အခန်း (၂၅၇)
Vol. 18 Ch. 257
ကပွဲမှာ သိပ်မကြာလိုက်ပဲ တစ်နာရီကြာပြီးနောက် ပြီးဆုံးသွားခဲ့၏။
အခြားတစ်ဖက်တွင်တော့ ရန်ရွှေ လင်းရီကို အပြုံးလေးဖြင့် ကြည့်နေလေသည်။ လင်းရီဘေးရှိ မိန်းကလေးမှာ အတော်လေး စိတ်၀င်စားဖို့ကောင်းလှ၏။
ထိုကောင်မလေးမှာ ယခုမှ အချစ်နှင့် ထိတွေ့ခါစ ကကောင်မလေးတစ်ဦးနှင့် တူနေလေသည်။
ကပွဲပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့မှာ ဘေးဘက်ရှိ ထိုင်ခုံများပေါ်တွင် ထိုင်လိုက်ကြ၏။
နောက်က်လာမည့် အစီအစဉ်ကတော့ ညစာစားပွဲက စိတ်၀င်စားဖို့အကောင်းဆုံးဖြစ်သည့် လေလံတင်ခြင်းပင်။
လင်းရီ ဤကဲ့သို့ လေလံပွဲများနှင့် ပထမဆုံး အကြိမ်ကြုံဖူးကြောင်း မှတ်မိသွား၏။
"ချင်းရန် ..မင်းအရင်တုန်းက လေလံတွေ ဘာတွေ ၀င်ဆွဲဖူးလား..."
"အင်း...စိတ်၀င်စားတာတွေ တွေ့ရင်တော့ လေလံဆွဲဖူးပါတယ်..."ကျီချင်းရန် ပြောလိုက်ပြီး "ဒါပေမယ့် ဒီကနေ့ တင်မယ့် လေလံပစ္စည်းတွေကိုတော့ ဘာမှ ဆွဲစရာ မလိုဘူး..."
"ဘာလို့လဲ..ဒီကနေ ငါတို့က မ၀ယ်နိုင်လို့လား...."
"ငါတို့ မ၀ယ်န်ိုင်တာ မဟုတ်ဘူး..၀ယ်စရာ မလိုတာ..."ချင်းရန် ပြောလိုက်ပြီး "နင်ပဲ စဉ်းစားကြည့်လေ..ငါတို့မှာလည်း ကိုယ်ပိုင် ဖောင်ဒေးရှင်း ရှိနေပြီးသားပဲ မဟုတ်လား...ဘာလို့ သူတို့ကို ပိုက်ဆံပေးပြီး ပရဟိတ လုပ်ခိုင်းနေတော့မှာ...ကိုယ့်ဖောင်ဒေးရှင်းကိုယ် ပေးလိုက်ရင်လည်း အတူတူပဲ မဟုတ်လား..."
"အင်း..အဓိပ္ပာယ်ရှိတယ်..."
လင်းရီ ပြုံးမိ၏။ ကျီချင်းရန်မှာ အသေးမွှားလေးကအစ ဂရုစိုက်တတ်သည့် အိမ်ရှင်မကောင်း တစ်ဦး၏ ပုံစံပင်။
လေလံပွဲတွင် ပစ္စည်း ရှစ်ခု လေလံတင် ရောင်းချ၏။ အများစုကတော့ ရှေးဟောင်းပစ္စည်းများနှင့် လက်ရေးလှ ပန်းချီများသာဖြစ်သည်။ ထို့ပြင် အသက်အရွယ် အိုမင်းသည့် သူဌေးကြီးများကို ပစ်မှတ်ထားသည့် အသက်ရှည်ကံကောင်းသော ဖုန်းရွှေပစ္စည်းတစ်ခုလည်း လေလံ၌ ပါ၀င်လာသေး၏။
ကျီချင်းရန်၏ ပြောစကားကို မြေ၀ယ်မကျ နားထောင်တတ်သည့် လင်းရီမှာတော့ တစ်ခုမျှ၀င်ပြီး လေလံမဆွဲဘဲ ထိုင်ခုံ၌သာထိုင်၍ ပွဲကြည့်နေလေသည်။
အခြားတစ်ဖက်တွင်တော့ ချင်းဟန်မှာ လက်ရေးလှ ပန်းချီကား တစ်ချပ်ကို ၇.၉ မီလီယမ်ပေး၍ ၀ယ်ယူလိုက်၏။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရနေသည့် အမူအရာများကတော့ အလျင်းမရှိ။ လေလံပွဲကို ပံ့ပိုးရန် ကျပမ်း ဈေးပေးပစ်လိုက်ခြင်းဖြစ်ကြောင်း သိသာနေလေသည်။
