← Chapters

အကုန်လုံးကို ဆွံအသွားစေမယ်

Vol. 2 Ch. 26

အကုန်လုံးကို ဆွံအသွားစေမယ်

Vol. 2 Ch. 26

လီရှန်းဖန်က လေသံ နူးနူးညံ့ညံ့နဲ့ လီရှန်းယန်ကို ပြောလိုက်တယ်။

"ဖူချန်းရဲ့ အစွမ်းနဲ့ ဆိုရင်တော့ သူကတစ်ပွဲ ရှုံးခဲ့ရင်တောင် ထိပ်ဆုံး ငါးယောက်ထဲကို ဝင်ဖို့ နေရာတစ်နေရာ ရမှာပဲ။ လီကလန်ရဲ့ အနာဂတ်ကို ရှေးရှုတဲ့ အနေနဲ့ ငါ့ဆန္ဒကတော့ သူနဲ့လီယွန်ဟိုင် ရင်ဆိုင်ရတဲ့ အခါကျရင် တစ်ပွဲ အရှုံးပေးလိုက် စေချင်တာပဲ"

" ဒါလုံးဝ လက်သင့်ခံလို့ မရတဲ့ အရာပဲ"

လီရှန်းဟန်က မဆိုင်းမတွ ချက်ချင်းပဲ  ကလန်ဘိုးဘေးအကြီးရဲ့ တောင်းဆိုချက်ကို ငြင်းဆိုလိုက်တယ်။

" မိုးပြာရောင်ဂိုဏ်းရဲ့ အကြီးအကဲက ဒီပြိုင်ပွဲကို အကဲခတ်နေတာလေ။ တကယ်လို့ လီဖူချန်းက  ဒီတစ်ပွဲကို ရည်ရွယ်ချက် ရှိရှိနဲ့  အရှုံးပေးလိုက်မယ် ဆိုရင် သူကပြိုင်ပွဲကို ဆက်ပြိုင်ခွင့်မရပဲ ပြိုင်ပွဲက နှင်ထုတ်တာကို ခံရမှာပေါ့"

ဒီလိုမျိုး ဖြစ်ရပ်က အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။

နာမည်ကြီး ကလန်တစ်ခုက ပြိုင်ပွဲမှာ ဝင်ခွင့်နေရာ ပိုရချင်တဲ့ အတွက် သူတို့ ကလန်သား အချင်းချင်း ယှဉ်ပြိုင်ရတဲ့ ပွဲတွေဆိုရင် ရည်ရွယ်ချက် ရှိရှိနဲ့  အရှုံးပေးပြီး လုပ်ပွဲတွေ ယှဉ်ပြိုင်ခဲ့ဖူးတယ်။

ဒါကို မိုးပြာရောင် ဂိုဏ်းက အကြီးအကဲက သတိပြုမိ သွားတဲ့အတွက် လုပ်ပွဲယှဉ်ပြိုင်တဲ့  ပြိုင်ပွဲဝင်တွေ အကုန်လုံးကို ပြိုင်ပွဲဝင် အဖြစ်ကနေ ချက်ချင်း ဖြုတ်ချလိုက်တယ်လေ။

မိုးပြာရောင်ဂိုဏ်းက ဒီလိုလုပ်ရဲတယ် ဆိုတာကိုတော့ လုံးဝ မင်းယုံကြည် ထားသင့်တယ်။

မိုးပြာရောင်ဂိုဏ်းရဲ့ လက်အောက်မှာ   မရေမတွက်နိုင်တဲ့ မြို့ကြီးတွေက ထိန်းချုပ်ခံထား ရတာလေ။

သူတို့မှာ အလွန် များပြားလှတဲ့ ပါရမီရှင်လူငယ်လေးတွေ ရှိကြတယ်။

ဒါကြောင့် ဒီလို လုပ်ပွဲယှဉ်ပြိုင်တဲ့ လူငယ် အနည်းငယ်လောက်ကို ဖြုတ်ချလိုက်တာနဲ့  ဘာမှ ထူးထူးခြားခြား ဖြစ်သွားမှာ မဟုတ်ဘူးလေ။

