← Chapters

အခန်း (၂၆၆)

Vol. 18 Ch. 266

အခန်း (၂၆၆)

Vol. 18 Ch. 266

"ရတာလေ..ဒါပေမယ့် တိုက်ပြီး အမြန်ပြေးမှရမှာ..ရဲတွေက မင်းအဘတွေ မဟုတ်ဘူးဟ..."ချင်းဟန် ပြောလိုက်သည်။

"ဒါပဲမလား..အဲ့လိုဆို ငါ သူတို့ကို ဂရုစိုက်ပေးလိုက်မယ်..အချိန်ကျလာရင် အလောင်းကို သူ့အမေတောင် မမှတ်မိ ဖြစ်သွားအောင် လုပ်ပေးမယ်ကွာ.."

"ငါလိုချင်တာလည်း အဲ့တာပဲ..."

"ကောင်းပြီ...ငါ့ကို အဲ့လူတွေရဲ့ အချက်အလက်တွေ ပို့ပေးလိုက်...ခုပဲ ကားသွားစီစဉ် လိုက်တော့မယ်..."

"အိုကေ..."

ဖုန်းချပြီးနောက် လင်းရီ ကင်မရာဖွင့်၍ ဟန်ရွဲ့တို့ဘက် ချိန်လိုက်သည်။

"ကဲ ကဲ လာထားမယ်..အားလုံး ဆံပင်တွေ ဘာတွေ သေချာလုပ်ရင် လုပ်ထားနော်..တော်ကြာ သေချာမသဲကွဲလို့ ဒရိုင်ဘာက လူမှားပြီး ၀င်ကျုံးနေရင် ရှုပ်ကုန်ဦးမယ်..."

ကျောက်ချီ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ဆရာလင်းမှာ ရိုးသားသည့် ကောင်လေးအသွင် ပေါက်နေသော်လည်း အမှောင်ဘက်ခြမ်းတွင်တော့ ထိုမျှ ဇွတ်တရွတ် နိုင်လိမ့်မည်လို့ ထင်မထားခဲ့ချေ။

ပထမကျတော့ လူကို သေမတတ် ရိုက်နှက်မယ်..နောက်ပြီး ကားနဲ့လည်း ၀င်ကျုံးဦးမယ်ဆိုပဲ..လန့်ပြီး ‌ေ-သအောင် ခြောက်နေတာလားဟ..

"မင်း...မင်းဘာတွေ လုပ်နေတာလဲ..."

ဟန်ရွဲ့နှင့် ကျန်သူများအားလုံး သူတို့မျက်နှာ အုပ်၍ ထောင့်တစ်နေရာ၌ သွားပုန်းလိုက်ကြသည်။ သူတို့၏ မျက်နှာမှာတော့ သေမတတ် ဖြူလျော်နေကြလေသည်။

"ခုလေးတင် ငါ့သူငယ်ချင်း ပြောသွားတာ မကြားလိုက်ဘူးလား..."လင်းရီ ပြောလိုက်ပြီး "မင်းတိူ့ အားလုံးကို ရေဝေးပို့ရင်တောင် ၁၀ မီလီယမ်လောက်ပဲ ကုန်မှာ ..တကယ်လို့ မ‌ေ-သမရှင် ပစ်ထားခဲ့မယ်ဆို ပိုပြီး ကုန်ဦးမှာတဲ့.. မတန်ဘူးလေ..အဲ့တော့ အ‌ေ-သသတ်လိုက်တာက အကောင်းဆုံးပဲ မဟုတ်လား..."

ဖူး...(သွေးအန်)

ဟန်ရွဲ့နှင့် ကျန်သူများ အားလုံး သွေအန်လုနီးပါး ဖြစ်သွားခဲ့ကြပြီး "မင်းက လူ့အသက် တစ်ချောင်းကို ဘာမှ မဟုတ်သလိုမျိုး ပြောနေတာပဲကွ..."