နှစ်နာရီကြာပြီး နောက်ဆုံးပစ္စည်းကို လေလံတင် ရောင်းချပြီးသွားပြီး လေလံပွဲ၏ အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် ပွဲတက်ရောက်လာသူများမှာ တစ်ယောက်ပြီးတစ်ယောက် ယွင်လန်ဟိုတယ်မှ ထွက်လာကြတော့သည်။
လင်းရီနှင့် ကျီချင်းရန်တို့လည်း ထို့အတူပင်။
လင်းရီ နဂို ကြံစည်ထားသည်ကတော့ ကျီချင်းရန်ကို
ကျိုကျုံးဗီလာသို့ ခေါ်သွားပြီး ရေကူးရန် စီစဉ်ထားသည်။ သို့သော်လည်း ကျီချင်းရန်မှာ အ၀တ်စားမလဲရသေးသည်က တစ်ကြောင်း ၊ ပွဲတက်၀တ်စုံကြီးနှင့် အချိန်အကြာကြီး မနေချင်သည်က တစ်ကြောင်း အကြောင်း ပြချက်များစွာတို့ကြောင့် လင်းရီလည်း မတတ်သာပဲ ယွင်ရွှေဗီလာသို့ မောင်းလာခဲ့လိုက်ရတော့၏။
"ဟူး....ခုမှပဲ အိမ်ပြန်ရောက်တော့တယ်..."
အိမ်သို့ရောက်လျင်ရောက်ချင်း ကျီချင်းရန် သူမ၏ ဒေါက်မြင့်ဖိနပ်ကို ကောက်ပစ်ကာ ဆံပင်ကို ဖြည်ချလိုက်ပြီး ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းလိုက်တော့၏။
သူမ၏ နက်မှောင်နေသည့် ဆံကေသာတို့မှာ ရေတံခွန်သဖွယ် ဖြာကျနေပြီး သူမ၏ အလှတရားကို တစ်မျိုးဆန်းသွားစေသည်။
"ရေခဲသေတ္တာထဲမှာ သရက်သီးဖျော်ရည်ရှိတယ်နော်..သောက်ချင်ရင် ယူသောက်..ငါတော့ ခဏလောက် နားလိုက်ဦးမယ်..."
ကျီချင်းရန် ပင်ပမ်းနေသည့် လေသံဖြင့် ပြောလိုက်သည်။
"ရလား..နှိပ်ပေးရဦးမလား..."
"တော်ပါပြီ...နင်က ငါ့ကို အခွင့်ရေး ယူတော့မှာ မလား..."
"ငိ ပြောလိုက်တဲ့ လေသံက ငါက ပဲ မိန်းကလေးကို မထိဖူးတဲ့ ပုံစံနဲ့..."လင်းရီ ရေခဲသေတ္တာတံခါးဖွင့်ရင်း ပြောလိုက်ပြီး သရက်သီး ဖျော်ရည်ကို ထုတ်ကာ သောက်ရန် အသင့်ဖြစ်နေလေသည်။
မူလက ဆိုဖာပေါ်တွင် နွမ်းနယ်ဟန်ဖြင့် လဲလျောင်းနေသော ကျီချင်းရန်မှာ လင်းရီပြောသည့် စကကိုလည်း ကြားရော ချက်ချင်း တက်ကြွလာသည့် အသွင်ဖြစ်လာပြီး စပ်စပ်စုစုဖြင့် "ဟိတ်..ဒီနေ့ နင့်ကို အတူတွဲကဖို့ လာခေ့်တဲ့ အမျိုးသမီးက ဘယ်သူလဲတဲ့..."
"ဒီတိုင်း အတူကဖို့ ဖိတ်ခေ့်ရုံလေးတင်ပါကွာ..ဘာများ ဆန်းနေလို့လဲ..."
လင်းရီ ပြောလိုက်ပြီး "ဘာလဲ..တခြား အမျိုးသားတွေကျတော့ မင်းဆီ အတူတွဲကဖို့ ခွင့်ပန်လို့ရပြီးတော့ ငါ့ကိုကျတော့ အမျိုးသမီးတွေက တောင်းဆိုလို့ မရဘူးတဲ့လား....အဲ့လိုဆိုရင်တော့မင်းက ငါ့ရဲ့ သောက်ရမ်းချောမောတဲ့ ရုပ်ရည်ကို အရမ်းအထင်သေးလွန်းသွားပြီ.."
