန့်မေးလိုက်သည်။
“မင်းတို့ချူးကလန်မှာ ချူးရှင်းလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိလား.. ပြီးတော့ချူးယွဲ့လို့ခေါ်တဲ့သူ့အဖေရောပဲ”
“ချူးရှင်းနဲ့ ချူးယွဲ့လား”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ချူးမိသားစုခေါင်းဆောင်ချူးကျူးက အထင်သေးမှုအပြည့်ဖြင့်အေးစက်စွာပြောလိုက်သည်။
“မင်းကချူးရှင်းနဲ့ချူးယွဲ့ကိုသိတာလား”
“ဟီးဟီး”
နောက်ဆက်တွဲအနေဖြင့် ချူးကျူးက သူ၏ခေါင်းအားအနည်းငယ်ခါယမ်း၍ တသောသောရယ်လိုက်သည်။
“ကောင်လေး.. မင်းကချူးရှင်းနဲ့ချူးယွဲလို့ခေါ်တဲ့ အဲ့သစ္စာဖောက်နှစ်ယောက်ကြောင့် မင်းကိ ငါချမ်းသာပေးမယ်ထင်နေတာလား..ဟီးဟီး..ဒီညမင်းက ငါ့ရဲ့ရှင်းယောင်မြို့မှာ အရမ်းကိုမောက်မောက်မာမာပြုမူခဲ့ပြီး ငါ့ရဲ့ချူးကလန်ကို လုံးဝဥပေက္ခာပြုထားခဲ့တယ်..
ဒီညတော့မင်းအတွက်သေခြင်း
တရားကနေလွှတ်ဖို့ခက်ခဲလိမ့်မယ်”
ချူးကျူးစကားပြောပြီးနောက် သူ့နောက်ရှိချူးမိသားစုဝင်ဆယ့်လေးယောက်၏မျက်နှာထက်ရှိလှောင်ပြုံးတို့က ပို၍ ပီပြင်လာသည်။ ဤကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိသော ကောင်စုတ်က တကယ်ကြီး သစ္စာဖောက်ချူးယွဲ့၏အမည်အား
ပြောရဲလေသည်။ သူမပြောခဲ့လျှင်ကောင်းမည်ဖြစ်သော်လည်း ယခုသူပြောခဲ့သောကြောင့် သူဤသစ္စာဖောက်အားသိသည်ဖြစ်စေ မသိသည်ဖြစ်စေ ခေါင်းဆောင်က သူ့အားဒီညလွှတ်ပေးတော့မည်မဟုတ်ပေ။
“ချူးကလန်ရဲ့ သစ္စာဖောက်လား”
ချူးကျူး၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်၏အမူအယာက ဖြည်းဖြည်းချင်းအေးစက်မှုအဖြစ်ပြောင်းလဲလာသည်။ သူကအေးစက်စွာမေးလိုက်သည်။
“အခုသူတို့ဘယ်လိုနေလဲ”
“သူတို့ဘယ်လိုနေလဲတဲ့လား”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ချူးကျူးကရှစ်ဖုန့်အား သရော်လိုက်ပြီး ပြောလိုက်သည်။
“ကောင်စုတ် မင်းအခြေအနေကို မင်းနားလည်တာကပိုပြီးကောင်းမယ်”
“ချူးရှင်း. ဒီတော့ သူက ငါတို့ရှင်းယောင်မြို့က နံပါတ်တစ်အလှလေးကိုသိတယ်ပေါ့..”
ဤအချိန်တွင် အကွာအဝေးတစ်ခု၌ရှိနေသော ကျင့်ကြံသူတစ်ဦးက ရှစ်ဖုန့်၏စကားအားကြားပြီးပြောလိုက်သည်။
ရှင်းယောင်မြို့၏နံပါတစ်အလှပဂေးလေး ချူးရှင်းမှာ ချူးကလန်မှဖြစ်သည်။ ရှင်းယောင်မြို့အတွင်းရှိ လူအားလုံးက သူမအား သိသည်ဟုပြော၍ရသည်။ အထူးသဖြင့်ယောက်ျားများဖြစ်သည်။
“ဒါပေမဲ့ မကြာခင်ကငါကြားထားတာ နံပါတ်တစ်အလှလေးချူးရှင်းရဲ့အဖေက ဆယ်နှစ်ယောက်ပျောက်ကွယ်သွားရာကနေ ရှင်းယောင်မြို့မှာပြန်ပေါ်လာတယ်တဲ့.
