← Chapters

အခန်း (၂၆၂)

Vol. 18 Ch. 262

အခန်း (၂၆၂)

Vol. 18 Ch. 262

"ဟမ်...ကျောင်းသူလေးကို ကာယိန္ဒြေ ပျက်ပြားအောင် လုပ်နေတယ်..."

လင်းရီနှင့် ကျောက်ချီတို့ ကြက်သေသေသွားကြ၏။

ဘယ်လိုငရဲလဲဟ..

ဒီကောင်က ခုလေးတင် ဒီကထွက်သွားပြီးတော့ ကျောင်းသူလေးကို ကာယိန္ဒြေပျက်ပြားအောင် သွားလုပ်နေတယ်ပေါ့...

ဖုန်းကျားတုံးရဲ့ IQနဲ့ဆို ဒီလိုတော့ မလုပ်လောက်ဘူးမလား...

"ဆရာလင်း..ကျုပ်တို့ သွားကြည့်ရအောင်ဗျာ..."

"အင်း..ကောင်းပါပြီ."

လင်းရီနှင့် ကျောက်ချီတို့ တံခါးဖွင့်၍ ထွက်လာခဲ့ကြ၏။

သူတို့ ရောက်ဘာသည့်အချိန်တွင်တော့ ဖုန်းကျားတုံး၏ ရုံးခန်းတစ်ဝိုက်တွင် လူများ စုပြုံနေသည်ကို မြင်လိုက်ရသည်။

အများစုကိုတော့ လင်းရီ ရင်းနှီးနေသယောင် ရှိနေပြီး ရေကူးကလပ်မှ ကျောင်းသူ/သား များပင်။

'ဟမ်...ဒီကောင်တွေက ဘာလို့ ဒီရောက်နေကြတာလဲဟ..ဟိုပြည်ပကျောင်းသားတွေ ရေသောက်မသောက် စောင့်ကြည့်နေရမှာ မဟုတ်ဘူးလား'

လင်းရီနှင့် ကျောက်ချီတို့ ရောက်လာခဲ့ပြီး ရုံးခန်းတွင်တော့ ကောင်မလေးတစ်ဦး ကြမ်းပြင်ပေါ်တွင် ဒူးနှင့်မျက်ရည်သုတ်နေသည်ကို မြင်လိုက်ရ၏။

ထိုကောင်မလေးမှာ ကြိုးသိုင်းပါသည့် စကတ်ကို ၀တ်ဆင်ထားပြီး ပခုံးရှိ ကြိုးသိုင်းမှာ လက်မောင်းအောက်သို့လျှောကျနေပြီး ဆံပင်များမှာလည်း ရှုပ်ထွေးနေလေသည်။

"အီးဟီး....တီချယ်လင်း..ကျောင်းအုပ်ကျောက်...ဆရာတို့ သမီးအတွက် တရားမျှတမှုကို ယူပေးရမယ်နော်...ဒီလူယုတ်မာကြီး သမီးကို အနိုင်ကျင့်တယ်...သမီးအသက်ဆက်မရှင်တော့ဘူး...အီးဟီး...."

လင်းရီ :"...."

'အမိ..ငိုမယ်ဆိုလည်း မျက်ရည်လေး ဘာလေးကျအောင် ငိုလေကွာ...ဟန်ဆောင်နေတယ်ဆိုတာ ဒီလောက်ထိ သိသာနေတာကို'

"မြန်မြန်...မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်တင်လိုက်....ဒါမှ ဒီဘိုးတော်ရဲ့ စရိုက်ကို လူတိုင်းက သိကုန်ကြမှာ..."

"ဟုတ်တယ် ဟုတ်တယ်.. Douyin ပေါ်မှာလည်း တင်ပစ်ရမယ်...ဘိုးတော်ကြီးဖြစ်ပြီး သူ့အသက်ကြီးမှ အားမနာ...မိန်းမ‌ငယ်လေးကို မဖွယ်မရာ လုပ်ချင်နေတဲ့ကောင်ကို အပြစ်ပေးသင့်တယ်..."

"ပြီးတော့ ပြည်ပက လာတဲ့ကျောင်းသားတွေကို အထူးအခွင့်ရေး ပေးထားတာတွေကော ဖော်ထုတ်ပစ်ရမယ်...သူ့လိုလူမျိုးကို ငါတို့ကျောင်းမှာ ဆက်မထားသင့်တော့ဘူး..."