ကျီချင်းရန် လင်းရီကို မျက်စောင်းထိုးလိုက်၏။ လင်းရီပြောနေသည်မှာလည်း အဓိပ္ပာယ်ရှိနေသောကြောင့် သူမဘာမှ ပြန်မငြင်းနိုင်ချေ။
"တော်ပြီ...နင်နဲ့ ဆက်မပြောတော့ဘူး..."
တခဏမျှ ကြာပြီးနောက် ကျီချင်းရန် အပေါ်ထပ်သို့ ရေချိးရန် တက်သွားပြီး လင်းရီကတော့ ဆိုဖာပေါ်တွင် လဲလျောင်းနေလေသည်။
"ရော့ ....နင့်အတွက် တဘက်ယူလာခဲ့ပေးတယ် သွားရေချိုးချည်..."
ကျီချင်းရန် လှေကားနားမှနေ၍ လင်းရီထံ တဘက်တစ်ထည် ပစ်ပေးလိုက်လေသည်။
"အမ်..ငါ့ကို ရေချိုးခိုင်းနေပြီလားဟ..ငါအဆင်သင့် မဖြစ်သေးဘူးနော်..."
"ကောင်စုတ်..နင်ကတော့ တဖြည်းဖြည်း အရှက်ကို မရှိတော့ဘူးပဲ."ကျီချင်းရန် ဆတ်ကနဲ ပြောလိုက်ပြီး "အောက်ထပ်မှာ ရေချိုးခန်း တစ်ခန်းရှိတယ်..အဲ့မှာ သွားချိုးခိုင်းတာ..."
"အော်...."လင်းရီ၏ လေသံမှာ ချက်ချင်း အားပျော့သွားပြီ ပျင်ရိပျင်းတွဲ လေသံဖြင့် "နောက်မှ ချိုးတော့မယ်ကွာ..ခုလောလောဆယ် လှုပ်ကို မလှုပ်ချင်သေးတာ..."
"ဟမ့်...ငပျင်းကောင်ကြီး."ချင်းရန် နှုတ်ခမ်းလေးဆူလိုက်ပြီး"ညအိပ်၀တ်စုံကို နင့်အခန်းထဲ ထည့်ထားပေးတယ်နော်...လဲပြီးမှ အိပ်ဖို့ မမေ့နဲ့...ကြားလား"
"ဟုတ်ပါပြီ အမိရယ်...တတွတ်တွတ် ပြောနေတာတွေ ရပ်ပြီး ရေသာ အမြန်သွားချိုးပါတော့...."
"ဟွန့်...နင်က ပျင်းနေလို့ တတွတ်တွတ် ပြောနေရတာလေ...နောက်ဆုံးတော့လည်း ငါကပဲ ပါးစိပါးစပ်များတဲ့ လူဆိုးမကြီးဖြစ်ရော..."
ထိုသို့ ပြောပြီးနောက် ကျီချင်းရန် လင်းရီကို လျစ်လျူရှုကာ ရေချိူခန်းထဲသို့ ၀င်သွားလေသည်။
အလုပ်များသည့် တစ်နေ့တာ၏ ညချမ်းအခါတွင်တော့ လင်းရီ ပျင်းရိပျင်းတွဲဖြင့် ရေချိူးလိုက်ပြီး သွားတိုက်ကာ အခန်းသို့ပြန်၍ အိပ်လိုက်လေသည်။
နောက်တစ်ပတ်ရောက်သည်အထိ လင်းရီ၏ နေ့စဉ်ဘ၀မှာ သာသာယာယာပင်။ ကျောင်းအချိန်ဇယားအတိုင်း ဘာမျှ ပြောင်းလဲခြင်း မရှိ။
သူ၏ မစ်ရှင်ပြီးမြောက်နှုန်းမှာလည်း (၁၅/၂၀)သို့ ရောက်နေပြီး ကျောင်း အချိန်ဇယားအရ သုံးရက်တာအတွင်း အန္တိမ မစ်ရှင်မှာ ပြီးဆုံးသွားပေလိမ့်မည်။
၎င်းအပြင် လင်းယွမ်ဖောင်ဒေးရှင်းမှာလည်း တရား၀င် လှုပ်ရှားနေပြီ ဖြစ်၏။
တစ်ပတ်အတွင်း စုစုပေါင်း မိဘမဲ့ဂေဟာ ခြောက်ခုမှာ လင်းယွမ်ဖောင်ဒေးရှင်းဆီမှ လှူဒါန်းငွေ ၆.၉၈ မီလီယမ် ရရှိခဲ့လေသည်။
ထို မိဘမဲ့ဂေဟာ ရှစ်ခုထဲတွင် လင်းရီ ကြီးပြင်းခဲ့သည့် လန်ထျန်း မိဘမဲ့ဂေဟာလည်း ပါ၀င်ပေသည်။
နောက်တစ်ပတ်တွင်တော့ လင်းရီ ၂၀ မီလီယမ်လောက် အသုံးပြု၍ နောက်ထပ် မိဘမဲ့ဂေဟာ ၂၄ခုကို ကူညီ လှူဒါန်းပေးရန် စီစဉ်ထား၏။