ဟန်ရွဲ့မှ

"ငါ...ငါ မင်းကို ပြောလိုက်မယ်.....မင်းပြောတာ စီနိုဟန်ကုမ္ပဏီက လူတွေနဲ့သိတယ်လို့ ပြောတယ်မလား...ဒါပေမယ့် အဲ့ဒီ စီနိုဟန် ကုမ္ပဏီရဲ့ နောက်ကွယ်က သူဌေးကြီးက ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်နော်...မင်းသာ သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး ချင်းမိသားစုကို အရှက်ရအောင်လုပ်ရင် မြေလျှိုးမိုးပျံနေရင်တောင် မင်း လွှတ်မှာ မဟုတ်ဘူး..."

"အာ....ဟုတ်သားပဲကွ..."လင်းရီ ဒုက္ခရောက်ချင်ဟန်ဆောင်လိုက်ပြီး "ဒါပေမယ့် ငါနဲ့ ဖုန်းပြောနေတဲ့ကောင်က ချင်းဟန်လေ...အဲ့တော့ ဘာပြဿနာမှ မရှိလောက်ဘူးမလား..."

"မင်း....မင်းဘာပြောလိုက်တယိ...မင်းစကားပြောနေတဲ့သူက ချင်းဟန်...မင်းတို့ နှစ်ယောက်က အသိတွေပေါ့..."

"ဒါပေါ့..သိတယ်လေ..ငါတို့က သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေ.."လင်းရီ ‌ပြုံးလိုက်ပြီး "သူ့ရဲ့ နည်းလမ်းတွေက ငါ့ထက်တောင် ပိုကောင်းနေသေးတယ်..."

"မ..မလုပ်ပါနဲ့ဗျာ...ကျုပ်တို့ ဒီကိစ္စကို အေး‌ေဆေး ပြောလည်း ရတယ် မဟုတ်ဘူးလား..အထင်လွဲသွားတာပါ..ဒါတွေက အထင်လွဲတာပါ.."

ဟန်ရွဲ့ သေးထွက်လုမတ် ကြောက်ရွံ့သွားခဲ့လေသည်။ ကျိုးဟိုင်တွင် ချင်းဟန်၏ ဩဇာလွှမ်းမိုးမှုမှာ သူသွားရှုပ်လို့ရသည့် အနေအထားမဟုတ်ချေ။

"မစ္စတာဟန်...အဲ့ဒီ ချင်းဟန်က အရမ်းပဲ အာဏာရှိတာလား..."မာ့ခ်မှ တ-ရုတ်သံ မပီကလာပီကလာဖြင့် မေးလိုက်၏။

"သူက အာဏာရှိရုံတင် ဘယ်ကမှာ...ငါ ငိုးကျလောက်အောင်ကို အာဏာရှိတာ..."

အကယ်၍ သူသာ ဤလူမှ ချင်းဟန်နှင့် ရင်းနှီးနေမှန်း ကြိုသိမည်ဆိုပါက လည်ပင်းပေါ် ဓားတင်၍ ခြိမ်းခြောက်မည် ဆိုလျင်တောင် သူလက်ခံမည် မဟုတ်ချေ။

"အဲ့တာဆို တခြား တောင်းဆို ထားတာတွေကျတော့ကော...ရှင်းလင်းအောင် လုပ်ထားသင့်တယ်လေ.."

လင်းရီ ပြောလိုက်ပြီး"ပထမ လျော်ကြေးပေးဖို့ ကိစ္စကရှင်း သွားပြီဆိုတော့ ခု တောင်းပန်ရမယ့် ကိစ္စပေါ့.."

"တောင်းပန်တာကတော့ လွယ်ပါတယ်..ငါခနနေကျရင် အသံလွင့်တဲ့ နေရာဆီသွားပြီးတော့မှ တစ်ကျောင်းလုံးရှေ့မှာ နောင်တရစွာနဲ့ တောင်းပန်ပေးမယ်..."

"ကျောင်းထုတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးကတော့ ပိုပြီးတောင် လွယ်ကူသေးတယ်...ငါ ကျောင်းအုပ်ကျောက်ကို ပြောလိုက်တာနဲ့တင် တစ်မိနစ်အတွင်း ဖြေရှင်းလိုက်လို့ရတယ်..."

