အခန်း (၂၅၉)
Vol. 18 Ch. 259
လင်းရီ ပြောလိုက်ပြီး "မင်းကို နောက်ဆုံးအကြိမ် သတိပေးလိုက်မယ်.....နောက်ဆို ရေကူးကန်ထဲကို ဆရာတစ်ယောက်ရဲ့ ကြီးကြပ်မှုမပါဘဲ ယောင်လို့တောင် ခြေမချနဲ့..."
ဂျော့ရှ် သောက်ဂရုမစိုက်သည့် အထာဖြင့် ပခုံးတွန့်လိုက်ပြီး "ဆရာ ....ခင်များ ကျွန်တော်တို့ အပေါ် ယဉ်ယဉ်ကျေးကျေး ပြောသင့်တယ်...ပြီးတော့ ကျုပ်တို့က ရေကူးမှကို ဖြစ်မှာ..ကျုပ်တို့က ရိုမန်တစ်ဆန်တဲ့ အီတလီသားတွေလေ....ရေမကူးရရင် ေ-သသွားလိမ့်မယ်...."
"ေ-သမှာလား...မီးသဂြိုဟ်ရုံမှာ မင်းအတွက် တစ်နေရာလောက် ဘွတ်ကင် ကြိုချိတ်ထားပေးရမလား..."
"ဟားဟား..ငါတို့ သူ့အတွက် လွမ်းသူ့ပန်းခွေလေးတောင် လုပ်ပေးလိုက်ဦးမယ်....ရေမကူးရ၍ ဂန့်သွားသူ အီတလီနိုင်ငံသားကြီးဆိုပြီးလေ..."
"ဟုတ်တယ် ဟုတ်တယ်..ငါတို့ ထရမ်ပက်နဲ့တောင် ဈာပနာ လိုက်ပို့ပေးလိုက်ဦးမယ်."
"အဲ့တာဆို ငါတို့ သူ့အခေါင်းထမ်းဖို့ လူမည်း ခြောက်ယောက်လောက် ရှာဖို့ပဲ ကျန်တော့တယ်...."
လင်းရီနှင့် လိုက်လာခဲ့ကြသည့် ကျောင်းသူလေးများမှာလည်း တော်ရုံဆို မကြောက်တတ်ကြသည့် စွာတေးလန်လေးများ ဖြစ်ကြ၏။ ယခု လင်းရီ၏ တည်ရှိမှုကြောင့် ပို၍ အကြောက်အလန့်ကင်းနေပြီး ဟာသပင် လုပ်နေကြလေသည်။
"ဆရာ..ကျုပ် ဒီရဲ့ မိန်းကလေးနဲ့ စကားအေးဆေး ပြောနေတာနော်...ကျေးဇူးပြုပြီး ကျုပ်ရဲ့ လွတ်လပ်စွာ စကားပြောပိုင်ခွင့်ကို မနှောက်ယှက်နဲ့..."ဂျော့ရှ် စိတ်တိုဒေါသထွက်စွာဖြင့် ပြောလိုက်၏။
"မင်းတို့ ချိုင်းနားက ကောင်တွေက လူ့အခွင့်ရေးဆိုတာကို နားမလည်ဘူးလားကွ..တော်တော် ခေတ်နောက်ပြန် ဆွဲတဲ့ကောင်တွေ..."
"ဒါပေမယ့် ငါ...ငါမ နင်နဲ့ စကား မပြောချင်တာ."၀မ်ရန် လင်းရီ နောက်တွင် ပုန်းနေရင်း ပြောလိုက်ပြီး "ပြီးတော့ ငါက နိုင်ငံခြားသားတွေဆို သဘောမကျဘူး..ဒီတော့ ဝေးဝေးနေပေးပါ..."
"အလှလေး...မင်းရှက်နေလို့ဆိုတာ ကိုယ်နားလည်တယ်.....တကယ်လို့ မင်းသာ ကိုယ်နဲ့ အချိန်တစ်ချို့လောက် အတူဖြုန်းပြီးသွားရင် ဒီလိုစကားမျိုးတွေ ပြောတော့မှာ မဟုတ်ဘူးလို့ အာမခံတယ်..."
