← Chapters

အခန်း (၂၆၀)

Vol. 18 Ch. 260

အခန်း (၂၆၀)

Vol. 18 Ch. 260

"ဘာပြောလိုက်တယ်..ကျုပ်တို့က ဒီရေတွေ သောက်ပေးရမယ် ဟုတ်လား..."

ဂျော့ရှ် နှာခေါင်းရှုံ့လိုက်ပြီး "ကျုပ်နားကြား မှားတာလား..."

"မင်းမမှားဘူး.."လင်းရီ ပြောလိုက်ပြီး "မင်းသာ ဒီကန်ထဲကရေတွေ သောက်ပြမယ်ဆိုရင် ဒီနေ့ကိစ္စကို အေးဆေး လွှတ်ပေးလိုက်မယ်..မဟုတ်ရင်တော့ မင်းတို့ကောင်တွေ တစ်ကောင်မှ ဒီက ထွက်သွားဖို့ စိတ်မကူးနဲ့.."

"ဟီးဟီး...ကျုပ်တို့ကဒီကနေ ထွက်သွားရုံတင်မကသေးဘူး..ခင်များရှေ့ကနေကို ကင်းမီးကောက် ထောင်ပြီး ထွက်ပြဦးမှာကွ...ဟားဟား.."ဂျော့ရှ် မခန့်လေးစား ပြောလိုက်ပြီး "ပြီးတော့ ကျုပ်ကို ကန်တာ ခင်များတို့ အုပ်ကြီးဆီ သွားပြောမယ်..အလုပ်ထွက်ဖို့သာ ပြင်ထားလိုက်တော့..."

ထို့နောက် ဂျော့ရှ် ရိုခါနှင့် ကျန်သူများကို လက်ဝှေ့ယမ်းပြကာ "လစ်စို့ဟျောင့်တွေ...သူများ အတန်းသင်မှာကို နှောင့်ယှက်ရင် မကောင်းဘူး..."

"ဟုတ်တယ်..လစ်စို့...ပြန်ပြီးပါတီ လုပ်ကြရမယ်ကွ ဟားဟား......"

ထိုအချိန် လင်းရီ အမူရာကင်းမဲ့စွာဖြင့် တစ်လှမ်းချင်း လျှောက်လာပြီး ဂျော့ရှ်နှင့် ကျန်သူများရှေ့တွင် ရပ်လိုက်သည်။

"ဟမ့် မင်းတို့ သောက်ကလေးတွေ ဘယ်လို ထွက်သွားမလဲဆိုတာ တွေ့ချင်စမ်းပါဘိ..."

ဂျော့ရှ်နှင့် ရိုခါတို့၏ အမူအရာမှာလည်း ဖော်ရွေသည့်ပုံ ပေါက်မနေပဲ "ဘာလဲ ဆရာ...ခင်များက ရန်ဖြစ်ချင်နေတာလား...."

"ဟုတ်တယ် ဆိုရင်ကော...."လင်းရီ ပြောလိုက်၏။

"ကျုပ်တို့က တက္ကသိုလ်ကျောင်းသားတွေ ဆိုပေမယ့် ပြည်ပက လာတဲ့ကျောင်းသားတွေ...‌ဘော မရှိတဲ့ တ-ရုတ်တွေ လို မဟုတ်ဘူးနော်...ကိုယ့်လာထိလို့ကတော့ ဆရာသော ဘာသော နားမလည်ဘူး..ပြန်တွယ်မှာ..."

"ဖြန်း......"

လင်းရီ စကားပြောရင်း အချိန်ဖြုန်းမနေတော့ပဲ ဂျော့ရှ်၏ မျက်နှာကို ပါးပိတ်ရိုက်လိုက်သည်။

ထိုငနဲမှာ ပါးချခံရပြီးနောက် အရှိန်ဖြင့် ကြမ်းပြင်ကိုကုန်းနမ်းလိုက်ရ၏။

"ငိုးပဲကွာ..ဟျောင့်တွေ ဝိုင်းဆော်ကြစမ်း..."