"နေ နေ နေပါဗျ..ကျွန်တော်တို့ဘက်က ဘာ လျော်ကြေးငွေမှ မတောင်းဆိုပါဘူး.."မာ့ခ် ပြောလိုက်ပြီး "ဒီအကြောင်းကို ကြေအေးလိုက်ရ‌အောင်...ကျုပ်သားဘက်က မှားတာဆိုတော့ ကျုပ်တို့ အမှားပါပဲ..."

"သိပ်မကောင်းဘူးထင်တယ်နော...ကျုပ်က ခင်များတို့ကို ဒီလိုတွေ ဖြစ်အောင် လုပ်ပြီးတော့မှ ခင်များက ခင်များတို့မှားတာပါလို့ ပြောနေတော့ ကျုပ်ကပဲ အနိုင်ကျင့်နေသလို မဖြစ်သွားဘူးလား...ခင်များ ကျုပ်ရဲ့ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် တမင်လုပ်နေတာလား..."

"မ မဟုတ်ပါဘူးဗျ...ကျုပ်တို့ အဲ့လို သဘောမျိုးနဲ့ ပြောတာ မဟုတ်ပါဘူး..."မာ့ခ် လျင်မြန်စွာ ပြောလိုက်ပြီး "မစ္စတာလင်းက ကျုပ်တို့ကို ဘာမှ မလုပ်ခဲ့ပါဘူး..ကျုပ်တို့ဘာ ကျုပ်တို့ ထိခိုက်မိတာပါ..."

ရှောက်ထျန်နှင့် ကျောက်ချီတို့ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

ဒီလိုမျိုး အကျပ်ကိုင်တာကလည်း အလုပ်ဖြစ်တာပဲတဲ့လား...

ဆရာလင်းက နည်းနည်းလေး ၀မ်းတွင်းမဲ (မကောင်းဆိုးဝါးဆန်)လွန်းနေတာ မဟုတ်ဘူးလားကွ...

"အင်း...အဲ့လိုဆိုရင်တော့ နည်းနည်းလေး ယုံကြည်ဖို့ ကောင်းသွားပြီ.."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် ကျုပ်တို့ ပြောမှဖြစ်မယ့် တစ်ချို့ ကိစ္စလေးတွေ ကျန်နေသေးတယ်...."

"ဟုတ် ဟုတ် ပြောပါခင်ဗျ..."မာ့ခ် ရိုကျိုးနေသည့် လေသံဖြင့် ပြောလိုက်သည်။

လင်းရီ ဂျော့ရှ်နှင့် ကျန်သူများကို ကြည့်လိုက်ပြီး "ဒီကောင်တွေ ကျောင်းရေကူးကန်ထဲမှာ သေးပေါက်တဲ့ ကိစ္စကကော..."

"ကျုပ်တို့ ပေးပါ့မယ်ဗျ..ကျုပ်တို့ကပဲ လျော်ပေးပါ့မယ်"

"အင်း..အစကတည်းက ဒီလိုဖြစ်သင့်တာ.."လင်းရီ ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်လိုက်ပြီး "ဒါပေမယ့် မင်း ဒါရိုက်တာထျန်နား ပြုတ်ကျသွားတုန်းက သူ့ကို ထိတ်လန့်သလို ဖြစ်သွားစေခဲ့သေးတယ်လေ..အဲ့ဒီအတွက်ကျတော့ကော..."

"ကျွန်တော်က သူ့(မ)ကို ခြောက်လန့်မိလိုက်တယ်..."မာ့ခ် လင်းရီ၏ စကားကို နားမလည်စွာဖြင့် ပြန်မေးလိုက်သည်။

"ဟုတ်တယ်လေ..သူမရဲ့ ‌ဖြူဖပ်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာနဲ့ စိတ်ဝိဉာဏ် ပျောက်ဆုံးနေတဲ့ အကြည့်တွေကိုပဲ တစ်ချက်ရှိုးလိုက်ဦး ..သူမ လုံး၀ ထိတ်လန့်သွားတယ်ဆိုတာ အသိသာကြီးပဲလေ..ဘာလဲ..ခင်များက မဟုတ်ဘူး ငြင်းချင်နေတာလား..."