ဂျော့ရှ် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ငါတို့ အီတလီသားတွေက အရမ်းကို ရိုမန်တစ် ဆန်တတ်တဲ့သူတွေ.ဘာမှ ရိုမဆန်တတ်တဲ့ တ-ရုတ်ကကောင်တွေထက်တော့ သာပါသေးတယ်..."
"ငိုးပဲဟျောင့်..မင်းယီးစကားတွေ လာပြောနေတာလား..."၎င်းကိုကြားတော့ ကျောင်းသားများအားလုံး ဝိုင်းဆဲကြတော့သည်။
"သူများနိုင်ငံလာပြီး ဖင်ခေါင်းလာကျယ်ပြမနေနဲ့..."
ဂျော့ရှ် သူ့လက်ကို ဆန့်ကားလိုက်ပြီး "ငါပြောတာ မှားလို့လား...အီတလီက ကမ္ဘာမှာ ရိုမန်တစ် အဆန်ဆုံးလို့ နိုင်ငံတကာက သတ်မှတ်ထားတာလေ...ပြီးတော့ ရှေးအနုပညာ ခတ်ကလည်း ငါတို့ အီတလီကနေပဲ စတင်ခဲ့တာ မဟုတ်လား...ငါတော့ ငါပြောတာ မှားတယ်လို့ မထင်ပါဘူး.."
"ငါ့ဖင်ကြီးကိုပဲ ရှေးအနုပညာ နေလိုက်လေ...လစ်လိုက်တော့ဟျောင့်..မင်းကို ဒီနေရာကနေ မကြိုဆိုဘူး..."
"ဟုတ်တယ်..မကြိုဆိုဘူး..ငါ ခြေတစ်ချက် ဆောင့်လိုက်ရင် မင်းတို့တော့ အမှုန့်ဖြစ်တော့မယ်နော..."
"လာလေ..လုပ်စမ်းပါ..."ဂျော့ရှ် ရင်ကော့ပေးလိုက်ပြီး "မင်းတို့ ငါ့ကို အရာလေး တစ်ချက်ထင်အောင် လုပ်မိတာနဲ့ ကျောင်းက သေချာပေါက် မင်းတို့ကို ထုတ်ပစ်မှာပဲလေ...ဟားဟား..လာစမ်းပါ.. "
"ဟုတ်တယ် ဟုတ်တယ်...လာလေ..လာချလေ..."ရိုခါ စိတ်ကို ဆွပေးလိုက်ပြီး "မင်းတို့ရဲ့ တ-ရုတ်ကွန်ဖူးက သောက်ရမ်း ကြမ်းပါတယ်ဆို....လုပ်စမ်းပါ..မြည်းကြည့်ရအောင်...ငါတို့ ခံချင်လွန်းလို့ ယားနေပြီ.."
"ငိုးပဲကွာ..."
ကျောင်းသားများအားလုံး လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြပြီး သူတို့ မျက်လုံးများမှာ မီးပွင့်မတက် ဖြစ်နေကြ၏။
သူ့တို့ရန်ဖြစ်ရမှာ မကြောက်ရွံ့သော်လည်း ထိုငနဲများကို သမလိုက်သောကြောင့် ကျောင်းထုတ်ခံလိုက်ရသည်ကတော့ လုံး၀ မတန်ချေ။
တရားလွန်ကြီး မဖြစ်ပါက သူတို့ စိတ်လိုက်မာန်ပါ လုပ်၍ မသင့်ပေ။
လင်းရီဘက်မှ ကျောင်းသားများ လုံး၀ မရွေ့သည်ကို မြင်တော့ ဂျော့ရှ်နှင့် ရိုခါတို့မှာ ပို၍ ယောင့်တက်လာပြီး "ဘာလဲ...ခုလေးတင် ချမယ် တကဲကဲ လုပ်နေကြတာ မဟုတ်လား..ခုကျတော့ မလှုပ်ရဲတော့ဘူးတဲ့လား...ဘာလဲ မင်းတို့ဘောတွေ ကျုံ့ကုန်ကြပြီလား..."