ဂျော့ရှ် ကျိန်ဆဲရင်း ရိုခါနှင့် ကျန်သူများကို အမိန့်ပေးလိုက်သည်။

"ငိုးမသားတွေ.မင်းတို့က ဆရာလင်းကို အများနဲ့ တစ်ယောက် အနိုင်ကျင့်‌ချင်နေကြတယ်ပေါ့လေ...ငါတို့ကို ဒုက္ခိတဖြစ်‌နေတဲ့ ကောင်တွေလို့များ ထင်နေတာလားကွ...."

"ညီကိုတို့..တက်....."

ဤတစ်ကြိမ်တွင်တော့ ယောက်ျားလေးများ ဆက်လက်ငြိမ်ခံမနေနိုင်တော့ချေ။ သူတို့ကို စော်ကားသည်ကို လက်ခံနိုင်သော်လည်း ဆရာလင်းအား ထိပါးလာသည်ကိုတော့ လုံး၀ လက်သင့်မခံနိုင်ချေ။

"အဲ့မှာပဲ ရပ်နေ...မင်းတို့ ၀င်မပါနဲ့..."

ထိုသို့ပြောပြီးနောက် လင်းရီလည်း စတင်လှုပ်ရှားလိုက်သည်။

ရိုခါ သူ့ထံပြေးလာနေသည်ကိုမြင်တော့ လင်းရီ ထိုမျက်နှာမည်း၏ သောက်ခွက်ကို ဖြတ်ကန်လိုက်သည်။

အား....ဝေါ်သမား...

ကျယ်လောင်စွာ အော်ဟစ်သံနှင့်အတူ ရိုခါမှာ ဆယ်မီတာလောက် လွင့်ထွက်သွား၏။

၀မ်ရန်နှင့် ကျန်သူများ ကြက်သေသေသေသွားကြပြီး "တီ.တီချယ်က အရမ်း အားကြီးတာပဲနော်...ခုနက အကွက်က လုံး၀ကို အလွင့်ကြီး..."

"ရေး....ဆရာလင်းကွ..."

"တီချယ်...တီချယ်နဲ့အတူ ကလေးလေးမွေးချင်လို့..."

"အိုက်စ်...တီချယ်ရဲ့ abs ကြီးတွေက အရမ်းလှတာပဲနော်...မြည်းကြည့်လို့ရရင် သိပ်ကောင်းမှာပဲ..."

သုံးမိနစ်အတွင်း ကျောင်းသား ခြောက်ယောက်လုံးမှာ လင်းရီ၏ ‌လက်စဖြင့် ကြမ်းပြင်ပေါ်၌ တုံးတုံးလဲကုန်ကြ၏။

သူတို့အားလုံး ညဉ်းတွားလိုက်ကြပြီး အားတင်း၍ ထရန်ကြိုးစားကြသော်လည်း အရာမထင်ပေ။

ဂျော့ရှ်နှင့် ကျန်သူများ၏ ဆိုးရွားလှသော အခြေနေကို တွေ့တော့ ရေကူးကန်ထဲရှိ ပြည်ပမိန်းကလေးများအားလုံး နားကွဲမတတ် အော်ဟစ်လိုက်ကြပြီး သရဲတဘက်ကို မြင်လိုက်ရသကဲ့သိူ့ ရေကူးကန်ထဲမှ ပြေးထွက်သွားကြ၏။

အိုးမိုင်...တစ်ယောက်တည်းနဲ့ အများကြီးကို တီးပစ်လိုက်တယ်...အိုးမိုင်....ဂေါ့ဒ်...

"မင်း....မင်းဘာလုပ်မို့လဲ...."လင်းရီ လျှောက်လာသည်ကိုမြင်တော့ ဂျော့ရှ် တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

"ငါမင်းကို ပြောလိုက်မယ်..ငါက ပြည်ပ ကျောင်းသားနော်...ငါ့ကို ထိရင် ကျောင်းက မင်းကို အလုပ်ထုတ်ပစ်မှာကွ...."

"ဟမ့်...ဒီတက္ကသိုလ်မှာ ဘယ်ခွေးတစ်ကောင် ကြောင်တမြီးမှ ငါ့ကို အလုပ်မထုတ်ရဲဘူး..."

