အခန်း (၂၆၃)
Vol. 18 Ch. 263
" ငါ့ကို အဲ့လိုကြီး လာကြည့်မနေနဲ့ဟ..မင်းသား မဟုတ်ဘူး...ခု ဗိုက်အတော်လေးဆာနေပြီ....စားစရာရှိရင် ကျွေးဦး..ခဏနေကျရင် ဘတ်စကက်ဘော အတန်း သွားသင်ရတော့မှာ..."
"ဟုတ် အစ်ကိုလင်း ခဏစောင့်ဦးနော်..ကျွန်မ တစ်ခုခုသွားယူလာခဲ့ပေးမယ်..."စုန့်ကျား ပြောလိုက်သည်။
လင်းရီ အတော်လေး စိတ်ညစ်နေ၏။
ဟူး...အတန်းချိန်တစ်ချိန်တော့ သွားပါပြီကွာ..နှမြောဖို့ ကောင်းလိုက်တာ..ရင်နာလို့ကို မဆုံးဘူး..
လင်းရီ နေ့လည်စာ စားနေစဉ် ကျောက်ချီ ရှောင်ထျန်ထံသိူ့ ဖုန်းခေါ်လာခဲ့၏။
"ဟုတ်ကဲ့ ဥက္ကဌကျောက်..ကျွန်မ အခုပဲ ကြေညာလိုက်ပါ့မယ်..."
"ဟုတ် ဟုတ် နားလည်ပါပြီရှင့်..."
ထို့နောက် ရှောင်ထျန်ဖုန်းချလိုက်ပြီး တစ်ချိန်တည်းတွင် လင်းရီကို ကြည့်လိုက်လေသည်။
"ငါ့ကို ဘာလို့ အဲ့လို လာကြည့်နေတာ..ဒီနေရာက ရုံးခန်းနော်..နံရံတွေက အသံမလုံဘူး..."
"ကောင်စုတ်..ဘာတွေ လျှောက်တွေးနာ..."ရှောင်ထျန် ပြောလိုက်ပြီး "ဥက္ကဌကျောက်က ခုလေးတင် ဖုန်းဆက်လာတယ်..သူ ပြည်ပကျောင်းသားတွေ ကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ချက်တယ်တဲ့...ဒါပေမယ့် အခွင့်အာဏာကိုတော့ နင့်ဆီပေးထားခဲ့တယ်...ဘယ်လို ကိုင်တွယ်မလဲဆိုတာ နင်ဆုံးဖြတ်ပါတဲ့..."
"ဟုတ်လား..အဲ့တော့ ငါက ဘာလုပ်ရမှာ....ထွေထူး စဉ်းစားမနေနဲ့... အကုန်ကျောင်းထုတ်ပစ်လိုက်.."
"အွန်း..အဲ့တာဆို ခုပဲ သွားကြေညာလိုက်တော့မယ်..."
လင်းရီ ရှောင်ထျန် ၀ယ်လာပေးသည့် ခေါက်ဆွဲခြောက်ကို စားနေရင်း "နိုင်ငံတကာ ကျောင်းသားတွေအတွက် အထူးထုတ်ထားတဲ့ စည်းမျဉ်းတွေကော ရှိသေးတယ်မလား..."
"အွန်း...နည်းနည်းတော့ ရှိသေးတယ်..."
"အကုန်ဖျက်သိမ်းပစ်လိုက်...သူတို့ကို စောက်ဆရာကြီးအထာ ဖမ်းလို့ရစေမယ့် စည်းမျဉ်းတွေ တစ်ခုမှ မချန်ထားနဲ့..."
လင်းရီ ပြောလိုက်ပြီး "ပင်းချန် တက္ကသိုလ်က ကျောင်းအကောင်းစားကြီးတော့ မဟုတ်ဘူးဆိုပေမယ့် သူ့ဂုဏ်သိက္ခာနဲ့သူတော့ ရှိနေတုန်းပဲ...အဲ့ကောင်တွေကို ပြောလိုက်..စည်းမျဉ်းတွေကို လိုက်နာနိုင်ရင်နေ..မလိုက်နာနိုင်ရင် ထွက်လို့..."
"ကောင်းပြီလေ..ငါတစ်ယောက်ယောက်ကို ကြေညာခိုင်းထားလိုက်မယ်..ဒီကိစ္စက မနက်ဖြန်ဆို ပြီးပြီ..."
"အိုကေ..."
