အခန်း (၂၆၇)
Vol. 18 Ch. 267
လူတိုင်း သွေးလေခြောက်ခြားသွားပြီး ထင်ယောင်ထင်မှား ဖြစ်နေသယောင် ခံစားသွားရသည်။
သူတို့တွေက ဆရာလင်းကို ဒုက္ခပေးဖို့ ရောက်လာကြတဲ့သူတွေမဟုတ်လား..
ဘာလို့ ဒီလိုပုံစံမျိုးတွေ ဖြစ်သွားရတာလဲတဲ့....
ပြီးတော့ တီချယ်လင်းကကော ဘာလို့ အထဲမှာ ရယ်ရယ်မောမောနဲ့ စကားပြောနေသေးတာလဲတဲ့....
"တီချယ်..သူတို့ တီချယ့်ကို ခက်ခဲအောင် လုပ်ကြသေးလား...."၀မ်ရန် မေးလိုက်သည်။
"အဆင်ပြေပါတယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အဲ့တာဆို တီချယ် သူတို့က ဘာလို့ ၀က်ခေါင်းကြီးတွေ ဖြစ်နေကြတာလဲဟင်..."အချင်းချင်း ရန်ဖြစ်ထားကြတာလား...
"မဟုတ်ပါဘူး...ဒီတိုင်း သူတို့ကို သုံးလေးချက်လောက်ပဲ ကန်...လခွမ်း...ငါ့ AJ6 ပျက်စီးသွားပြီဟ...ပြန်လျော်ခိုင်းရမယ်..."
ဂျော့ရှ်နှင့် ကျန်သူများအားလုံး လူတိုင်း၏ ဝေဖန်လှောင်ပြောင်မှုများအောက်တွင် ကျောင်းအားကစားကွင်းထဲသို့ ရောက်ရှိလာခဲ့သည်။
သူတို့၏ ရောက်ရှိလာမှုမှာ အတော်လေးကို ပွဲစည်သွားစေခဲ့ပြီး ဖြတ်သွားသည့် ကျောင်းသားများနှင့်ဆရာ/မ များအားလုံး ပွဲကြည့်ရန် လာကြည့်ခဲ့ကြ၏။
သူတို့အားလုံး ဘယ်ကဘယ်လို စဖြစ်လဲဆိုတာ မသိကြသော်လည်း လင်းရီ၏ စနက်နှင့် မကင်းကြောင်းတော့ နားလည်ပေသည်။
ကွင်းထဲရှိ ကျောင်းသားများကတော့ နည်းလမ်းမျိုးစုံဖြင့် အောင်ပွဲခံနေကြသည်။ သူတို့ နောက်ဆုံးတော့ ထို အမြင်ကပ်ဖို့ ကောင်းလှသည့် ပြည်ပကျောင်းသားများကို ပညာပြနိုင်ခဲ့ချေပြီ။
သို့သော်လည်း ကျောင်းရှိ ဆရာ/မ များ၏ အတွေးကတော့ ထိုမျှ မရိုးရှင်းချေ။
လင်းရီ ကျောင်းသို့ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဒုကျောင်းအုပ်နှစ်ယောက်ကို အလုပ်ဖြုတ်ခဲ့ပြီး ဖြစ်၏။
ယခု ပြည်ပမှ ပညာတော်သင် ကျောင်းသားများပင် လင်းရီကြောင့် အပိုးကျိုးသွားချေပြီ။ ယခုမှ စ၍ တစ်ကျောင်းလုံးတွင် မည်သူကမျှ လင်းရီကို မခန့်လေးစား ပြုရဲလိမ့်မည် မဟုတ်တော့ချေ။
မလိုလားအပ်သည့် အကြည့်များကို ရှောင်ရှားရန် လင်းရီနှင့် ကော်မတီမှ ၀န်ထမ်းများ ဘာဘီကျူးဆိုင် တစ်ဆိုင်သို့သွား၍ နေ့လည်စာကို သုံးဆောင်လိုက်သည်။
"ကျောင်းပြန်ရောက်တာနဲ့ အဲ့ကောင်တွေကို ခံ၀န်ကတိ ထိုးခိုင်းလိုက်ဦး..ဒါမှ သူတို့ ပြဿနာ ထပ်မရှာရဲတော့မှာ..."