လင်းရီ ဆောင့်ကြောင့်ထိုင်၍ ပြောလိုက်ပြီး ဂျော့ရှ်၏ ဆံပင်ကို ဆုပ်ကိုင်ကာ ရေကန် အစွန်အဖျားနားသိူ့ ‌ဆွဲခေ့်သွား၏။

လမ်းတစ်လျောက်တွင်တော့ ဂျော့ရှ်၏ ဝေဒနာကြီးစွာ အော်ညဉ်းသံမှာ ရေကူးသည့် ဧရိယာတစ်ယောက် ပျံ့လွင့်နေတော့၏။

"ငါမင်းကို ဒီထဲက ရေတွေ သောက်ပြရမယ်လို့ ပြောပြီးလေ.. နောက်နေတယ်လို့များ ထင်နေတာလား..."

ထိုသို့ ပြောပြီးနောက် လင်းရီ ဂျော့ရှ်၏ ခေါင်းကို ရေကူးကန်ထဲသို့ နစ်လိုက်သည်။

ဝူး.......ဝူး.....

ရေပူဖောင်းများမှာ ရေကန်အောက်ခြေမှ အပေါ်သို့ လှိမ့်တက်လာခဲ့၏။ ဂျော့ရှ် ရုန်းကန်နေသော်လည်း လင်းရီ၏ ဟာကျူလီတမျှ သန်မာလှသော ခွန်အားအောက်တွင် အချည်းနှီး ဖြစ်ခဲ့ရသည်။

ဆယ်စက္ကန့်မျှ ကြာပြီးနောက် လင်းရီ ဂျော့ရှ်ခေါင်းကို နောက်သို့ပြန်ဆွဲလိုက်၏။

"၀ပြီလား..."

"ကျုပ်...ကျုပ်မှားသွားပါတယ်...ကျေးဇူးပြုပြီး ဒီ‌လိုမလုပ်ပါနဲ့ဗျာ..ရှိကြီးခိုးပါတယ်..."

တိုတောင်းလှသည့် ဆယ်စက္ကန့်မှာ ဂျော့ရှ်အတွက်တော့ သေမင်းနှုတ်ခမ်း၀သို့ ရောက်နေသည့် အချိန်တစ်ခုကဲ့သို့ ခံစားခဲ့ရသည်။

မာမီရေ...တ-ရုတ်လူမျိုးတွေက အရမ်းကြောက်ဖို့ ကောင်းတာ‌ပဲဂျာ...သားသားတောင် နတ်ပြည်ရောက်ဖို့ နည်းနည်းပဲလိုတယ်...

"ဟျောင့် လုပ်ရဲရင်လည်း ခံရဲရတယ်ကွာ..ခုမှ လာပြီး သနားစရာ ကောင်းအောင် လုပ်ပြမနေနဲ့..ကိုယ့်ကိုယ်ကို မှားမှန်းသိရင် ဆက်သောက်စမ်း..."

လင်းရီ လှည့်၍ ရိုခါနှင့် ကျန်သူများကို အကြည့်တစ်ချက်ပေးလိုက်ပြီး "မင်းတို့ကောင်တွေကော..ကိုယ့်ဘာကိုယ်သောက်မှာလား..ငါလာသောက်ခိုင်းရမှာလား...."

"အာ...မ..မလိုပါဘူး..ကိုယ့်ဘာကိုယ်သောက်ပါ့မယ်...."

ရိုခါနှင့် ကျန်သူများအားလုံး ရေကန်အစွန်အဖျား၌ ခေါင်းနစ်ကာ အူးယားဖားယား သောက်ပြရတော့၏။

"ကြည့်ရတာ အရသာရှိလိုက်တာကွာ..ငါဒီပြည်ပက လာတဲ့ ကျောင်းသားတွေကို မျက်မုန်းကျိုးနေတာကြာပြီ..."

"တန်တယ်..အဲ့ကောင်တွေဖော်တဲ့ဆေး ပြန်ကျွေးခံရတာပဲလေ...နည်းတောင် နည်းသေးတယ်..ငါတို့ပါ ထပ်ပေါက်ထည့်ပေးလိုက်ရမှာ..ဆရာလင်း တားမှာ ဆိုးလို့နော...."

"ခစ်ခစ် ငါတော့ တီချယ်လင်းချောတာပဲသိတယ်...သူ့ရဲ့ ပေါင်မုန့်တုံးကြီးတွေက အကိတ်ကြီးတွေ...."