" ဒါဆိုငါတို့က နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးချယ်ရမှာပဲ။ လီကလန်ရဲ့ ခေါင်းဆောင်အနေနဲ့ ဘယ်သူ့ကို ရွေးချယ်သင့်တယ် ဆိုတာ မင်းလည်း ကောင်းကောင်းကြီး သဘောပေါက်မှာပါ"

လီရှန်းဖန်က  တောင်းဆိုတာထက် အမိန့်ပေးသံဆန်တဲ့ စကားလုံးတွေကို သုံးနှုန်းလာပြီ ဖြစ်သည်။

လီရှန်းဟန်က စိတ်မကြည်သာသော အမူအရာဖြင့်

" ဘိုးဘေး အကြီးအကဲ။ အကြီးအကဲက ဖူချန်းရဲ့ တက်လမ်းကို ပိတ်ပစ်ဖို့ ကျွန်တော့်ကို တောင်းဆိုနေတာလား။ တောင်းပန်ပါတယ် ... ဒီကိစ္စကို လုံးဝ လက်မခံနိုင်ပါဘူး။ တကယ်လို့ ဖူချန်းက လက်ခံရင်တောင် ကျွန်တော်က ခွင့်ပြုမှာ မဟုတ်ဘူး"

သူက သူ့သားကို မချစ်တတ်တဲ့ အဖေတစ်ယောက် မဟုတ်ဘူးလေ။

ကလန်ခေါင်းဆောင် ရာထူးဆိုတာ  သူ့အတွက်တော့ နာမည်ခံ သက်သက်ပဲလေ။ ဒီရာထူးနေရာ မြဲဖို့အတွက် သူ့သားရဲ့ တက်လမ်းကို ဖျက်စီးပစ်ရမှာလား။ ခေါင်းဆောင် ရာထူးကိုသာ စွန့်လွှတ်လိုက်မယ်။

ဒီလို အဖြစ်မျိုးကိုတော့  သူလုံးဝ လက်မခံနိုင်ပေ။

လီရှန်းဖန်က မျက်မှောင် ကြုတ်လိုက်ပြီး

" အဖေတစ်ယောက် အနေနဲ့ မင်းရဲ့ခံ စားချက်တွေကို နားလည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ မင်းက လီဖူချန်းရဲ့ အဖေဆိုတာကြီးကို ခဏမေ့ဖျောက် ထားလိုက်ပါလား။ ဒါက ကလန်ရဲ့ ရှေ့ရေးအတွက်လေ။ မင်းက လီကလန်ရဲ့  ခေါင်းဆောင် ဆိုတာကိုလည်း မမေ့နဲ့ဦး။ ကလန်ရဲ့  ကောင်းကျိုးအတွက် တချို့တလေကို စတေးသင့်ရင် စတေးရမှာပဲ"

လီရှန်းဟန်က  မေးခွန်းပြန်ထုတ် လိုက်တယ်။

" စတေးရမယ် ဟုတ်လား"

" ကျွန်တော့်သားရဲ့  အနာဂတ်ကို ဖျက်ဆီးရမှာကို   စတေးခံတယ်လို့ ပြောသင့်ရဲ့လား"

လီရှန်းဖန်ကလည်း

"  ရှန်းဟန်။ မင်းဘာတွေ တွေးနေတာလည်းဆိုတာ ငါလည်း နားမလည်တော့ဘူး။ ဖူချန်းက သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ဆိုတာကို လူတိုင်းသိတယ်လေ။  အေး  ဒါပေမဲ့ လီယွန်ဟိုင်ကတော့ ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကွ။ ဘယ်လိုလုပ် သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်က  ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို အနာဂတ်မှာ ဘယ်လိုယှဉ်နိုင်မှာ လည်းကွ"

"သာမန်အရိုး တည်ဆောက်ပုံနဲ့ လူကိုပယ်လိုက်ပြီး  ကြယ်နှစ်ပွင့်အဆင့်နဲ့ လူကိုရွေးလိုက်တာက  လီကလန် တစ်ခုလုံးအတွက် အကောင်းဆုံးပဲကွ "