လင်းရီ စားနေစဉ် ပြောလိုက်သည်။
"အွန်း..နားလည်ပြီ..."
"အစ်ကိုလင်း..ရှင်က အရမ်းတော်တာပဲ...တကယ်ကယ်လို့ နောက်ကျ ကျွန်မအနိုင်ကျင့်ခံရရင် အစ်ကိုလင်းကို ခေါ်လိုက်မယ်နော်..."
"ဒါပေါ့..လိုရင် ခေါ်လိုက်လေ..ကူညီပေးမယ်."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အိုး ဟုတ်သား ဒါနဲ့လေ အစ်ကိုလင်း..ကျွန်မတို့ ရုံးခန်းကနေ ထွက်လာတော့ အပေါက်၀မှာ ရပ်နေတဲ့ ၀မ်ရန်ဆိုတဲ့ မိန်းကလေးက အစ်ကိုလင်းကို အရမ်း စိတ်ပူပေးနေတဲ့ပုံပဲနော်...အတန်းတစ်ခါလေးပဲ ၀င်ရသေးတယတောင်မှ အစ်ကိုလင်းက သူမရဲ့ နှလုံးသားလေးကို စိုးမိုးပစ်လိုက်ပြီပေါ့..."
စုန့်ကျား ပြုံးရင် ပြောလိုက်သည်။
"စကားကို ဘယ်လိုတွေ လျှောက်ပြောနေတာ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "မသိရင် ငါက ကောင်မလေးတွေ ပိုးပန်းဖို့ လာနေတဲ့ အတိုင်းပဲ."
"ဒီက ရှင်တို့ နှစ်ယောက် ဆက်ဆံရေး ကောင်းလားလို့ သိချင်ရုံပါ..."စုန့်ကျား ပါးချိုင့်လေးများ ပေါ်အောင် ပြုံးလိုက်ပြီး "တကယ်လို့ ကောင်းတယ်ဆိုရင် ကျွန်မဘက်က ကူညီပေးရင် ကောင်းမလားလို့..."
"ဟမ်...ဘာကို ကူညီပေးမလို့လဲဟ..."
"မနေ့ နေ့လည်တုန်းက ကျောင်းရဲ့ ဘုတ်အဖွဲ့က နေပြီးတော့ ၀မ်ရန်ရဲ့ ပညာတော်သင် ထောက်ပံ့ကြေးက်ု ဖျက်သိမ်းဖို့ စာထွက်လာတယ်လေ..."စုန့်ကျား ပြောပြလိုက်၏။
"ပညာသင် ထောက်ပံ့ကြေးကို ဖျက်သိမ်းလိုက်တယ်..."လင်းရီ အံ့ဩသွားခဲ့ပြီး "အကြောင်းပြချက်ကိုကော ကြားမိသေးလား.."
"ပုံမှန်ဆို သူတို့ဘက်က အဲ့လိုမျိုး ဖျက်သိမ်းဖို့ အခွင့်အာဏာမှ မရှိတာ.."
"အွန်း...ကျွန်မလည်း ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲ မသိတော့ဘူး...အစ်မထျန်ကို မေးမှပဲ ဖြစ်တော့မှာ..."