"သောက်အဓိပ္ပာယ်မရှိတာ..မင်းတို့အားလုံး ဘာလုပ်နေကြတာလဲကွ..."

လူတိုင်း အောင်ပွဲ‌ခံနေကြစဉ် အော်သစ်သံ တစ်သံကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သောအခါ တံခါးပေါက်၀၌ အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း လူကြီးတစ်ဦး လမ်းလျှောက်လာသည်ကို မြင်လိုက်ရလေသည်။ ၎င်းကိုမြင်တော့ လူတိုင်း ငြိမ်ချက်သား ကောင်းသွားပြီး မည်သူမျှ အသံမထွက်ရဲကြတော့ချေ။

ထို သက်လတ်ပိုင်းလူကြီးမှာ ဖုန်းကျားတုံးဟု အမည်တွင်ပြီး ကျောင်း၏ အမှုဆောင် အရာရှိတစ်ဦးဖြစ်သည်သာမက ပြည်ပ ပညာတော်သင် ကျောင်းတော်သားများ၏ တာ၀န်ခံတစ်ဦးလည်း ဖြစ်ပေသည်။

"‌ဖုန်း....ခင်များ ရောက်လာပြီပဲ..မြန်မြန်လာစမ်းပါဗျာ..ဒီကောင် ကျုပ်တို့ကို အနိုင်ကျင့်တယ်...ကျုပ်တို့ တရားစွဲချင်တယ်..UN ကိုလည်း ဒီအကြောင်းတွေ ပြောပစ်မယ်...."

ဂျော့ရှ် လင်းရီအောက်တွင် ခေါင်းငုံ့ရင်း မျက်စိစုံမှိတ်ကာ အော်ဟစ်လိုက်သည်။

"ငါအားလုံး သိပြီးသွားပြီ..."ဖုန်းကျားတုံး ပြောလိုက်ပြီး "ခု လောလောဆယ် ဘေးမှာ ရပ်နေဦး..ငါနောက်မှ မင်းတိူ့ကို ဖြေရှင်းချက်တစ်ခု ပြန်ပေးမယ်..."

"မင်းတို့ကို ဘယ်မြေနိုးက ထခိုင်းလို့ ထတာလဲကွ..ပြန်ငုံ့ပြီး ရေပြန်သောက်စမ်း..."

ဂျော့်ရှ်နှင့် ကျန်သူများမှာ ဝိဉာဏ်လွင့်မတတ် ကြောက်ရွံ့သွားကြပြီး ချက်ချင်း ကြမ်းပြင်နှင့် တွယ်ကပ်ကာ ရေထဲသို့ တစ်ဖန် ခေါင်းစိုက်လိုက်ကြသည်။

သို့သော်လည်း စောနကလိုတော့ ရေမျိုချခြင်း တော့မရှိပဲ သောက်ချင်ယောင် ဆောင်နေကြ၏။

"ဆရာလင်း..ခင်များ ဒါ ဘာအချိုးချိုးတာလဲကွ....ကျုပ်ကို မထီမဲ့မြင်ပြုတာလား..."ဖုန်းကျားတုံး ဟိန်းဟောက်လိုက်ပြီး ဂျော့ရှ်နှင့် ကျန်သူများကို ညွှန်ပြကာ "သူတို့က ပြည်ပက ပညာတော်စင် ကျောင်းသားတွေလေ..ခင်များ မမြင်ဘူးလား...."

"မြင်တယ်လေ..သူတို့က ပြည်ပကလာတော့ကော ဘာအရေးလဲ..."လင်းရီ ပြန်ချေပလိုက်ပြီး "သူတို့ကို ပြည်ပက လာလို့ဆိုပြီး ထိပ်ပေါ်တင်ပြီး ရှိခိုးနေရမှာလား..."

ဖုန်းကျားတုံး အမူအရာ အေးခဲသွားပြီး ပြောစရာစကား ရှာမရဖြစ်သွားခဲ့၏။ အမှန်လည်း သူ ထိုကျောင်းသားများကို အထူးအခွင့်ရေးများ ပေးထားပြီး ထိပ်ပေါ်တင်ထားသလို ဖြစ်နေလေသည်။

"သူတို့က ပညာတော်သင် ကျောင်းသားတွေဆိုပေမယ့် တန်းတူပဲ ဆက်ဆံထားတာ .ဘာ အထူးအခွင့်ရေးမှ ပေးမထားဘူး."

