← Chapters

အခန်း (၂၆၁)

Vol. 18 Ch. 261

အခန်း (၂၆၁)

Vol. 18 Ch. 261

"ဘာကွဟျောင့်...မင်းက ငါ့ကို အခွင့်ရေးပေးနေတယ်...."ဖုန်းကျားတုံး ဒေါသထွက်လွန်း၍ ရူးသွပ်တော့မည့် အသွင် ဖြစ်သွားခဲ့ပြီး "မင်းလို ကာယဆရာကများ ငါ့လို အမှုဆောင်အရာရှိတစ်ယောက်ကို အဲ့လိုလေသံမျိုးနဲ့ ပြောဝံ့တယ်ပေါ့လေ...မင်းထမင်းအိုး ပျောက်ချင်နေပြီနဲ့တူတယ်..သတ္တိရှိရင် ခုချက်ချင်း အုပ်ကြီး ရုံးခန်းကို လိုက်ခဲ့ဟျောင့်...မင်းအလုပ်ဖြုတ်မခံရရင် ငါ့မျိုးရိုးနာမည် ဖုန်း မဟုတ်တော့ဘူး..."

လင်းရီ ပခုံးတွန့်ရုံတွန့်လိုက်ပြီး "သွားဆိုလည်း သွားပေါ့..ကျုပ်က ဘာကြောက်နေရမှာ..."

အညောင်းတစ်ချက်ဆန့်ပြီးနောက် လင်းရီ သူ့ကျောင်းသားများဘက် လှည့်ကာ "ဒီနေ့ အတန်းကတော့ မစနိုင်တော့ဘူးထင်ပါရဲ့ကွာ..ဒါပေမယ့် တစ်ယောက်မှ ထွက်မသွားကြနဲ့ဦး..အဲ့ကောင်တွေကို သေချာလေး စောင့်ကြည့်ထားကြ..ရေမသောက်ရင် နားရင်းသာ ပိတ်တီးပစ်လိုက်ကွာ..ကြားတယ်နော်..."

"ဟုတ် နားလည်ပါတယ်ဗျ/ရှင့်..."

လင်းရီနှင့် ဖုန်းကျားတုံး ရေကူးကန်အပြင်သိူ့ ရောက်လာကြသောအခါ အပြင်တွင် လူများ ဝိုင်းအုံနေကြကြောင်း တွေ့လိုက်ရ၏။

သူတိူ့အားလုံး ပြည်ပမှ လာသည့် ကျောင်းသားများ အတီးခံနေရပြီ ဟူသည့် သတင်းကိုကြား၍ လာအားပေးကြခြင်းဖြစ်သည်။

"အဲ့ ပြည်ပက ပညာတော်သင် ကျောင်းသားတွေက အမြဲတမ်း သူတို့ကိုယ်သူတို့ နိုင်ငံခြားသားဆိုပြီးတော့ ကျောင်းမှာ အမြဲတမ်း ဖင်ခေါင်းကျယ်နေကြတဲ့ကောင်တွေ..တီချယ်လင်း အဲ့ကောင်တွေကို ဆော်ပလော်တီးပစ်လိုက်တာ သောက်ရမ်း အားရဖို့ကောင်းတယ်ကွာ..."

"ဘာတွေ ကြည့်နေကြတာလဲကွ...လူစုခွဲကြစမ်း..မဟုတ်ရင် အမှတ်လျော့‌ပစ်မယ်..."

ဝိုင်းအုံနေကြသည့် ကျောင်းသားများအားလုံး မသွားချင် သွားချင်ဖြင့် အုပ်စုခွဲလိုက်ရသည်။ သူတို့ အမှုဆောင်ဖုန်းကို ‌ပြန်မပြောရဲကြချေ။

ခင်များကြီးကြောင့်သာ မဟုတ်ရင် ပြည်ပကျောင်းသားတွေ ဒီလောက် မောက်မာရဲမှာတောင်မဟုတ်ဘူး...

ထင်းခွဲမကြုံ ရေခပ်တော့ ကြုံကြိုက်ဦးမှာပေါ့ကွာ...မှတ်ထားဦးပေါ့...