ရှောင်ထျန် လုံးရီကို မျက်လုံးလှိမ့်လိုက်ပြီး စိတ်ထဲတွင်တော့ 'နင်ပဲ ထိတ်လန့်နေတာလေ..နင်တို့ တစ်မျိုးလုံးပဲ ထိတ်လန့်နေကြတာ'

"ဒါ...ဒါက ကျွန်တော်နဲ့မှ မဆိုင်တာ..မစ္စတာလင်းကပဲ ကျုပ်ကိုလွင့်ထွက်သွားအောင် လုပ်လိုက်တာ မဟုတ်လားဗျ...."

"ငါက မင်းကို လွင့်ထွက်သွားအောင် လုပ်လိုက်တယ်..."လင်းရီ တမင် အဓိပ္ပာယ်ပါပါ မေးလိုက်ပြီး "ခုန လေးတင် ကိုယ့်ဘာကိုယ် ထိခိုက်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား...ငါက မင်းကို ဘယ်လိုလုပ် လွင့်ထွက်သွားအောင် လုပ်နိုင်မှာလဲတဲ့..."

မာ့ခ် ရင်တစ်ချက် တုန်သွားပြီး"အာ..ဟုတ် ဟုတ်သားပဲနော်..ကြည့်စမ်း အသက်ကြီးလာတော့ မေ့တတ်လိုက်တာ..ကျုပ်ဘာကျုပ် ပစ်လဲလိုက်တာပဲ...အဲ့ဒီအတွက်လည်း လျော်ပေးပါ့မယ်..."

"‌အဲ့လိုလုပ်စမ်းပါဟ..."

လင်းရီ ဟန်ရွဲ့ကို ကြည့်လိုက်ပြီး "မင်းလည်း ခုလေးတင် ကျောင်းအုပ်ကျောက်ရဲ့ မဟော်ဂနီ စားပွဲပေါ် ပစ်လဲလိုက်တာ မဟုတ်လား..အဲ့ဒီအတွက်ကော..မင်းဘယ်လို လျော်ပေးဖို့ စီစဉ်ထားလဲ..."

"ကျုပ်...ကျုပ် လျော်ပေးပါ့မယ်..."

ဟန်ရွဲ့ သေချင်စော်နံသွားခဲ့သည်။ ငွေ‌ပိုငွေလျှံလေးများ ရမလားဟု လိုက်ခဲ့မိသော်လည်း ယခုလိုမျိုး ငွေညစ်ခံရလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

"ကောင်းပြီလေ..ခင်များတို့ အားလုံးကလည်း ကိုယ့်အမှားကို သိပြီး ၀န်ခံနေကြပြီ ဆိုမှတော့ ကျုပ်လည်း ဘာမှ ထွေထူး ပြောမနေတော့ပါဘူး.."လင်းရီ ပြောလိုက်ပြီး "ကျုပ် သိပ်အများကြီးတော့ မတောင်းဆိုချင်ဘူး..၃.၂၉ မီလီယမ်လောက်ဆို ကျေနပ်ပြီ..ဈေးက သင့်တင့်ပြီး မျှတတယ်မလား...ပြီးတော့ ကျုပ်ဘက်က သေချာသွားအောင် ပြေစာပါပေးမယ်..မကောင်းဘူးလား..."

ငါ့ဖျင်ကြီးကိုပဲ လာကောင်းနေလိုက်လေ..

သူပေးရမယ့်ငွေကို ငါတို့ဆီ လာပြန်တောင်းနေပြီးတော့များ သင့်တင့်မျှတတယ် လာလုပ်နေတယ်...

ဒီ ပေါက်စီ‌မြေက ကောင်တွေ တော်တော်လွန်သွားပြီ...