"လာပြီး ဖင်ခေါင်းကျယ် မနေနဲ့ဟျောင့်...မတူလို့ မတုချင်တာကွ..."
"ကြောက်တယ်ဆိုရင်လည်း ကြောက်တယ်ပြောလိုက်..မဆီမဆိုင် ဆင်ခြေတွေ လျှောက်ပြောမနေနဲ့..."
ဂျော့်ရှ် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများကတော့ အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
ထို့နောက် ၀မ်ရန်ဘက်သို့ လှည့်လိုက်ပြီး "အလှလေး...မင်းလည်း မြင်ပြီမလား..တ-ရုတ်တွေက ရိုမန်းတစ် မဆန်ရုံတင် မကသေးဘူး..ခု ကျားဖြစ်ပြီး ကျားစကားတောင်မပြောတော့ဘူး....မင်းခု စဉ်းစား မပေးချင်ဘူးလား..."
"ငါနင့်ကို ပြောပြီးပြီလေ..ငါက နိုင်ငံခြားသားတွေ မကြိုက်ဘူးလို့..ငါ့ကို လာမနှောင့်ယှက်နဲ့..."
၀မ်ရန် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
"ကိုယ်မင်းကို နှောင့်ယှက်နေတာ မဟုတ်ဘူး.. " ဂျော့ရှ် ပြောလိုက်ပြီး "ကိုယ်လည်း ဒီတိုင်း ရေလာကူးရုံတင်ပဲလေ...အဲ့ဒါကိုတော့ နှောင့်ယှက်တယ်လို့ သတ်မှတ်လို့ မရဘူး..ဟုတ်တယ်မလား...ဟားဟား...."
"အိုး...ဟုတ်တာပေါ့ကွ..."
ဂျော့ရှ် တ-ရုတ်လူမျိုးများကို အမူအရာတစ်ချက်မပျက်ပဲ ကိုင်တွယ်နေသည်ကိုမြင်တော့ ရိုခါနှင့် ကျန်သူများအားလုံး ဘောမလိုက်ကြသည်။
"ကောင်မလေးတို့..မင်းတို့ ရေမကူးတတ်ဘူးဆိုရင် ကိုယ့်တို့ဘက်လာခဲ့နော်..ကိုယ်က အီတလီသား ရေကူးချန်ပီယံ...ကိုယ်ဖိရင်ဖိ သင်ပေးမယ်... "
လင်းရီ မေးစေ့ပွတ်ပြီး "ငါက သိပ်ပြီး သဘောကောင်းတဲ့ကောင် မဟုတ်ဘူးနော်...ခုနေ ထွက်သွားဦးမယ်ဆိုရင် မင်းအချိန်မှီသေးတယ်..."
"ဘာလို့လဲ...."
ဂျော့ရှ် အပြစ်ကင်းဟန်ဆောင်၍ "ဘာလို့ ခင်များက သဘောမကောင်းရတာလဲ...ကျုပ်က ခင်များထက် ပိုပြီး စကေးကောင်းတယ်ဆိုတာ ၀န်မခံရဲလို့လား...ဟန်ပဲရှိပြီး အဆံမရှိတဲ့ကောင်တွေကများ..."
လင်းရီ ရယ်မောလိုက်ပြီး "ဒီတော့ မင်းက မထွက်သွားဘူးပေါ့... "
ဂျော့ရှ် ပခုံးတွန့်လိုက်ပြီး "ဆရာ ..ကျုပ်တို့က ပြည်ပကျောင်းသားတွေနော်...ကျုပ်တို့မှာက အထူးအခွင့်ရေး ရှိပြီးသား....ခင်များတို့ကောင်တွေက ကျုပ်တို့ ဒီမှာ ပညာလာသင်တာကိုတောင်မှ ဂုဏ်ယူရဦးမယ်...အဲ့လိုမှ ကျုပ်တို့လို ထူးချွန်တဲ့ ကျောင်းသားတွေကို သင်ရမှာလေ....အဲ့တာကို ခင်များလည်း ဂုဏ်ယူ....."
ဘန်း...