လီရှန်းဟန်ကတော့ လုံးဝသဘောမတူချေ။

" ဘိုးဘေး အကြီးအကဲ ... သေသေချာချာ ပြန်စဉ်းစား ကြည့်ပါဦး။

ဒီကမ္ဘာမှာ ကြယ်နှစ်ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကလည်း  ရိုက်သတ်လို့ မကုန်အောင် ရှိနေတာပဲ။ ဒါပေမဲ့ အဲထဲက အနည်းငယ်ကပဲ  မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလေ။ သာမန်အရိုး တည်ဆောက်ပုံနဲ့ လူကလည်း မြေကမ္ဘာအဆင့်ကို ရောက်နိုင်တယ်ဆိုတဲ့ အချက်ကိုလည်း  မေ့ပစ်လိုက်လို့ မရဘူးလေ။ ဒီကနေ မိုင်ပေါင်း သုံးထောင်လောက် အကွာအဝေးမှာ ရှိတဲ့ ချိုယန်းမြို့မှာ ရှိတဲ့   ချိုယန်းမြို့စား ကလည်း သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပဲလေ "

" ဒါကတော့ ခြွင်းချက် ပေါ့ကွာ။ ဒီလိုလူမျိုးက  ဘယ်နှယောက် ရှိလို့လဲ ... ကြယ်နှစ်ပွင့် အဆင့်ရှိတဲ့ လူငါးယောက်မှာ မြေကမ္ဘာအဆင့်ကို တက်လှမ်းနိုင်တဲ့ လူတစ်ယောက်  ပေါ်လာနိုင်ပေမယ့် သာမန်အရိုး တည်ဆောက်ပုံ အယောက် တစ်ရာမှာတောင် တစ်ယောက် ဖြစ်လာဖို့က မလွယ်ဘူးလေ "

"ဘိုးဘေး အကြီးအကဲ ... ခင်ဗျားက ဖူချန်းကို ရိုးရိုးသာမန် လူတစ်ယောက်လို့    တကယ် ထင်မှတ်ထားတာလား။ ကျွန်တော်တို့ လီကလန် စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး  အခုချိန်ထိ  ဘယ်သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က ဖူချန်းလို အစွမ်းထက် ဖူးလို့လည်း။ ဖူချန်းကလည်း  ချိုယန်း မြို့စားမင်းလို လူစား နောက်တစ်ယောက် မဟုတ်ဘူးလို့  ဘယ်သူက ပြောနိုင်မှာလဲ"

လီရှန်းဖန်က  လီရှန်းဟန်ရဲ့  စကားကြောင့် အနည်းငယ် တွေဝေသွားတယ်။ ကြည့်ရတာ လီဖူချန်းက သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတွေထဲက ခြွင်းချက်များလား။ ချိူယန်းမြို့စားမင်း ငယ်စဉ်တုန်းကတောင် လီဖူချန်းလို အစွမ်းထက်ခဲ့တာ မဟုတ်ဘူးလေ။

ဒါပေမဲ့ သာမန်အရိုး တည်ဆောက်ပုံနဲ့ လူတစ်ယောက်ကို ပစ်ယုံကြည်လိုက်ဖို့က အရမ်းစွန့်စား လွန်းရာလည်း ကျနေတယ်။

ရှန်းယုရန်က ဘေးကနေ လုံးဝမနေနိုင်ပဲ  ဝင်ပြောတော့တယ်။

" ဘိုးဘေး အကြီးအကဲ ရှင့် ... အရင်တစ်ခေါက် တုန်းကလည်း ဖူချန်းက လီကလန်ရဲ့ အကျိုးအတွက် လီကလန်ရဲ့ ဆေးပေါင်းတစ်ထောင် ရေကန်ထဲကို ဝင်ခွင့်ကို   လီယွန်ဟိုင်ကို ပေးခဲ့ပြီးပြီလေ။ အခုတစ်ခါလည်း  လီယွန်ဟိုင်အတွက် ဖူချန်းက မိုးပြာရောင်ဂိုဏ်းကို  ဝင်ခွင့်ကို ထပ်ပြီး ပေးရဦးမှာလား။ နောင်တစ်ချိန်ကျရင်  ဖူချန်းက သူ့ရဲ့ အသက်ကိုပါ ထပ်ပေးရမှာလား။ ဒါဖူချန်းအတွက်  လုံးဝ မတရားပါဘူးရှင် "