"အိုးအဲ့လိုလား..."လင်းရီ ပြုံးလိုက်ပြီး "ကျုပ်လည်း ထွေထူးတော့ မပြောချင်ပါဘူး..ခင်များရဲ့ မဟေသီလေးနဲ့ တစ်ညလောက် အိပ်စက်ချင်လို့.အဲ့လို အခွင့်ရေးလေး ‌မပေးချင်ဘူးလား..."

ဖူး...

"ဟားဟား...."

လူတိုင်း မနေနိုင်ပဲ ရယ်မောလိုက်ကြသညါ။

တီချယ်လင်းက လုံး၀ အမေးဇင်းပဲ...

"ဆရာလင်း..ခင်များ ပုံရိပ်နဲ့ ကိုက်ညီမယ့် စကားမျိုးပြောတာပဲ ကောင်းမယ်နော...

ဖုန်းကျားတုံး ပြောလိုက်ပြီး "ခင်များက ကျောင်းဆရာ...သူတို့က ကျောင်းသားလေ...."

"အာ့ဆိုလည်း ပြီးတာပဲလေ..."လင်းရီ မနီးမဝေးရှိ ယောက်ျားလေး အချို့ကို လက်ညိုးထိုးလိုက်ပြီး "မင်းတို့ ရုပ်ရည်လေးတွေ မဆိုးဘူး...သူများဟာ ခိုးစားရတာ စိတ်မ၀င်စားဘူးလား....အမှုဆောင်ဖုန်းက သူ့သမီးနဲ့ မိန်းမကို ပေးမယ်တဲ့...အမှုဆောင်ဖုန်းကို ကျေးဇူး မတင်ချင်ကြဘူးလားကွ..."

"အာ..တီချယ်လင်း..အဲ့လိုမလုပ်ပါနဲ့ဗျာ..."

အရပ်ရှည်သည့် ကောင်လေးမှ သူ့ဘေးရှိ ကောင်မချောချောလေး တစ်ယောက်ကို ညွှန်ပြကာ "ကျွန်တော့်ကောင်မလေးက ဘေးမှာဗျ...ဘယ်သူမှ မရှိတဲ့အချိန်ကျမှ ဆက်ပြောကြတာပေါ့ဗျာ..."

"တီချယ်လင်း..သူ့မိန်းမက ငယ်တော့တာလည်း မဟုတ်ဘူး..ကျုပ်တို့ ကီးနဲ့ မကိုက်ပါဘူးဗျာ...."

ဘယ်နေကမှန်း မသိသည့် အသံတစ်သံ ထွက်လာခဲ့သည်။

"ငိုးမသားတွေ မင်းတို့ကို စကားအကောင်းပြောနေတာတောင်မှ တန်ဖိုးထားရကောင်းမှန်း မသိကြဘူးပေါ့လေ..."

လင်းရီနှင့် ကျန်သူများ သူ့ကို ဟာသလုပ်နေကြသည်ကို မြင်တော့ ဖုန်းကျားတုံး ဒေါသထွက်လွန်း၍ သွေးတစ်လုတ် အန်လိုက်ရပြီး "ဆရာလင်း..ကျုပ်နောက်ဆုံးတစ်ခွန်းပဲ ပြောလိုက်မယ်...ကျုပ်ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူမယ်...ခင်များ ကျောင်းထုတ်ခံရယုံတင် မကသေးဘူး...တရားဥပဒေအရ အပြစ်ပေးခံရအောင်ပါ လုပ်ပြမယ်..."

လင်းရီကတော့ တည်ငြိမ်သည့် အပြုံးဖြင့် မတုန်မလှုပ် "အမှုဆောင်ဖုန်း...ကျုပ်လည်း စကားအကောင်းပြောနေတာ...လေးစားသမှုနဲ့ အခွင့်ရေးပေးနေတုန်း ယူထားလိုက်...ကိစ္စတွေကို ခက်ခဲအောင် မလုပ်ချင်စမ်းနဲ့..."

All Chapters