← Chapters

အခန်း (၂၆၅)

Vol. 18 Ch. 265

အခန်း (၂၆၅)

Vol. 18 Ch. 265

ယခုလို တောင်ဆိုလာလိမ့်မည်လို့ ကျောက်ချီနှင့် ရှောင်ထျန်တို့ လုံး၀ ထင်မထားကြချေ။

ဒါကြီးကတော့ လွန်လွန်းပါတယ်ကွာ...

"မင်းတို့က လူသိရှင်ကြား တောင်းပန်တာကို လိုချင်တယ်ပေါ့..."

လင်းရီ ပြုံးလိုက်ပြီး "ဒီလိုစကားမျိုး ပြောထွက်ဖို့ဆိုတာ တော်ရုံသောက်ရှက်မဲ့ရုံလောက်နဲ့တော့ မရဘူး..."

"ဒါက ကျုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လျော်ကြေးငွေပဲ ရှိသေးတာနော်..."ရိုခါ ၀င်ပြောလိုက်သည်။

"ဟျောင့် မင်း သောက်သုံးက မကျတဲ့ကောင် ...မင်းအမေက အာဖရိကမှာ ဆန်မရှိလို့ ထမင်းမချက်နိုင်တာတောင်မှ မင်းက သူများနောက်လိုက်ပြီး ဆရာကြီးယောင် ယောင် ဘာယောင်ယောင် လိုက်လုပ်နေတယ်ပေါ့လေ...မင်းမှာ အဲ့လို လိုက်ဟန်ဆောင်ဖို့ ဘာအခွင့်အရေး ရှိလို့လဲကွ.... "

လင်းရီမှ ယခုလို ပြောလိုက်သောအခါ ရိုခါ တစ်ခွန်းမျှ ဆက်မပြောရဲတော့ချေ။

"မစ္စတာလင်း..ခင်များ ကျုပ်ဖောက်သည်တွေကို မခြိမ်းခြောက်နဲ့..."ဟန်ရွဲ့ ‌ကျောမတ်လိုက်ပြီး "ကျုပ်ဘက်က တောင်းဆိုစရာရှိတာတော့ တောင်းဆိုပြီးပြီ...ခင်ျားဘက်က တစ်ခုခု တုန့်ပြန် ပေးလိမ့်မယ်လို့တော့ မျှော်လင့်တယ်..."

"မင်းတို့ကောင်တွေက တရားလွန်ကြီး တောင်းဆိုနေကြတာပဲ..."လင်းရီ ပြောလိုက်ပြီး "တစ်ယောက်ချင်း ပြောကြတာပေါ့..."

"ရတယ်လေ..ဥပဒေရှေ့မှာ လူတိုင်းက သာတူညီမျှပဲ...ဖြည်းဖြည်းပြောကြတာပေါ့...ကျုပ်က ပရော်ဖက်ရှင်နယ် ရှေ့နေတစ်ယောက်ဆိုတော့ မစ္စတာလင်းနဲ့ အေးဆေး ဆွေးနွေးပေးလို့ရတယ်..."

"မင်းက ငါ့ကို လျော်ကြေးငွေ ၃.၂၉ မီလီယမ် ပေးရမယ်လို့ ပြောတယ်နော်..."

"အမှန်ပါပဲ..ပြီးတော့ ချက်ချင်း ပေးရမှာ.."

"ထပ်မပြောနဲ့..ငွေဆိုတာ ငါ့အတွက် မီးရှို့လို့တောင် ကုန်တဲ့အရာ မဟုတ်ဘူး..."

လင်းရီ ခေါင်းမော့လိုက်ပြီး ‌ဂျော့ရှ်၊ရိုခါ၊ ‌မာ့ခ်နှင့် ကျန်သူများကို ကြည့်လိုက်သည်။

"ငါ့ဘက်က ငွေကို လျော်ပေးရဲတယ်..မင်းတို့ဘက်ကကော လက်ခံရဲမှာလား..."

"လက်မခံရဲစရာ ဘာအကြောင်း ရှိလို့လဲ..."

မာ့ခ် လင်းရီနှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး "ငါမင်းတို့ သောက်တ-ရုတ်တွေကို သည်းခံနေခဲ့တာ ကြာပြီ..တစ်ပြားတစ်ချပ်လျော့တာတောင် မလိုချင်ဘူး..."

