← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

လီဖူချန်းကို လျို့ဝှက်ပြီး အသံပို့လိုက်တဲ့သူက ကောင်းယုရဲ့ ဘေးနားမှာ ထိုင်နေတဲ့ မြေကမ္ဘာ အဆင့်ပညာရှင် ကောင်းတုံဖြစ်တယ်။

သူက လီဖူချန်းက သူပြောတာကို ဂရု မစိုက်ပဲ နားကန်းသဖွယ်ပြုမူကာ ကောင်းဖန်ကို စင်အောက် ကန်ချ လိုက်သဖြင့်  လီဖူချန်းကို ဒေါသထွက်ကာ အသေသတ်ချင်စိတ် ပါ ပေါက်နေပေသည်။

" ကောင်းဖန် ရှုံးသွားတာလား"

ကောင်းယု နဲ့ ကောင်း ရှန်က အသိစိတ်နဲ့ လွတ်ကင်းသွားသလို ခံစားလိုက်ရတယ်။ သူတို့ကကောင်းဖန်တစ်ယောက် ထိပ်ဆုံး ၂၀ အတွင်းတောင် မဝင်ပဲ အခုလို ရှုံးသွားမယ်လို့ မမျှော်လင့်ထားဘူးလေ။

" ဒီစောက် မျိုးရိုး မကောင်းတဲ့ကောင်။ မင်းက ငါ့သားရဲ့ အနာဂတ်ကို ဖျက်စီးရဲတယ် ဟုတ်လား။မင်းကို ငါကောင်းကောင်းကြီး ဆုံးမပြမယ်"

ကောင်းရှန်က မျက်မှောင်ကြီး ကြုပ် အံကြီးကို ကြိတ်ကာ ကြုံးဝါးလိုက်သည်။

ကောင်းယုကလည်း မျက်နှာ ပျက်နေတယ်။ သူက အစတုန်းက လီဖူချန်းဆိုတာ ဂရုစိုက်စရာ မလိုတဲ့ ပမွှားလေး လို့သတ်မှတ် ထားခဲ့တာ။အခုတော့ အမှိုက်ကစ ပြသာဒ် မီးလောင်ပြီလေ။

အကဲခတ် စင်မြင့်ပေါ်မှာတော့ ကောင်းဟောင်နဲ့ ကောင်းဟန်တို့က ယင်ကောင်တွေ မြိုချမိသည့် ရုပ်ဖြင့်  မှိုင်နေကြလေသည်။ ပြိုင်ပွဲမစခင် တုန်းကတော့ သူတို့ရဲ့ နည်းပေးလမ်းပြမှုကြောင့် ကောင်းဖန်က အနည်းဆုံး ထိပ်ဆုံးသုံးယောက် ဝင်လိမ့်မယ်လို့ အာမခံထားခဲ့တာလေ။အခုတော့ ကောင်းဖန်က အယောက် ၂၀ အတွင်းတောင် မဝင်နိုင်တော့ဘူး။

ဆန့်ကျက်ဘက် အားဖြင့် လီကလန် အုပ်စု ရှိတဲ့ ဘက်မှာတော့ အားလုံးက ပြုံးပျော်နေကြတယ်။ တစ်နေကုန် တင်းမာနေတဲ့ လီရှန်းဟန် ရဲ့ မျက်နှာကလည်း လီဖူချန်းရဲ့ နိုင်ပွဲကြောင့် ပျော့ပျောင်းသွားလေပြီ။

ရှန်းယုရန် ရဲ့ မျက်နှာကတော့ ရှိရင်းစွဲ အသက်ထက်တောင် နုပျိုသွားသလိုပဲ။

" ကောင်းကလန်က လူတွေက တစ်ကယ်ကို အရှက်မရှိတာပဲ။"

ကောင်းဖန်ကိုစင်အောက် ကန်ချလိုက်ပြီးနောက် လီဖူချန်းက ကောင်းယု ရဲ့ ဘေးနားမှာ ထိုင်နေတဲ့ အဘိုးကြီးကို လှည့်ကြည့်လိုက်တယ်။

