← Chapters

အခန်း (၂၅၈)

Vol. 18 Ch. 258

အခန်း (၂၅၈)

Vol. 18 Ch. 258

လင်းရီ ရေကူးကလပ်သို့ ရောက်လျင်ရောက်ချင်း လက်ခုပ်သံ သောင်းသောင်းဖျဖျဖြင့် ကြိုဆိုချင်း ခံလိုက်ရ၏။

"တီချယ်လင်းကို သမီးတို့ရဲ့ ရေကူးကလပ်ကနေ ကြိုဆိုပါတယ်..."

၎င်းကိုမြင်တော့ ရေကူးကလပ်မှ မိန်းကလေးများမှာ အေရိုးဗစ်အတန်းရှိ မိန်းကလေးများထက် ပိုပြီး ကြောက်စရာကောင်းသည်ဟု ခံစားမိသွား၏။

"ငါက ဒီတိုင်း အစားထိုးလာသင်ပေးတာကို မင်းတို့က ဘာလို့ အဲ့လောက်ထိ ပျော်နေကြတာ..."

"တီချယ်လင်း မသိလို့နော်..သမီးတို့အားလုံး ဆရာမတင်း ဖျားပါစေဆိုပြီးတော့ ကြိတ်ဆုတောင်းနေကြတာ..နောက်ဆုံးတော့ သမီးတို့ ဆုတောင်းတွေ ပြည့်ခဲ့ပြီလေ...ဆရာမတင်း အအေးမိပြီးတော့ ခွင့်ယူထားတယ်...ဟီးဟီး.."

လင်းရီ :"...."

ဆုတောင်းလောက်တဲ့ထိ လုပ်စကာ လိုလို့လားကွ...

အကယ်၍ သူသာ ဤနေရာ ကြာကြာနေပါက အခြားဆရာမများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် ဖြစ်လာနိုင်သည်။

"အိုကေ..ပေါက်တတ်ကရ ပြောတာတွေ တော်လောက်ပြီ...အတန်းစကြမယ်..."လင်းရီ ပြောလိုက်၏။

"ဟုတ် ဟုတ် .."ကောင်မလေးတိုင်း၏ မျက်လုံးအရောင်များ တစ်ပြိုင်တည်း တောက်ပလာကြသည်။

သူမတို့ အတွက်တော့ ရေကူးအတန်းမှာ လက်‌ဆောင်ပုံးဖောက်ရသည်ထက် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေတော့၏။

ကံကောင်းပါက သူမတို့ လင်းရီ၏ ၀မ်းဗိုက် ကြွက်သားများကိုပါ တွေ့ရကောင်း တွေနိုင်လောက်၏။

ထိုအကြောင်း တွေးမိသည်နှင့် တစ်ပြိုင်နက် သူမတို့အားလုံး ပေါင်ပင် မစေ့နိုင်ကြတော့ချေ။

သို့သော်လည်း ကျောင်း၏ ထူးခြားသော ဓလေ့ထုံးတမ်းများကြောင့် ကျောင်းသားများမှာ ရေကူးကန်သို့ အတန်းမတိုင်မီ လာရောက်လို့ မရချေ။ သူတို့အားလုံးကို ဆရာတစ်ယောက်ယောက်က ဦးဆောင်ပြီးမှသာ လာရောက်ပိုင်ခွင့်ရှိ၏။

လင်းရီ ရေကူးကန်ထဲသို့ မ၀န်မီ ကျောင်းရေကူးကန်၏ တာ၀န်ရှိသူနား နာမည်စာရင်းသွင်းရသေး၏။ ထိုအခါ မှသာ ကျောင်းသူများအားလုံး ရေကူးကန်ထဲသို့ ၀င်ရောက်ခွင့် ရရှိကြတော့၏။

"ကဲ မင်းတို့ အ၀တ်တွေ သွားလဲလိုက်ကြတော့...အားလုံးပြီးရင် အပြင်မှာ စုကြမယ်..."