နာရီ၀က်ကြာပြီးနောက် ရှောင်ထျန် ၊ စုန့်ကျားနှင့် ကျန်သူများအားလုံး လင်းရီ ပြောသည့် ကြေညာချက်ကို ထုတ်ပြန်လိုက်လေသည်။
ကြေညာထုတ် ထုတ်လိုက်သည့်အချိန်တွင်တော့ ကျောင်းဖိုရမ်၌ဂယက်အကြီးကြီး ထသွားခဲ့သည်။
မရေမတွက်နိုင်သော ကျောင်းသားများမှ တစ်ညီတစ်ညွှတ်တည်း ထောက်ခံခဲ့ကြပြီး မြင်ရခဲသည့် သွေးစည်းညီညွှတ်မှုကို ပြသခဲ့ကြသည်။
စနစ်မစ်ရှင်ကြောင့် ကျောင်းသို့ရောက်နေသောလင်းရီမှာ သူ၏ အမှတ်မထင် ဆုံးဖြတ်ချက်လေးတစ်ခုက တစ်ကမ္ဘာလူံး၏ ပညာရေးနယ်ပယ်ကို ကြီးစွာသော လွှမ်းမိုးမှုမျာ ဖြစ်ပေါ်သွားလိမ့်မည်လို့ သူကိုယ်တိုင်ပင် ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။
နေ့လည်ခင်းအချိန် လင်းရီ ဘတ်စကက်ဘောကလပ်သို့ ရောက်သွားသည့်အချိန်တွင်တော့ ထိုငတိလေးများမှ သူ့ကို လက်ခုပ်ဩဘာမျာဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ၏။
ကြိုဆိုပွဲလေးမှာ ရိုးရှင်းသောလည်း ၎င်းတို့၏ လေးစားမှုကို ဖော်ပြရန် လုံလောက်ပေသည်။
"လက်ခုပ်တီးမနေကြနဲ့ တီးလည်း လေးခေါက်ပဲ ..မတီးလည်း လေးခေါက်ပဲ..ခုစတော့..."လင်းရီ ပြောလိုက်၏။
"ငိုးပဲ ..ဒီလိုမှန်းသိရင် လက်ခုပ်မတီးပါဘူးကွာ..."
"ငိ ..မင်း မတီးရင် ရှစ်ခေါက်လောက် ပြေးနေရဦးမယ်..."
အတန်းပြီးနောက် လင်းရီ ရုံးခန်းသိူ့ ပြန်သွား မနေတော့ပဲ ကားပါကင်သို့ သွားကာ အိမ်တန်းပြန်ရင် ဆုံးဖြတ်လိုက်လေသည်။
"တီချယ်လင်း..."
လင်းရီ ရုတ်တရက် ဆိုသလို ၀မ်ရန်၏ အသံကို ကြားလိုက်ရ၏။
၀မ်ရန်ကတော့ ဂျင်းအပြာနှင့် အနက်ရောင် ရှပ်ကို ၀တ်ဆင်ထားပြီး ရိုးစင်းသည့်အလှတရားကို ခံစားသိမြင်စေသည်။
"တီချယ် လက် နာနေသေးလားဟင်..."
သူမ ၀ယ်လာပေးသည့် ဆေးပလာစတာမှာ ဘာမျှ အသုံးမ၀င်သောကြောင့် လင်းရီ ပြောရမှာကိုတောင် ရှက်လာ၏။
"အာ...မနာတော့ပါဘူး.."လင်းရီပြုံးလိုက်ပြီး "မင်းပေးတဲ့ ဆေးပလာစတာနဲ့ ဆေးရည်ကိုကျတော့ ရူံးခန်းထဲမှာ သိမ်းထားလိုက်တယ်..နောက်လိုလည်း သုံးလို့ရတာပေါ့..."
"အွန်း..အားကစား လုပ်ရင် ထိခိုက်ဒဏ်ရာက အမြဲရတတ်တယ်လေ..တီချယ် သိမ်းထားတော့ နောက်လည်း အသုံး၀င်တာပေါ့.."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ပြန်တော့မလို့လား.."
"အွန်း...သမီး အိမ်မှာ တစ်ခုခု လုပ်စရာရှိလို့လေ..အဲ့တာကြောင့် ပြန်မှ ဖြစ်မှာ..."
"အတော်ပဲ..ငါလည်း ရုံးဆင်းပြီဆိုတော့ လိုက်ပို့ပေးမယ်လေ..."
"နေ နေ ..ရတယ် တီချယ်..."၀မ်ရန် ချက်ချင်း ငြင်းဆန်လိုက်ပြီး "သမီးက နေ့တိုင်း ဘတ်စ်ကားစီးပြီး အိမ်ပြန်နေကျ...တော်နေ တီချယ်လင်းကို ဒုက္ခပေးသလို ဖြစ်နေပါဦးမယ်..."
