အခန်း (၂၆၈)
Vol. 18 Ch. 268
ရိုးရှင်းသည့် နေ့လည်စာမှာတော့ ရယ်မောပျော်ရွှင်သံများဖြင့် အဆုံးသတ်သွားခဲ့သည်။
နေ့လည်ပိုင်း ဒုတိယအချိန်တွင် တိုက်ကွမ်ဒို အတန်း ရှိနေသောကြောင့် လင်းရီ မည်သည့်နေရာမျှ မသွားတော့ဘဲ ရုံးခန်းသို့ ဖြောင့်တန်းစွာ ပြန်ခဲ့လိုက်၏။
"အစ်မထျန်..ညီမနဲ့ အစ်မလိတို့ တစ်ခုခု လုပ်စရာရှိသေးလို့ အစ်မတို့နဲ့ လိုက်မပြန်တော့ဘူးနော်..."စုန့်ကျား ပြောလိုက်သည်။
"ဒါရိုက်တာထျန်..ကျွန်တော်လည်း အိမ်မှာ လုပ်စရာရှိသေးလို့..အဲ့တာ ခွင့်တိုင်သွားဦးမယ်ဗျ..."
လီရှင်းပန်လည်း ပျက်ကွက်ရန် ခွင့်တောင်းလိုက်သည်။
ကျန်သည့် ဆရာ/မ များလည်း ရှေ့လူများ နည်းတူ ပျက်ကွက်ကြ၏။
ရှောင်ထျန် စုန့်ကျားနှင့် ကျန်သူများကို ထူးဆန်းစွာ တစ်ချက်ကြည့်လိုက်ပီး "နင်တို့တွေ ဒီနေ့မှ ဘယ်လိုတွေ ဖြစ်နေကြတာ..."
"ညီမတို့က အစ်မထျန်နဲ့ အစ်ကိုလင်းတို့ ဂိမ်းကစားတာကို အနှောင့်ယှက် ဖြစ်မှာဆိုးလို့လေ..ညီမတို့ကို အားမနာနဲ့နော်...စိတ်ကို လွှတ်ပြီးတော့သာ အားရပါးရ အော်ပစ်လိုက် .."
"မင်းတို့ ဘာတွေ ပြောနေကြတာ.."ရှောင်ထျန် မတုန့်ပြန်နိုင်ခင် လင်းရီမှ ပြောလိုက်သည်။
"ညီမတို့ ရှိနေရင် မကောင်းဘူးမဟုတ်လား.. "
"ဘာ မကောင်းစရာအကြောင်း ရှိလို့လဲ..."လင်းရီ မေးလိုက်ပြီး "ရင်ဖိုနေမှ စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပေါ့ကွ..မင်းတို့အားလုံး ထွက်သွားကြမှတော့ ဟိုတယ်နဲ့ ဘယ်ခြားတော့မှာ..."
"ဟင်း ..လူငယ်တွေရဲ့ လက်ထဲမှာ အကွက်တွေကတော့ မရိုးနိုင်အောင်ပါလား... "
လီရှင်းပန်းမှ သက်ပြင်းချ၍ ပြောလိုက်သည်။
"လင်းရီ ...ငါနင့်ကို သေအောင် လည်ပင်းညစ်မိတော့မယ်ဆိုတာ ယုံလား....."
"အဲ့တာဆိုလည်း ကိုယ့်ဘာကိုယ်ပဲ ကစား..ငါ့လာမခေါ်နဲ့တော့..."
