အခန်း (၂၆၄)
Vol. 18 Ch. 264
လင်းရီ ကားကို အရှိန်အနည်းငယ် လျော့လိုက်ပြီး ဘတ်စ်ကားမောင်းထွက်သွာသည့် အခါမှသာ အရှိန်တင်လိုက်သည်။
၀မ်ရန် အဘယ်ကြောင့် အိမ်သို့ ရောက်ခါမှ နောက်သို့ ပြန်လှည့်၍ လာသည်ကို လင်းရီ မသိသော်လည်း များများစားစား မမေးချင်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအပြင်လောကသိူ့ ရောက်နေပြီ ဖြစ်သောကြောင့် သူ့တွင် ၀င်စွက်ဖက်ပိုင်ခွင့်မရှိ။
၀မ်ရန်ကို မြင်ပြီးနောက် လင်းရီ ကျိုကျုံးဗီလာထံသို့ ချက်ချင်း မောင်းမသွားပေ။ ထိုအစား သူ၏ ရှာရီလေးဖြင့် လမ်းတလားပြီးတော့မှသာ ကျေနပ်အားရစွာဖြင့်အိမ်သိူ့ ပြန်လာခဲ့လိုက်သည်။
နောက်တစ်နေ့တွင်တော့ လင်းရီ ကျောင်းသွားရန် အလျင်လိုနေခြင်းမရှိ။ ယနေ့ အတန်းတစ်ချိန်သာ ၀င်စရာရှိသောကြောင့် ကျောင်းသို့ ကိုးနာရီလောက်မှသာ ရောက်လာခဲ့သည်။
လင်းရီ ကားပါကင်ထိုးပြီးခါ ရှိသေး ရှောင်ထျန်ဆီမှ ဖုန်း၀င်လာခဲ့၏။
"ရီ နင် ခုဘယ်မှာလဲ..."
ရှောင်ထျန်၏ လေသံမှာ တစ်ခုခုကို ပူပန်နေဟန်ဖြင့် အလျင်လိုနေသောကြောင့် လင်းရီ တစ်ခုခုတော့ မှားနေပြီဆိုတာ သတိထားမိလိုက်သည်။
"ငါခုမှ ကျောင်းရောက်တာ...ဘာလဲဖြစ်လို့..."
"အရေးကြီးတယ်..ကျောင်းအုပ်ကြီး ရုံးခန်းထဲ မြန်မြန်လာခဲ့..."
"အိုကေ..."
လင်းရီ အချိန်ဖြုန်းမနေတော့ပဲ ကားထဲမှ ထွက်လျင်ထွက်ချင်း ကျောက်ချီရုံးခန်းသို့ ဦးတည်လိုက်သည်။
သူတံခါးဖွင့်လိုက်သည့် အချိန်တွင်တော့ ရုံးခန်းထဲတွင် လူစုံတက်စုံဖြင့် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
ကျောက်ချီနှင့် ရှောင်ထျန်တို့အပြင် သူပထမဆုံး မြင်မိသည့်သူမှာတော့ ဂျော့ရှ်နှင့် ရိုခါ တို့ပင်။ ထို့ပြင် သူ
မနေ့က ဆော်ပလော်တီးလိုက်သော ကျောင်းသားများလည်း ရုံးခန်းထဲ၌ ရောက်ရှိနေကြ၏။
"လင်းရီ...မြန်မြန်လာ.."
လင်းရီ ရောက်လာသည်ကိုမြင်တော့ ရှောင်ထျန် သူ့ကို ဘေးသို့ ဆွဲခေါ်သွားလိုက်သည်။
"မင်းက ငါ့ကို ဒီအတွက် ခေါ်လိုက်တာပေါ့..."
