← Chapters

လီကလန်ရဲ့ ဘိုးဘေး အကြီးအကဲ

Vol. 2 Ch. 25

လီကလန်ရဲ့ ဘိုးဘေး အကြီးအကဲ

Vol. 2 Ch. 25

လီကလန်ရဲ့ ဘိုးဘေးကြီးက ကောင်းကလန်က ကောင်းတုံထက် အဆင်မြင့်တဲ့ မြေကမ္ဘာ အဆင့် ၃ ပညာရှင် ဖြစ်တယ်။

ဒီဘိုးဘေးကြီးကြောင့် လီကလန်က  သူတို့ရဲ့ လက်ရှိ အဆင့်အတန်းမှာ ရပ်တည်နေနိုင် သေးတာလည်း ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်ခဲ့ရင် လီကလန်က အစောကြီး ကတည်းက  ယုံဝူးမြို့က ထွက်သွားနေရမှာ ဖြစ်တယ်။

လီကလန်ရဲ့ ဘိုးဘေးကြီး နာမည်က လီရှန်းဖန် ။

လီတိုင်းဟန်နဲ့ လီဆန်းဟီ က သူ့ကို လာရှာရတဲ့ အကြောင်းအရင်းကို သိပြီးချိန်မှာတော့

" လီယွန်ဟိုင်က အခုထိ တစ်ပွဲမှ မရှုံးသေးဘူးလေ။ ဒီကိစ္စကို ငါမနက်ဖြန်မှ ဆုံးဖြတ်ပေးမယ်"

တကယ်တမ်းတော့ သူက လီယွန်ဟိုင်ကို ပိုပြီး အလေးထားတာ ဖြစ်တယ်။ မြေကမ္ဘာ နယ်ပယ်က သိုင်းပညာရှင် တစ်ယောက်အနေနဲ့   ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက်ခက်ခဲ သလည်းဆိုတာကို ကောင်းကောင်းကြီး သိထားတယ်လေ။ သူကလည်း ကြယ်နှစ်ပွင့် အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ပြီး  စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်ကိုးမှာ ဆယ်နှစ်လောက် နေခဲ့ပြီးမှ မြေကမ္ဘာ အဆင့်ကို ရောက်ခဲ့ရတာ။ သူသာ သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်ကိုးကနေ သေတဲ့အထိ  ဆက်တိုးတက်နိုင်မှာ မဟုတ်ဘူးလေ။

" ကျေးဇူးပါ ... ဘိုးဘေးကြီး"

လီတိုင်းဟန်က အခုမှ အနည်းငယ် စိတ်အေးသွားတော့တယ်။

လီရှန်းဖန်က ဝင်ပြောပေးမယ်ဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်းက ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိတယ်လေ။

***

တစ်ခြားအခန်း တစ်ခုထဲမှာတော့ လီဖူချန်း နဲ့ သူ့မိဘတွေက ညစာစားနေကြတယ်။

" ဖူချန်း မင်းရဲ့ အခုစွမ်းရည်နဲ့ ဆိုရင် ထိပ်ဆုံးငါးယောက်ထဲ ဝင်ဖို့က အတော်လေး မျှော်လင့်လို့ ရနေပြီ။  ဒါပေမဲ့ မပေါ့ ဆလိုက်နဲ့နော်"

လီရှန်းဟန်က အခုချိန်ထိ ရင်တွေ ခုန်နေတုန်းပဲ ဖြစ်သည်။

သူ့ရဲ့သားက မိုးပြာရောင် ဂိုဏ်းကို ဝင်ခွင့်ရပြီး ဘယ်လို ကျော်ကြားလာမလဲ ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။

" အဖေ ...  အမေ ... စိတ်အေးအေးသာ နေပါ ... သား ကြိုးစားပါ့မယ်"

