အခန်း (၂၅၆)
Vol. 18 Ch. 256
လင်းရီကို မြင်တော့ ထိပ်ပြောင်နှင့် အမျိုးသားမှာ ပြုံးလိုက်ပြီး "မစ္စတာလင်း...ခင်များက သခင်လေးချင်းနဲ့ မိတ်ဆွေတွေဆိုတာ ကျုပ်သိပါတယ်..ဒါပေမယ့် ကျုပ်ကလည်း ဥက္ကဌကျီကို ရိုးရိုးသားသား တွဲကဖို့ ဖိတ်ခေါ်တာပါ.....မစ္စတာလင်း အထင်မလွဲဘူးလို့တော့ မျှော်လင့်ပါတယ်..."
"ကျုပ်လည်း အထင်မလွဲပါဘူး...ဒါပေမယ့် ဥက္ကဌကျီနဲ့ အတူတွဲကဖို့ဆိုတာ လွယ်တယ်များ မှတ်နေလား..."
"အိုး....တစ်ခုခု လိုသေးတာလား..."
"ဒါပေါ့...."
လင်းရီ သူ့မျက်နှာသူ ညွှန်ပြလိုက်ပြီး "ခင်များကိုယ်ခင်များ ကျုပ်ထက် ခန့်တယ်လို့ထင်လား..."
"အာ....မခန့်သလိုပဲ..."
လင်းရီ သူ၏ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ပီတက်ခ်ဖီလစ်ပီ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ် နာရီကို လူတိုင်း မြင်သာအောင် ပြုကာ "ကျုပ်ထက် ချမ်းသာတယ်လို့ကော ထင်လား..."
"အာ....မထင်ပါဘူး..."
"အဲ့တာနဲ့များ ကျုပ်နဲ့ လာယှဉ်ပြိုင်ချင်နေသေးတယ်ပေါ့...လစ်လိုက်တော့ကိုယ့်လူ..."
လင်းရီ ထိုသို့ပြောလိုက်သောအခါ ထိပ်ပြောင်ပြောင်နှင်ြ အမျိုးသားမှာ တစ်လုံးမျှ ပြန်လည် ချေပရဲခြင်း မရှိ။ ထိုကဲ့သို့သော သူမျိုးကို သူအပြစ်ပြုရန် မစွမ်းသာချေ။ ထို့ကြောင့် ခေါင်းငိုက်စိုက်ချကာ စိတ်ပျက် အားငယ်စွာဖြင့် ပြန်လာခဲ့ရသည်။
"ဒီတိုင်း ငြင်းလိုက်ရင် ရနေပြီကိုပဲ..ဘာလို့ သူများကို အဲ့လိုကြီး သွားပြောတာ..."ကျီချင်းရန် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"အဲ့ကောင် ထိပ်ပြောင်နေကတည်းက လူကောင်းမဟုတ်ဘူးဆိုတာ ပြောနိုင်တယ်..ဒီလောက်ပဲ ပြောလိုက်တာတောင်မှ ယဉ်ကျေးတယ်လို့ ဆိုရဦးမှာ..."
ကျီချင်းရန် ပီတိစား၍ ချိုမြိန်သွားပြီး ချစ်စဖွယ် ပြုံးနေတော့၏။
"အဲ့တာဆို ဒီည ငါ့ကို တွဲကဖို့ ဖိတ်ခေါ်လာတဲ့သူတွေကို နင်နဲ့ပဲ လွှတ်ထားလိုက်တော့မယ်နော်...နင်က ငါ့အစား ကူငြင်း ပေးရမယ်..."ကျီချင်းရန် လင်းရီ နားအနားကပ်၍ တီးတိုး ပြောလိုက်သည်။
"ရတယ်လေ...ဒါပေမယ့် မင်းကကော မကချင်ဘူးလား..."
