← Chapters

ကောင်းကလန်ရဲ့ အိပ်မက်ဆိုး

Vol. 2 Ch. 28

ကောင်းကလန်ရဲ့ အိပ်မက်ဆိုး

Vol. 2 Ch. 28

ဆယ့်နှစ်ကြိမ်မြောက် အလှည့်မှာတော့ လီယွန်ဟိုင်က  ယန်ခိုင်နဲ့ ထိပ်တိုက် တွေ့ဆုံပြီး ရှုံးသွားခဲ့တယ်။

လီယွန်ဟိုင်က ရှုံးတာ ငါးပွဲရှိသွားပြီ ဖြစ်သဖြင့် ပြိုင်ပွဲက နှုတ်ဆက်ထွက်ခွာ သွားရပြီ။ သူ့ရဲ့ထိပ်ဆုံး ငါးယောက်ဝင်ဖို့ အိပ်မက်ကလည်း ပျက်စီးသွားခဲ့ ရလေပြီ။

ဆယ့်နှစ်ကြိမ်မြောက် အလှည့်ရဲ့ နောက်ဆုံးပွဲကတော့ လီဖူချန်းနဲ့ ကောင်းဟိုရဲ့ ပွဲပဲဖြစ်တယ်။

အခုချိန်မှာတော့ ပြိုင်ပွဲဝင်က ခြောက်ယောက်ပဲ ကျန်တော့တာ ဖြစ်တယ်။ သူတို့တွေကတော့ -

ယန်ခိုင်

ရှန်းတုကျူး

ဟီပင်း

ကျူးဟောင်ရှု

ကောင်းဟို နှင့်

လီဖူချန်း တို့ပဲ ဖြစ်ကျတယ်။

ကောင်းဟိုက လေးပွဲရှုံးပြီးသား ဖြစ်သည်။ ဒီတစ်ကြိမ်ပါ ထပ်ရှုံးရင်တော့  သူလည်း ပြိုင်ပွဲက ထွက်ခွာရတော့မည် ဖြစ်သည်။ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေကတော့ တီးတိုးတီးတိုးနဲ့ ဆွေးနွေးနေကျတယ်။

"ကောင်းဟိုက  လီဖူချန်းရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူး။ ကြည့်ရတာ ကောင်းကလန်ရဲ့ နောက်ဆုံး မျှော်လင့်ချက် ကတော့ သွားပြီနဲ့ တူပါရဲ့"

" လီဖူချန်းက  ကောင်းကလန် အတွက်တော့ ဂြိုဟ်ဆိုးပဲ။ ပထမဆုံး ကောင်းဖန်။ အခုတစ်ခေါက် ကျတော့  ကောင်းဟို။ ကောင်းကလန်ရဲ့ ခေါင်းဆောင် ကောင်းယုတစ်ယောက် အခုချိန်ဆို ဘာတွေ တွေးနေမလဲ ဆိုတာတောင် ငါသိချင်နေမိပြီကွာ"

"ငါထင်တာကတော့ ကောင်းရှုတစ်ယောက်ကပဲ လီဖူချန်းကို အနိုင်ယူ နိုင်လိမ့်မယ်"

" ကောင်းရှုဆိုလို့မှ ပြောရဦးမယ်။ ဒီကောင်မလေးသာ ပြိုင်ပွဲဝင်ခဲ့လို့ ကတော့ ယန်ခိုင်ကော ရှန်းတုကျူးကော  လီဖူချန်းကော တစ်ယောက်မှ သူမကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

" အမှန်ပဲကွ ကောင်းကလန်မှာ ကောင်းရှု ရှိနေမှတော့ ဒီပြိုင်ပွဲမှာ ကောင်းကလန်က တစ်ယောက်မှ  မိုးပြာရောင်ဂိုဏ်းကို ဝင်ခွင့်မရရင်လဲ ဘာမှဖြစ်သွားမှာ မဟုတ်ဘူး။"

ကောင်းယုကတော့ တော်တော်လေး မျက်နှာပျက်နေလေသည်။

သူကစေ့စပ်ပွဲကို ဖျက်သိမ်းလိုက် ကတည်းက တစ်နေ့ဒီလို ဖြစ်လာမယ်လို့ လုံးဝ ထင်မထားခဲ့ချေ။

" ဟင့် …… "

" ဒီကောင်က ထိပ်ဆုံးငါးယောက် စာရင်းထဲဝင်လဲ ဘာအရေးလဲ။ အပြင်စည်း တပည့်တွေရဲ့ စမ်းသပ်မှုကို မကျော်နိုင်ဘူးဆိုရင် သူက အပြင်စည်း အထွေထွေလုပ်သား တပည့်ပဲ ဖြစ်မှာ။ ဒါပေမဲ့ ငါ့သမီး ကောင်းရှုက ဒီကောင့်ထက် အများကြီးသာတယ်။ လီဖူချန်း အယောက်တစ်ရာ ပေါင်းလိုက်ရင်တောင် ငါ့သမီး ခြေဖျားကို မီမှာ မဟုတ်ဘူး။