ကျောင်း၏ စည်းကမ်းများမှာ အင်မတန် တင်းကြပ်လွန်း၏။ တစ်လှမ်းချင်းစီတိုင်းကို ဆရာက ဦးဆောင်ပေးရလေသည်။

လင်းရီလည်း ထိုအချက်နှင့်ပတ်သက်၍ သဘောမတွေ့သော်လည်း ကျောင်းစည်းကမ်းဖြစ်သောကြောင့် လိုက်နာရုံသာ တတ်နိုင်တော့၏။

"ကောင်းပါပြီရှင့်."

တက္ကသိုလ် ရေကူးကလပ်တွင် ၀တ်ဆင်နိုင်သည့် ၀တ်စုံများမှာ လင်းရီ စိတ်ကူးယဉ်ထားသည်နှင့် အတော်လေး ကွာခြားနေလေသည်။

ယောက်ျားလေးများမှာ ဘောင်းဘီအတို ၀တ်ဆင်ရရုံသာမက သူတို့၏ ကိုယ်အပေါ်ပိုင်းကို ဖုံးလွှမ်းသည့် အ၀တ်အစားများလည်း ၀တ်ဆင်ရသေးသည်။ မိန်းကလေးများ၏ ရေကူး၀တ်စုံများကတော့ တစ်ဆက်တည်းဖြစ်နေပြီး ဘစ်ကနီများကိုတော့ ၀တ်ဆင်ပိုင်ခွင့် တားမြစ်ထား၏။

ယင်းက သူမတို့၏ ဆွဲဆောင်မှုကို လျော့ကျသွားစေရုံသာမက အမှတ်များစွာကိုလည်း ဆုံးရှုံးသွားစေသည်။

ထို့ကြောင့် လင်းရီလည်း တသမ့်သိမ့် ခုန်နေသည့် လှိုင်းလုံးကြီးများကို ကြည့်ရှုခံစားရန် အခွင့်ရေး မရှိတော့ပဲ လှပသည့် ပေါင်တံ ဖွေးဖွေးလေးများကိုသာ လိုက်ငေးရန် တတ်နိုင်တော့သည်။

သိူ့သော်လည်း ယခုလို သာမန် တက္ကသိုလ်တွင် ပေါင်တံ‌‌ လေးများ ကြည့်ရသည်ကပင် ရခဲလှသည့် အခွင့်‌အရေးဖြစ်၏။

သို့တိုင်အောင် လင်းရီ ၀မ်ရန်ဟု အမည်တွင်သည့် မိန်းကလေးကို တွေ့ဖြစ်အောင် တွေ့လိုက်သေးသည်။ ၀မ်ရန်၏ ကိုယ်လုံးကိူယ်ပေါက်မှာ သိသာထင်ရှားလွန်းသောကြောင့် လူအများကြီးနှင့် ရောနှောနေသည်ကိုပင် အလွယ်တကူ ရှာတွေ့နိုင်လေသည်။

၀မ်ရန်၏ ရုပ်ရည်အဆင်းသဏ္ဌာန်မှာတော့ အပြစ်ဆိုဖွယ် တစ်ချက်ကလေးမျှတောင် မရှိချေ။ သူမ၏ သူမ၏ ဆံကေသာများမှာ ဖြောင့်စင်းနက်မှောင်နေပြီး ရှောင်ယွီအောက် တစ်စက်မျှ လျော့ကျခြင်း အလျင်းမရှိ။

ထို့ပြင် သူမက အနည်းငယ် ရှက်ကိုးရှက်ကန်းနိုင်ပြီး ခေါင်းကို တစ်ခ်ျန်လုံး အောက်သို့ ငုံ့ထားလေသည်။

လင်းရီနှင့် အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်တွင် သူမ ရှက်သွေးဖြန်းသွားပြီး ဖြူဖွေးသောပါးပြင်မှာ ပန်းနုရောင် သမ်းလာ တော့၏။