စကား မဆုံးသေးခင် လင်းရီ ဂျော့ရှ်ကို ခြေထောက်ဖြင့် ပိတ်ကန်လိုက်၏။
"ကိုယ့်နေရာကိုသိ သောက်ကလေး....အဲ့လိုလာပြောရအောင် ငါက မင်းအမေလည်း မဟုတ်ဘူး..."
လင်းရီမှာ ဂျော့ရှ်ထက် အများကြီး ပိုသန်မာသောကြောင့် ထိုကောင်မှာ သူ၏ ဟန်ချက် ဆုံးရှုံးသွားပြီး ရေကန်ထဲသို့ ပြုတ်ကျသွားလေသည်။
"အိုက်စ်...တီချယ်လင်းက အရမ်းခန့်တာပဲ..အရမ်းယောက်ျား ဆန်တာပဲနော်..."
"ငါလည်း တီချယ်လင်းလို ယောက်ျားဆန်တဲ့သူမျိုးမှ သဘောကျတာ..."
"ပြည်ပကလာတဲ့ ကျောင်းသားဖြစ်တော့ကော ဘာအရေးလဲ...အဲ့တာ ဆရာလင်းရှေ့မှာ အာချောင်ချင်တဲ့ ရလဒ်ပဲလေ..."
"တီချယ်လင်း ဆဲသံကြားတော့ ငါထင်နေတာ ဇူအန်း တက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တာများလားပေါ့..."
ဂျော့ရှ် ရေထဲသို့ ပြုတ်ကျသွားပြီး ကန်ထဲတွင် ဗွမ်းကနဲ မြည်သံနှင့်အတူ ရေများ လှိုင်းထ သွားတော့၏။
မည်သူကမျှ သူတို့လို ပြည်ပကျောင်းသားများကို ထိပါးလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
"ဖြစ်နိုင်တာက သူ အလုပ်ဆက်လုပ်မချင်တော့ဘူးလား...."
"ဂျော့ရှ် ..အဆင်ပြေရဲ့လားသားရီး..."
ဂျော့ရှ် ရေကန်ပေါ်တက်လာသည်မြင်တော့ သူ၏ ရောင်းရင်း ရိုခါမှာ အပြေးလေးလာခဲ့တော့၏။
"အဆင်ပြေလား."
ဂျော့ရှ် မျက်လုံးပြူးကျယ်စွာဖြင့် ပြောလိုက်ပြီး "မင်း ..မင်းငါ့ကို ထိရဲတယ်ပေါ့လေ.....မင်းတော့ အလုပ်ပြုတ်ပြီသာမှတ်..."
"မင်းက ငါ့ကို အလုပ်ဖြုတ်မယ်ပေါ့...မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...."
ဂျော့ရှ် လင်းရီ၏ စကားများကို ပြန်မတုန့်ပြန်ခဲ့ပေ။
ထို့နောက် ကန်ဘက်သို့ မျက်နှာမူကာ သူ၏ ရေကူးဘောင်းဘီကို ချွတ်ပစ်လိုက်ပြီး ရေကန်ထဲသို့ သေးပေါက်ချလိုက်၏။
အား.....
မိန်းကလေးများ အလန့်တကြား အော်ဟစ်လိုက်ပြီး သူမတို့၏ ခေါင်းများကို တစ်ဖက်သို့ လှည့်လိုက်လေသည်။
"ငိုးပဲ..အဲ့ကောင်က ပဲမြစ်လေးကို ကြွားချင်နေသေးတာလားကွ ..."
"ဟားဟား...မင်း ရေကူးသင်ချင်တယ်မလား...ဆက်သင်လေ...ဟားဟား....."ဂျော့ရှ် ရယ်မော၍ ပြောလိုက်ပြီး "အစကတော့ သန့်စင်ခန်း သွားမို့ပဲ..ခုတော့ ဒီမှာပဲ ကိစ္စ ရှင်းလိုက်တော့မယ်..."
"ငါ့ကောင်တို့ မင်းတို့ကော ဘာကြည့်နေကြတာ ..လာကြလေကွာ.."