ထိုအဘိုးကြီးကတော့ ကောင်းတုံ ပဲဖြစ်တယ်။ မြေကမ္ဘာ နယ်ပယ်အဆင့် ၂ ပညာရှင် တစ်ယောက်ပေါ့။

မြေကမ္ဘာ အဆင့် ပညာရှင်တွေ ဟာ သူတို့ပြောလိုတဲ့ သူကို သီးသန့် စကားပြောနိုင်တဲ့ အစွမ်း ရှိကျတယ်။ ဒါကြောင့် လီဖူချန်းက သူ့ကို တိတ်တဆိတ် စကားပြောလိုက်တဲ့သူက ကောင်းတုံပဲ ဖြစ်တယ်ဆိုတာ တန်းသိလိုက်တယ်။

ပွဲကြည့်ပရိသတ်တွေ ရဲ့ အားပေးမှုကို ခံယူအပြီးမှာတော့ လီဖူချန်းက စင်ပေါ်က ဆင်းလာတယ်။

***

ပွဲပေါင်း ၂၀ အပြီးမှာတော့ ထိပ်ဆုံး အယောက် ၂၀ စာရင်းက ထွက်ပေါ်လာတယ်။

ယန်ကလန်ကတော့ ပြိုင်ပွဲဝင် လေးယောက် ကျန်သေးတယ်။ ရှန်းတုကလန်က သုံးယောက်ကျန် နေပြီး ကောင်းကလန် နဲ့ လီကလန်ကတော့ နှစ်ယောက်စီ ကျန်နေပါသေးတယ်။အဓိက ကလန်ကြီးတွေ က ဆယ့်တစ်ယောက်ကျန် နေပြီးတစ်ခြားသော ကလန်တွေက ကိုးယောက် ကျန်နေသေးတယ်။ အဲအထဲမှာ မြောက်ပိုင်းက ဟီပင်း။ တောင်ပိုင်းက စီဖေး။ အရှေ့ ပိုင်းက အလှ ပ ဂေး ကျူးဟောင်ရှု။  အနောက်ပိုင်းက စန်းထိ တို့ပါနေသေးတယ်။

ဒီတစ်ကျော့မှာတော့ အရင်လိုမဟုတ်တော့ပဲ အဆင့် သတ်မှတ်ချက်တွေပါ ပေးတော့မှာဖြစ်တယ်။

ဒီတစ်ခါတော့ အရင်လို ရှုံးထွက် အနေနဲ့ ပြိုင်ရတော့မှာမဟုတ်ဘူး။

ပြိုင်ပွဲ ဝင်တစ်ယောက်က တစ်ပွဲရှုံးပြီးရင်လည်း ထပ်မံ တိုက်ခိုက်ခွင့်ရှိသေးတယ်။ ဒါပေမဲ့ ရှုံးတာ ငါးပွဲပြည့်ရင်တော့  ပြိုင်ပွဲက ထွက်ခွာရမှာပါ။ စွမ်းရည် အကောင်းဆုံး ငါးယောက်က မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့်ခြောက်ကနေ နှစ်ဆယ်အထိကတော့ သိပ်ပြီး အရေးမပါတော့ပါဘူး။

ဒီတစ်ခေါက် ပထမဆုံး အလှည့်မှာတော့ လီဖူချန်းက  အနောက်ပိုင်းက အတော်ဆုံး စန်းထိ နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

စန်းထိ က တစ်ခြားပုံမှန် ပြိုင်ပွဲဝင်တွေ ထက်စာရင်တော့ တော်တော်လေး တိုက်ခိုက်မှုပိုင်းမှာ တော်တယ်။ လီဖူချန်း အနေနဲ့ ပြောရမယ်ဆိုရင်တော့  စန်းထိ နဲ့ ယန်ချီက လက်ရည် အတူတူလောက် ရှိတယ်။ ပထမဆုံးပွဲမှာတော့ လီဖူချန်းက စန်းထိကို သက်သက်သာသာပဲ အနိုင်ယူလိုက်တယ်။