"ဘာဒုက္ခလဲ.."လင်းရီ မေးလိုက်ပြီး "ငါ့ကားက အစုတ်ကြီးမို့ လိုက်မစီးချင်တာလား..."
"အာ...မဟုတ်ရပါဘူးရှင်...အဲ့လို သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး.."၀မ်ရန် လက်အကြိမ်ကြိမ် ခါရမ်း၍ ရှင်းပြလိုက်၏။
"အဲ့တာဆိုလည်း လာ တက်လေ..ငါလည်း အားနေတာနဲ့ အတော်ပဲ.."
"အဲ့တာဆိုလည်း တီချယ်လင်းကို အလုပ်ရှုပ်စေမိပြီ..."
လင်းရီ ကားတံခါးဖွင့်လိုက်ပြီး နှစ်ယောက်အတူ ကားထဲသို့ ၀င်သွားကြ၏။
ကားထဲတွင် ၀မ်ရန်၏ နှလုံးသားလေးကတော့ ကဆုန်ပေါက် ပြေးလွှားနေလေသည်။
ဆရာလင်းက ကျောင်းရောက်တာ မကြာသေးဘူးဆိူတော့ ဆရာလင်းရဲ့ ကားထဲမှာ ပထမဆုံး ထိုင်တဲ့ မိန်းကလေးက ငါပေါ့နော်....အဟိ...
ယင်းကို တွေးမိတော့ ၀မ်ရန် မျက်နှာ ရဲကနဲ ဖြစ်သွားသည်။
အကယ်၍ သူမ အခန်းဖော်များသာ သိသွားပါက သူမကို သေချာပေါက် မနာလို ဖြစ်ပေလိမ့်မည်။
"အိမ်က ဘယ်နားမှာလဲ..."
"ရှူးကွမ်းခရိုင် ၊ အန်ပင်းလမ်း..."
"အယ်...အဲ့ခရိုင် ဘယ်နားရှိလဲတော့ မသိဘူး .မင်းလမ်းပြမှရမှာနော်..."
"ဟုတ်ကဲ့..အဲ့တာဆိုလည်း သမီးကပဲ လမ်ူပြလုပ်ရတာပေါ့ရှင်..."
၀မ်ရန် ချိုမြိန်စွာ ပြောလိုက်လေသည်။
လမ်းတစ်လျှောက်တွင်တော့ ဆရာတပည့်နှစ်ယောက် စကားတပြောပြောဖြင့် မောင်းလာခဲ့၏။
၀မ်ရန်ကတော့ ကားထဲတွင် ဒူးနှစ်ဖက်တုပ်၍ ထိုင်နေပြီး တုတ်တုတ်မျှ မလှုပ်ရဲပေ။
ယင်းအချက်ကို လင်းရီ နားလည်ပေးနိုင်သည်။ အတိတ်တွင် ကျီချင်းရန်လည်း သူ့ကားထဲ၌ ထိုင်ခါစတွင် ဒူးနှစ်ဖက်စု၍ ထိုင်ခဲ့၏။ သိူ့သော်လည်း ထိုအချိန်က သူမမှာ စကတ်တိုလေး ၀တ်ထားသောကြောင့် ပို၍ အမြင့်တင့်ပေသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ ထိုကောင်မလေး ဒူးတုပ်ထိုင်သည်ကို မြင်ရန် ဝေးစံ ထိုကောင်မလေး ဒူးထောငါပေါင်ကား၍ မထိုင်သည်ကိုပင် ကျေးဇူးတင်ရမလို ဖြစ်နေလေ၏။
"တီချယ်...သမီးရဲ့ အိမ်က အဝေးကြီးမှာနော်....ဒီမှာပဲ ဆင်းလိုက်ရင်ကော...."
၀မ်ရန် အားနာဟန်ဖြင့် ပြောလိုက်သည်။
"ရတယ်..ငါလည်း ဘာမှလုပ်စရာမရှိဘူး..ပို့မယ့်ပို့တော့ ရောက်အောင်ပို့တာပေါ့..."
"ဟုတ် အဲ့တာဆိုလည်း ကျေးဇူးပါနော်..တီချယ်..."