ဂိမ်းအကြောင်း ပြောလိုက်သည့် အချိန်တွင်တော့ ရှောင်ထျန် ရုတ်ချည်း ထိတ်ကနဲ ဖြစ်သွားခဲ့သည်။
ယခု ဖြစ်ရပ်မှာ နားလည်မှုလွဲခြင်းသာ။ အကယ်၍ လင်းရီသာ သူမကို ခေါ်မဆော့တော့ပါက သူမ ဂိမ်းထဲတွင် အများတကာ၏ အနိုင်ကျင့်ခြင်းကို ခံရပေတော့မည်။
"သွား သွား..လူတိုင်း ရုံးခန်းထဲ ရှိနေရမယ်...ဒီနေ့ ခွင့်ယူတဲ့သူတွေ အကုန်လုံးကို လစာ လျော့ပစ်မယ်..."
လူတိုင်း စားပွဲကိုယ်စီသို့ ပြန်သွားကြပြီး အလုပ်ဆက်လုပ်နေကြ၏။
လင်းရီနှင့် ရှောင်ထျန်တို့လည်း သူတို့ရုံးခန်းထဲသို့ ၀င်သွားကြလေသည်။
ရှောင်ထျန် စကားအပိုတွေ မပြောပဲ ဌာနမှူးဆီသို့ ဖုန်းဆက်ကာ ၀မ်ရန် အကြောင်း မေးမြန်းလိုက်၏။
တစ်ချိန်တည်းတွင် လင်းရီ ချင်းဟန်ကို ဖုန်းခေါ်လိုက်သည်။
မနက်တုန်းက ချင်းဟန် သူ့ကို အရေးတကြီး ပြောစရာရှိသည်ဟု ဆက်သွယ်လာခဲ့ပေသည်။
"လင်း မင်းမြန်မြန် လုပ်လို့မရဘူးလားကွ..ဒရိုင်ဘာက ရယ်ဒီနေပြီ..မင်းက ခုထိ အချက်အလက်တွေလည်း မပေးသေးဘူး...ဘယ်ချိန်မှ စမှာလဲဟ.."ဖုန်း၀င်၀င်ချင်း ချင်းဟန်ဘက်မှ တစ်ရစပ် ပြောလာခဲ့၏။
"ရပြီ...ဒီမနက်တင်ပဲ အားလုံး ဖြေရှင်းပြီးသွားပြီ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒါနဲ့ မင်း ငါ့ကို မနက်တုန်းက ဖုန်းခေါ်ထားတယ်မလား..ဘာပြောမလို့လဲ..."
"ထွေထူးတော့ မဟုတ်ပါဘူးကွာ..."ချင်းဟန် ပြောလိုက်ပြီး "ငါမင်း လွိုင်ကန်ကို ငှားထားတာလေ..မှတ်မိတယ်မလား...ခု မောင်းလို့ ၀သွားပြီ..ညနေကျ မင်းကို ပြန်ပေးရင်းနဲ့ တစ်ဝိုင်းလောက် တည်ရင် ကောင်းမလားလို့..."
"ပေးမနေနဲ့ဟျောင့်..မင်းသဘောကျရင် ယူထားလိုက်...ငါ့မှာ ကားတွေက အများကြီး ရှိတယ်...အဲ့လွိုင်ကန်ကလည်း အပိုလိုမျိုးတောင် ဖြစ်နေပြီ..."
"တော်ပြီဟျောင့်..ငါကမင်းနား ကားအလကားတောင်းနေသလိုကြီး ဖြစ်သွားမှာပေါ့ကွ..."ချင်းဟန် ပြောလိုက်၏။
"အဲ့လိုမရရင်လည်း ငါ့ကို တစ်စီးပြန်၀ယ်ပေးလိုက်ပေါ့ကွာ..ဘာများ ခက်နေလို့လဲ..."
လင်းရီ ပြောလိုက်သည်။
"ငိုးပဲ..အဲ့တာတော့ မဖြစ်နိုင်ဘူးဟျောင့်..."
" ညထွက်ခဲ့..အိုင်းကျန်းလမ်းက မက်ထရိုပိုလစ်ကို ရောက်ရင် ဖုန်းခေါ်လိုက်ကွာ..."ချင်းဟန် ပြောလိုက် လေသည်။
"အိုကေ...အလုပ်ပြီးရင် လာခဲ့မယ်..."လင်းရီ သဘောတူလိုက်ပြီး "အဲ့မှာ ဆုံကြတာပေါ့ကွာ..."