ရှန်းယုယန်က ရင်ထဲမှာ အရမ်းနာကျင် နေခဲ့တယ်။

" ရှန်းယုယန် ... မင်းက မိန်းမတစ်ယောက်ပဲ။ ဘယ်လိုသတ္တိနဲ့ ကလန်ရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက် ပြောဆိုရဲတာလဲ"

လီတိုင်းရှန်က  ကြိမ်းမောင်းလိုက်တယ်။

လီရှန်းဟန်ကလည်း ဒေါသထွက်နေပြီး

" လီတိုင်းရှန်။ ယုရန်က ကလန်ခေါင်းဆောင်ရဲ့ မိန်းမကွ။ မင်းက ကလန်ခေါင်းဆောင်ရဲ့ မိန်းမကို ဒီလိုပြောခွင့် ရှိသလား။ မင်းကို ဘယ်သူက ပြောခွင့် ပေးလိုက်တာလဲ"

လီတိုင်းဟန်ကလည်း  အလျော့ပေးမည့် ဟန်မရှိချေ။

" လီရှန်းဟန် ... မင်းက  ကလန်ခေါင်းဆောင်ဆိုတဲ့ အခွင့်အာဏာနဲ့ ငါ့ကို ဖိနှိပ်ချင်နေတာလား။ မင်းက ကလန်ရဲ့ ရှေ့ရေးအတွက်တောင်  မစဉ်းစားပေးပဲနဲ့  ကလန်ခေါင်းဆောင် ဖြစ်ချင်နေတာလား။

မင်းက ကလန်ခေါင်းဆောင် ဖြစ်ဖို့ကို   မထိုက်တန်ဘူးကွ"

" တော်ကြတော့"

လီရှန်းဖန်က  လီတိုင်းဟန်ကို အေးစက်စက် ကြည့်လိုက်တယ်။

" ရှန်းဟန် ... မင်းကငါ့ကို အတော်လေး စိတ်ပျက်စေတာပဲ။

ကြည့်ရတာ ငါမင်းကို ကလန်ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တာ မှားပြီထင်ပါရဲ့။ အခုချိန်ကစပြီး မင်းက လီကလန်ရဲ့ ခေါင်းဆောင် မဟုတ်တော့ဘူး။  မင်းရဲ့သား လီဖူချန်းကိုတော့  ငါပဲ ဆက်ပြောလိုက်မယ်"

လီဖူချန်းက စင်အောက်မှာ အနားယူနေတယ်။

ရုတ်တရက် သူ့နားထဲကို အသံတစ်ခုက ဝင်လာတယ်။

" ဖူချန်း ... ငါက မင်းရဲ့ အဘေး  လီရှန်းဖန်ပဲ"

လီဖူချန်းက ချက်ချင်းထလိုက်ပြီး စင်ပေါ်က လီရှန်းဖန်ကို ကြည့်လိုက်တယ်။

" မင်းက လီကလန်ရဲ့ မျိူးဆက် တစ်ယောက်ပဲ။ ဒါကြောင့် တချို့အရာတွေမှာ ကလန်ကောင်းကျိုးအတွက် အနစ်နာခံ ပေးရမယ်။ ငါအခု မင်းကို  လီဟွန်ဟိုင်နဲ့ တွေ့တဲ့အခါမှာ အရှုံးပေးစေချင်တယ်။ မင်းရဲ့ အဘေးဆန္ဒကို  မင်းလိုက်လျော လိမ့်မယ်လို့ ငါထင်ပါတယ်။ မင်းဒီလို အရှုံးပေးရတဲ့ အတွက် မင်းကို လျော်ကြေးအနေနဲ့   မင်းလိုချင်တဲ့ အရာမှန်သမျှကို  ငါပြန်ပေးမယ်"