ကျောင်းသား အုပ်ကြီး၏ မခံမရပ်နိုင်ဖြစ်နေသည့် အမူအရာကို မြင်တော့ ထိုသူများမှာ ဆက်လက်သည်းမခံနိုင်တော့ကြောင့် လင်းရီ မှန်းဆမိလိုက်သည်။ မဟုတ်ပါက ယခုလိုမျိုး ဂွင်ဆင်လိမ့်မည် မဟုတ်ချေ။

"ဖုန်းကျားတုံး...မင်းဒါကြီးကတော့ တော်တော်လွန်သွားပြီ...ပြည်ပက ကျောင်းသားတွေကို ကာကွယ်ပြောပေးပြီး ဒီပြန်လာတော့ ကျောင်းသူလေးကို မဖွယ်မရာ လုပ်ဖို့ ကြိုးစားနေတယ်တဲ့လား...အဲ့တာများ ငါ့ကို သိုးမည်းလို့တောင် လာခေါ်နေလိုက်သေးတယ်ပေါ့..မင်းကမှ ကိုယ်ကျင့်တရား ပျက်ပြားနေတဲ့ကောင်ပဲကွ..."

"မင်း ဘာတွေ လာပြောနေတာလဲဟျောင့်...ငါဘာမှ မလုပ်ဘူး...ငါရုံးခန်းကို ပြန်လာရုံရှိသေးတယ်..အဲ့မိန်းကလေးကပဲ ပြေး၀င်လာပြီး ငါ့ကို ဘာပြုတယ် ညာပြုတယ် အော်နေတာလေကွာ..ဒါငါ့ကို သက်သက် လုပ်ကြံတယ်ဆိုတာ ထင်ရှားနေတာပဲ မဟုတ်လားကွ...."ဖုန်းကျားတုံး အထိတ်ထိတ် အလန့်လန့်ဖြင့် ရှင်းပြလိုက်သည်။

"ဒီမှာ အဘိုးကြီး ရှင်ဘယ်လိုလူလဲဆိုတာ မသိဘူးများ မှတ်မနေနဲ့..ရှင် ကျွန်မလက်ကို မသိမသာ ထိကပါးရိကပါး လုပ်သေးတယ်နော်..ကျွန်မကလည်း နစ်နာသူတွေထဲက တစ်ယောက်ပဲရှင့်..."

ကောင်မလေးတစ်ယောက်မှ ပြောလိုက်သည်။

"ငါကောပဲ ငါကောပဲ..အရင်နှစ်၀က်တုန်းက ငါ သုံးဘာသာ ကျခဲ့တယ်လေ..အဲ့တုန်းက သူငါ့ကို ရုံးခန်းထဲခေါ်ပြီးတော့ လျှောက်လည်ပေးရင် နောက်စာမေးပွဲမှာ အမှတ်ကောင်းပေးမယ်လို့ ပြောတယ်...ဒါကေမယ့် ငါသဘောမတူလိုက်ဘူး.."

"ထင်သားပဲ..ဒီဘိုးတော် ကျောင်းသူတွေကို မဖွယ်မရာ အကြည့်တွေနဲ့ လိုက်ကြည့်နေကတည်း လူကောင်းမဟုတ်မှန်း သိသာတယ်..."

"တစ်လောတုန်းကလည်း ငါကန်သင်းမှာ ထိုင် တုန်းက သူ ကန်သင်းက ကောင်မလေးတွေကို ဖွန်ကြောင်နေတာ တွေ့လိုက်သေးတယ်..ပြီးတော့ အဲ့ကောင်မလေးက သူ့ကို နံရိုးအပိုတွေ ထည့်ပေးလိုက်သေး..ဒါကြီးက ဗျုရိုကရေစတိုင်ပဲ...သူ့ လက်အောက်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ၀န်ထမ်းတွေကို အကျပ်ကိုင်ပြီးတော့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေလားတောင် ပြောလို့မရဘူး...."