လူစုံသည့် အချိန်တွင် လင်းရီ ရေကူးကန်တံခါးကို ဖွင့်လိုက်သည်။

တစ်ချိန်တည်းတွင် ရေကူးကန်ထဲမှ ရေကူးသံများကိုလည်း ကြားနေရ၏။

ပြည်ပမှ ယဉ်ကျေးမှုဖလှယ်သည့် ကျောင်းသားများ ရေကူးနေကြခြင်းပင်။

သို့သော်လည်း ထိုကျောင်းသားများမှာ ရေကူးကလပ်၀င်များနှင့် မတူကွဲပြားစွာ ၀တ်ဆင်ထားကြ၏။

အမျိုးသားများမှာ အပေါ်ပိုင်း ဗလာကျင်းနေပြီး မိန်းကလေးများကတော့ ဘစ်ကနီများ ၀တ်ဆင်ထားကာ ဘာမှားနေလဲ ဆိုတာတောင် သတိပြုမိကြပုံ မပေါ်ချေ။

"ဟျောင့် ဂျော့်ရှ်...မင်း တရုတ်စာအတန်း သွားမတက်ဘူးဆိုတာ သေချာပြီလား.."

မေးလိုက်သူကတော့ ငယ်ရွယ်သည့် လူမည်း ကောင်လေးတစ်ဦးဖြစ်သည့် ရိုခါဆိုသူပင်။ ထိုသူကတော့ တရုတ်စာပေနှင့် ယဉ်ကျေးမှု မေဂျာမှ ကျောင်းသားတစ်ဦး ဖြစ်၏။

ဗွမ်း...

ဂျော့်ရှ် ရေကူးကန်ပေါ်သို့ တက်လာခဲ့ပြီး သူ၏ ကိုယ်ကို ရေခြောက်အောင် သုတ်လိုက်သည်။

"အင်း..."ဂျော့်ရှ် ပြောလိုက်ပြီး "ငါ သိပ်မကြာခင်တုန်းက တ-ရုတ်မ ချောချောလေးတစ်ယောက် တွေ့ထားတယ်.....အဲ့တာ သူ့ကို ပိုးပန်းပြီးတော့ ငါ့ကောင်မလေး ဖြစ်အောင် လုပ်မလို့...သူဒီနေ့ ဒီကို လာမှာဆိုတော့ အတန်းသွား မတက်တော့ဘူးကွာ....မင်းလည်း မြင်ချင်ရင် ‌ငါနဲ့ နေလေ"

"ဂျေဆက်...မဖြစ်နိုင်လိုက်တာ..."ရိုခါ၏ အံ့အားသင့်သည့်အမူအရာဖြင့် အလွန်အမင်း ချဲ့ကားသွားပြီး "မင်းက ချိုင်းနား ရောက်တာ နှစ်နှစ်ပဲ ရှိသေးတာကို စော်လေးယောက်က ရပြီးနေပြီကို နောက်ထပ် တစ်ယောက် ဆက်ရှာဦးမယ်လို့တော့ ငါ့ကို လာမပြောနဲ့..."

"ဒါပေါ့ကွ.."ဂျော့ရှ် ပြောလိုက်ပြီး "အဲ့ကောင်မလေးက စွန်းလန်းတာနော်.....ငါ သိမ်းပိုက်မကို ဖြစ်မှာ..."

"သေချာလို့လားဟ ငါ့ကောင်..."ရိုခါ ပြောလိုက်ပြီး "လန်းတဲ့စော်လေးတွေက သောက်ရမ်း စိတ်ကြီးတာနော..."

"အေးဆေး‌ပါကွာ..ငါ့ကြွက်သားကြီးတွေကို ကြည့်လိုက်စမ်း..ဘယ်စော်လေးက ငါ့ရင်ခွင်ထဲ မပစ်လဲချင်ပဲ နေမှာလဲကွ..."ဂျော့ရှ် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး "ငါသူ့ကို နည်းနည်းပါးပါး ဂရုစိုက်ပြပြီးတော့ ပန်းလေး ဘာလေး ပို့လိုက်ရင် အသာလေး သူ့ကို သိမ်းပိုက်လို့ရပြီ..အီးဇီးပါကွ..."