ရှောင်ထျန် ကိုးရို့ကားယား ဖြစ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။ အကယ်၍ သူမနှင့် ကျောက်ချီတို့တွင်သာ ကိုင်တွယ်ရန် အစွမ်းအစရှိပါက လင်းရီကို ခေါ်လိုက်မည် တောင် မဟုတ်ချေ။
ကံဆိုးစွာဖြင့် ယခု ကိစ္စတွင် နိုင်ငံခြားသားများ ပါ၀င် ပတ်သက်လာပြီ ဖြစ်သောကြောင့် အမှုမှာ ညင်သာစွာ ကိုင်တွယ်ရမည့် ကိစ္စ ဖြစ်လာခဲ့ပြီး ထိလွယ်ရှလွယ်သည့် အမှု ဖြစ်လာခဲ့သည်။
"ဟူး...ငါဖြင့် ဘာများလည်း လို့ကွာ..လန့်လိုက်တာ....ငါ့ကို နောက်တစ်ချိန် အစားထိုး ၀င်ခိုင်းဦးမလားပေါ့...."
လင်းရီ၏ တည်ငြိမ်နေသည့် အမူအရာကိုမြင်တော့ ကျောက်ချီ နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ဆရာလင်းက မကြောက်ဘူးလားဟ..
ဒီကိစ္စသာ ပျံ့သွားလို့ကတော့ သူ့ဂုဏ်သတင်းတွေ ပျက်စီးကုန်မှာလေ...
အဆိုးဆုံးသာ ဖြစ်သွားခဲ့ရင် သူ ပညာရေးနယ်ပယ်မှာ အလုပ်ဆက်လုပ်လို့ ရမှာ တောင် မဟုတ်တော့ဘူး...
"ဆရာလင်း..ကျုပ်မိတ်ဆက်ပေးပါရစေ..."ကျောက်ချီ မတ်တပ်ရပ်၍ ပြောလိုက်ပြီး
"ဒါက ဂျော့ရှ်ရဲ့ ဖခင် ၊ မာ့ခ်..သူတို့ကတော့ ရိုခါရဲ့ မိဘ တွေ ဖြစ်တဲ့......"
"အိုကေ အိုကေ ဘာမှ မိတ်ဆက်ပေးနေစရာ မလိုတော့ဘူး...သူတို့ဘာသူတို့ ဘယ်သူကြီးပဲ ဖြစ်နေဖြစ်နေ ကျုပ် ဂရုမစိုက်ဘူး..."လင်းရီ ဂရုမစိုက်စွာဖြင့် လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
"အဖေ..သူပေါ့ မနေကကျွန်တော့်ကို အနိုင်ကျင့်ပြီးတော့ ကန်ထဲက ရေတွေ သောက်ခိုင်းတာ....ဓ့ လူ့အခွင့်ရေး ချိုးဖောက်တာပဲဗျာ... မကျေနပ်ဘူး ကျွန်တော် တရားစွဲချင်တယ်..."
"မပူနဲ့..အဖေ ငွေတွေ အများကြီးသုံးပြီး ရှေ့နေ တစ်ယောက် ငှားထားပြီးသား..ငါ့သားကျေနပ်အောင် သူလုပ်ပေးလိမ့်မယ်..."
မာ့ခ် သူ့သားကို ပြောလိုက်သည်။
"ဂျော့ရှ်..ဘာမ မစိုးရိမ်နဲ့...ငါက မင်းရဲ့ရှေ့နေဆိုတော့ ဒီကိစ္စကို ငါကပဲ ဖြေရှင်းပေးမယ်...."
သက်လတ်ပိုင်းအရွယ် ရှေ့နေတစ်ဦး မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်မှန်ကို ပင့်တင်ကာ အိတ်ကပ်ထဲမှ စီးပွားရေးကတ်ကို ထုတ်ပေးလိုက်သည်။
"ဟယ်လို မစ္စတာလင်း..ကျုပ် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါရစေ....ကျုပ်က ချိန်ကုန်း ဥပဒေဌာနက ရှေ့နေ ဟန်ရွဲ့ပါ..."
လင်းရီ ဆိုဖာပေါ်သို့ ခြေတင်ချိတ်၍ ထိုင်ချလိုက်ပြီး "စကားပလ္လင်တွေ ခံမနေနဲ့..ပြောစရာ ရှိတာကို တည့်ပြော... ခဏနေ ကျုပ် အတန်းသင်စရာရှိသေးတယ်..."