လင်းရီ ဖုန်းပြောပြီးနောက် ဘေးသို့ ချထားလိုက်၏။
တစ်ချိန်တည်းတွင် ရှောင်ထျန် ပရင့်ထုတ်ထားသည့် စာရွက်တစ်ရွက်ဖြင့် သူ့ထံ လျှောက်လာနေပြီး "ရော့ ဒါတွေက ၀မ်ရန် ပျက်ထားတဲ့ အတန်းတွေပဲ..နင့်ဘာနင်ပဲ ကြည့်ကြည့်လိုက်တော့..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ရှောင်ထျန်ပေးသည့် စာရွက်များကို လက်ခံလိုက်သည်။
လင်းရီ အစကတော့ အများကြီး မစဉ်းစားခဲ့။ သို့သော် သူသေချာကြည့်လိုက်သည့်အချိန်တွင်တော့ သူမ ကျောင်းပြေးပုံမှာ အတော်လေး စိတ်၀င်စားဖို့ ကောင်းနေကြောင်း တွေ့လိုက်ရသည်။
အများစုကတော့ နေ့လည်ပိုင်း နောက်ဆုံး အချိန်များဖြစ်ပြီး မနက်ပိုင်း ပထမဆုံးအချိန် ပျက်သည်ကတော့ မရှိသလောက်ပင်။
မနက်ပိုင်း ဒုတိယချိန်နှင့် ညနေပိုင်း ပထမအချိန်တို့ကတော့ ပျက်ကွက် တစ်ခုမျှ ရှိမနေပေ။
ပိုပြီး စိတ်၀င်စားဖို့ ကောင်းသည်ကတော့ ၀မ်ရန် ပျက်သည့် အတန်းမှာ ဘာသာရပ်တစ်ခုတည်းကို ကွက်မပျက်ဘဲ ဘာသာရပ်တစ်ခုချင်းစီတိုင်းကို မထပ်အောင် ပျက်လေ့ရှိသည်။
လင်းရီ ဆက်ကြည့်လိုက်သောအခါ ယမန်နေ့ ညနေပိုင်း အတန်းလည်း မတက်ကြောင်း တွေ့လိုက်ရ၏။
သို့သော်လည်း သူ မနေ့တုန်းက ကျောင်းပေါက်၀တွင် ဆုံတော့ သူ့ကို အတန်းမရှိဟု ပြောခဲ့ကြောင်း ရုတ်တရက် မှတ်မိသွားခဲ့သည်။
ထို့ပြင် သူမကို အိမ်သို့ လိုက်ပို့ပြီးနောက် ဘတ်စ်ကားမှတ်တိုင်သို့ ပြန်ပြေးသွားပြီး တစ်နေရာရာသို့ ထွက်သွားခဲ့၏။
မတူကွဲပြားသည့် အချိန်ခြားနားချက်ကတို့ကို ဝေဖန်သုံးသပ်ကြည့်ပါက ၀မ်ရန် အိမ်သို့ပင် မပြန်ဘဲ ဘတ်စ်ကားမှတ်တိုင်သို့ တန်းသွားခြင်း ဖြစ်လောက်ပေသည်။
အင်း...ဒါကတော့ သံသယ ဖြစ်စရာပဲ...