စိတ်ထဲတွင်သာ ထိုသို့ ကြိမ်းမောင်းနေသော်လည်း "ဒါပေါ့ဗျ ဒါပေါ့..ကျုပ်တို့ သေချာပေါက် ပေးမှာပါ.."မာ့ခ် ပြောလိုက်ပြီး "ခု ကျုပ်တို့ သွားလို့ရပြီလား မသိဘူး..."

"ရပြီ..ဒါပေမယ့် မသွားခင် တစ်ခုတော့ သတိပေးလိုက်ဦးမယ်..."လင်းရီ ပြောလိုက်ပြီး "မင်းတို့ နိုင်ငံခြားသားတွေက အမှားတစ်ခုခု လုပ်ပြီးသွားရင် နတ်ဘုရားတွေဆီမှာ ခွင့်လွှတ်ဖို့ တောင်းပန်တတ်ကြတယ်မဟုတ်လား...ခု မင်းတို့ အပြစ်တွေကို သူတို့ဆီ ခွင့်လွှတ်ပေးဖို့ မတောင်းပန်ချင်ဘူးလား..."

"ဒါပေါ့..မင်းတို့ တောင်းပန်လို့ရတာပေါ့..ဒါပေမယ့် နတ်ဘုရား တွေက‌ ခွင့်လွှတ်မလားဆိုတာ ငါလည်း ဘယ်သိမှာ...သူက မင်းတို့ ကျောင်း‌ပေါက်၀ ရောက်ရင် ထရပ်ကားတစ်စီး လွှတ်လိုက်ပြီး ကောင်းကင်နန်းတော်မှာ လက်ဖက်ရည်သောက်ဖို့ ဖိတ်ရင် ဖိတ်နေဦးမယ်..."

ရှောင်ထျန် မနေနိုင်ပဲ တခစ်ခစ် ရယ်မောလိုက်ပြီး သူမ၏ ယုန်ဖြူကြီးနှစ်ကောင်မှတော့ တစွေ့စွေ့ခုန် ၊ တသိမ့်သိမ့် တုန်သွားလေသည်။

သူမ ပထမဆုံးအကြိမ် နတ်ဘုရားမှ လက်ဖက်ရည်သောက်ဖိတ်သည်ကို ကြားဖူးခြင်းပင်။

"ဒါ..ဒါပေါ့ဗျ..ကျုပ်တို့ ခွင့်လွှတ်ဖို့ တောင်းပန်ရမှာပေါ့...ခုချက်ချင်းပဲ ချာ့ခ်ျကျောင်းသွားပြီးတော့ ဖာသာဆီမှာ အပြစ်တွေ သွား၀န်ခံလိုက်တော့မယ်..."

"မဆိုးဘူး...ခင်များက အဲ့လောက်ရိုးသားနေမှတော့ နတ်ဘုရားကလည်း ခင်များကို ခွင့်လွှတ်လောက်မှာပါ..."

"ဟုတ် ဟုတ် ..သွားခွင့်ပြုပါဦးဗျ..."

"လင်း...မစ္စတာလင်း..ကျွန်တော်က ဗုဒ္ဓကို သက်၀င်ယုံကြည်သူဆိုတော့ အပြစ်၀န်ခံဖို့ကော လိုသေးလားဟင်...."

"ဒါပေါ့ကွ..တကယ်လို့ မင်းက ဗုဒ္ဓကို သက်၀င်ယုံကြည်တယ်ဆိုရင်တော့ ခွင့်လွှတ်ဖို့ တောင်းပန်စရာ မလိုဘူး...ဘာလို့ဆိုတော့ မင်းအပြစ်ကို မင်းကိုယ်တိုင်ပဲ ပေးဆပ်ရမှာလေ.."လင်းရီ ပြောလိုက်ပြီး "ဒီတော့ လမ်းဖြတ်ကူးရင် သတိနဲ့ကူး...ဘယ်ချိန် ထရပ်ကား ရောက်လာလဲ မသိလိုက် ဖြစ်သွားမယ်.."