ဟန်ရွဲ့ အမူအရာ အေးခဲသွားခဲ့သည်။ ကိုယ်ကို ကိုင်း၍ ကတ်ကို ကမ်းပေးနေသော်လည်း တစ်ဖက်မှ လက်မခံသည့် အချိန်တွင်တော့ မြင်ရသည့်မြင်ကွင်းမှာ အတော်လေး ကြောင်တောင်တောင် နိုင်လှ ၏။
ရှောင်ထျန် သူမခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါရမ်းလိုက်သည်။
လင်းရီကတော့ တကယ့် မလွယ်ကြောပဲ....
"အဲ့လို ဆိုရင်တော့ ကျုပ်မစ္စတာလင်းကို သတိပေးပါရစေ..ခင်များသာ မပူးပေါင်းပေးလို့ကတော့ အတန်း၀င်ဖို့ မပြောနဲ့ ဒီကျောင်းမှာ နေရဖို့တောင် မသေချာတော့ဘူးနော်..."
"ငိုးပဲ အဲ့လောက်တောင်လားဟ.."လင်းရီ မတ်တပ်ရပ်၍ ဟန်ရွဲ့ လက်ထဲမှ ကတ်ကိူ အလျင်အမြန် လက်ခံလိုက်ပြီး "မင်း ငါ့ကို သ-တ်ရင် သတ်သွားလိုက်...ဒါပေမယ့် ငါတန်ဖိုးထားရတဲ့ ဆရာအလုပ်ကိုတော့ ဖယ်ရှားလို့မရဘူး...ငါ့ချစ်တပည့်လေးတွေနဲ့သာခွဲခွာရမယ်ဆိုရင် ငါ့ရှေ့ဆက်နေ့ရက်တွေကို ဘယ်လိုမှ ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး..."
လင်းရီ သူ့ကတ်ကို လက်ခံလိုက်သည်ကို မြင်တော့ ဟန်ရွဲ့ ရယ်မော၍ သူ၏ ခါးကို ပြန်မတ်လိုက်ပြီး "ဆရာလင်းက တကယ့်ကို ခေါင်းမာတဲ့ လူပဲဗျ.....တရားဥပေဒေနဲ့သာ မကိုင်ပေါက်ရင် ခင်များကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာတောင် မသိတော့...."
ဗြိ....
လင်းရီ ဟန်ရွဲ့ ကတ်ကို ယူပြီးနောက် နေရာမှာတင် ဆွဲဖြဲလိုက်သည်။ "မင်းပြောတာမှန်တယ်.ဒီကတ်က အတော်လေးကို ကွာလတီကောင်းတယ်...လှတပတလေး ဖြဲဖို့ကို အားတော်တော် သုံးယူလိုက်ရတယ်..."
"ခင်များ..."
ဟန်ရွဲ့ အမူအရာ အေးခဲသွားပြီး သူ၏ ကိုယ်မှာတော့ ဒေါသထွက်လွန်း၍ တဆတ်ဆတ် တုန်နေလေသည်။
လင်းရီ ယခုလို မလေးမစား ပြုမူလိမ့်မည်လို့ သူထင်မထားခဲ့ချေ။
"ဘာ ခင်များလဲ.."လင်းရီ သိချင်စွာဖြင့် မေးမြန်းလိုက်ပြီး "ကျုပ်က စီးပွားရေးကတ်ကိုပဲ စုတ်ဖြဲလိုက်တာနော်....ဘာလဲ ကျုပ်ကို တရားစွဲဦးမလို့လား..စီးပွားရေးကတ် ဖြဲလိုက်တာက တရားဥပဒေကို ဆန့်ကျင်သွားပြီလား..ဘယ်ချိန်တုန်းက အဲ့လို ဥပဒေ ပေါ်လာခဲ့တာလဲဟ..ကျုပ်လည်း မသိလိုက်ရပါလား..."
ခစ်ခစ်...
ဘေးတွင်ရပ်နေသည့် ရှောင်ထျန်မှာတော့ မထိန်းနိုင်ပဲ အသံထွက် ရယ်မောမိလိုက်သည်။
ဒီကောင်ကတော့ ရုပ်တည်ကြီးနဲ့ ပေါက်တတ်ကရတွေ လျှောက်လုပ်နေတော့တာပဲ
"မစ္စတာလင်း..ခင်များကျုပ်ကို မရိုသေလို့ရတယ် ...မလေးစားလို့လည်း ရတယ်...ဒါပေမယ့်..."