စင်မြင့်ပေါ်မှာတော့ ကောင်းဟိုက လီဖူချန်းနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်။

" လီဖူချန်း ... မင်းရဲ့ အရိုးတည်ဆောက်ပုံနဲ့ ဆိုရင် မင်း မိုးပြာရောင်ဂိုဏ်းကို ရောက်တဲ့အခါ အောက်ခြေ အဆင့်ကနေ တက်နိုင်မှာ မဟုတ်ဘူး။ မင်းသာ ဒီနေရာကို ငါ့ကိုပေးလိုက်ရင် ကောင်းကလန်နဲ့ လီကလန်ရဲ့ ရင်းနှီးမှုကို ပြန်တည်ဆောက် နိုင်လိမ့်မယ်။

ကောင်းရှုက မင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းခဲ့ပေမဲ့ သူမရဲ့ အနာဂတ်က မင်းတွေးထားတာ ထက်ကိုပိုသေးတယ်။ အခုချိန် ငါ့ကို အနိုင်ပေးလိုက်ရင် အနာဂတ်မှာ မင်းအကျိုးရှိလာ မှာနော်"

လီဖူချန်းက ကောင်းဟိုရဲ့ စကားကို ကြားပြီးနောက် ပိုလို့တောင် ဒေါသထွက်သွား သေးတယ်။

"ကောင်းကလန်နဲ့ ရင်းနှီး ပြန်တည်ဆောက်မယ် ဟုတ်လား"

"မင်းရဲ့ သောက်ပါးစပ်ကြီးကို ပိတ်ပြီး စင်ပေါ်က ဆင်းသွားစမ်း"

လီဖူချန်းက သူ့ရဲ့ခါးပေါ်က ဓားကို ဆွဲထုတ်လိုက်ပြီး စတင်တိုက်ခိုက် လိုက်တော့တယ်။

ကောင်းဟိုရဲ့ လက်ထဲက ဓားက နှစ်ပိုင်းကျိုးသွားပြီး လူကလည်း စင်ပေါ်က ပြုတ်ကျသွားတယ်။

ကောင်းဟောင် ရှုံးနိမ့်အပြီး မှာတော့ ထိပ်ဆုံးငါးယောက် စာရင်းဟာ ထွက်ပေါ်လာတော့တယ်။ သူတို့တွေကတော့ -

ယန်ခိုင်

ရှန်းတုကျူး

ဟီပင်း

ကျူးဟောင်ရှု

လီဖူချန်းတို့ ဖြစ်ကျတယ်။

အဆင့် သတ်မှတ်ချက်တွေ အတွက် ပြိုင်ပွဲက ဆက်လက် ကျင်းပနေခဲ့တယ်။

ကျူးဟောင်ရှုနဲ့  ရှန်းတုကျူးတို့ ထိပ်တိုက် အတွေ့မှာတော့ ရှန်းတုကျူးက နိုင်သွားခဲ့တယ်။ ဟီပင်းနဲ့ လီဖူချန်းမှာတော့  လီဖူချန်းက နိုင်တယ်။ ကျူးဟောင်ရှုနဲ့  ဟီပင်းမှာတော့  ဟီပင်းက ပြန်နိုင်လိုက်တယ်။

ပတ်လည်သုံးပွဲလောက် ယှဉ်ပြိုင် အပြီးမှာတော့ အဆင့်လေးက ဟီပင်းဖြစ်ပြီး အဆင့်၅ က ကျူးဟောင်ရှုဆိုတာ သေချာသွားခဲ့ပြီ။

နောက်ထပ်ပြိုင်ပွဲကတော့ ထိပ်ဆုံး သုံးနေရာ လုပွဲပဲ ဖြစ်တယ်။

အခုချိန်အထိ သုံးယောက်စလုံးက တစ်ခါမှ ထိပ်တိုက် မတွေ့သေးသည့် အပြင်  သုံးယောက်စလုံးက တစ်ကြိမ်မှ ရှုံးနိမ့်ထားခြင်း မရှိသေးဘူး။

ပထမဆုံးပွဲကိုတော့ လီဖူချန်းနဲ့ ရှန်းတုကျူးတို့ တိုက်ခိုက်ရမှာ ဖြစ်တယ်။

ရှန်းတုကျူး အခုလို အဆင့်အထိ ရောက်လာရတဲ့ အကြောင်းအရင်းရဲ့ တစ်ဝက်က  သူ့ရဲ့အရိုး တည်ဆောက်မှုကြောင့် ဖြစ်ပြီး နောက်အကြောင်း တစ်ဝက်က သူတို့ ရှန်းတုကလန်ရဲ့ လျှို့ဝှက် ကျင့်စဉ်ကြောင့် ဖြစ်တယ်။ သူ့ကိုယှဉ်နိုင်မည့် သူက ယန်ခိုင်ပဲ ရှိသည်။