ကျောင်းသားများ အုပ်စုကွဲသွားပြီးနောက် ရှောင်ထျန်နှင့် စုန့်ကျားတို့ စိတ်ပူတကြီးနှင့် ရောက်လာခဲ့ကြ၏။

"အမှုဆောင်ဖုန်း ..စိတ်လျော့ပါဦးရှင်..သေချာပေါက် တစ်ခုခု အထင်‌လွဲနေတာ နေမှာပါ..."ရှောင်ထျန် ကမန်းကတမ်း ပြောလိုက်၏။

လင်းရီမှာ ကျောင်း၏ ဂုဏ်ကျက်သရေဆောင် ဒုကျောင်းအုပ်ကြီးဖြစ်သော်လည်း တစ်ဖက်ရှိ ‌ဖုန်းကျားတုံးမှာလည်း ကျောင်း၏ အမှုဆောင်အရာရှိကြီး တစ်ဦးဖြစ်၏။

နှစ်ယောက်လုံး၏ ရာထူးမှာ သိပ်မကွာခြားပေမယ့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အာဏာအနေအထားမှာတော့ အတော်လေး ခြားနားသည်။

လင်းရီ၏ လုပ်ပိုင်ခွင့်မှာ ဖုန်ကျားတုံးနှင့် ယှဉ်ပါက ဘာမျှ သိပ်မရှိပေ။

အဆုံးတွင်တော့ ကျောင်းအုပ်ကျောက်မှ မည်သူ့ကို အကူညီပေးမလဲဆိုသည့်အပေါ် မူတည်လေသည်။

မည်သိူ့ပင်ဆိုစေ ဖုန်းကျားတုံး၏ ရာထူးမှာ အုပ်ကြီးပြီးလျင် အတော်လေး အရေးကဏ္ဍမှ ပါ၀င်သည်ဟု ပြော၍ရသည်။

"ဘာမှ အထင်လွဲနေတာ မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ကိစ္စက ငါလုပ်လိုက်တယ်ဆိုတာ ရှင်းနေတာပဲလေ..အထင်လွဲနေတာတွေ ဘာတစ်ခုမှ မရှိဘူး..."

ရှောင်ထျန် အမူအရာ ပျက်သွားပြီး 'မသာ..နင်ကလည်း ရေလိုက်ငါးလိုက် လိုက်ပြောလို့ မရဘူးလားဟဲ့'

'အထင်လွဲစရာ မရှိရင်တောင် အမှန်ကို ပြောလို့မရဘူးလေဟယ်.. နင်လုပ်တာကို ဘာလို့ လူတကာ သိအောင် ပတ်ကြေညာနေမှန်း မသိဘူး..'

"ဒါရိုက်တာထျန်..ဒီကိစ္စက ခင်များအပူမပါဘူးနော်...၀င်မစွက်ဖက်ဖို့ မျှော်လင့်တယ်..."

ဖုန်းကျားတုံး အေးစက်စွာ ပြောလိုက်ပြီး လက်နောက်ပစ်ကာ ကျောင်းအုပ်ကြီးရုံးခန်းသို့ ခေါင်းမော့ရင်ကော့၍ ထွက်သွားလိုက်၏။

ထိုအချိန် ကျောင်းအုပ်ကြီး ရုံးခန်းတွင်တော့ ကျိုးဂန်းကျယ်မှာ ကျောက်ချီရှေ့တွင် ရိုကျိုးစွာ မတ်တပ်ရပ်နေပြီး ရေကူးကန်၌ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ကျောက်ချီထံ တင်ပြနေလေသည်။

"ဒီဖုန်းကျားတုံးကတော့ ပိုပိုပြီး အတင့်ရဲနေတော့တာပဲကွ..."ကျောက်ချီ စားပွဲကို ‌ဒေါသတကြီး ရိုက်နှက်လိုက်ပြီး "သူက ပြည်ပက လာတဲ့ ကျောင်းသားတွေကို အဲ့လို အခွင့်ရေးတွေ ပေးထားတယ်ပေါ့..ဒီသတင်းသာ အပြင်ကို ပျံ့သွားလို့ကတော့ ငါတို့တက္ကသိုလ်က လူရယ်စရာ ဖြစ်တော့မှာပဲ..."