"ကချင်တာပေါ့..ဒါပေမယ့် ဘယ်လိုကရမလဲမှ မသိတာကို..."ကျီချင်းရန် နှုတ်ခမ်းလေးစူပြီး ပြောလိုက်သည်။
"တက္ကသိုလ်မှာတုန်ူကတော့ နည်းနည်း သင်ဖူးတယ်..ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သင်ပေးတဲ့ ဆရာ မ ငါ့ကို ဘယ်လိုပြောလဲသိလား...ငါ့ကိုယ်က စတီးချောင်းကြီးလိုပဲတဲ့..ဘယ်လိုမှ ပြုပြင်လို့ ရမှာ မဟုတ်တော့ဘူးတဲ့...ဟွန့် အဲ့အကြောင်း တွေးလိုက်တိုင်း ခုထိ စိတ်တိုနေတုန်းပဲ..."
"နေစမ်းပါဦး...မင်းကျောင်းတုန်းကကျတော့ ဘယ်သူတွေနဲ့ တွဲကတာ..."
"အတန်းဖော်တွေနဲ့လေ..."
"မင်းက ယောက်ကျားလေးတွေနဲ့ တွဲကတာပေါ့..."
လင်းရီ မျက်နှာပေါ်ရှိ သ၀န်တိုနေသည့် အမူရာကို မြင်တော့ ကျီချင်းရန် ရင်ထဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့၏။
"နင်ထင်နေသလို မဟုတ်ဘူး..."ကျီချင်းရန် ရှင်းပြလိုက်ပြီး "အဲ့တုန်းက အကသင်တာ မိန်းကလေးတွေပဲ များတယ်လေ...အဲ့တာကြောင့် အတန်းထဲမှာ မိန်းကလေးတွေနဲ့ပဲ တွဲကရတာ..ငါနဲ့ တွဲကတဲ့သူက ငါ့အခန်းဖော်ပဲလေ.....ငါတောင် သူ့ခြေထောက် တက်နင်းမိလိုက်သေးတယ်..."
"တော်သေးတယ် ..ခြေထောက်လေးပဲ နင်းမိလို့ပေါ့"လင်းရီ ငိုရအခက် ရယ်ရအခက်ဖြင့် ပြောလိုက်သည်။
"ဟွန့်..နင်ငါ့ကို အဲ့လို ပြောပိုင်ခွင့် မရှိဘူး..အနည်းဆုံးတော့ ငါက ဘယ်လိုကရမလဲဆိုတာ သိပါသေးတယ်နော်..နင့်လို ဘာမှ မကတတ်တဲ့သူများ အောက်မေ့နေလား...."
"ဟုတ်ပါပြီ..ဟုတ်ပါပြီ...မင်းလေးကသာ အတော်ဆုံး..မင်းလေးကသာ အတတ်ဆုံးပါကွာ..."
ကျီချင်းရန် ခစ်ကနဲ ရယ်လိုက်ပြီး "အဲ့တာကြောင့်မို့ နင့်ကို အားကိုးမယ်နော်...နင်သာ သူတို့ကို မငြင်းနိုင်လို့ကတော့ ငါတွဲက ပေးရတော့မှာ..."
"ပေါ်တင်ကြီး ခြိမ်းခြောက်နေတာလား..."
"ဟုတ်တယ်..ခြိမ်းခြောက်တယ်....ဘာဖြစ်လဲ..."ကျီချင်းရန် ခေါင်းမော့ ရင်ကော့ပြီး အောင်နိုင်သူကြီးပမာ မော်ကြွားစွာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင် ကျက်သရေရှိသည့် ပုံရိပ်တစ်ခုမှာ လင်းရီတို့ မြင်ကွင်းထဲသို့ ရောက်လာခဲ့ပြီး အမှတ်မထင် မော့ကြည့်လိုက်သောအခါ ရန်ရွှေ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"မစ္စတာလင်း..ကျွန်မ ရှင်နဲ့ အတူတွဲကလို့ ရမလား..."