လင်းရီ စကားတစ်ခွန်းမျှ မဆိုပဲ ခုံကို လက်ညိုးဖြင့် တတောက်တောက် ခေ့က်လိုက်သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရှောင်ထျန်ကတော့ စကားတစ်ခွန်းမှ မဆိုပဲ လင်းရီ၏ အမြင်ကို နားစွင့်နေ၏။
အကယ်၍ လင်းရီပါ ပညာသင် ထောက်ပံ့ကြေး ရပ်ဆိုင်းမည့် ကိစ္စကို သဘောတူလိုက်ပါက ရှောင်ထျန်ကိုယ်တိုင်ပင် ကူညီပေးရန် မဖြစ်နိုင်တော့ချေ။
တခဏကြာသော်
ပြူး ပြူး .ပြူး.(ဂိမ်းဆော့သံ)
ဟမ်...ငါက နင့်ဆီက ထင်မြင်ချက်ကို နားစွင့်နေတာလေ..နင်က ဂိမ်းထိုင်ဆော့နေတယ်တဲ့လား..
ဒီကိစ္စကို စိတ်မ၀င်စားဘူးဆိုရင်လည်း ဘာလို့ အလေးနက် ထားနေသလိုမျိုး လုပ်နေတာလဲဟဲ့...
"ဟိတ်..နင်ဘာလို့ ဂိမ်းဆော့နေတာ..."
"ငါ့အတန်းက ဒုတိယအချိန်မှလေ..အတန်းပြီးဖို့ မိနစ်လေးဆယ်တောင် လိုနေသေးတယ်..ငါက ဂိမ်းမကစားလို့ မင်းနဲ့ကစား...."
"အစ်မထျန်...."
တစ်ချိန်တည်းတွင် ရှောင်ထျန် တံခါး ဖွင့်လာခဲ့၏။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ မြေပြင်ပေါ်တွင် အမြစ်တွယ်သကဲ့သို့ အေးခဲသွားပြီး ကိုးရို့ကားယား အမူအရာဖြင့် ရပ်နေလေသည်။
"အာ...ဆောတီးနော်..အစ်မထျန်တို့ ကစားမှာ ဆက်ကစားကြ...ညီမ မလာဘူးလို့ပဲ မှတ်လိုက်တော့...ညီမတို့ နားက သိပ်မကောင်းဘူးဆိုတော့ အောင့်မထားနဲ့နော် သိလား..."
"လင်းရီ..ငါနင့်ကို ပေါက်တတ်ကရတွေ လျှောက်မပြောပါနဲ့လို့ အတန်တန် မှာထားရဲ့သားနဲ့ ခု အထင်လွဲသွားပြန်ပြီ...ခု ငါရှင်းပြလဲ သူတို့ နား၀င်မှာတောင် မဟုတ်တော့ဘူး ဟွန့်..."
ရှောင်ထျန် လင်းရီကို တောင်အောက် ဆင်းလာသော ကျားရိုင်းမလေး တစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်၏။
သူနှင့် လက်မ အနည်းငယ်ခန့်သာ ကွာဝေးသည့် တောင်တန်းကြီး နှစ်ခုကို မြင်တော့မှ လင်းရီ ရုတ်ချည်း နားလည်သွားပြီး...
တောင်နဲ့တိုက်မိတယ် ဆိုတာက ဒါမျိုးကိုး....
မိနစ်၀က်ခန့် ကြာပြီးနောက် ရှောင်ထျန် သူမ တစ်ခုခု မှားနေသည်ကို သတိထားမိသွားသည်။ သူမ၏ တောင်ထိပ်ဖျားလေးများသို့ မထိတထိ ထိတွေ့မှုများက သူမ၏ ကိုယ်ကို ရှိန်းတိန်းတိန်း ဖြစ်သွားစေသည်။
ရှက်ရမ်းရမ်းသွားပြီးနောက် ခေါင်းစဉ်ပြောင်း၍ "နင် ၀မ်ရန် ကိစ္စ စဉ်းစားနေတာ မဟုတ်ဘူးလား"
"မစဉ်စားပါဘူး.."လင်းရီ ချက်ကျလက်ကျဖြင့် "သူမက ခု အရွယ်ရောက်နေပြီးသားလေ..သူ့ဘာသူ ဘာလုပ်လုပ်ပေါ့..ငါက ၀င်စွက်ဖက်ပိုင်ခွင့်မှ မရှိတာ...."