ကျောက်ချီ ဒေါသမီး ဟုန်းဟုန်းတောက်နေသည်ကိုမြင်တော့ ကျိုးဂန်းကျယ် အသံတစ်သံတွင် မထွက်ဝံ့ပဲ ဘေး၌ ငြိမ်ငြမ်လေး ရပ်နေလိုက်၏။

ရာထူး ကြီးကြီးမှ ပုဂ္ဂိုလ်နှစ်ယောက်၏ ပြဿနာ ဖြစ်နေသောကြောင့် သူ့လို ဘာမဟုတ်သည့် လက်ထောက်ကလေးမှာ တစ်ခုခု ၀င်ပြောရန် အခွင့်ရေး မရှိချေ။ ကျောင်အုပ်ကျောက်ကိုသာ စိတ်ကြိုက်ကိုင်တွယ်ခိုင်းလိုက်သည်က ပိုကောင်း၏။

ဒုန်း ဒုန်း ဒုန်း

၀တ်ကြေတမ်းကြေ တံခါးခေါက်ပြီးနောက် ဖုန်းကျားတုံး ကျောက်ချီ၏ ခွင့်ပြုချက်ကိုပင် စောင့်မနေတော့ပဲ တံခါးဖွင့်ကာ ရုံးခန်းထဲသို့ ၀င်လာခဲ့သည်။

ကျောင်း၏ ထိပ်သီး သုံးယောက် တွေ့ဆုံချိန်တွင်တော့ ကျိုးဂန်းကျယ် တိတ်တဆိတ် နောက်ဖေး‌ပေါက်မှ နေ၍ ထွက်သွားလိုက်၏။ သူ၏ အဆင့်အတန်းဖြင့် ဤနေရာ၌ ဆက်နေရန် မသင့်တော်ချေ။

"အုပ်ကြီး‌ေကျာက်.ခင်များလည်း လင်းရီ ပြည်ပကျောင်းသားတွေကို ဘယ်လိုလုပ်လိုက်လဲ ဆိုတာကြားပြီးရောပေါ့...ကျုပ်အထင်တော့ ဒီကိစ္စကို ပြင်ပြင်းထန်ထန် အရေးယူသင့်တယ်လို့ ထင်တယ်..လုံး၀ အလျော့ပေးလို့မရဘူး..."ဖုန်းကျားတုံး အေးစက်စွာဖြင့် ပြောလိုက်သည်။

"သူ့လို သိုးမည်းတစ်ကောက်က ကျုပ်တို့ အဆင့်အတန်းတွေကြားထဲမှာ ရှိနေပြီ ဆို‌တော့ တကယ်လို့ သူ့ကို ကျောင်းမှာ ဆက်ထားထားဦးမယ်ဆိုရင် ကျောင်းသားတွေ ဘယ်လောက်များများကို သူဆက်နှိပ်ကွတ်ဦးမလဲ မသိဘူး..."

ကျောက်ချီ မျက်မှန်ပင့်တင်လိုက်ပြီး အသံနမ့်၍ "ငါ အားလုံးကြားပြီးသွားပြီ...ပြည်ပက လာတဲ့ကျောင်းသားတွေထဲ ဂျော့ရှ်ဆိုတဲ့ကောင်က ငါတို့တက္ကသိုလ်ကျောင်းသူကို ပွင့်ပွင့်လင်းလင်းကြီး စော်ကားရုံတင်မကသေးဘူး..ရေကူးကန်ထဲကိုပါ သေးပေါက်ထည့်လိုက်သေးတယ်..အဲ့ကိစ္စကိုကော မင်းဘယ်လို ရှင်းပြပေးမလဲ..."

"အဲ့တာ သူတို့ဘက်ကအမှားဆိုတော့ ကျုပ်ပြန်ရောက်ရင် သူတို့ကို ဆုံးမလိုက်ပါ့မယ်..."ဖုန်းကျားတုံး ပြောလိုက်ပြီး "ဒါပေမယ့် အဲ့တာက ကိစ္စကြီး‌မဟုတ်ဘူးလို့တော့ ထင်တာပဲ..နိုင်ငံခြားက လာတဲ့ ကျောင်းသားတွေက ပွင့်လင်းမြင်သာပြီး လွတ်လပ်မှုကို ထောက်ခံတဲ့သူတွေလေ..သူတို့နိုင်ငံမှာဆို ဒါက အနုပညာ ယဉ်ကျေးမှုလို‌တောင် ဖြစ်နေပြီ...ဒီလောက်ထိ ဇာချဲ့နေစရာ မလိုဘူးလို့တော့ ထင်တာပဲ.. "

ဖူး....ဟားဟား....