သူမ လင်းရီရှေ့တွင် ရပ်တန့်လိုက်ပြီး ညင်သာစွာ မေးမြန်းလိုက်သည်။
"ဟမ်...."
ကျီချင်းရန် မပျော်မရွှင် ဖြစ်သွားခဲ့ပြီး သူပိုင်သည့် ပစ္စည်းကို ကာကွယ်နေသည့် စိတ်တိုနေသော ကျားပေါက်စနေလေးကဲ့သို့ ဖြစ်သွားတော့၏။
"စိတ်မရှိပါနဲ့နော်..သူက ကျွန်မနဲ့ အတူကဖို့ တောင်းဆိုပြီသားမို့ ရှင်နဲ့ တွဲကလို့ မရတော့ဘူးထင်တယ်..."
ကျီချင်းရန်မှာ လင်းရီကိုယ်စား မငြင်းဆိုပေးနိုင်သောကြောင့် ထိုသို့သာ ပြောလိုက်ရသည်။
ရန်ရွှေ ကြက်သေသေသွား၏။
သူတို့ နှစ်ယောက်က ခုလေးတင် မကဘဲနဲ့ ရယ်ရယ်မောမော စကားပြောနေကြတာ မဟုတ်လား...သူမ ရောက်လာမှ ဘာလို့ ရုတ်တရက်ကြီး ကတော့မယ် ဖြစ်သွားတာလဲတဲ့...
ကျီချင်းရန် သူမ ဂါ၀န်ကို ပင့်လိုက်ပြီး စစ်ကြေညာသကဲ့သို့ သူမ၏ နူးညံ့သိမ်မွေ့သော လက်ဆန့်တန်းလိုက်သည်။
"သွားစို့လေ..."
လင်းရီ ပါးစပ် အဟောင်းသား ဖြစ်သွား၏။
မင်းက မကတတ်ပဲနဲ့ ဘာလို့ ငါ့ကို လာဖိတ်ခေါ်နေတာလဲဟ...
ပြီးတော့ ရန်ရွှေကလည်း သူ့ယောက်ျား တစ်ယောက်လုံး ဒီရောက်နေတာကိုတောင်မှ ဘာလို့ သူနဲ့ အတူကဖို့ လာခေါ်တာလဲတဲ့...
ဟင်း...နောက်ဆုံးတော့လည်း စောက်ချောကြီးဖြစ်တဲ့ ငါ့အမှားတွေပါကွာ...
ကူကယ်ရာမဲ့စွာဖြင့် ..လင်းရီ မတ်တပ်ရပ်လိုက်ပြီး ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နှစ်ဦးသား လက်တွဲ၍ ခန်းမ အလယ်သို့ လျှောက်လာကြလေသည်။
"မကတတ်ပဲနဲ့ ဘာလို့ ကဖို့ ပြောလိုက်တာလဲဟ.. မင်းမကတတ်တာကို သူများတွေ သိသွားမှာ မကြောက်ဘူးလား..."လင်းရီ မေးမြန်းလိုက်၏။
"အဲ့အမျိုးသမီးက ကြည့်ရတာ လူကောင်းဖြစ်မယ့်ပုံ မပေါ်ဘူး..သေချာပေါက် နင့်ကို အခွင့်ရေး ယူချင်နေတာ နေမှာ..အဲ့တာကြောင့်မို့ ငါက နင့်ကို ကူညီပေးလိုက်တာနော်...ဘာလည်း ကျေးဇူး မတင်ဘူးလား..."
ကျီချင်းရန် စိတ်ဆိုးနေသည့် လေသံဖြင့် ပြောလိုက်၏။
လင်းရီကတော့ ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့သည်။ ကျီချင်းရန်၏ အမူအရာမှာ သူမ၏ အစာကို ကာကွယ်နေသည့် ကျားပေါက်စနလေးအသွင် ဖြစ်နေတော့၏။
"ခု ဘယ်လိုလုပ်ကြမှာ...မင်းကချင်တယ်ဆိုတာ သေချာရဲ့လား..."