"ဟားဟား...ကျုပ်ကို လက်ညိုးထိုးရဲပြီး ပြောရဲတယ်ဆိုတော့ သတ္တိကတော့ မသေးပါလား.."လင်းရီ ရယ်မောလိုက်ပြီး "ငါလည်း မင်းတို့လို နိုင်ငံခြားသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ချင်နေတာ ကြာပြီ.. ပေးမယ်...မင်းဘက်ကကော ယုံကြည်ချက်ရှိလား..."

မာ့ခ်၏ တ-ရုတ်ဘာသာစကား စွမ်းရည်မှာ အကန့်အသတ်နှင့် ဖြစ်သောကြောင့် သူ့ရင်ထဲရှိ စကားများကို ထုတ်မပြောပြနိုင်ချေ။

ထို‌ကြောင့် သူ၏ စိတ်အခြေအနေကိုတော မျက်နှာ အမူအရာမှ တစ်ဆင့် ဒေါသထွက်စွ။ အံကြိတ်ပြရုံသာ တတ်နိုင်လေသည်။

"ငါမင်းကို ပြောလိုက်မယ်...ငါတို့ ဒီလောက်ပဲ တောင်းတယ်ဆိုတာကတောင် ညှာတာပြီးသား ဖြစ်နေပြီကွ..."

"ဟုတ်လား အဲ့တော့ ငါကလည်း -ီးပဲလို့..."

ထိုသို့ပြောရင်း လင်းရီ မာ့ခ်ကို ပါးပိတ်ရိုက်လိုက်ပြီး ရှောင်ထျန်ထံ လွင့်ပျံသွားစေသည်။

အား....

ရှောင်ထျန် ကြောက်လန့်စွာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ ထို့နောက် လင်းရီကို မကျေနပ်သည့် အကြည့်တစ်ချက် ပေးလိုက်လေသည်။

'မသာ နင်က ရိုက်မယ်ဆိုလည်း တခြားနေရာ လွင့်အောင် ရိုက်လေဟယ်..ငါ့ကိုသာ လာမှန်လို့ကတော့ အရိုးတွေ ဘာတွေ ကျိုးကုန်တော့မှာပဲ'

"အဖေ....."

"မစ္စတာ မာ့ခ်...."

ဂျော့ရှ်နှင့် ဟန်ရွဲ့တို့ မာ့ခ်ကို ကူညီရန် တစ်ချိန်တည်းနီးပါး ပြေးလာခဲ့ကြသည်။

လူတိုငျး ကွကျ‌ေ-သ‌ေ-သသှားကွ၏။

သူဘာလို့ ရိုက်လိုက်တာလဲတဲ့...

သူအကျိုးဆက်တွေကို မကြောက်ဘူးလား မသိဘူး...

"ထျန်...ဒါရိုက်တာထျန်...ကျုပ်တို့ ဘာလုပ်ကြမလဲ...အခြေနေတွေကတော့ ဆိုးပြီးရင်း ဆိုးလာနေပြီ..."ကျောက်ချီ စိုးထိတ်စွာဖြင့် ရှောင်ထျန်နား အကြံဉာဏ်တောင်းလိုက်သည်။

လင်းရီအကြောင်းကို ရှောင်ထျန်လောက် မသိသောကြောင့် သူမတွင် ဖြေရှင်းရန် အကြံလေး ဘာလေးများ ရှိမလား ဟူသော မျှော်လင့်ချက်ဖြင့် အားကိုးတကြီး မေးလိုက်မိသည်။

ရှောင်ထျန်လည်း ကူကယ်ရာမဲ့စွာဖြင့် မတတ်နိုင်ဘူးဟာသော အထာဖြင့် ပခုံးတွန့်ပြလိုက်ပြီး

"ခုမှတော့ ဘာမှ အသုံးမ၀င်တော့ဘူး..ကျွန်မမှာသာ နည်းလမ်းရှိလို့ကတော့ အစောကြီးကတည်းကနေ သုံးပြီးနေပြီ..."

"အား...."

မာ့ခ် ထိန်လန့်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ပါးစပ်ထဲတွင်တော့ သွေးများဖြင့် ပြည့်နှက်နေပြီး သွားနှစ်ချောင်းပင် ကျွတ်ထွက်သွား၏။ ကြမ်းပြင်သိူ့ ပြတ်ကျသွားသည့် သွားနှစ်ချောင်းကိုလည်း မြင်ရော မာ့ခ် လင်းရီကို လက်ညိုးငေါက်ငေါက်ထိုးကာ "ငါ...ငါသူ့ကို တရားဆွဲမယ်..."