ဒုတိယပွဲမှာတော့ ရှန်းတုကလန်က တတိယ အတော်ဆုံးဖြစ်တဲ့ ရှန်းတုဟိုင်နဲ့ တွေ့ ရပြီး သူ့ကိုလည်း အေးအေးဆေးဆေးပဲ အနိုင်ရခဲ့တယ်။

တတိယမြောက်ပွဲမှာတော့ လီဖူချန်းက တောင်ပိုင်းက အတော်ဆုံးဖြစ်တဲ့ ပါရမီရှင် စီဖေးနဲ့တိုက်ခိုက်ဖို့ အလှည့်ကျခဲ့တယ်။

" မင်းရဲ့ သိုင်းပညာက အတော်လေး ကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ရမယ့်လူကတော့ ငါပဲ။"

စီဖေးရဲ့ ယုံကြည်မှု အပြည့်နဲ့ စကားတွေက ပရိသတ်ကို  သွေးဆူသွားစေတယ်။ စီဖေးကလည်း အခုချိန်ထိ ရှုံးပွဲတစ်ပွဲမှ မတွေ့ သေးဘူးလေ။

" မင်းရဲ့ ဆန္ဒ တွေ မပြည့်မှာပဲ ငါစိုးရိမ်တယ်"

လီဖူချန်းက ပြုံးပြုံးလေးနဲ့  စီဖေးကို ပြန်တုံ့ပြန်လိုက်တယ်။

" ဘဝင်မြင့်တဲ့ ကောင်တွေက တစ်နေ့ မှာကျဆုံး ရတာပဲ။

ငါဒီနေ့မင်းကို အရှုံးဆိုတာ ဘာအရသာလည်းဆိုတာ ပြပေးလိုက်မယ်... "

စီဖေးက စီကလန် ရဲ့ သုံးဆယ့်ခြောက်ချက် ရွှေဓားကွက်ကို ထုတ်ပြီးလီဖူချန်းကို အမြန် တိုက်ခိုက်လိုက်တယ်။

စီဖေးရဲ့ ဓားချက်တွေက အတော်လေးကို မြန်ပြီး စေ့စပ်လွန်းတယ်။

ဓားကွက်က တစ်ကွက်ပြီးတစ်ကွက် ပိုပို စိပ်လာသလို ဓားချက်တွေ ကလည်းလီဖူချန်း ရှောင် မဲ့ နေရာတွေကို  ပိတ်ဆို့ ထားတယ်။

လီဖူချန်းသာ တစ်ခုခုအမြန် မလုပ်ရင်တော့  ရှုံးသွားနိုင်တဲ့ အခြေအနေ ပဲ။

ဒါပေမဲ့ လီဖူချန်းက လီဖူချန်းပဲလေ။ နှယ်နှယ်ရရ ကောင်မှ မဟုတ်တာ။ လီဖူချန်း က သူ့ရဲ့ ငါးဆင့်မြောက် ကျောက်စိမ်းနီ ကျင့်စဉ်ရဲ့ အတွင်းအားကို ထုတ်လိုက်ပြီး လေပြေဓားသိုင်းနဲ့ စီဖေး ရဲ့သိုင်းကွက်တွေကို ကြိုဆိုလိုက်တယ်။

" ချွင် ချွင် ထန် ထန်"

ဓားချက် တွေက ငှက်ပျောရွက်ပေါ်ကို မိုးစက်မိုးပေါက်တွေ ကျနေသကဲ့သို့ ဆက်တိုက် တိုက်ခိုက်နေကြတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ   ဓားနှစ်လက်က  လေးငါးခါလောက် ထိပ်တိုက် တွေ့သွားကြတယ်။

" ရော့ဒါကိုမြည်းကြည့်စမ်း''

လေပွေဓားကွက် လို့ခေါ်တယ်။ စီဖေးက စီ ကလန် ရဲ့  သုံးဆယ့်ခြောက်ကွက် ဓားသိုင်းထဲက အကောင်းဆုံး လို့ဆို ရနိုင်တဲ့  သိုင်းကွက်တစ်ခုကို ထုတ်သုံးလိုက်တယ်။