ယင်းအသံများကိုကြားတော့ ဖန်းကျားတုံး သူ့နားသူပင် မယုံကြည်နိုင်တော့ချေ။

ငါသာ အမြတ်ထုတ်ချင်ရင် ရှောင်ထျန်လိုမျိုး အကိတ်လေးကိုပဲ အမြတ်ထုတ်မှာပေါ့ကွ..ဘာလို့ ကန်သင်းက အိုကြီးအိုမတွေကို သွားအမြတ်ထုတ်မှာလဲဟ...

ကျောင်းသားများ၏ အပြိုင်အဆိုင် ဝေဖန်မှုများအောက်တွင် စွပ်စွဲချက်များအားလုံးကို ဖုန်းဖြင့်မှတ်တမ်းတင်ထားကြ၏။

အိမ်သာတက်ပြီး ရေဆွဲမချသည့် ကိစ္စပင် မှတ်တမ်းတင်သည့် ဖြစ်ရပ်ထဲ၌ ပါသွားတော့၏။

သို့သော်လည်း ထိုစွပ်စွဲချက်များက မှန်လား မှားလားဆိုတာ မည်သူကမျှ အတိအကျ မသိရှိကြပေ။

ဖုန်းကျားတုံးကိုယ်တိုင်ပင်လျင် သူဘယ်ချိန်တုန်းကများ ဒီလောက်ဆိုးရွားသည့် ကိစ္စများကို လုပ်လိုက်ပါလိမ့်ဆိုပြီး သံသယ ၀င်နေလေသည်။

"အဟမြး အဟမြး အဟမြး..."

ကျောက်ချီ အကြိမ်ရေ အနည်းငယ်ခန့် ချောင်းဆိုးပြီး ပွက်ပွက်ညံနေသည့် ကျောင်းသားအုပ်ကြီးကို တိတ်ချက်သားကောင်းသွားစေသည်။

"ဖုန်းကျားတုံး လက်ရှိ အခြေနေအရ မင်းကို တာ၀န်ကနေ ခေတ္တ ရပ်ဆိုင်းထားမယ်...အခြေနေတွေကိုတော့ ပညာရေး ၀န်ကြီးဌာနစီ တင်ပြပြီးတော့မှ ပြစ်ဒဏ်ဘယ်လို ချမှတ်မလဲဆိုတာကို မင်းအိမ်မှာ ခဏနားရင်း စောင့်နေလိုက်ပေါ့ကွာ..."

ဖုန်းကျားတုံး အံ့အားသင့်သွားပြီး သူငိုချင်သလိုလိုပင် ဖြစ်လာခဲ့သည်။

ကျောက်ချီတွင် သူ့ကို အလုပ်ထုတ်ရန် အခွင့်အာဏာ မရှိသော်လည်း ကျောင်းသားထုကြီး၏ တစ်သံတည်း ထွက်နေမှုကြောင့် ရွေးချယ်စရာမရှိ အလုပ်နားရန် ဆုံးဖြတ်လိုက်ရလေသည်။

"နား..နားလည်ပါပြီ..."

ဖုန်းကျားတုံး မျက်နှာ အရုပ်ဆိုးစွာဖြင့် ထိုနေရာမှ ထွက်လာခဲ့တော့၏။ သူ‌တွင် ပစ္စည်းများ သိမ်းဆည်းရန် မုဒ်ပင် ရှိမနေတော့ချေ။

ဖုန်ူကျားတုံး ဓာတ်လှေကားထဲသို့ ခြေလှမ်းလိုက်သည့်အချိန်တွင်တော့ အထက်ပြည်သို့တိုင် ကြားနိုင်လောက်သော အားရ၀မ်းသာ အောင်ပွဲခံသည့် အသံများ ထွက်ပေါ်လာခဲ့လေသည်။။

"နောက်ဆုံးတော့ ကျောင်းမှာ လာဘူးနေတဲ့ ဘိုးတော်ကြီးကို မောင်းထုတ်နိုင်သွားပြီကွ.."

"ငါ လည်း သူ့ပို ဘယ်တုန်းကမှ ကြည့်လို့ကိုမရတာ..အကြည့်တွေက ရိုးကို မရိုးသားဘူး..."

"သူ့လိုလူမျိုးက ငါတို့ တက္ကသိုလ်မှာ နေဖို့ မသင့်လျော်ဘူး..မဟုတ်ရင် ငါ့ရဲ့ အနာဂတ် ဇနီးလောင်းလေးတွေကို စိတ်မချဘူးကွာ..."