"မပူနဲ့ မစ္စတာမာ့ခ် ..ကျုပ်က ပရော်ဖက်ရှင်နယ် ရှေ့နေတစ်ဦးပါ...ကျုပ်သူ့ကို သေချာပေါက် တရားစွဲပေးမယ်..."

ဟန်ရွဲ့ လင်းရီကို အေးစက်စွာ ကြည့်လိုက်သည်။

"မစ္စတာလင်း..ကျုပ်တို့စောနက တောင်းတဲ့ လျော်ကြေးငွေက ၃.၂၉ မီလီယမ်အဲ့တာ စောနတုန်းက ဈေးပဲ..ခု ခင်များက ကျုပ်ရဲ့ ဖောက်သည်ကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်ပြီဆိုတော့ ပမာဏက ပြောင်း ........"

ဘုန်း...

လင်းရီ တစ်ခွန်းမျှ မဆိုပဲ ဟန်ရွဲ့ကို ကန်လိုက်ပြန်သည်။ "ငါမင်းကို ကြည့်လို့မရတာ ကြာနေပြီ..ကန်လိုက်ရတာ အရသာကို ရှိသွားတာပဲ..."

ဤတစ်ကြိမ်တွင်တော့ ‌ကံဆိုးသူမောင်ရှင်မှာ ရှောင်ထျန်မဟုတ်ပဲ ကျောက်ချီ၏ စားပွဲ ဖြစ်နေခဲ့၏။

"အမယ်လေး..ငါ့ရဲ့ မဟော်ဂနီ စားပွဲလေးတော့ သွားပါပြီ..."

"မင်း...မင်း ငါ့ကို ကန်ရဲတယ်ပေါ့လေ...မင်းကို ကုန်းကောက်စရာ မရှိတော့တဲ့အထိ တရားစွဲပစ်မယ်ကွ..."

"အဲ့လိုဆိုရင်တော့ ခက်ခဲတော့မှာပဲ..."

လင်းရီ ကျန်သူများကို ကြည့်လိုက်ပြီး "ခင်များတို့လည်း လျော်ကြေးရချင်နေတာမဟုတ်လား...ဘယ်လောက်လည်း ပြောလိုက်လေ..ကျုပ် ပေးလိုက်မယ်..."

ရိုခါနှင့် ကျန်သူများအားလုံး ထိန်လန့်သွားကြပြီး မသိလိုက်မသိစွာဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်မိသွားကြသည်။

အကယ်၍ သူတို့သာ ယခုလိုဖြစ်မည်မှန်း ကြိုသိပါက စလာကတည်းကပင် ရဲပါတစ်ပါတည်း ခေါ်ဆောင်လာခဲ့ပေမည်။ အကယ်၍ ရဲသာ ဤနေရာ၌ ရှိနေပါက လင်းရီ ဤမျှ သွေးရဲနေလိမ့်မည် မဟုတ်ချေ။

"လင်းရီ..ငါမင်းကို ပြောလိုက်မယ်...မင်းငါ့ကို ရိုက်နှက်ရင်တောင် အသုံးမ၀င်ဘူး..ဒီကနေ ထွက်သွားတာနဲ့ ငါမင်းကို သေချာပေါက် အလွှတ်မပေးဘူး"ဟန်ရွဲ့ လင်းရီ နှာခေါင်းကို လက်ညိုးထိုး၍ အော်ဟစ်ပြောဆိုလိုက်သည်။

"မင်း ဒီနေ့ လုပ်ခဲ့တာတွေက်ု နောင်တရအောင် လုပ်ပေးမယ်..."

"မပူနဲ့..ငါက တရားဥပဒေကို လိုက်နာတဲ့ နိုင်ငံကြီးသား တစ်ယောက်ပါကွ..ပေးပါ့မယ်..."

လင်းရီ ဆိုဖာပေါ်တွင် ပြန်ထိုင်ချလိုက်ပြီး ချင်းဟန်၏ နံပါတ်ကို ခေါ်ဆိုလိုက်သည်။

"အေး ‌လင်းကြီး ဘာတုန်းကွ..."

"တစ်မိနစ်လောက်..."လင်းရီပြောလိုက်ပြီး "စီနိုဟန် ကုမ္ပဏီ ဥပဒေဌာနက မင်းကောင်တွေကို ဖုန်းလွှဲပေးလိုက်စမ်းကွာ..ငါ သူတို့နဲ့ ပြောစရာရှိလို့..."