ဂျော့ရှ်၏ ဦးဆောင်မှုအောက်တွင် ရိုခါနှင့် ကျန်သူများမှာ ရေကူးကန်ဘေးတွင် မတ်တပ်ရပ်ပြီး တုန့်ဆိုင်းခြင်းမရှိ သူတို့၏ ဘောင်းဘီများကို ချွတ်လိုက်ကြသည်။
"ငိုးပဲကွာ..ဒါတော့ များသွားပြီ."
ကောင်လေးများမှာ ဆက်လက်သည်းမခံနိုင်တော့ပဲ
." ဘောင်ဘီချွတ်ပြီး သေးပန်းနေကြတယ်ပေါ့ဟုတ်လား...လာကွာဟျောင့်..အဲ့ကောင်တွေကိူ နောက်ကနေ သွားကျုံးကြရအောင်..."
"မလုပ်နဲ့....သွား မိန်းကလေးတွေကို ဘေးမှာ ရပ်ခိုင်းထားလိုက်... "
လင်းရီ အမူအရာ ကင်းမဲ့စွာဖြင့် ပေါ့ပါးစွာ ပြောလိုက်၏။
"ဟုတ်ကဲ့ပါ..မစ္စတာလင်း..."
ယောက်ျားလေးများ၏ ၀န်းရံမှုအောက်တွင် ကောင်မလေးများ ဘေးနေရာ၌ ရပ်လိုက်ကြ၏။
မိန်းကလေးများ ဖြစ်ကြသော်လည်း သူမတို့၏ ဒေါသမှာ တစ်စက်မျှ မလျော့ချေ။ သူမတို့ အားလုံး၏ တိုက်ခိုက်ချင်နေသည့် အရှိန်အဝါများမှာဖြာထွက် နေပြီး အသက်ချင်းလဲတော့ မည့်အသွင် ဖြစ်နေလေသည်။
အခြားတစ်ဖက်တွင်တော့ လင်းရီမှာ ဘေး၌ရပ်နေပြီး ဟန်ပန်အမူအရာမှာ ကြည်လင်နေသည့် ရေပြင်ကဲ့သို့ တည်ငြိမ်နေလေသည်။
မိနစ်၀က်ကြာပြီးနောက် ဂျော့ရှ်နှင့် ကန်သူများမှာ ရေကူး ဘောင်းဘီ ပြန်၀တ်လိုက်ကြပြီး လက်ဝှေ့ယမ်းကာ "လစ်စို့ဟျောင့်တွေ..သူများ ရေကူးသင်တာကို နှောင့်ယှက်ရင် မကောင်းဘူး.."
"ဟူး...ငါက သူတို့ ရေကူးတာကို မြင်ချင်သေးတာကွာ...ကြည့်ရသလောက်တော့ အခွင့်ရေး မရှိတော့ဘူး ထင်ပါရဲ့..."
ရိုခါ ပြောလိုက်ပြီး "ဟားဟား ရေကူးရင်တော့ အရသာ ပေါင်းစုံ ခံစားရတော့မှာပဲ...ငါတို့လို နိုင်ငံခြားသားတွေက ထည့်ပေးသွားတာဆိုတော့ သူတို့ ကံကောင်းတယ်လို့ ပြောရမယ်..."
ဂျော့ရှ်အားရပါးရ ရယ်မောလိုက်ပြီး "ဟားဟား..ဟုတ်တာပေါ့ကွာ..."
"ဘယ်သွားကြမှာ.."လင်းရီ ရေခဲတမျှ အေးစက်သည့် လေသံဖြင့် မေးလိုက်သည်။
"ဆရာ ခင်များပဲပြောတော့ ကျုပ်တို့ကို ဒီက မကြိုဆိုဘူးဆို..အဲ့တော့ ထွက်သွားပေးမလို့လေ..."ဂျော့ရှ် မပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်ပြီး "ခု ထွက်သွားပေးမယ် ဆိုခါကျမှ ခေါ်ထားချင်နေတာလား..."
လင်းရီ ပြုံးလိုက်ပြီး "မင်းတို့ သွားလို့ရတယ်...ဒါပေမယ့် မသွားခင် ဒီကန်ထဲက ရေတွေ သောက်ပြရမယ်..."