ဟန်ရွဲ့ ကြက်သီးမွေးညင်းများ ထောင်ထသွားပြီး "ကျုပ်ခု ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ပြောင်းတော့မယ်...ခုချက်ချင်းပဲ ဖာသာဆီမှာ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ သွားတောင်းပန်တော့မယ်ဗျာ..."

လင်းရီ သူ့နာရီကို ကြည့်လိုက်ပြီး "အင်း အချန်မှီလောက်သေးတယ်...ကျောင်းသားတွေက ခုမှ အတန်းဆင်းတာဆိုတော့..မင်းတို့လည်း သွားကြတော့လေ...."

"ဟုတ် ဟုတ် ..ခုပဲ သွားပါတော့မယ်ဗျ..."

ထိုအချိန်တွင် ကျောင်းအုပ်ကြီးရုံးခန်းအပြင်၌ ကျောင်းသား/သူ များ စုဝေးနေကြ၏။

ယနေ့ နံနက်တွင် ဂျော့ရှ်တို့ အုပ်စု ကျောင်းသို့ ရောက်လာခဲ့ပြီး ရှေ့နေတစ်ယောက်ပါလာသည်ဟု သတင်းကြားထား၏။ ထိုသူများ ပြဿနာလာရှာသည်ကို အလွယ်တကူ ခန့်မှန်း နိုင်လေသည်။

ထို့ကြောင့် အတန်းပြီးလျင်ပြီးချင်း ကျောင်းအုပ်ကြီး ရုံးခန်းသို့ အပြေးလေး ပွဲလာကြည့်ကြခြင်း ဖြစ်၏။

"ရန်လေး...နင် တီချယ်လင်း အိုကေမယ်လို့ ထင်လား..."ဆံပင်အတိုနှင့် ကောင်မလေးမှ မေးလိုက်သည်။

"ငါလား..ဘယ်သိမှာ..အကြားမြင်ရထားတာလည်း မဟုတ်..."၀မ်ရန် ပြောလိုက်ပြီး "ဒါပေမယ့် ငါတော့ တီချယ် အဆင်ပြေပါစေလို့ ဆုတောင်းတယ်..."

"လခွမ်းပဲ..အဲ့သောက် နိုင်ငံခြားသားတွေ..ဆရာလင်း ကို အနိုင်ကျင့်ရဲ့ ကျင့်ကြည့် အသက်ချင်း လဲပစ်လိုက်မယ်..."

"ခုလောလောဆယ်တော့ ပြောမနေနဲ့ဦး..."ကျိန်းကျားရွေ့ ပြောလိုက်ပြီး "သူတို့ဘက်က ရှေ့နေတောင် ခေါ်လာခဲ့တယ်ဆိုမှတော့ ကိစ္စတွေက လွယ်ကူမှာတော့ မဟုတ်လောက်ဘူး.."

ရှေ့နေရောက်နေကြောင်း လူတိုင်း သိထားကြ၏။ ထို့ကြောင့် ပြဿနာမှာ အေးဆေး ပြီးသွားမည့် ကိစ္စလေး မဟုတ်တော့ချေ။

ထို့ပြင် မကျေနပ်သူဘက်မှလည်း နိုင်ငံခြားသားများ ဖြစ်နေခဲ့၏။ ထိုကဲ့သို့သော ကိစ္စမျိုးက လွန်စွာ ထိလွယ်ရှလွယ် ရှိလှပြီး သေချာ မကိုင်တွယ်ပါက ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်လေသည်။

ဂျလောက်

ရုံးခန်း တံခါးပွင့်လာခဲ့ပြီး ကျောင်းသားများ အားလုံး သိချင်ဇောဖြင့် ခေါင်းလေးများထောင်၍ မော့ကြည့်လိုက်ကြသည်။

"ဘာ....ဘာတွေ ဖြစ်နေကြတာလဲဟ...သူတိူ့က ဘာလို့ သွေးထွက်သံယိုတွေနဲ့ ရုံးခန်းထဲက ထွက်လာခဲ့ကြတာလဲတဲ့...."

All Chapters