"စီနိုဟန်..."

ဟန်ရွဲ့ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဒီကောင်က ဘယ်သူလဲကွ...

စီနိုဟန် ကုမ္ပဏီက လူတွေနဲ့ တကယ်ကြီး သိတယ်တဲ့လား...

ရှေ့နေ လောကရဲ့ တကယ့် ဒိပ်ဒိပ်ကျဲကြီး‌တွေ စုဝေးနေတဲ့နေရာကိုလေ..

"ငါ ကုမ္ပဏီမှာရှိတယ်ဆိုတာ ဘယ်လိုလုပ်သိတာ..."ချင်းဟန် ရေရွတ်လိုက်ပြီး "ခဏစောင့် ငါ အဲ့ကောင်တွေကို သွားခေါ်လိုက်ဦးမယ်......"

ရူံခန်းထဲရှိ လူတိုင်း အသက်ပင် ၀၀ မရှုဝံ့ကြချေ။

မည်သူကမျှ ယခုလို ဖြစ်လာလိမ့်မည်လို့ ထင်မထားကြ။

နာရီ၀က်ခန့် ကြာပြီးနောက် တစ်ဖက်မှ ဖုန်းပြောလာခဲ့သည်။

"ဟယ်လို မစ္စတာလင်း ကျွန်တော်က စီနိုဟန် ကုမ္ပဏီ ဥပဒေဌာနရဲ့ ဒါရိုက်တာ ကျောက်ထန်ပါခင်‌ဗျ...မစ္စတာလင်းမှာ တစ်ခုခု ဆွေးနွေးတိုင်ပင်စရာ ရှိလို့များလားဗျ..."

ကျောက်ထန်...

လင်းရီ စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။ နောက်ဆုံးအကြိမ် သူစီနိုဟန် ကုမ္ပဏီသို့ ရောက်သွားစဉ်က သူတို့၏ ဒါရိုက်တာမှာ ကျောက်ထန်မဟုတ်သေးချေ။ ထိုသူကိုတော့ ချင်းဟန် အလုပ်ထုတ်ပြီး ဖြစ်လောက်၏။

"ထွေထူးကြီးတော့ မဟုတ်ပါဘူးကွာ.."လင်းရီ ပြောလိုက်ပြီး "ဒီတိုင်း ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ တွေအတွက် လျော်ကြေးပေးမယ်ဆိုရင် ဘယ်လောက်ဆို လုံလောက်ပြီလဲ..."

'ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ' ဟူသော စကားလုံးကိုကြားတော့ ဟန်ရွဲ့နှင့် မာ့ခ်တို့ ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့ကြသည်။

ဒီကောင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟ..

ငွေပေးပြီး ပြန်ဆော် ချင်နေလို့များလား...

"မစ္စတာလင်း...ကျွန်တော်တို့ ဥပဒေရှုထောင့်ကနေ ကြည့်မယ်ဆိုရင် 'ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာ' ဆိုတာက အရမ်းကိုကျယ်ပြန့်ပါတယ်ဗျ..နဲနဲလေး အသေးစိတ် ပြောပြလို့ ရမလားခင်ဗျ..."

ကျောက်ထန် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"အင်း....သူ့လက်ရှိ အခြေနေကတော့ အကောင်းကြီးပါ...ဒါပေမယ့် ခဏနေကျရင် နည်းနည်းပါးပါး လှုပ်ရှားဦးမှာ ဆိုတော့ ...."လင်းရီ ပြောလိုက်ပြီး "သူ့အခြေနေက နောက်ဆုံးထွက်သက်လောက်ပဲ ကျန်တော့တဲ့ ပုံစံ ဖြစ်နေမယ်ထင်တယ်..."

"အဲ့လိုဆိုရင်တော့ လျော်ကြေးငွေက ၅ မီလီယမ်ကနေ ၁၀ မီလီယမ် အတွင်းပါခင်ဗျ..."

"အိုကေ...အဲ‌ေ့လာက်ကြိးလည်း မများပါဘူးဟ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်လို့ သန်း ၁၀၀ လောက် လက်ထဲရှိနေရင်ကို နောက်ထပ် လေးငါးဆယ်ယောက်လောက် ထပ်ဆော်ဖို့က ပြဿနာ မရှိတော့ဘူးပေါ့..."