ဓားက လေထုကို ခွဲ သွားပြီး လီဖူချန်းရဲ့ ရင်ဘတ်ဆီ ဦးတည်သွားတယ်။

" အရှုံးသာပေးလိုက်စမ်းပါ"

လီဖူချန်းရဲ့ လေပြေဓားသိုင်းက ဟိုးအရင်ကတည်းက မျက်စိတစ်မှိတ် အတွင်း ဓားချက်ခြောက်ချက် ခုတ်လို့ ရတဲ့ အဆင့်ကို ရောက်နေပြီလေ။ စီဖေးရဲ့ လေပွေ သိုင်းကွက်က သူ့အတွက်တော့ သာမန် သိုင်းကွက် သာသာပဲ။

ဓားချက်ကို လှလှပပလေး ရှောင်တိမ်းလိုက်ပြီး လီဖူချန်းက စီဖေးရဲ့ဓားကိုင်လက်ကို ဓားပြားလေးနဲ့ ရိုက်ချလိုက်တယ်။

သူ့ရဲ့လက်တွေ ထုံကျဉ် သွားတဲ့အတွက် စီဖေးက လက်ထဲကဓား လွှတ်ကျသွားတယ်။

နီရဲ နေတဲ့ မျက်နှာနဲ့ စီဖေးက အရှုံးပေး ရမယ့်အစား ခုန်ပြီးတော့ လီဖူချန်းရဲ့ ခေါင်းကို ကန်လိုက်တယ်။

" ကလေးကွက်တွေ "

လီဖူချန်းက ခန္ဓာကိုယ် တစ်ခုလုံးကို လေပွေ မွေ့သကဲ့သို့ လှည့်လိုက်ပြီး စီဖေးရဲ့ လွတ်နေတဲ့ ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်။

" ဝေါ့ "

ချက်ကောင်းကို ထိသွားတဲ့ စီဖေးက သွေးတစ်လုတ် ခန့်အန်လိုက်ပြီး

စင်ပေါ်ကနေ ပြုတ်ကျသွားတယ်။

" လီဖူချန်း ... မင်းငါ့ကို ဒဏ်ရာရအောင် တိုက်တယ်ပေါ့"

စီဖေးက စင်အောက်ကနေ လက်ညှိုး ထိုးပြီး လီဖူချန်းကို ဆဲဆိုနေတယ်။

လီဖူချန်းက ဘာမှ မပြောပဲ နှာခေါင်းရှုံ့ပြီး စင်ပေါ်ကနေ ဆင်းသွားတယ်။

" ဒီလီဖူချန်းက အတော် ရက်စက်တာပဲ။ အကြီးအကဲ ချန်။

ကျွန်တော်တို့ သူ့ကို သတိပေးသင့်တယ် လို့မထင်မိဘူးလား။ နောက်တစ်ခေါက် ဒီလို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ရင် ပြိုင်ပွဲက ထုတ်ပယ်လိုက်ရအောင်" ကောင်းဟောင်က ချန်ဇောင်မင်ကို လှမ်းတိုင်ပင်လိုက်တယ်။

ချန်ဇောင်မင်က ခေါင်းခါလိုက်ပြီး

" စီဖေးက သူရဲ့ ခုခံအာနည်းတာကိုပဲ အပြစ်တင်သင့်တယ်။

ဒါက လီဖူချန်း  အမှားမဟုတ်ဘူး"

ချန်ဇောင်မင်က ကောင်းကလန်နဲ့ ရင်းနှီးသော်လည်း သူက တရားမျှတမှု ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။  သူ့မျက်လုံးနဲ့ ဘယ်သူက အလားအလာ ကောင်းတွေကို ပိုင်ဆိုင် ထားသလည်းဆိုတာ အကဲဖြတ်နိုင် တယ်လေ။ လီဖူချန်း လို့ လူငယ်တစ်ယောက်ကို သူက ဖိအားတွေပေးမှာ မဟုတ်ဘူး။