"ဘယ်တတ်နိုင်မှာ ..ဒီနေရာထိတောင် ရောက်လာပြီးမှတော့ မီးစင်ကြည့်ကကြတာပေါ့..."ကျီချင်းရန် ရင်တုန်ပန်းတုန်ဖြင့် ပြောလိုက်သည်။
"ဒါပေမယ့် ဘာမှ စိတ်မလှုပ်ရှားနဲ့နော်...ငါပြောတဲ့ အတိုင်းသာလုပ်...ကြားလား"
လင်းရီ ပြောစရာစကား ကင်းမဲ့နေတော့၏။
အဲ့စကား ပြောရမယ့်သူက ငါပါဟ...
"နင့် ဘယ်ဘက်လက်ထုတ်ပြီး ငါ့လက်ကို ဆွဲလိုက်..."ကျီချင်းရန် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ပြီးတော့ကော..."လင်းရီ သူမပြောသည့် အတိုင်း ပူးပေါင်းပြီးနောက် အပြုံးလေးဖြင့် မေးလိုက်၏။
"နင့်ရဲ့ ညာဘက်လက်နဲ့ ငါ့ခါးကို ကိုင်ထားလိုက်..."
"ဒါတော့ ဘယ်လိုလုပ်ရမလဲဆိုတာ သိတယ် ဟဲဟဲ..."
"မသာ....နင်တော့ သေတော့မှာနော်...ငါ့ခါးကိုပဲ ကိုင်ထားခိုင်းတာ..ဘာလို့ အောက်လျောဆင်းပြီး ကိုင်နေတာတုန်းဟဲ့..."
"ဆောတီး ဆောတီး ..လက်က သူ့အလိုလို အဲ့ရောက်သွားလို့..."
နှစ်ယောက်သား ပုံစံယူပြီးနောက် ကျီချင်းရန် အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ အားပေးလိုက်သည်။
လင်းရီကဲ့သို့ ထက်မြက်သည့်သူမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို သိကောင်းလောက်၏။အကယ်၍ သူသာ ဂရုစိုက်နေသရွေ့တော့ ပြဿနာ ကြီးကြီးမားမာ ရှိလိမ့်မည် မဟုတ်ချေ။
"ငါပြောတဲ့အတိုင်း လိုက်လုပ်နော်...နှစ်ယောက်စလုံး ဘာအမှားမှ မပါဘဲ အတူကကြမယ်...,မဟုတ်လို့ကတော့ အားလုံးရှေ့မှာ ကိုယ့်အရှက်ကို ခွဲသလို ဖြစ်တော့မှာ..."
"ထားလိုက်တော့ ..ငါဦးဆောင်တဲ့ နောက်သာ အသာလေး လိုက်ခဲ့လိုက်..."
"အမ်....နင်က ဝေါ့ဇ်အက ကတတ်တယ်ပေါ့..."
လင်းရီ ကျီချင်းရန် မေးသည်ကို ပြန်မဖြေပဲ အလုပ်နှင့် သက်သေပြလိုက်၏။
လင်းရီ၏ ဦးဆောင်မှုအောက်တွင် ကျီချင်းရန်၏ အမူအရာမှာ ခန်းမအလယ်တွင် တင့်တယ်စွာ လှုပ်ရှားနေတော့၏။
ထိုအချိန်တွင်တော့ ကျီချင်းရန် စိတ်တစ်ခုလုံး ဗလာကျင်းနေလေသည်။
သူမကိုယ်သူမ ဝေါ့ဇ်အကကို ထိုမျှ ချောမွေ့စွာ ကနိုင်လိမ့်မည်လို့ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးချေ။
သို့သော်လည်း ထိုအရာအားလုံးက လင်းရီကိုသာ ကျေးဇူးတင်ရမည်ဖြစ်ကြောင်း နားလည်ပေသည်။
သူမ အနေနှင့် ဆိုပါက စည်းချက် ရှစ်ခုကိုတောင်မှ ပြီးမြောက်အောင် ကနိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင်အောင် သူမစိတ်ထဲတွင် လင်းရီအဘယ်ကြောင့် ဝေါ့ဇ်အကကို ဤမျှ ကျွမ်းကျွမ်းကျင်ကျင် ကတတ်နေသလဲဆိုတာကို ဒွိဟ ဖြစ်နေလေသည်။
သူက ဘာလို့ အဲ့လောက် အများကြီး သိနေရတာလဲ...