၎င်းကိုကြားတော့ လင်းရီ ရှောင်ထျန်ဘက်သို့ အကြည့်ပို့လိုက်သည်။
"ငါ တက္ကသိုလ် ဌာနမှူးနဲ့ စကားပြောပြီးသွားပြီ...ဌာနမှူးမြောင်ပြောတာတော့ ၀မ်ရန်က ဒီလထဲမှာ အတန်း ၁၂ ကြိမ်ပျက်ပြီးတော့မှ ခွင့်တိုင်တာက ၆ ကြိမ်ပဲ ရှိတယ်ဆိုပဲ....ကျန်တဲ့ အတန်ချိန်တွေ ဘာလို့ ပျက်တာလဲဆိုတာ ဖြေရှင်းချက်လည်း မပေးဘူး.."
"သူ့ကို ဆရာမတွေ ပြောတာပဲ..ဒါပေမယ့် နားမှ မထောင်တာ..အဲ့တော့ စိတ်တိုတိုနဲ့ပဲ သူရထားတဲ့ စကောလားရှစ်ကို ပြန်ဖျက်လိုက်တာလေ...ဒါပေမယ့် ကြေညာစာကတော့ ငါ့လက်ထဲမှာပဲ ရှိသေးတာ ..နည်းနည်းလောက် ထပ်စောင့်ချင်သေးတယ်..."
"စောင့်ဦးမယ်..? စီးပွားရေးဌာနက ဆရာမတွေ မမှားဘူး မဟုတ်လား...အတန်းအဲ့လောက် ပျက်နေတဲ့သူက ဘယ်လိုလုပ် ထောက်ပံ့ကြေး ပေးဖို့ ထိုက်တန်မှာ..."
လင်းရီ ကြောင်အစွာ မေးလိုက်သည်။
"အမှန်ပဲ..."ရှောင်ထျန် ပြောလိုက်ပြီး "ဒါပေမယ့် ငါ ၀မ်ရန်တို့ မိသားစု အခြေနေကို ကောင်းကောင်းကြီးနားလည်တယ်..ပညာသင် ထောက်ပံ့ကြေးဆိုတာက ငါတို့မျက်လုံးထဲမှာ ဘယ်လောက်မှ မတန်ပေမယ့် သူမ အတွက်တော့ အများကြီးပဲ..ငါသူ့ကို အခွင့်ရေး တစ်ခေါက်လောက် ထပ်ပေးချင်သေးတယ်ဟာ..."
"အခွင့်အရေးပေးချင်သေးတယ်...?တကယ်လို့ သူမက မှားတယ်ဆိုရင် ငါတို့ဘက်က မျှတအောင် လုပ်ရမယ်လေ..သူမဘက်ကလည်း ၀န်ခံသင့်တယ်..တကယ်လို့ လဲကျရင်တောင် ပြန်ထနိုင်ရမယ်....အဲ့လို ပြန်ထဖို့ ငြင်းဆန်နေတဲ့သူ တစ်ယောက်ကို မင်းက အခွင့်ရေး ပေးချင်သေးတယ်ပေါ့....တခြားကျောင်းသားတွေ အတွက် မျှတတယ်လို့ကော ထင်လား.... "
"စိတ်လျှော့ပါဦးဟဲ့.."ရှောင်ထျန်ပြောလိုက်ပြီး "ငါပြန်ရောက်မှပဲ သူမနဲ့ စကားပြောကြည့်လိုက်မယ်...အဲ့တာကိုမှ ခေါင်းမာနေသေးရင်တော့ ငါ့အဆိုးလို့ ဘယ်ဆိုလို့ရတော့မှာ..."
လင်းရီ ကင်ထားသည့် ကျောက်ကပ်တစ်တုံးကို ပါးစပ်ထဲသိူ့ ထည့်လိုက်ပြီး နှုတ်ခမ်းများ တစ်ဝိုက် ဆီများဝေ့သွားစေသည်။
"စကားမစပ် ..မင်းငါ့ကိုခု ဌာနမှူးနဲ့ ဆက်သွယ်ပေးလို့ရလား...သူမ ဘယ်အတန်းတွေ ပျက်လဲဆိုတာ သိချက်လို့...."