ငွေကို ရေလို သုံးနေရသော်လည်း ထိုအတွက် လင်းရီ နှမြောတွန့်တိုခြင်း အလျင်းမရှိ၊ အားရပီတိ ဖြစ်နေလေသည်။
ဖောင်ဒေးရှင်းမှာလည်း တရား၀င် စတင်နေပြီး လင်းယွမ် ကုမ္ပဏီမှာလည်း တရား၀င် အော်ပရေးရှင်း လုပ်ငန်းများကို ဆောင်ရွက်နေလေသည်။ ယခုဆိုလျင် လင်းယွမ် ကုမ္ပဏီ၏ အိန်ဂျယ် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီမှတစ်ဆင့် အမြတ်ငွေ ၂၄ မီလီယမ်ကျော် ရရှိပြီး ဖြစ်၏။
အနာဂတ်တွင် တိုးပွားလာမည့် အမြတ်ငွေများကိုတော့...ဘုရားသာ သိပေလိမ့်မည်။
လင်းရီလည်း ထိုကုမ္ပဏီများမှတစ်ဆင့် အမြတ်ငွေရရှိလိမ့်မည်လို့ ထင်မထားခဲ့။ မည်သိူ့ပင်ဆိုစေ ရင်းနှီးမြုပ်နှံခြင်းမှာ လောင်းကစားပြုလုပ်သည်နှင့် ဆင်တူသည်။ ဆုံရှုံးသွားမည်ဆိုပါက ကုန်းကောက်စရာတောင် ကျန်လိမ့်မည် မဟုတ်ချေ။
လင်းရီ၏ အာရုံကို အမှန်တကယ် ဖမ်းစားသွားသည်ဖြစ်ရပ်ကတော့ လုံရှင်း သုတေသနစင်တာ၏ ပရောဂျက်များပင်။ ယင်းပရောဂျက်များ၏ တိုးတက်မှု ဖြစ်စဉ်မှာ သူစိတ်ကူးထားသည်ထက် ပိုမိုလျင်မြန်နေ၏။
ထိုကာလ အတော်အတွင်းတော့ စွန်းဖုယွီနှင့် လုရင်းတို့မှာ ယားလို့ ကုတ်ချိန်တောင် မရှိကြပေ။ သူတို့နှစ်ဦးမှာ ကမ္ဘာအနှံ့ရှိ မြို့ကြီး ဆယ်မြို့သို့ သွားရောက်၍ ဖိုတိုလီတိုဂရပ်ဖီစက် တီထွင်ရန်အတွက် လူများ ခေါ်ယူခဲ့ကြသည်။
နောက်ဆုံးတွင်တော့ ချစ်ပ်နယ်ပယ်၌ ထိပ်ထီး ပညာရှင် ၂၈ ယောက်နှင်ြ ချိတ်ဆက်မိသွားပြီး ဖိုတိုလီတို ပရပ်ဖီပရောဂျက်ကို အတူတကွ အကောင်ထည်ဖော်ကြတော့၏။
သိူ့သော်လည်း လူများ တိုးလာသည့်တိုင်အောင် စွန်းဖုယွီတို့မှာ ထိုပရောဂျက်အတွက် အားသွန်ခွန်စိုက် ကြိုးစားနေကြဆဲဖြစ်သည်။
ဟော်ယွမ်ယွမ်၏ တင်ပြချက်များအရ တစ်ပတ်အတွင်း လင်းယွမ်ကုမ္ပဏီ၏ ပျှမ်းမျှ အသုံးစရိတ်မှာ ၁၀၀ မီလီယမ်ကျော်သို့ ရောက်ရှိသွားခဲ့၏။
စီနီယာ CFO တစ်ဦးဖြစ်သည့် သူမပင်လျင် ယင်းပမာဏအပေါ် အလွန်အမင်း အံ့အားသင့်မိနေလေသည် ။
လင်းရီ တစ်ဦးတည်းကသာ ထိုမျှလောက်ငွေကို ခေါင်းထဲမထည့်ခြင်းဖြစ်၏။ မည်သိူ့ပင်ဆိုစေ ယခု အသုံးပြုလိုက်ရသည့် ငွေတို့မှာ အနာဂတ်တွင် တစ်နည်းတစ်ဖုံဖြင့် ပြန်လည်ရရှိလာပေလိမ့်မည်။ ထို့ကြောင့် စိုးရိမ်စရာ အကြောင်း မရှိချေ။
လင်းရီ မနက်စောစောထ၍ ကျောင်းသိူ့ မောင်းသွားလိုက်သည်။
"အစ်ကိုလင်း ..မင်္ဂလာနံနက်ခင်းလေးပါ..."စုန့်ကျား နှုတ်ဆက်လိုက်၏။
"အင်း...မင်းက ဘာလို့ ငါ့ထက် အမြဲတမ်း စောရောက်နေတာ.."