ထို့နောက် ဂျော့ရှ် သူ၏ ဆံပင်ကို နောက်သို့ ဖြီးသပ်ကာ "မင်းသိပ်မသိလို့..ချိုင်းနားက စော်လေးတွေက ငါတို့ဆို သောက်ရမ်း အထင်ကြီးကြတာ..."

"အီတလီ ဆိုရိုး အတိုင်းပေါ့ကွာ.. " ရိုခါ ပြောလိုက်ပြီး "မင်းသာ သားကောင်ကောင်း ဖမ်းမိရင် သေချာပေါက် မျှဝေပေးရမယ်..."

"ပြဿနာ မရှိဘူး...ငါ အဲ့စော်လေးကို သိမ်းပိုက်ပြီးတာနဲ့ မင်းကို မျှပေးမယ်..."

"အိုကေ..အောင်မြင်ပါစေကွာ..ငါ့ကို အကြာကြီး စောင့်ရအောင်တော့ မလုပ်နဲ့ပေါ့..."

နှစ်ယောက်သား စကားပြောနေတုန်း လင်းရီနှင့် ကျောင်းသူ/သား များ ရေကူးကန်နားသိူ့ ရောက်ရှိလာကြ၏။

ဘစ်ကနီ ၀တ်ထားသည့် ကောင်မလေးများကို မြင်တော့ ယောက်ျားလေးများမှာ ကြည့်ရန် ရှက်နေကြပြီး အလိုအလျောက် အကြည့်လွှဲသွားကြတော့၏။

"ဒီကောင်တွေက ဘာလားဟ..ကျောင်းစည်းကမ်းတွေအရဆို ဒီလာတဲ့သူတွေ အကုန်လုံး ရေကူး၀တ်စုံ ၀တ်ရမယ် မဟုတ်လား..."လင်းရီ ထူးဆန်းစွယဖြင့် မေးလိုက်သည်။

"နောက်ပြီး ရေကူးကန်က နွေနဲ့ ဆောင်းဆို အပြင်လူတွေ ပေးမ၀င်ဘူး မဟုတ်လား...ဒီကောင်တွေက အာမခံပေးတဲ့ ဆရာမပါဘဲ ဘယ်လို‌လုပ် ရောက်လာကြတာလဲကွ..."

"တီချယ်လင်း ..သူတို့က နိုင်ငံခြား ကျောင်းသားတွေလေ..ကျောင်းစည်းမျဥ်းတွေက သူတို့အပေါ် အရမ်းကြီး မတင်းကြပ်ထားဘူး..အဲ့တာကြောင့် ရေကူးကန်ထဲကို တံခါးမရှိ ဓားမရှိ ၀င်လို့ရတာ..."၀မ်ရန် အသံနိမ့်၍ ပြောလိုက်သည်။

"ငိုးမပဲ...ဘယ်လို စည်းမျဉ်းတွေလဲကွာ...အဲ့စည်းမျဉ်းကို ဘယ်ကောင်ရေးထားတာ"

"ကျ ..ကျွန်တော်တို့လည်း ဘယ်သိမှာ...အိုကေ..သိတယ် ကျောင်းအုပ်ကျောက် လုပ်ထားတယ် ထင်တာပဲ..."

"ငိုးပဲ..ဒီသောက်သုံးမကျတဲ့ စည်းမျဉ်းတွေကို ဟိုကောင် ကျောက်ချီက လုပ်ထားတာပေါ့လေ..."

လင်းရီ အရမ်းဒေါသထွက်နေသည်ကို မြင်တော့ ၀မ်ရန် ဝိဉာဏ်လွင့်မတတ် ကြောက်ရွံ့သွားခဲ့သည်။

သူမ ရေကောင်းကောင်း မကူးရင်ကော ဒီလိုမျိုး အဆူခံရမှာလား မသိဘူးနော်...