"ဟားဟား...ကိုယ့်ကိုယ်ကိုတော့ သိသားပဲ.."လင်ူရီ ရယ်မောလိုက်ပြီး "ကျုပ်ခင်များကို မလေးစားဘူးဆိုတာ မြင်သာနေတာပဲ မဟုတ်လား...ကိုယ့်ကိုယ်ကို သံသယ ဖြစ်မနေနဲ့...ယုံကြည့်ချက်ရှိရှိနဲ့သာ ပြောလိုက်...ကျုပ်က ခင်များကို လုံး၀ကို အထင်သေးနေတာ.."
"ကျုပ်ဆိုလိုတာက...ခင်များကျုပ်ကို မလေးစားလို့ရတယ်...ဒါပေမယ့် ခင်များ...."
"အေးလို့...ကျုပ်လည်း ခင်များကို လေးစားမနေပါဘူးလို့..."လင်းရီ ပြောလိုက်ပြီး "ဘာလို့ ထပ်တလဲလဲ ပြောနေတာလဲဟ..."
ဟန်ရွဲ့ ဒေါသကြီးစွာဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ ရှေ့နေ လုပ်စားလာသည့် အနှစ်နှစ်ဆယ်တာကာလအတွင်း ပထမဆုံးကြိမ် ဤကဲ့သိူ့ ကပ်သီးကပ်ဖဲ့ နိုင်လှသည့် လူစားမျိုးနှင့် တွေ့ဆုံရခြင်းပင်။
"မစ္စတာလင်း..ခင်များ ဒီလိုပဲ ဆက်လုပ်နေဦးမယ်ဆိုရင် ကျုပ်ခင်များကို စော်ကားမှုနဲ့ တရားဆွဲရလိမ့်မယ်...ပြီးတော့ ကျုပ်စိတ်ထိခိုက်သွားတဲ့အတွက် နစ်နာကြေးလည်း ပေးဆောင်ရမယ်..."
"ဟမ့်....လေးလုံးကများ ..မင်းရုပ်နဲ့ မင်းအဆင့်အတန်းကို ပြန်ကြည့်လိုက်ဦး..ငါက စော်ကားတိုက်ခိုက်ဖို့ ထိုက်တန်ရဲ့လားလို့.."
ဟန်ရွဲ့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အံတင်းတင်း ကြိတ်လိုက်သည်။
"ကျုပ် စကားအပိုတွေ မပြောတော့ဘူး..ခင်များ မနေ့တုန်းက မနက် ၁၀:၂၀ လောက်မှာ ပြည်ပက ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်စော်ကားခဲ့တယ်...ဒီကနေ့ ကျုပ်ဖောက်သည်တွေရဲ့ ဖိတ်ခေါ်မှုကြောင့် ကျုပ်ဒီအမှုကို တရား၀င် လက်ခံဖို့ လာခဲ့တာပဲ..."
"ငါသူတို့ကို ဆော်ပလော်တီးပစ်လိုက်တာ ဟုတ်တယ်...ဒါပေမယ့် ဒါပေမယ့် ငါ့ကျောင်းသူကို နှုတ်နဲ့ ကာယိန္ဒြေ ပျက်ပြားအောင် ပုတ်ခတ် ပြီးတော့ ရေကူးကန်ထဲ သေးပေါက်ထည့်တာကျတော့ကော မင်းဘယ်လိုရှင်းမှာ...."
လင်းရီ အသံကို မြင့်၍ မေးလိုက်ပြီး
"တော်သေးလို့ပေါ့ ခြောက်ယောက်ပဲရှိတာ..ရှစ်ယောက်များသာ ရှိလို့ကတော့ ရှစ်နိုင်ငံ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်တယ်လို့တောင် ထင်မိတော့မယ်..."