လင်းရီ မထိန်းနိုင်တော့ပဲ အသံထွက် ရယ်မောမိလိုက်၏။

"ခင်များ အမှုဆောင်အရာရှိ ဖြစ်လာတာ မဆန်းတော့ပါဘူး...ဒီလို ကိစ္စမျိုးကိုတောင်မှ အနုပညာယဉ်ကျေးမှုလို့ မြင်တတ်တဲ့ ခင်များရဲ့ ဦးနှောက်ကို ကျုပ်ရွှေတောင်ချထားချင်လိုက်သေး... .."

"ငါခု ကျောင်းအုပ်ကျောက်နဲ့ စကားပြောနေတာ...မင်း၀င်မပါနဲ့..ကိုယ့်အဆင့်ကိုယ်သိ..."

ကျောက်ချီ ဖုန်းကျားတုံးကို အေးစက်စွာ ကြည့်လိုက်ပြီး "လင်းရီက ကာယဆရာတင်မဟုတ်သေးဘူး..ကျောင်းရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ကြီးလည်း ဖြစ်တယ်..မင်းပြောကြည့် ..သူ့အဆင့်အတန်းက စကား၀င်ပြောခွင့် ရှိလားမရှိလားလို့.."

ဖုန်းကျားတုံး ကြက်သေသေသွား၏။ သူ့နားသူပင် မယုံနိုင်တော့ချေ။

"ကျောင်အုပ်ကျောက်..ခင်များ ဘာပြောလိုက်တယ်...သူ..သူက ကျောင်းရဲ့ ဂုဏ်သရေဆောင် ဒု‌‌‌ကျောင်းအုပ်ကြီး ဟုတ်လား..."

လင်းရီ၏ အမည်မှာ ကျောင်း၏ တရား၀င် ၀က်ဆိုဒ်တွင် ဖော်ပြထားသော်လည်း ထို၀က်ဆိုဒ်မှာ ဗန်းပြဖြစ်သောကြောင့် မည်သူကမျှ တကူးတက ကြည့်မနေကြချေ။ ထို့ကြောင် မည်သူကမျှ လင်းရီ ဒုကျောင်းအုပ် ဖြစ်သည်ကို မသိကြခြင်းပင်။

ဖုန်းကျားတုံးလည်း ထို့အတူပင်။ အကယ်၍ လင်းရီသာ ထိုကဲ့သို့သော ရာထူးခေါင်းစဉ်ကို ပိုင်ဆိုင်ထားမှန်း သိပါက ရိုင်းပြစွာ ပြောဝံ့လိမ့်မည် မဟုတ်ချေ။

"ငါက မင်းကို နောက်နေတယ်လို့များ ထင်နေတာလား"

ကျောက်ချီ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"ဒါပေမယ့် ခု ပြည်ပက လာတဲ့ ကျောင်းသားတွေက သူတို့ရဲ့ မွေးရပ်ဌာနေမှာ ဂုဏ်သတင်းကြီးတဲ့ သူတွေကြီးပဲလေ.....သူတိူ့ကြောင့်လည်း ကျုပ်တို့ရဲ့ ကျောင်းက အဲ့ဒီအသိုင်းဝိုင်းတွေကြားမှာ နာမည်ရနေတာ..ပြီးတော့ သူတို့ရဲ့ လစဉ် လှူဒါန်းတဲ့ ငွေတွေဆိုတာကလည်း မနည်းမနောပဲ....အဲ့လိုကြေးသာဆို ဂုဏ်သရေရှိ ဒုကျောင်းအုပ်ဆိုတာ သူတို့နဲ့ ယှဉ်ရင် ဘာမှ သောက်ရေးကို မပါတာ...."

ကျောက်ချီ စားပွဲပေါ် တင်ထားသည့် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး "မင်းက လှူဒါန်းတဲ့ အကြောင်းတွေ ပြောနေပြီဆိုတော့ ငါ့ဘက်ကလည်း မင်းသိအောင် ပြောပြလိုက်ဦးမယ်..."