လီဖူချန်းက ဘိုးဘေးကြီး ပြောသမျှကို တစ်ခွန်းမကျန် သေသေချာချာ ကြားလိုက်ရတယ်။

ဒါပေမဲ့ သူက လုံးဝမျက်နှာ အမူအရာ မပြောင်းသွားပဲ တည်တည်ငြိမ်ငြိမ်ပဲ   နေနေတယ်။ ဆယ်ကြိမ်မြောက် အလှည့်မှာတော့ လီဖူချန်း နဲ့ လီယွန်ဟိုင် တိုက်ခိုက်ရဖို့ အကြောင်းဖန် လာခဲ့တယ်။

" လီဖူချန်း ... ငါက မင်းအမှန်ကန်ဆုံး ဆုံးဖြတ်ချက် ချနိုင်မယ်လို့ မျှော်လင့်ပါတယ်။  ငါမြေကမ္ဘာအဆင့်ကို  ရောက်တဲ့အခါကျရင် မင်းရဲ့ဒီနေ့ လုပ်ရပ်အတွက်  ကောင်းကောင်းကြီး ပြန်ပေးဆပ်ပါ့မယ်။ နောင်တစ်ချိန် ရောက်ရင်မင်းလည်း ငါ့အတွက် ဒီလိုစတေးရတာကို    ဂုဏ်ယူနေမှာပါ"

လီယွန်ဟိုင်က ပြုံးစိစိနဲ့ ပြောလိုက်တယ်။

" အခုတောင် သူများပေးရမှ ရမယ့် အခွင့်အရေးကို လိုချင်နေတဲ့ မင်းက နောင်တစ်ချိန် ဘာများ ဖြစ်လာနင်မှာလည်း"

လီဖူချန်းက မေးလိုက်တယ်။

လီယွန်ဟိုင်က ရယ်လျက် -

ဖူချန်းစကားတွေ အရမ်းများ မနေနဲ့တော့။ မင်းလို သာမန်အရိုး တည်ဆောက်ပုံနဲ့ လူက နောင်တစ်ချိန် ဘာမှဖြစ်လာနိုင်မှာ မဟုတ်ဘူး။။

ငါသာလျှင် လီကလန်ရဲ့  အနာဂတ်ပဲကွ။

လီဖူချန်းက လီယွန်ဟိုင်ကို တစ်ချက်ကြည့်လိုက်ပြီး

"ငါဆိုတဲ့ လီဖူချန်းက ဘယ်သူ့ကိုမှ မကြောက်ဘူးကွ။ ငါ့ရဲ့လမ်းမှာ တားနေတဲ့ အရာမှန်သမျှကို အကုန်ရှင်းထုတ် ပစ်မယ်။ ကလန်ဘိုးဘေးရဲ့ စကားကိုလည်း ငါကသောက်ဂရု မစိုက်ဘူးကွ။ မင်းအရှုံးကိုသာ လက်ခံဖို့ ပြင်ထားလိုက်တော့"

လီဖူချန်းက လီယွန်ဟိုင်ကို အရှုံးပေးဖို့ အစကတည်းက အစီအစဉ် မရှိချေ။ ဘာဖြစ်လို့လဲ ဆိုတော့  မထိုက်တန်လို့ပဲ ဖြစ်သည်။

ပြောပြီးတာနဲ့ လီဖူချန်း လက်ထဲက သစ်သားဓားက လေမုန်တိုင်း တိုက်ခတ် လိုက်သကဲ့ ဖြစ်သွားပြီး ဓားရိပ်တွေက လီယွန်ဟိုင်ရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတယ်။ လီဖူချန်း လက်ထဲက ဓားက ရပ်တန့်လိုက်တဲ့ အချိန်မှာတော့  ဓားဖျားက လီယွန်ဟိုင်ရဲ့ လည်ပင်းပေါ်သို့ ရောက်နေလေသည်။

အဲသည် အချိန်မှာတော့ ပြိုင်ပွဲကွင်းပြင် တစ်ခုလုံးက တိတ်ဆိတ် သွားတော့တယ်။

***

All Chapters