"မစ္စတာလင်း..ကျွန်တော်ပြောတာကို နားထောင်ပေးဦး..ငွေနဲ့ လျော်ကြေးပေးလိုက်တာက အကောင်းဆုံး ဖြေရှင်းနည်းဆိုပေမယ့် တစ်ဖက်လူကသာ မကျေနပ်ဘဲ ရုံးတိုက် လျှောက်ထားမယ်ဆိုရင်တော့ မစ္စတာလင်း ထောင်နန်းစံရနိုင်ပါတယ်ဗျ..."

"အာ...အဲ့လိုလား...အဲ့လိုဆိုရင် နည်းနည်းတော့ ခက်သွားပြီ..."

"ဒါပေမယ့် မပူပါနဲ့ မစ္စတာလင်း ..ကျွန်တော်တို့ စီနိုဟန် ကုမ္ပဏီရဲ့ ရှေ့နေတွေက အလကားသပ်သပ် နာမည်ရနေတာ မဟုတ်ပါဘူးဗျ..ကျုပ်တို့ဘက်ကနေ ပြစ်ဒဏ်ကို အတတ်နိုင်ဆုံး လျော့ပေါ့ပေးအောင် လုပ်ပေးလို့ရပါတယ်...အဲ့ဒါနဲ့ ပတ်သက်လို့ကတော့ ကျွန်‌ေတာ်တို့ဘက်ကနေ အပြည့်အ၀ အာမခံပါတယ်ဗျ...."

"မဆိုးဘူး မဆိုးဘူး..အရမ်း ပရော်ဖက်ရှင်နယ်ဆန်တာပဲ ..."

"လင်းကြီး..မင်းဘာတွေ လျှောက်လုပ်နေတာ.."ချင်းဟန် ဖုန်းဖြတ်ပြောလိုက်ပြီး "တစ်ဖက်ကဖြင့် အတော်လေး ထိခိုက်ထားပြီးနေပြီကိုပဲ...ဘာလို့ အဲ့လောက် အများကြီး စဉ်းစားနေတာ..မင်းမှာ ငွေလည်း ပေါတယ်မဟုတ်ဘူးလား ပိုက်ဆံ များများပေးပြီး ကားနဲ့ တိုက် သ-တ်လိုက်ပေါ့ကွာ"

"ငိုးပဲ.မင်းက ငါ့ထက်တောင်မှ ပိုဆိုးနေသေးတယ်...."

"အဲ့တာကြောင့်မို့ ငွေကို သေချာသုံးပါလို့....အဲ့ကောင်သာ သေသွားရင် သောင်းဂဏန်းလောက်ပဲ ကုန်မှာ တကယ်လို့ မ‌ေ-သဘူးဆိုရင်တော့ မင်း ငွေ သန်းဆယ်ချီလောက် သုံးရင် သုံးရမှာ..အဲ့တော့ ဘာမှ စဉ်းစားမနေနဲ့..ငါပြောတဲ့ အတိုင်းသာ လုပ်လိုက်..."

"ဒါပေမယ့် ငါ ကိုင်တွယ်ဖို့ လိုတဲ့သူတွေက နိုင်ငံခြားသားတွေနော်ငါ့ကောင်..လူကလည်း များတယ် ဖြစ်ပါ့မလား..."

"အများကြီးလား..အဲ့လိုဆိုရင်တော့ ငါတို့ သောက်ရမ်းကြီးတဲ့ထရပ်တစ်စီးလောက် ငှားမှ ရမှာ..."ချင်းဟန် ပြောလိုက်သည်။

"နောက်ထပ် ဘာမှ မရှိတော့ဘူးမလား..ငါ့ကို သူတို့ရဲ့ အချက်အလက်တွေကိုသာ ပေးလိုက်. မင်းကိုယ်စား ငါစီစဉ်ပေးမယ်..."

"အိုကေလေ..အဆင်ပြေရင် ဟန်ရွဲ့လို့ ခေါ်တဲ့ကောင်ကို သေချာလေး သမပေးဦး..."

"အမ်...ကုန်တင်ကားကြီးနဲ့ တိုက်တာက လုံလောက်နေပြီ မဟုတ်လားကွ..မင်းက ဘာလို့ သူ့ကို သပ်သပ် ဒုက္ခပေးချင်နေသေးတာ. "

"ဒရိုင်ဘာကို အဲ့ကောင်အပေါ် ဘီးနဲ့ သုံးလေးကြိမ်လောက် တက်ကြိတ်ခိုင်းလို့ မရဘူးလားကွာ..."

All Chapters