လီဖူချန်းက အေးအေးဆေးဆေး ပဲ ဖြစ်နေတယ်။

သူ့ရဲ့ ကျောက်စိမ်းနီ အဆင့် ၆ အတွင်းအားနဲ့ ဆိုရင် ယန်ခိုင်ကလွဲ

လို့ တခြား ဘယ်သူမှ သူ့ရဲ တိုက်ကွက် အနည်းငယ်ကိုတောင် ခံနိုင်မှာ  မဟုတ်ဘူးလေ။

***

ညလေး တစ်ညကတော့ အေးအေးချမ်းချမ်းနဲ့ပဲ ကုန်ဆုံးသွားပြီး ပြိုင်ပွဲရဲ့ ဒုတိယနေ့ကို ရောက်လာခဲ့ပြီ။

ပြိုင်ပွဲ ကွင်းပြင်အပြည့် လူတွေကလည်း ရောက်နေကျပြီ။

" ပါရမီရှင် ပြိုင်ပွဲ ဆက်လက်ကျင်းပပါပြီ"

လေးကြိမ်မြောက် အလှည့်မှာလည်း လီဖူချန်းက မနေ့က အရှိန်ကို ထပ်ထိန်းထားပြီး သူ့ပြိုင်ဖက်ကို အနိုင်ယူလိုက် ပြန်တယ်။

လီယွန်ဟိုင် ကတော့ သိပ်အခြေအနေ မကောင်းဘူးဖြစ်နေတယ်။

သူ့ရဲ့ ဒီတစ်ခါပြိုင်ဖက်က မြောက်ပိုင်းက ဟီပင်းလေ။

သူ့ရဲ့ သိုင်းပညာက ယန်ခိုင်အောက် မလျော့သလို ပြင်ပခွန်အား ကလည်း ကီလိုဂရမ် ၅၀၀  ရှိတယ်။

သူတို့နှစ်ယောက် သိုင်းကွက်အနည်းငယ် ယှဉ်အပြီးမှာတော့ ဟီပင်းက လီယွန်ဟိုင်ကို သိသိသာသာကြီး ဖိထားတယ်။

" မြစ်ပြင်လျှပ်ပြေး"

လီဟွန်ဟိုင်က ရေစီးကြောင်း ဓားသိုင်းကို လေ့ကျင့်ထားတာ ဖြစ်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး  အတော်ကောင်းတဲ့ ဓားကွက် တစ်ကွက်ကို ထုတ်လိုက်တယ်။

" သိမ်းငှက် လေဝဲ"

ဟီပင်းကလည်း အားကျမခံ သူ့ရဲ့ဓားကွက်ကို ထုတ်လိုက်ပြီး လေထဲကို ခုန်ပျံ တိုက်ခိုက်လိုက်တယ်။

" ဖုတ် "

ဟီပင်းရဲ့ ဓားချက်က လီယွန်ဟိုင်ရဲ့ ရင်ဘတ်ကို ထိသွားတယ်။

" ဒီဟီပင်းက အတော်လေး သန်မာတယ်။ သူက ဆေးပေါင်းတစ်ထောင် ရေကန်က ထွက်လာတဲ့ လီယွန်ဟိုင်ကိုတောင် အနိုင် တိုက်ခိုက်နိုင်တာပဲ"

" ကလန်ငယ်လေးတွေ ထဲမှာတော့ ဟီပင်းက အတော်ဆုံးပဲကွ။

လီယွန်ဟိုင်ကို နိုင်တာ ဘာမှ မထူးဆန်းပါဘူး"

ဒါပေမဲ့  ဒါက အဓိက ကလန်ကြီးက တပည့်တွေက သာမန် ကလန်ငယ်လေးတွေကို ရှုံးတဲ့ တစ်ပွဲတည်းသော ပွဲတော့ မဟုတ်ခဲ့ပါဘူး။

ကျူးဟောင်ရှု ကလည်း ယန်ကလန်ရဲ့   ဒုတိယ အတော်ဆုံးဖြစ်တဲ့

ယန်ဟိုကို  သူမရဲ့ လှပတဲ့ ဓားရေးနဲ့ အနိုင်ယူလိုက် နိုင်သေးတယ်။

ခြောက်ကြိမ်မြောက် အလှည့်မှာတော့ လီယွန်ဟိုင်က ရှန်းတုကလန်ရဲ့ အတော်ဆုံး ရှန်းတုကျူးနဲ့ ထိပ်တိုက်တွေ့ရပြန်တယ်။