" လီဖူချန်း ... မင်းဒီအဆင့်ထိ ရောက်လာတာကိုတော့ ငါချီးကျူးပါတယ်။ မင်းလို အစွမ်းအစရှိတဲ့ လူတစ်ယောက်က ကိုယ်ရောက်နိုင်တဲ့ အကန့်အသတ်ကိုတော့ သိထားသင့်တယ်။ ငါလဲ ဒုတိယဆုကိုပဲ ယူလိုက်တော့မယ်။ မင်းလဲ တတိယဆုကို ယူလိုက်။ အဆင်ပြေတယ်မလား။"

ရှန်းတုကျူးက  သူက ယန်ခိုင်ကို မနိုင်ဘူးဆိုတာ သိပေမဲ့ လီဖူချန်းကို ရှုံးနိမ့်မယ်လို့တော့ မယုံဘူးလေ။

ပြီးတော့ ဒုတိယဆုက ရွှေပြားငါးထောင်နဲ့ အတွင်အား သန့်စင်ဆေး တစ်ပုလင်း ရမှာလေ။

တတိယဆုက ရမယ့် စိတ်ဝိညာဉ်အားတိုးဆေး ၅ပုလင်းနဲ့ ရွှေပြားသုံးထောင်ထက်တော့  အများကြီး တန်ဖိုးရှိ ပါသေးတယ်။

လီဖူချန်းက ပြန်မေးလိုက်တယ်။

" မင်းကိုယ်မင်း ဒုတိယဆုနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား"

" ဘာ လဲ"

"မင်းက ငါမျက်နှာသာ ပေးတာကို မလိုချင်ဘူးပေါ့ ... ဟုတ်ပြီလေ ... ငါမင်းကို ကောင်းကောင်းကြီး ဆုံးမပေးရတာပေါ့"

လီဖူချန်းက ဂရုမစိုက်ပဲ -

"မျက်နှာသာပေးတယ် ဟုတ်လား ... မင်းအဆင့်နဲ့ ငါ့ကို ဘာမျက်နှာသာမှ ပေးစရာ မလိုဘူး"

ရှန်းတုကျူးက -

"ကောင်းပြီလေ ...  မင်းအခုလို ဆုံးဖြတ်ခဲ့တဲ့ အတွက် နောင်တမရစေနဲ့"

လီဖူချန်းက ကောင်းဟိုနဲ့ လီယွန်ဟိုင်ကို တစ်ကွက်တည်းနဲ့ အလဲထိုး တိုက်ခိုက်နိုင်ခဲ့ပေမဲ့  ရှန်းတုကျူးကို ကတော့ တစ်ကွက်တည်းနဲ့ အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ရှန်းတုကျူးရဲ့ ရှိုးယန်လျှို ကျင့်စဉ်က အတော်လေး ကောင်းနေတဲ့ အတွက်ကြောင့် ပါပဲ။

ရှန်းတုကျူး လေ့ကျင့်ထားတဲ့ ဓားသိုင်းက မီးတိမ်တိုက် ဓားသိုင်းဖြစ်တယ်။ နာမည်နဲ့ လိုက်အောင်ပဲ သိုင်းကွက်သိုင်းမှာ မီးကဲ့သို့ ပူလောင်တဲ့ အငွေ့အသက်တွေက ပါလာတယ်။

လီဖူချန်းက မီးလောင်ပြင်ကြီး တစ်ခုထဲကို ရောက်နေသကဲ့သို့ ခံစားနေရတယ်။ ဒါကြောင့် သူက အစွန်းရောက်ဓားသိုင်းထဲက "တောင်ပြိုကမ်းပြို " ဓားကွက်ကို  ထုတ်သုံးလိုက်တယ်။

ရှန်းတုကျူးရဲ့ ပြင်းထန်လှတဲ့ ဓားကွက်ကို သူကလည်း ပြင်းထန်တဲ့ ဓားကွက်နဲ့ပဲ  ပြန်ခုခံဖို့ စဉ်းစားလိုက်တယ်။

ဒီဓားကွက်က အစွန်းရောက် ဓားသိုင်းရဲ့ အပြင်းထန်ဆုံး ဓားကွက်ဖြစ်တယ်။ ဓားနှစ်လက်က ထိပ်တိုက် ရင်ဆိုင် တွေ့လိုက်တာနဲ့ နှစ်ချောင်းစလုံး ကျိုးသွားလေသည်။

ထို့ကြောင့် နှစ်ယောက်စလုံးက  လက်နက်မဲ့ ဆက်ပြီး တိုက်ခိုက် နေကြသည်။ ရှန်းတုကျူးက နတ်သားတိမ်တိုက် လက်ဝါးသိုင်းကို အသုံးပြုနေပြီး လီဖူချန်းက တောင်ဖြိုလက်ဝါးကို အသုံးပြုနေလေသည်။

***

All Chapters