"မင်းလည်း သိမှာပါ...ငါတို့ ကျောင်းရဲ့ ဓာတ်ခွဲခန်းထဲမှာ ပစ္စည်းအသစ်တွေ ရောက်နေတာကို..."

"ဒါပေါ့..သိတယ်လေ...ပြောကြတာတော့ အဲ့ ပစ္စည်းတွေ တန်ဖိုးက ၂၀ မီလီယမ်လောက် ရှိတယ်ဆိုပဲ..လှူဒါန်းထားတဲ့လူကတော့ ကျုပ်တို့ ကျောင်းအပေါ် ဧရာမကြီး အကျိုးပြုထားတာပဲလေ..ကျုပ်တောင် အံ့အားသင့်မိတယ်."

ကျောက်ချီ ဆေးလိပ်ကို တစ်ချက်တောက်၍ ပြာခါလိုက်ပြီး "အဲ့တာက ရေခဲတောင်ရဲ့ မြင်သာတဲ့ အပေါ်ယံ ထိပ်ဖျားလေးပဲ ရှိသေးတာ."

"အဲ့လိုဆို တခြား အကြောင်းရင်းတွေလည်း ရှိသေးတယ်ပေါ့..."ဖုန်းကျားတုံး အံ့ဩကြီးစွာဖြင့် မေးလိုက်ပြီး

"ကျုပ်လို အမှုဆောင် အရာရှိတစ်ယောက်က ဘာလို့ အဲ့ဒီအကြောင်းတွေ မသိရတာလဲတဲ့..."

"ဘာလို့လဲဆိုတော့ ဆရာလင်းက သိုသိုသိပ်သိပ်နေချင်တယ်ဆိုလို့ ငါက မကြေညာပေးတာ..."

"ဟမ်...သူက ကာယဆရာလေ..သူနဲ့ ဘာဆိုင်လို့လဲ...."

"ငိုးမ ဦးနှောက်နဲ့တော့... အဲ့ဒီ ပစ္စည်းတွေ လှူဒါန်းတဲ့ ပိုင်ရှင်က ဆရာလင်းပဲလို့ ပြောနေတာ..."ကျောက်ချီပြောလိုက်ပြီး "ခုကော မင်းဘယ်လိုထင်လဲ..ဆရာလင်းရဲ့ လှူဒါန်းငွေနဲ့ ယှက်ရင် မင်းရဲ့ ပြည်ပကျောင်းသားတွေက ယှဉ်နိုင်သေးရဲ့လားလို့..."

ဖုန်းကျားတုံး ကြက်သေသေသွားခဲ့ပြီး နေရာ၌ မိုးကြိုးပစ်ခံရသလို တောင်းတောင့်ကြီး ရပ်နေမိတော့၏။

အချိန်တစ်ခုလောက်အထိ သူ လင်းရီ ၏ အထောက်အထားကို လုံး၀ လက်ခံနိုင်သည့် ခွန်အား မရှိချေ။

"သူ....သူက အဲ့လောက်တောင် ချမ်းသာတယ်တဲ့လား..."

"ဒါတောင် ပါးပါးလေးပဲ ရှိသေးတယ်.."ကျောက်ချီ အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်ပြီး "အဲ့ဒီပစ္စည်းတွေကို ဆရာလင်းက လှူဒါန်းရုံတင် မကဘူးနော်..ကျိုးဟိုင်ရဲ့ လုံရှင်း သုတေသန စင်တာကလည်း ဆရာလင်း အပိုင်ပဲ..ဆရာလင်းရဲ့ နာမည်ကြောင့်မို့ ငါတို့ကျောင်း ပရောဂျက်တွေလည်း အဲ့ဒီစင်တာရဲ့ အကူညီနဲ့ အများကြီး ပြီးမြောက်သွားပြီ..ခု အဲ့ဒီ ပြည်ပကျောင်းသားတွေဆီက မဖြစ်‌စလောက် ရန်ပုံငွေလေးက ဆရာလင်းရဲ့ အကျိုးဆောင်မှုတွေနဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတလာလား...ရိုင်းရိုင်းပဲပြောလိုက်မယ် မင်းရဲ့ သောက်ချီးစားတဲ့ ဦးနှောက်နဲ့ စဉ်းစားကြည့်လိုက်တော့..."