အားလုံး ချီးမြှောက်ကျရင်း မိန်းကလေး ဆယ်ယောက်လောက်ခန့်မှာ လင်းရီအနားသို့ ဝိုင်းရံလာကြလေသည်။

"တီချယ်လင်း..အဆင်ပြေရဲ့လားဟင်...တီချယ့်ကို သေမတတ် စိတ်ပူနေမိတာ သိလား..နောက်ဆုံးတော့လည်း ကြံမိကြံရာ ဒီလို ဇာတ်ကလိုက်တာလေ..."

"ဘာတွေစိတ်ပူနေတာတုန်းဟ..တကယ်လို့ ငါသာ ကြောက်တယ်ဆိုရင် သူ့ကို ပြန်ခံပြောဝံ့မှာတောင် မဟုတ်ဘူး..."

ကျောက်ချီ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ အစက သူ သတိမမူမိသော်လည်း ယခုမှသာ သတိပြုမိသွားလေသည်။

ဒီကောင်မလေးတွေ ရူးသွပ်လာရင် နျူကလီးယားထက်တောင် ကြောက်ဖို့ ကောင်းတာပဲကွ....

ဟင်း...ရုပ်ချောတော့လည်း ကောင်းတာပေါ့ကွာ...

"ကောင်းပြီ..မိချောတို့ လူစုခွဲကြမယ်..ဒီနေ့ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို အင်တာနက်ပေါ် မတင်ရဘူး..အိုကေတယ်နော်..."

"အဲ့တာတော့ စိတ်ချ တီချယ်..သမီးတို့က တီချယ့်ကို စိတ်ပူလို့ ဒီလို မျိုးတွေ လုပ်လိုက်တာ..မှတ်တမ်းတင်ထားတာတွေတော့ မတင်ဘူးဆိုသာ စိတ်သာချ..."

"အဲ့လိုဆိုရင်လည်း ပြီးတာပါပဲ...မင်းတို့ အရင်သွားနှင့်ကြ...."

"ဟုတ်.."

လင်းရီ၏ ညွှန်ကြားမှုအောက်တွင် အားလုံး လူစုခွဲသွားကြပြီး ယခင်က ဆူညံနေသည့် ကော်ရစ်ဒါမှာ ယခု ငြိမ်သက်လို့ သွား၏။

တင်း တောင်

ဓာတ်လှေကားတံခါး ပွင့်လာပြီး ကောင်မလေးတစ်ဦး လက်ထံတွင် ဖာနှစ်ခုနှင့်အတူ ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။

လင်းရီ တစ်ချက်ရှိုးကြည့်လိုက်သောအခါ ရေကူးကလပ်မှ ၀မ်ရန် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"တီ....တီချယ် ..အဆင်ပြေတယ်မို့လားဟင်.."

၀မ်ရန် လင်းရီနှင့် အလှမ်းသိပ်မကွာဝေးသည့် နေရာ၌ ရပ်၍ မေးမြန်းလိုက်သည်။

"အင်း ပြေတယ်..အားလုံး အိုကေသွားပြီ.."လင်းရီ ပြုံးလိုက်ပြီး "ဘာမှသာ မလွဲချော်ဘူးဆိုရင် ဖုန်းကျားတုံးတော့ သေချာပေါက် အဘုပ်ဖြုတ်ခံရတော့မှာ..."

"အိုး...ကောင်းတာပေါ့ရှင်..."၀မ်ရန် ပြောလိုက်ပြီး "တီချယ်...ဒါ တီချယ့် အတွက်..."

လင်းရီ ၀မ်ရင်း ကမ်းပေးလာသည့် ဖာနှစ်ခုထဲသို့ လှမ်းကြည့်လိုက်သောအခါ အထဲတွင် ဆေးပလာစတာနှင့် PVP ဆေးရည်ရှိနေကြောင်း တွေ့လိုက်ရသည်။

"အမ်..ဒါတွေက ဘာလုပ်ဖို့လဲ..."

"စောန ရန်ဖြစ်တုန်းက တီချယ့်လက် ထိခိုက်သွားလို့လေ...အဲ့တာကြောင့်မို့ တီချယ့်အတွက် ဆေးတွေ ‌၀ယ်လာခဲ့ပေးတာ..."