အဲ့နောက် ချူးယွဲ့က ချူးကလန်ကို သစ္စာဖောက်တယ်ဆိုတဲ့ကောလ
ဟာလတွေလည်းရှိနေတယ်.. ချူးကလန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုငါသိချင်မိသား”
“မင်းဒီအကြောင်းကိုမသိဘူးလား.ချူးကလန်ရဲ့အရင်ခေါင်းဆောင်က ချူးယွဲ့ရဲ့အဖေ ချူးရှန့်ပဲ. ဒါပေမဲ့နှစ်ပေါင်းများစွာအကြာက ချူးယွဲ့ပျောက်သွားပြီးမကြာခင် ချူးရှန့်လည်း ပျောက်သွားတယ်ဆိုတဲ့ ကောလဟာတွေရှိခဲ့တယ်. အဲ့နောက်မှာ ချူးကျူးက ချူးကလန်ရဲ့ခေါင်းဆောင်ဖြစ်လာတယ်.. တစ်ခုခုတော့မသင်္ကာစရာဖြစ်ဖို့ကောင်းတယ်”
“ယထျာဘူတာကျကျပြောရရင် ချူးရှန့်ပျောက်သွားတဲ့အချိန်မှာ ချူးယွဲ့ကမိသားစုခေါင်းဆောင်ဖြစ်လာသင့်တာ. ဒါပေမဲ့ ချူးယွဲ့ကပိုပြီးစောစောတောင်
ပျောက်သွားတော့ ချူးမိသားစုခေါင်းဆောင်နေရာက ချူးကျူးလက်ထဲရောက်သွားရော..အခု ချူးယွဲ့ချူးကလန်ကိုပြန်လာတဲ့အချိန်မှာ ချူးကျူးက ချူးကလန်အတွင်းကိစ္စကိုချောချော
မွေ့မွေ့ကိုင်တွယ်မယ်လို့မင်းကထင်လို့လား”
ချူးကလန် ၏ လျှို့ဝှက်ချက်အချို့အား
သိသော လူအချို့က ပြောလိုက်သည်။
အဘိုးကြီးကသူ၏မေးခွန်းအားမဖြေသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်အေးစက်စွာဖြင့်ထပ်မံမေးလိုက်သည်။
“သက်ကြားအိုကြီး သေချင်နေတာလား. ဒီသခင်လေး မေးခွန်းမေးနေတယ်”
“မင်းဘယ်လိုတောင်ပြောရဲတာလဲကွ”
“ရဲတင်းလိုက်တာ”
“ချူးကလန်ရဲ့မိသားစုခေါင်းဆောင်ကိုမင်းဘယ်လိုတောင်ရိုင်းပျရဲတာလဲ. မင်းအရမ်းစောစောသေချင်လို့လား”
ရှစ်ဖုန့်၏အသံထွက်လာသကဲ့သို့ ချူးကလန်ခေါင်းဆောင်ချူးကျူး၏နောက်မှ ချူးကလန်၏ကျင့်ကြံသူဆယ့်လေးယောက်တို့၏မျက်နှာထက်၌ ခက်ထန်သောအမူအယာများဖြစ်ပေါ်လာသည်။ သူတို့က အောက်ဘက်ရှိ ရှစ်ဖုန့်အားလက်ညှိုးငေါက်ငေါက်ထိုး၍ သတ်ဖြတ်ခြင်းဆန္ဒများပြည့်နှက်စွာဖြင့် အေးစက်စွာအော်ပြောလိုက်သည်။
ရှင်းယောင်မြို့အတွင်း၌ ဤကဲ့သို့ရိုင်းပျပြီး အဆင်မခြင်နိုင်သောလူတစ်ယောက်အားသူတို့ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။
သို့သော် ချူးကျူးက ချူးကလန်မှ အခြားကျင့်ကြံသူများကဲ့သို့ဒေါသထွက်ခြင်း
မရှိပေ။ထိုအစား သူက
ခေါင်းငုံ့လိုက်ပြီးရှစ်ဖုန့်အားအေးစက်စွာကြည့်လိုက်သည်။
သူကပြောလိုက်၏။
“ဒီလိုအသက်ငယ်ငယ်လေးနဲ့ ထိုက်ကလန်ကို ဒီအခြေအနေထိရောက်အောင်မင်း
တွန်းပို့နိုင်တယ်..မင်းကရှားပါးတဲ့ပါရီရှင်တစ်ဦးပဲ ဒါပေမဲ့….”