ဖုန်ူကျားတုံး မျက်နှာ အရုပ်ဆိုးသွားခဲ့သည်။ လင်းရီတွင် ထိုမျှ ခမ်းနားကြီးကျယ်လှသည့် အထောက်အထားတစ်ခု ရှိနေလိမ့်မည်လို့ ထင်မထားချေ။

ယခု အခြေနေနှင့်ဆိုပါက သူလင်းရီကို ပြစ်မှား၍ မရရုံတင်သာမက တစ်ကျောင်းလုံးကပင် လင်းရီကို သူတို့ ဘိုးဘေးသဖွယ် ကိုးကွယ်ထားသင့်ပေသည်။

ပြည်ပကျောင်းသား အနည်းငယ်လောက်ကို ပညာပြလိုက်သည်ကတော့ မပြောပလောက်တော့ချေ။

"အာဟား..အဲ့လိုဆို ဒါတွေ အကုန်လုံးက အထင်လွဲသွားတာပေါ့.."ဖုန်းကျားတုံး ၏ သဘောထားမှာ ရုတ်ချည်းပြောင်းလဲသွားပြိး အပြုံးလေးဖြင့် "အားလုံးက တစ်လှေတည်းစီးနေကြတော့မှ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့ဗျာ..ကျုပ်ပြန်ရောက်မှပဲ အဲ့ကောင်တွေကို သင်ခန်းစားပေးလိုက်ပါ့မယ်..."

ထိုသို့ ပြောပြီးနောက် ဖုန်းကျားတုံး ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ရုံးခန်းထဲမှ ထွက်လာပြီးနောက် စိတ်သက်သာရာရစွာ သက်ပြင်းမောကြီးတစ်ချက် ချလိုက်သည်။

ဖုန်ူကျားတုံး ထွက်ခွာသွားပြီးနောက် ကျောက်ချီ လင်းရီကို ကြည့်၍ "ဆရာလင်း..ကျွန်တော် ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ပေးရမလဲ..."

"ကျုပ်က ဒီတိုင်း ကာယဆရာလေးပါ..ကျုပ်မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး..ဆိုတော့ ကျောင်းအုပ်ကျောက် စိတ်ကြိုက်သာ ဆုံးဖြတ်ပါ..."

ကျောက်ချီ မျက်မှောင် အနည်းငယ် ကြုတ်မိလိုက်သည်။ လင်းရီ ဘာမျှ မပြောသော်လည်း သူ၏ စကားလုံးများက သူ့သဘောထား၏ အတိမ်အနက်ကို ဖော်ပြနေလေသည်။

"ဖုန်းကျားတုံးရဲ့ နောက်ခံက လီတဲ့ထျန်လို မဟုတ်တော့ အချိန်တစ်ခုလောက်တော့ ကြာပါလိမ့်မယ် ဆရာလင်း..."

"သင့်တော်သလိုသာ လုပ်ပါ ..ဘာပဲပြောပြော ခင်များက ကျောင်းအုပ်လေ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "အဲ့တာထက် ကျုပ် ကျောင်းမှာ အဲ့ဒီ ပြည်ပက လာတဲ့ ကျောင်းသားတွေကို ဆက်မမြင်ချင်တော့ဘူးဗျာ..."

"စိတ်ချပါဗျ..ကျုပ် အလေးအနက်ထားပြီး ဆောင်ရွက်ပေးပါ့မယ်..."

"အင်း..နေ့လည်တောင် ရောက်နေပြီပဲ..ထမင်းသွားစားလိုက်ဦးမယ်..နောက်မှ တွေ့ကြတာပေါ့..."

လင်းရီ ပျင်းရိစွာဖြင့် အညောင်းဆန့်လိုက်ပြီးတစ်ခုခုစားရန် ကန်သင်းသို့ သွားရန် ဟန်ပြင်လိုက်သည်။

".ချောင်ကျားတုံး ခါးကြဉ်ကြဉ် ခြေတံရှည်ရှည်နဲ့ ကောင်မလေးကို ကာယိန္ဒြေ ထိပါးနှောင့်ယှက်နေပါ

တယ်ဗျို့....လာကြည့်ကြပါဦးဗျို့...."

All Chapters