ပြီးတော့ သူမကကော ဘာလို့ ဘာမှမသိ ဖြစ်နေရတာလဲတဲ့...
ထိုအချိန်တွင် ကျီချင်းရန်နှင့် လင်းရီတို့မှာ ခန်းမထဲရှိ လူအားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။
ညို့ဓာတ်ပါသည့် အနက်ရောင် ပွဲတက် ဂါ၀န်နှင့်အတူ ကျီချင်းရန်မှာ ဒဏ္ဍာရီထဲမှ လိပ်ပြာနတ်သမီးလေးကဲ့သို့ တင့်တယ်နေပြီး သူမ၏ သိမ်မွေ့ညင်သာသော ကခုန်သည့် ဟန်ပန်တို့မှာ လူအုပ်ကြီး၏ စိတ်နှလုံးကို သိမ်းပိုက်လိုက်နိုင်သည်။
တီးလုံးပြီးနောက် လင်းရီ သူမကို ထိုင်သည့်နေရာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့လိုက်၏။
သို့သော်လည်း ကျီချင်းရန်၏ ရင်ခုန် စိတ်လှုပ်ရှားမှုများမှာ ယခုထက်ထိ အရှိန်မသေသေးချေ။
ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး အိပ်မက်ပမာ ခံစားနေရတော့၏။
အကယ်၍ လင်းရီသာ သူမကို မဦးဆောင်ပေးပါက အများအရှေ့တွင် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။
"လင်းရီ..နင် ဝေါ့ဇ်ကတာ ဘာလို့ အဲ့လောက်တောင် တော်နေတာလဲဟင်.....နင်အရင်တုန်းက သင်ဖူးလို့လား..."
"ကိုယ့်ဘာကိုယ် လေ့လာတာလို့ ပြောရင် ယုံမှာလား..."
"ယုံတယ်..."ကျီချင်းရန် ခေါင်းညိမ့်လိုက်သည်။
"အဲ့လိုကြီး ယုံလိုက်တယ်ပေါ့..ငါမင်းကို လှည့်စားမှာ မကြောက်ဘူးလား..."
"ကြောက်ပါဘူး..ဘာလို့ဆို ငါက အရမ်းတော်တယ်လေ..."ကျီချင်းရန် လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး "ပုံမှန်ဆို ဟင်းချက်တတ်တဲ့ ယောက်ျားတွေက မညံ့ကြပါဘူး...."
"အဲ့တာတော့ သဘောတူတယ်..ဆုချတဲအနေနဲ့ ဟင်းတစ်ခွက် ချက်ကျွေးမယ်ဆိုရင်ကော ဘယ်လိုလဲ..."
"ရေး....သဘောတူတယ်..."
နှစ်ယောက်သား ရယ်မော ပျော်ရွှင်နေသည်ကို မြင်တော့ ကျောက်ကျိန်းရန် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ပြီး
"ငိုးမ အပျော်လင်ကောင်..ငါ့ကိုတောင် အရူးလုပ်ရဲတယ်ပေါ့လေ...မင်းကို သေချာပေါက် ခွင့်မလွှတ်ဘူးကွ...."