"စိတ်မရှိပါနဲ့..ကျုပ်က ရှေ့နေ..ကျုပ်အမှုသည်ရဲ့နစ်နာမှုတွေ အတွက်ပဲ လျှောက်လဲချက် ပေးမှာ..."
"ကျွတ် ကျွတ် ကျွတ်...."
လင်းရီ ပြုံး၍ ခေါင်းယမ်းလိုက်ပြီး "အမှန်တိုင်း ၀န်ခံရရင် ငါတကယ်ကို အံ့ဩမိတယ် ..ဘာလို့ မင်းလို တ-ရုတ်လူမျိုးက ဘာလို့ နိုင်ငံခြားသား ဘက်ကနေ ၀င်ပြောနေရတာလဲ..."
"ကျုပ်က တ-ရုတ်လူမျိုး ဖြစ်နေလို့ကို ဒီလို ၀င်ပါပေးရတာ..."ဟန်ရွဲ့ တရားမျှတမှုကို မြတ်နိုးသူကြီးအလား ပြောလိုက်ပြီး "တ-ရုတ်ရဲ့ ပုံရိပ်က နိုင်ငံတကာမှာ ခင်များလိုလူတွေကြောင့် ညိုးနွမ်းနေတာ.....တကယ်လို့ ကျုပ်ကသာ ... "
"မင်းမေကြီးတော် ပုံရိပ်ကိုလား..."လင်းရီ ကျိန်ဆဲလိုက်ပြီး "တ-ရုတ်ရဲ့ နိုင်ငံတကာ ပုံရိပ်က စစ်လက်နက် အင်အားနဲ့ အမှန်အကန် တည်ဆောက်ထားပြီးသား...မင်းနဲ့ ဘာသောက် တစ်ပြားမှ မဆိုင်ဘူး...ရှေ့နေလို့ကို မပြောရတာ စကားလေးကတော့ အတော်လှသားပဲ..."
"ကျုပ်ဘာကျုပ် မြှောက်ပင့်နေတော့ကော ဘာအရေးလဲ..ကျုပ်တတ်စွမ်းတဲ့ နယ်ပယ်မှာတော့ တ-ရုတ်ရဲ့ ပုံရိပ်ကို အကောင်းဆုံး ထိန်းသိမ်းပေးမှာပဲ..."
ဟန်ရွဲ့ လင်းရီ၏ အရေထူသည့် စရိုက်ကို သတိထားမိသွားပြီး စကားရည်လုနေပါက သူသာ အဆုံးသတ်ရမည်မှန်း သတိထားမိသောကြာင့် လေးနက်စွာဖြင့် "မစ္စတာလင်း..ကျုပ် အရေးကြီးကိစ္စတွေကို မရှောင်လွှဲချင်ဘူး..ကျေးဇူးပြုပြီး ကျုပ်တို့ဘက်က တရားစွဲဆိုတာကို လက်ခံပေးပါ.."
"ကောင်းပြီလေ..မင်းတို့ ပြောတဲ့ အတိုင်းပေါ့..လင်းရီ ပြောလိုက်ပြီး "မင်းတို့ ဘာလုပ်ချင်လဲဆိုတာသာ ငါ့ကို ပြောလိုက်..."
"ဘာလဲ...ကြောက်သွားပြီလား..."ဟန်ရွဲ့ မျက်လုံးများ မှေးကျဉ်းသွားပြီး "ကျုပ်တို့ တောင်းဆိုချက်ကတော့ ရှင်းရှင်းလေးပါ....မစ္စတာလင်း ဘက်ကနေပြီးတော့ ကျောင်းသား ၆ ယောက်ရဲ့ ဆေးဖိုးဝါးခနဲ့ စိတ်ထိခိုက်စေမှုအတွက် လျော်ကြေးငွေ ၃.၂၉ မီလီယမ် ပေးဆောင်ရမယ်...နောက်ပြီး တစ်ကျောင်းလုံးရှေ့မှာလည်း ၀န်ချ တောင်းပန်ပေးရမယ်..ထပ်ပေါင်းအနေနဲ့ ကျောင်းကလည်း ကျောင်းသား ၆ ယောက်ကို လျော်ကြေးပေးတာ လိုချင်တယ်"