ရှန်းတုကျူးက ရှိုးရန်လျို ဓားသိုင်းကို လေ့ကျင့်ထားတဲ့သူဖြစ်တယ်။

သူ့ရဲ့ အတွင်းအားက ယန်ခိုက်ထက်တောင် အနည်းငယ်လေး သာနေသေးတာလေ။

လီယွန်ဟိုင်က ဘယ်လိုလုပ် သူ့ရဲ့ ပြိုင်ဖက် ဖြစ်နိုင်မှာလည်း။ သိုင်းကွက် ခုနစ်ကွက် ရှစ်ကွက်လောက်မှာပဲ လီယွန်ဟိုင်က ရှန်းတုကျူးရဲ့  စင်ပေါ်က ကန်ချတာကို ခံလိုက်ရတယ်။

အကဲခတ် စင်မြင့်ပေါ်မှာ ရှိနေတဲ့  ရှန်းတုကျန်းဟီရဲ့  မျက်နှာပေါ်မှာတော့ အပြုံးပန်းတစ်ပွင့်  ပွင့်လာခဲ့တယ်။

ခြောက်ကြိမ်မြောက် အလှည့် ပြီးဆုံးတဲ့ အခါမှာတော့ ငါးပွဲရှုံးပြီးတဲ့ ပြိုင်ပွဲ နှစ်ယောက်က ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာ သွားရတယ်။

ခုနစ်ကြိမ်မြောက် အလှည့်မှာတော့  လီဖူချန်းက ရှန်းတုကလန်က ရှန်းတုလျှန်နဲ့ ထိပ်တိုက် တိုးတော့တယ်။

ရှန်းတုလျန်က လီဖူချန်းကို တွေ့တာနဲ့

"မင်းကောင်းဖန်ကို နိုင်တာနဲ့ ငါ့ကိုနိုင်မယ် လို့တော့ မထင်လိုက်နဲ့။

ငါက သူ့ထက်ပိုပြီး အများကြီး  သန်မာတယ်ကွ။

လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ဆိုရင်တော့  ရှန်းတုလျှန်က လီဖူချန်းကိုနိုင်ဖို့ ယုံကြည်မှု မရှိခဲ့ဘူး။ ဒါပေမဲ့ အဲဒါက ဆေးရည်တစ်ထောင် ရေကန်ကို ဝင်ခွင့် မရတုန်းကပါပဲ။

" အောင်ပွဲဆိုတာ စကားနဲ့ပြောပြီး သက်သေပြလို့ မရဘူး"

လီဖူချန်းက အေးအေးဆေးဆေးပဲ။

" သိပ်တတ်နေတာပေါ့ ဟုတ်လား ... ခွေးမသား ... မင်းရဲ့သွားတွေ အကုန် ရိုက်ချိုးပစ်မယ်"

ရှန်းတုလျှန်က သူ့ရဲ့ အတွင်းအားတွေကို ဓားဆီကို ပို့ဆောင်လိုက်တယ်။ ပြီးတာနဲ့ လီဖူချန်းဆီကို ပြေးဝင် သွားတော့တယ်။

ခုနစ်ကွက် ရှစ်ကွက်လောက် ယှဉ်ပြိုင် အပြီးမှာတော့ ရှန်းတုလျှန်က လေမကျယ် နိုင်တော့ဘူး ဖြစ်သွားတယ်။

လီဖူချန်းရဲ့ ဓားသိုင်းက သူ့ဓားသိုင်းထက်တောင် ပိုပြီး အစွမ်းထက် နေသေးတယ်။လီဖူချန်းရဲ့ ဓားချက်တွေက မထင်မှတ်တဲ့ နေရာတွေကနေ ချိုးကွေ့ဝင်လာပြီး သူ့ရဲ့ဟာကွက်တွေ ဆီကို  မကြာခဏ တိုးဝင်လာနေတယ်လေ။