"ခုတော့ မရသေးဘူး..ခုက နေ့လည် အနားယူချိန်လေ..ညနေပိုင်းလောက်မှပဲ ခေါ်မေးပေးမယ်..သူများ အနားယူနေတာကို နှောင့်ယှက်လို့ မကောင်းဘူး..."
"အိုကေ..."
လင်းရီ နောက်ထပ် ကျောက်ကပ် အတုံးကြီးကြီး တစ်တုံးယူလိုက်ပြီး "အစ်ကိုလီ..နောက်ထပ် နှစ်ခု ကျန်သေးတယ်..ညီမတို့ တစ်ယောက်တစ်တုံး စားကြမလား...."
"တော်ပါပြီကွာ..ငါက အိုနေပါပြီ..မင်းတို့ ငယ်တဲ့သူတွေသာ များများစားပေး..."လီရှင်းပန်း ငြင်းဆန်လိုက်လေသည်။
လီရှင်းပန်း ရှက်တတ်သည့် ကျေင်းတော်သား တစ်ဦးကဲ့သို့ ဖြစ်နေပြီး သူ၏ လုပ်ဖော်ကိုင်ဖက် မိန်းကလေးများရှေ့တွက် ကျောက်ကပ်စားရမည်ကို ရှက်နေလေ၏။
"အစ်ကိုလင်းက စင်ဂယ်လေ..သူ ဒီဟာစားလည်း အသုံးမ၀င်ပဲ..."စုန့်ကျား ပြောလိုက်သည်။
"အမ်....ဘာဖြစ်လို့ အသုံးမ၀င်ရမှာ..."
ရှစ်လိမှနေ၍
"မယူခင် ကြိုပြင်ဆင်ထားတာလည်း မမှားပါဘူးလေ..
"ဒါပေမယ့် အများကြီးတော့ မစားနဲ့ပေါ့...မဟုတ်ရင် နင့်ကောင်မလေးက အိပ်ရာက မထနိုင် ဖြစ်နေဦးမယ်..."
လင်းရီ "....."
မိန်းမငယ်လေးတွေ နှုတ်ရဲတယ်ဆိုတာ သူတို့ကို မမှီသေးပါဘူး...
"ငါလည်း လက်သမား မလုပ်ပါဘူးကွာ....ရုံးခန်းကို ရှောင်ထျန်ရဲ့ ရုံးခန်းထဲမှာ ထားထားတာက ဒီတိုင်း အလှထားတယ်များ ထင်နေတာလား..."
"ဟမ်..."
လူတိုင်း ရှောင်ထျန်ကို နားလည်သည်ဟူသော အကြည့်များဖြင့် ပြိုင်တူ ကြည့်လိုက်ကြ၏။
ရှောင်ထျန် မျက်လူံ လှလှလေးများ ဝိုင်းစက်သွားပြီး စားပွဲအောက်မှ တစ်တင့် လင်းရီကို ဆောင့်ကန်လိုက်သည်။ "ကောင်စုတ်..ဘာ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ..."
"အစ်မထျန်ကလည်း ခုမှ ဘာတွေ လာရှက်ပြနေတာ...ညီမတို့ သိပြီးသားပါနော်.."ရှစ်လိ အဓိပ္ပာယ်ပါသည့် အကြည့်တစ်ချက် ပေးလိုက်သည်။
"အမ်...နင်က ဘာသိတာ..."
ရှစ်လိ သူမ တူကို ချလိုက်ပြီး ဟန်ပါပါဖြင့်" အစ်မထျန်ရုံးခန်းထဲမှာ တစ်ယောက်တည်း ရှိတယ်ဆိုရင် အမြဲတမ်း တိတ်ဆိတ်နေတာ...ဒါပေမယ့် လင်းရီ ရောက်ကတည်းကနေ တစ်ခါတစ်လေ ထူးဆန်းတဲ့ အသံတွေ ကြားနေရတယ်နော..."
"ထူးဆန်းတဲ့ အသံတွေ...."