လင်းရီ ပြန်လည် နှုတ်ဆက်ရင်း အပြုံးလေးဖြင့် မေးလိုက်သည်။
"တစ်ကယ်တော့ အစ်မထျန်လည်း ရောက်နေနှင့်ပြီးသား.ဒါေပမယ့် အစည်းဝေး သွားခဲ့တာ"စုန့်ကျား ပြောလိုက်ပြီး "အို ဟုတ်သားပဲ.. အစ်ကိုလင်း ...အစ်မထျန်က ရှင့်ကို ဒုတိယအချိန်ကျရင် ရေကူးကလပ် အစား ၀င်ပေးပါဦးတဲ့..."
"ဟမ်...ရေကူးကလပ်အတွက် အစား၀င်ပေးရမယ်..."
"အွန်း...အစ်မထျန်တော့ အဲ့လိုပြောသွားတာပဲလေ...ကြည့်ရတာတော့ အားကစားဌာနက ဒါရိုက်တာ၀မ် အစ်မထျန်ကို တောင်းဆိုလို့နေမှာ...."
လင်းရီ : "????"
ဒီတက်က္ကသိုလ်က အမျိုးသမီး ပရော်ဖက်ဆာတွေ အကုန် ရူးသွပ်ကုန်ကြပြီလား...
ပထမတုန်းကကျတော့ ငါ့ကို အေရိုးဗစ် အတန်း၀င်ခိုင်းတယ်..ခု ရေကူးကလပ်ကို အစား၀င်ပေးဖို့ တောင်းဆိုလာပြန်ပြီ...
ဘယ်လိုတောင် နတ်သမီး ဆန်လိုက်လဲကွာ...
"အစ်ကိုလင်း..ရှင်က ဘာလို့ မျက်နှာကြီး ရှုံ့မဲ့နေတာလ..ရေကူးကလပ်က မိန်းကလေး ခပ်များများနော်..ရှင်မျက်စိအစာကျွေးဖို့ အကောင်းဆုံးပဲ မဟုတ်လား..."စုန့်ကျား ကောက်ကျစ်သည့် အပြုံးဖြင့် ပြောလိုက်ပြီး
"ကျွန်မ အစ်ကိုလင်းကို တိုးတိုးလေး ပြောပြမယ်..စွန်းရှေင်ယွီ ကျောင်းပြီးသွားတော့ တက္ကသိုလ်ရဲ့ အလှလေးက ရေကူးကလပ်ထဲမှာနော်...ဟီးဟီး..."
"ကျောင်းအလှလေး ရှိတာ မရှိတာ ငါနဲ့ ဘာဆိုင်လို့လဲ..."လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး "ငါက စာသင်ဖို့ပဲ စိတ်ဝင်စားတာ..."
"ဟွန့် ..အစ်ကိုလင်းက အရမ်း ဟန်ဆောင်ကျွမ်းတာပဲ.."စုန့်ကျား စောဒက တက်လိုက်ပြီး "ကျောင်းရဲ့ အလှလေးကိုတောင်မှ မကြိုက်တဲ့ ပုံစံ ဖမ်းနေလိုက်သေးတယ်ပေါ့...ရှင် မမြင်ဖူးသေးလို့ပါ..၀မ်ရန်က အရမ်းလှတာနော်..."
"လှတော့ကော ဘာအရေးလဲ..မီးမှိတ်လိုက်ရင် အားလုံးက အတူတူပဲ မလား.."
"ဒါပေမယ့် သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အစ်မထျန်နဲ့ အတူတူလောက်ပဲနော်....အယ် အယ် အယ်...အစ်ကိုလင်း.....စောင့်ပါဦး...ဘာလို့ ထွက်သွားခဲ့တာလဲ..ဒီမှာ စကားတောင် မဆုံးသေးဘူးလေ..."
"ခုပဲ အတန်းစဖို့ ပြင်တော့မလို့...."