လီဖူချန်းက  စိတ်မရှည်တော့ပဲ သူ့ရဲ့ အစွန်းရောက် ဓားသိုင်းကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ်။

အစွန်းရောက် ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်ထိ ရောက်အောင် လေ့ကျင့်ထားတဲ့ လီဖူချန်းကို ရှန်းတုလျှန်က မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။

" အချိန်ကျပြီ"

လီဖူချန်းက  သူ့ဓားရဲ့ မြန်နှုန်းကို မြှင့်လိုက်တယ်။

ဓားချက်က မိုးကြိုးသွား တစ်ခုလိုပဲ  အရှိန်အဟုန် ပြင်းစွာနဲ့ ရှန်းတုလျှန်ရဲ့ ရင်ဘတ်ကို ထိမှန်သွားတယ်။

ရှန်းတုလျှန်က စင်ပေါ်ကနေ မြင်းတစ်ကောင် ကန်ခံလိုက်ရသလို လွှင့်ထွက် သွားတော့သည်။

" လခွီးပဲ"

ရှန်းတုကျန်းဟီက သူ့လက်ထဲက လက်ဖက်ရည် ကြမ်းခွက်ကို အမှုန့်ဖြစ်အောင် ညစ်ချေ လိုက်မိသည်။

ရှန်းတုလျှန်ကို အနိုင်ယူ လိုက်ပြီးနောက် လီဖူချန်းက စိတ်ပျက်သည့်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။ အရမ်း ညံ့လွန်းသည်။

ကျောက်စိမ်းနီ ကျင့်စဉ် အဆင့်ခြောက်ကို ထုတ်သုံးဖို့ မပြောနှင့်။

အခုလက်ရှိ မှာတောင် သူ့စွမ်းရည်ရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကိုတောင် ဘယ်သူမှ မခံနိုင်သေးပေ။

ကြည့်ရတာ ဒီအတိုင်းဆိုရင် ပထမဆုကိုတောင် သက်သက်သာသာဖြင့် ရမည့်ပုံပင်။

ရှစ်ကြိမ်မြောက် အလှည့်မှာတော့ လီယွန်ဟိုင်က ကျူးဟောင်ရှုနဲ့ တွေ့ပြီး ထပ်ရှုံးပြန်လေသည်။

လီယွန်ဟိုင်က ကျူးဟောင်ရှုကို ရှုံးသည့်အတွက် လီတိုင်းဟန်က အနည်းငယ် စိုးရိမ်လာလေသည်။

တကယ်လို့သာ လီယွန်ဟိုင်က နောက်ထပ်နှစ်ပွဲ ရှုံးခဲ့ရင် ပြိုင်ပွဲမှ ထွက်ရတော့မှာလေ။

" ဘိုးဘေး အကြီးအကဲ"

လီတိုင်းဟန်က သူ့ဘေးနားက လီရှန်းဖန်ကို အချက်ပေးလိုက်တယ်။

လီရှန်းဖန်ကလည်း ခေါင်းညိတ်ပြလိုက်တယ်။

" ရှန်းဟန် ... လီကလန်ရဲ့ ခေါင်းဆောင်အနေနဲ့ မင်းမှာ ကလန်ရဲ့ ကောင်းကျိုးအတွက်  ဆုံးဖြတ်ရဲရမယ့် အသိဉာဏ် ရှိတော့ရှိမှာပဲ။ ငါမင်းကိုအခု လီကလန်ရဲ့ အနာဂတ်အတွက် တောင်းဆိုစရာ တစ်ခုရှိတယ် "

"ဘိုးဘေး အကြီးအကဲက  ဘာတောင်းဆို ချင်တာပါလဲ ခင်ဗျာ"

လီရှန်းဟန်က အံ့သြသည့် ပုံဖြင့်မေးလိုက်သည်။

***

All Chapters