အကြီးအကဲ ချန် ရဲ့ စကားကို ကြားအပြီးမှာတော့ ကောင်းယန်နဲ့ ကောင်းဟောင် တို့က သိက္ခာတောင်  မထိန်းနိုင်တော့ပဲ စင်ပေါ်ကနေ ဆင်းသွားကျတယ်။

တတိယအဆင့် ပွဲတွေ အပြီးမှာတော့နေက ဝင်လုနီးပါးကို ဖြစ်နေလေပြီ။ ယုံဝူးမြို့စားက ပြိုင်ပွဲကို ရပ်နားပြီး မနက်ဖြန်မှ ပြန်စမယ်လို့ ကြော်ငြာလိုက်တယ်။

ဒီညမှာတော့ အားလုံးက ယုံဝူး မြို့ထဲမှာပဲ နေလိုက်ကျတော့တယ်။

" ယွန်ဟိုင်။ မင်း လီဖူချန်းကို အနိုင်တိုက်နိုင်ဖို့ ယုံကြည်မှု ရှိရဲ့လား"

စားသောက်ခန်း  ထဲမှာတော့ လီတိုင်ရှန်းက လီယွန်ဟိုင်ကို မေးလိုက်တယ်။

လီယွန်ဟိုင်က သွားကို ကျစ်ကျစ်ပါအောင် စေ့လိုက်ပြီး

" အဖေ  ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"

လီဖူချန်းက ကောင်းဖန်ကို အနိုင်ယူလိုက်တာ တွေ့ရပြီးနောက် လီယွန်ဟိုင်က သူ့ရဲ့ယုံကြည်မှုတွေ ပျောက်ဆုံးကုန်တယ်။သူက လီဖူချန်းရဲ့ သိုင်းပညာက ဒီလောက်ကောင်းမယ် ဆိုတာ မထင်ထားဘူး။

ဒါတောင် လီဖူချန်းက လီဆန်းဟီ ရဲ့ လမ်းညွှန်သင်ပြမှု တွေ ကို လာသင်သေးတာ မဟုတ်။

စားသောက်ခန်းထဲမှာ ရှိနေတဲ့ လီဆန်းဟီက

" ငါတို့ က လီဖူချန်းကို လီယွန်ဟိုင်နဲ့ တွေ့တဲ့ အခါ အရှုံး ပေးလိုက်ဖို့ ပြောလို့ရတာပဲလေ"

လီယွန်ဟိုင်ရဲ့ ဝမ်းကွဲဦးလေး ဖြစ်တဲ့အတွက် သူက လီယွန်ဟိုင်နဲ့ ပိုပြီး ရင်းနှီးတယ်လေ။ ပြီးတော့ သူက လီဖူချန်းကိုလည်း ကြည့် လို့မရဘူး။

" လီယွန်ဟိုင်ကို အရှုံး ပေးဖို့ ပြောရမယ်ဟုတ်လား"

လီဖူချန်းက ဒီအစီအစဉ်ကို လက်ခံမှာမဟုတ်ဘူး။

လီတိုင်ရှန်းက လီဖူချန်း အကြောင်းကို သိတယ်လေ။

"သူ အရှုံး မပေးချင်လည်း ပေးရမှာပဲ။ သူက သာမန် အရိုးတည်ဆောက်ပုံ နဲ့ လူပဲလေ။ အနာဂတ်မှာ ကြယ်နှစ်ပွင့် အဆင့်က လူနဲ့ ဘယ်လို ယှဉ်နိုင်မှာလည်း။"

" ကလန် ရဲ့ ဘိုးဘေးကြီးကို ပြောခိုင်းလိုက်မယ်ဆို ရင် သူဘာငြင်းနိုင်မှာလည်း" ဟု လီဆန်းဟီ က အကြံပေးလိုက်တယ်။

လီတိုင်းရှန်က ခေါင်းညိတ်လိုက်ပြီး

"  ဒါဆိုလည်း ဘိုးဘေးကြီးကို ငါသွားပြောကြည့်လိုက်ဦးမယ်"

***

All Chapters