ကလင် ကလင် ကလင်
၀မ်ရန် စကားပြောနေတုန်း သူမ အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့သည်။ သို့သော်လည်း သူမ ဖုန်းမဖြေပဲ ပြန်ချလိုက်၏။
သူမဖုန်ူကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်သည့်အချိန်တွင် ဖုန်းမှာ တစ်ဖန် မြည်လာပြန်သည်။
လင်းရီ၏ ထက်မြက်သည့် အသိအာရုံမှ ၀မ်ရင်း ဖုန်းမချခင် တုန့်ဆိုင်းနေကြောင်း သိလိုက်ရ၏။
အမည်မသိ နံပါတ်ဖြစ်နေမှန်း တွေ့လိုက်သော်လည်း မည်သူ့ဖုန်းနံပါတ်လဲ ဆိုတာကိုတော့ လင်းရီလည်း မသိပေ။
၀မ်ရန် ဝီချက်ဖွင့်၍ လူတစ်ယောက်နာမည်ကို ရှာပြီး စာတိုလေးငါးစောင်ခန့် ပို့လိုက်သည်။ ထို့နောက် ဖုန်းကို စက်အပြီး ပိတ်ထားလိုက်တော့၏။
နောက်ထပ် မိနစ်နှစ်ဆယ် ကြာပြီးနောက် ၀မ်ရန်၏ လမ်းညွှန်မှုအောက်တွင် လင်းရီ ရှူးကွမ်းခရိုင် ပင်အန်းလမ်းသို့ ရောက်လာခဲ့၏။
ရှူးကွမ်းခရိုင်မှာ နှစ်ပေါင်း သုံးဆယ်ကျော် သက်တမ်းရှိသည့် ခရိုင်ဟောင်းကြီးတစ်ခုဖြစ်ပြီး လင်းရီ နေဖူးသည့် ခရိုင်ထက်ပင် ပိုပြီး ရှေးကျနေလေသည်။
စက်ရုံအလုပ်သမား မိသားစုများ နေထိုင်ရာဖြစ်သောကြောင့် အတွင်းပိုင်း ဖွဲ့စည်းပုံနှင့် ပတ်၀န်းကျင် အနေအထားတို့မှာတော့ လက်ရှိ ခေတ်မှီ ခရိုင်ကြီးများနှင့် လားလားမျှ မသက်ဆိုင်ချေ။
ခရိုင်၀င်ပေါက်မှ နေထိုင်သည့် ဧရိယာသို့ ရောက်ရှိရန် ဆယ်မိနစ်ခန့် မောင်းယူရ၏။
ယင်းကလည်း လင်းရီလို စကေးရှိသည့် ဒရိုင်ဘာဖြစ်နေသောကြောင့်သာ။ အကယ်၍ သာမန်လူများဆိုပါက ယခု လမ်းများပေါ်တွင် ဒစ်လည်နေပေလိမ့်မည်။
"တီချယ်လင်း..ရောက်ပါပြီရှင့်..အိမ်လိုက်ပို့ပေးလို့ ကျေးဇူးပါနော်..."
"ရပါတယ်..မင်းလည်း ငါ့ကို ဆေးတွေ ၀ယ်ပေးထားတာပဲ မဟုတ်လား..အပမ်းမကြီးပါဘူးကွာ.."
"အဲ့တာက သမီးဘက်က လုပ်ပေးရမယ့် တာ၀န်လေ..တီချယ်ကလည်း အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူးရှင့်..."
"အင်း..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "သွားတော့လေ..ငါလည်း ပြန်တော့မယ်..."
"ဟုတ်.. တီချယ်...တာ့တာ"
နှုတ်ဆက်ပြီးနောက် လင်းရီ မောင်းထွက်ခဲ့လိုက်၏။
ယခုလိုနေရာမျိုးကို ၀င်ရသည်ထက် ပြန်ထွက်ဖို့ရာက အဆတစ်ရာလောက် ခက်ခဲလေသည်။
လင်းရီ အပြင်သို့ ရောက်သည့်အချိန်တွင်တော့ ကောင်းကင်တွင် နီညိုရောင် တိမ်အုပ်စုများကိုပင် တွေ့မြင်နေရ၏။
လင်းရီလည်း ကားမှန်ပြတင်းပေါက် ချလိုက်ပြီး လေလေးတဖြူးဖြူး တိုက်ခတ်သည့် အရသာကို ခံစားရင်း ကျိုကျုံးဗီလာသို့ မောင်းထွက်ခဲ့လိုက်၏။
သို့သော်လည်း လင်းရီ ဘတ်စ်ကားမှတ်တိုင်၌ ၀မ်ရန် လမ်းဖြတ်ကူးပြီး အမှတ် ၈၉ ဘတ်စ်ကားပေါ်တက်လိုက်သည်ကို မြင်တော့ အံ့အားသင့်သွားခဲ့သည်။
"အိမ်ပြန်ရောက်ပြီးသား မဟုတ်လားကွ...ဘာလို့ ဘတ်စ်ကားပြန်စီးနေတာလဲဟ..."