ချူးကျူးရုတ်တရက်ရပ်တန့်လိုက်သည်။
ခဏကြာပြီးနောက်သူ ကဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီလိုပါရမီရှင်မျိုးကဒီညဒီနေရာမှာ
သေရလိမ့်မယ်”
ချူးကျူးကစကားပြောပြီးနောက် သူ၏ညာလက်အားဓားတစ်ခုအသွင်ပြုလုပ်လိုက်ပြီး အနက်ရောင်ပုံရိပ်ထံထိုးညွှန်လိုက်သည်။
ရုတ်ခြည်းဆိုသလို သိပ်သည်းသောရွှေရောင်ပွင့်ချပ်များ က ရှစ်ဖုန့်၏ခေါင်းထက်၌ပေါ်လာသည်။၎င်းတို့ကရွှေရောင်အလင်းတစ်ခုတောက်ပနေပြီး ရှစ်ဖုန့်ပေါ်သို့ သွန်းလောင်းကျဆင်းလာသည်။
ဤလှုပ်ရှားမှုက ချူးကလန်၏သိုင်းပညာများထဲမှတစ်ခုဖြစ်သော ရွှေရောင်ပန်းပွင့်ကောင်းကင်ဖြစ်သည်။
ဤသိုင်းပညာရပ်က ကြည့်၍ကောင်းသော်လည်း ရှစ်ဖုန့်အတွက်မူ ရွှေရောင်ပန်းပွင့်ချပ်များက ရွှေရောင်ဓားများကဲ့သို့သူ့အားဝန်းရံကာခုတ်ပိုင်းလာသည်။
“ဟမ့်”
ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုအားရင်ဆိုင်းရင်းရှစ်ဖုန့်က ငရဲဘုံကိုးခု သေခြင်းစွမ်းအင်တို့အား လပြည့်ဓားအတွင်းပေါင်းထည့်လိုက်သည်။၎င်းကအပေါ်သို့လှန်ခုတ်လိုက်ပြီး တလက်လက်ထနေသော ဆေဘာဓားအလင်းတစ်ခုပေါ်လာသည်။
လပြည့်ဓား၏ တလက်လက်ထနေသောဆေဘာဓား
အလင်းအောက်တွင် မိုးကဲ့သို့ရွာသွန်းကျဆင်းလာသည့် သိပ်သည်းသောရွှေရောင်ပွင့်ချပ်များမှာ ရုတ်ခြည်းဓားအလင်းတန်း၏
ရှင်းလင်းသုတ်သင်မှုအားခံလိုက်ရ၏။
“အမ်”
“ဒါက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ညကောင်းကင်ယံထဲတွင် လူငယ်ထံသို့သက်ဆင်းလာသော
ရွှေရောင်ပွင့်ချပ်များက အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်ကို ချူးကလန်အဖွဲ့ဝင်များမြင်တွေ့လိုက်ရသည်။ ချူးကလန်ခေါင်းဆောင်ဖြစ်သူချူးကျူးထံမှပင်အံ့အားသင့်သံထွက်ပေါ်လာ၏။ချူးကလန်အဖွဲ့သားများ၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုတို့ဖြစ်ပေါ်နေသည်။
ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်
ချူးကျူး၏တိုက်ခိုက်မှုမှာ အသက်ဆယ့်ငါးဆယ့်ခြောက်အ
ရွယ်ကောင်းလေးတစ်ဦး ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ ဘယ်လိုလုပ်ဖြစ်နိုင်ရပါသနည်း။
တုန်လှုပ်အံ့အားသင့်မှု ချူးကျူးအသိပြန်ဝင်လာပြီးနောက် သူကရှစ်ဖုန့်ထံကြည့်လိုက်သည်။ ထို့နောက်ချက်ချင်း ချူးကျူး၏မျက်ခုံးတို့ပြေလျော့သွားပြီးလွန်စွာပျော်ရွှင်သောအမူအယာတစ်ခုကသူ၏မျက်နှာထက်၌ပေါ်လာ၏။ သူကပြုံးပြီးပြောလိုက်သည်။
“ဒီကမ္ဘာပေါ်မှာ ငါတောင်သူ့ဆင့်ကိုဖောက်မြင်နိုင်ခြင်းမရှိတဲ့ ရွှမ်းအဆင့်လက်နက်တစ်ခုရှိနေတယ်.. မင်းကကြယ်ခုနှစ်ပွင့်သူတော်စင်
နယ်ပယ်တစ်ယောက်ပဲ..ဒီရွှမ်းအဆင့်လက်နက်ကြောင့်မင်းက ငါ့ရဲ့တိုက်ခိုက်မှုကိုဖျက်ဆီးပစ်လိုက်နိုင်တယ်.. ကောင်းတယ်..ဒါကတကယ်ကောင်းတယ်”
ဆက်ရန်……..
ဘာသာပြန်သူ-ARISE