လင်းရီ ကျောင်းသူများ ခေါ်လာသာ်ကို မြင်‌ောတ့ ဂျော့ရှ်၊ ရိုခါနှင့် ကျန်သူများမှာ ထိုကျောင်းသူများ အုပ်စုက မျက်လုံးအရောင် တောက်ပစွာဖြင့် ကြည့်လိုက်ကြ၏။

"သားကြီး မင်းမြင်လား.."ဂျော့ရှ် ပြောလိုက်ပြီး "ဟိာုကျောင်းဆရာ ဘေးနားက စော်လေးက ငါခု လိုက်မယ့် စော်လေးလေကွာ..လန်းတယ်မလား..."

၀မ်ရန်ကို မြင်တော့ ရိခါ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တံတွေးမျိုချကာ "ဒီစော်လေးက သောက်ရမ်းလန်းလွန်းတယ်ကွာ..ကျိန်ဆိုရဲတယ်..ဒီစော်လေးက ချိုင်းနားမှာ ငါမြင်ဖူးသမျှ ကောင်မလေးတွေထဲမှာ အလှဆုံးပဲ..."

"မပူနဲ့..အဲစော်လေးက မကြာခင် င့ါအပိုင်ဖြစ်လာတော့မှာလေ..ငါ့အပိုင်ဆိုမှတော့ မင်း အပိုင်ပဲပေါ့ကွ.."

"ငါမှတ်ထားတယ်ဟျောင့်...ငါလည်း တ-ရုတ်မ ချောချောလေး ရရင် မင်းကို ပြန်မျှပေးမယ်..."

"အိုကေ..သဘောတူတယ်..."

နှစ်ယောက်သား ဝေစားမျှစားမည့် အကြောင်း ပြောဆိုပြီးနောက် ဂဂျော့ရှ် ရေပြောင်အောင် သုတ်ကာ ၀မ်ရန်ထံသို့ လျှောက်လာခဲ့သည်။

"‌ဟေး ဆရာ...ဘယ်လိုလဲ နေကောင်းလား..ကျန်းမာလား"

ဂျော့ရှ် လင်းရီကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး‌နောက် ၀မ်ရန်ဘက်သို့ လှည့်ကာ "ဟဲလို အချောလေး..ကိုယ့်နာမည်က ဂျော့်ရှ်...ချိုင်းနားမှာ တ-ရုတ်စာပေနဲ့ ယဉ်ကျေးမှုအကြောင်း လေ့လာနေတဲ့ အီတလီနိုင်ငံ‌သားလေ..ကိုယ်တို့ သူငယ်ချင်း လုပ်ကြမလား.... "

၀မ်ရန် ရှော့ခ်ရသွားခဲ့၏။ ထိုလူများမှာ သူမကို ပစ်မှတ်ထားနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

"တီ...တီချယ်...."

၀မ်ရန် လင်းရီနောက်သို့ ၀င်ပုန်းလိုက်ပြီး စကားပြောရန် ကြောင်ရွံ့နေခဲ့၏။

"မင်းတို့ကို ဘယ်ခွေးမသားက ၀င်ခွင့်ပေးလိုက်တာလဲ..."လင်းရီ ပြောလိုက်ပြီး "ကျောင်းစည်းမျဉ်းတွေအရဆိုရင် ကျောင်းသားတွေက နေရာသီနဲ့ ‌အားလပ်ရက် တွေမှာပဲ ချွင်းချက်မရှိ ၀င်ရောက်ခွင့် ရှိတယ်ဆိုတာ နားမလည်ဘူးလားကွ..."

ဂျော့်ရှ် လင်းရီကို လူမလေး ခွေးမခန့်သည့် အပြုံးဖြင့် ပြုံးပြလိုက်ပြီး "အိုး ဂျေဆပ်..ခင်များက ဆရာအသစ်ထင်တယ်...ကျုပ်က ပြည်ပကလာတဲ့ ကျောင်းသားလေ..တ-ရုတ်ကျောင်းသား မဟုတ်ဘူး...အဲ့တော့ ကျုပ်တို့ လာချင်တဲ့ချိန်လာ...ထွက်ချက်တဲ့ချိန် ထွက်ခွင့်ရှိတယ်...."

"မင်းက ဘာကောင်မို့လဲ..သူများတွေထက် ထူးပြီး အမြီးပေါက်နေလို့လား..."

All Chapters