"ဟမ်...ဒဏ်ရာရတယ်..."

လင်းရီ သူ့လက်ကို မြှောက်ကြည့်လိုက်သောအခါ သူ၏ ညာဘက်လက်၌ တစ်စင်တီမီတာလောက် ရှည်လျားသည့် ပြတ်ရှရာတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ သွေးအနည်းငယ်စို့နေသော်လည်း ဆက်ထွက်နေခြင်းတော့မရှိချေ။

အကယ်၍ ၀မ်ရန်သာ မပြောလာပါက လင်းရီ သတိပြုမိလိမ့်မည်တောင် မဟုတ်ပေ။

"အဲ့တာတွေ ကိုယ့်ဘာကိုယ် သိမ်းထားလိုက်တော့..ရှတယ်ဆိုပေမယ့် သိတောင်မသိလိုက်ဘူး...."လင်းရီ အမူအရာမပျက် ပြောလိုက်သည်။

"ဆေးပလတ်စကာ ကပ်လိုက်တော့ ပိုကောင်းတာပေါ့တီချယ်ရယ်...တော်ကြာ တီချယ့်အနာထဲ ပိုး၀င်သွားတော့မှဖြင့် ပိုဆိုးနေပါဦးမယ်"၀မ်ရန် နူးညံ့သိမ်မွေ့စွာ ပြောလိုက်၏။

"ပြီးတာပဲလေ..အဲ့တာဆိုလည်း ကိုယ့်ဘာကိုယ် ကပ်လိုက်မယ်..."

လင်းရီ ပြုံးလိုက်ပြီး ၀မ်ရင်းထံမှ ဆေးပလာစတာကို ယူလိုက်သည်။

"ဟုတ် တီချယ် အဲ့တာဆို သမီးသွားတော့မယ်နော်..တာ့တာ..."

၀မ်ရင်း လင်းရီကို လက်ပြနှုတ်ဆက်ရင်း ရှက်သွေးဖြန်းလျက် အဝေးသို့ ပြေးထွက်သွားတော့၏။

"အယ်..ငါက ဘာလုပ်လိုက်လို့ လာကျေးဇူးတင်နေတာ..."

လင်းရီ ရေရွတ်လိုက်ပြှး "အင်း...သူ့ကို ဟိုကောင်တွေ လက်ထဲက ကယ်ပေးလိုက်လို့ နေမှာပါလေ..."

"ဆရာလင်း..ကိစ္စတွေလည်း ပြီးပြီဆိုတော့ ကျုပ်ရုံးခန်းထဲ ပြန်တော့မယ်ဗျာ..."ကျောက်ချီ ပြောလိုက်သည်။

လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး သူကိုယ်တိုင်လည်း ကျောင်းကော်မတီ ရုံးခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

လင်းရီ ပြန်လာသည်ကိုမြင်တော့ ရှောင်ထျန်နှင့် စုန့်ကျားတို့ မတ်တပ်ရပ်လိုက်ကြသည်။

"လင်းရီ..နင်အဆင်ပြေရဲ့လား..ဖုန်းကျားတုံးက နင့်ကို ခက်ခဲအောင် လုက်လိုက်သေးလား.."

"သူလား..အလုပ်ဖြုတ်ခံရတော့မယ့်ကောင်က ငါ့ကို ဘယ်လိုလုပ် ခက်ခဲအောင် လုပ်နိုင်မှာလဲတဲ့..."

"အလုပ်ထုတ်ခံရမယ်..."

လင်းရီ စောနက ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောပြပြီးသည့်အချန်တွင်တော့ ရှောင်ထျန်နှင့် စုန့်ကျားတို့ မျက်လုံးအပြူးသားလေးဖြစ်နေကြသည်။

လင်းရီက နည်းနည်းလေး မကြမ်းတမ်းလွန်းဘူးလားဟ...

ကျောင်းရောက်တာတောင် ဘယ်လောက်မှ မကြာသေးဘူး..ဒုကျောင်းအုပ်နှစ်ယောက်ကို ထုတ်ပစ်လိုက်တယ်...

ဘယ်လိုတောင် နတ်ဘုရား ဆန်တဲ့ လူပါလိမ့်...

All Chapters