ရှောင်ထျန် ရှုပ်ထွေးသွားခဲ့ပြီး လင်းရီလည်း ထိုနည်း လည်းကောင်းပင်။
ဘယ်လို ထူးဆန်းတဲ့ အသံက ဖြစ်လာနိုင်မှာ...
"ဟုတ်တယ်...မြန်မြန်လေး မြန်မြန်လေး...ဟုတ်နေပြီ"
"မင်း သေခါနီးပြီလား...ငါမင်းကို သက်သာအောင်လို့ နွားနို့တစ်ချို့ ပေးမယ်..."
"အိုး..နင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ လင်းရီ...."
ရှောင်ထျန် ရှက်ပြီး မျက်နှာရီနဲ သွားခဲ့သည်။ အမှန်တော့ ထိုအသံများမှာ သူတိူ့ ဂိမ်းကစားရင်း ပြောနေကြသည့် အသံများပင်။
"အင်း...ငါလည်း တစ်မနက်ခင်းတုန်းက အဲ့ဒီ အသံတွေ ကြားလိုက်သေးတယ်...အသံကအတော်လေးကို ကျယ်တာနော်...ငါလည်း နားရှက်လွန်းလို့ တစ်နေရာ ရှောင်နေလိုက်တယ်"
လီရှင်းပန်းမှ ပြောလိုက်သည်။
စားပွဲအောက်တွင်တော့ ရှောင်ထျန်မှ လင်းရီကို ခြေတစ်ချက် ကန်လိုက်ပြန်သည်။
"ကောင်စုတ်..မြန်မြန် ရှင်းပြလိုက်လေ..."
"ကျုပ်တို့ နောက်ကျရင် အသံလျော့ပေးပါ့မယ်..."
ရှောင်ထျန် :"....."
နင့်ကို မရှင်းပြခိုင်းရင်တောင် အကောင်းသား...
"မ ဟုတ် ..မဟုတ်ဘူးနော်..."စုန့်ကျား ပြောလိုက်ပြီး "ထိန်းမထားနဲ့...ကျွန်မတို့က ဒီတိုင်း အပျော်သဘောနဲ့ လျှောက်စနေကြတာ..."
"အဲ့တာဆို နောက်ကျရင် ထိန်းမထားတော့ဘူးနော်...တကယ်လို့ ဂိမ်းကစားရင်း ပျော်နေတုန်း အားရပါးရ မအော်ဘူးဆိုရင် အဓိပ္ပာယ် ဘယ်ရှိတော့မှာ... "
ရှောင်ထျန် သက်ပြင်းမောကြီး တစ်ချက်ချလိုက်သည်။ ယင်းအကြောင်းပြချက်ကမှ နားထောင်လို့ ပိုသင့်တော်၏။
"အမှန်ပဲ...ရှင်နဲ့ အစ်မထျန်တို့ ဂိမ်းထဲမှာ စိတ်လွတ် ကိုယ်လွတ်ပျော်ပေးသင့်တာပေါ့..."စုန့်ကျားပြောလိုက်ပြီး "ပြီးတော့ ရုံးခန်းထဲမှာ ကစားရတာကလည်း အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာလေ..."
"အဟုတ်ပဲ.."ရှစ်လိ ၀င်ပြောလိုက်ပြီး "ငါက ခုတလော အစ်မထျန် ဘာလို့ စတော်ကင်တွေ အများကြီး ၀ယ်နေပါလိမ့် ဆိုပြီး ထူးဆန်းနေတာ...လက်စသတ်တော့ အလုပ်သွားရင် ၀တ်ဖို့ လိုလို့ကိုး..."
ရှောင်ထျန် :"...."
ကိစ္စက ရှင်းလေ ရှုပ်လေ ဖြစ်နေပါလား..
သူမ မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင်မှ သူမနာမည် သန့်ရှင်းဖို့ရာ မဖြစ်နိုင်တော့ဘူးထင်တယ်...