"နင် တစ်ခုခု မလုပ်ချင်တာ သေချာပြီလား..."ရှောင်ထျန် ပြောလိုက်ပြီး "ငါ့အမြင်ရတော့ သူက နင့်ကို အရမ်း ဂရုစိုက်တာနော်..."
"ဘာတွေ လာပြောနေတာ..ငါ့ကို ဂရုစိုက်တဲ့ ကောင်မလေးတွေမှ တစ်ပုံကြီး...သူတစ်ယောက်တည်း ရှိနေတာမှ မဟုတ်တာ."
"ပညာသင် ထောက်ပံ့ကြေး ကျတော့ကော...."
"စည်းမျဉ်း အတိုင်းပဲ သွားပေါ့..."
"မတိုင်ပင် တော့ဘူးလာ."
"အင်း..ဒီ တက္ကသိုလ်မှာ ငါက လွဲပြီး ဘယ်သူကမှ အထူးအခွင့်အရေး မရှိဘူး.."လင်းရီ ခြေတင်ချိတ်၍ ကိုယ်ရည်သွေး လိုက်သည်။
"အွန်း..သဘောပဲ..နင် ဂိမ်းထဲ မ၀င်သေးနဲ့ဦးနော်...ငါ့လည်းခေါ်ဦး..နှစ်ယောက်အတူဆော့ရင် ကေးတွေ အများကြီး ရလောက်တယ်..."
လင်းရီ ရှောင်ထျန်နှင့် ဂိမ်းခဏ ကစားပေးပြီးနောက် အားကစားရုံသို့ ဦးတည်သွားလိုက်သည်။
ညနေ ၄ နာရီခွဲ။ အတန်းပြီးဆုံးသည့်အချိန်တွင်တော့ လင်းရီ ချင်းဟန်နှင့် တွေ့ဆုံရန် ထွက်လာခဲ့လိုက်၏။
သိူ့သော်လည်း သူ မက်ထရိုပိုလစ်သို့ တိုက်ရိုက် မသွားဘဲ ထိုအစား ဟွာချင်း ရေကန်သို့ ဦးတည်လိုက်သည်။
ချင်းဟန် အကြံပေးသည့် ဤနေရာမှာ သိပ်မဆိုးချေ။ ထို့ကြောင့် လင်းရီ မန်ဘာကတ် တစ်ခုလောက် လုပ်ထားရန် ဆုံးဖြတ်လိုက်၏။ မည်သိူ့ပင်ဆိုစေကာမူ သူချင်းဟန်ကို အကြွေးအများကြီး တင်ထားသောကြောင့် အင်ပါယာ ကတ်တစ်ကတ်လောက်လေးနဲ့တော့ တွယ်ကပ်မနေသင့်ပေ။
ဟွာချင်းရေကန်မှာ လင်းရီ ထင်ထားသည်ထက် ပိုမိုကြီးမားနေ၏။
လင်းရီ၏ ရှာရီကို မြင်သည့် အချိန်တွင် လုံခြုံရေး အစောင့်မှာ အေးခဲသွားပြီး မမြင်ဖူးသောကြောင့် အထူးအဆန်းဖြစ်သွားလေသည်။
ရှာရီမှာ ဟွာချင်းရေကန်လို နေရာမျိုးနှင့် လားလားမျှ မသက်ဆိုင်ပေ။
"မန်နေဂျာမာ..ကျွန်တော်တို့ ရှာရီမောင်းလာတဲ့ကောင်ကို ခရီးဦးကြိုပြုသင့်လား.."လုံခြုံးရေး အစောင့်မှ မေးလိုက်၏။
မန်နေဂျာမလေးမှာ စက္ကန့်အနည်းခန့် တုံ့ဆိုင်းသွားပြီး "ပုံမှန်ပဲ ဆက်ဆံလိုက်ပေါ့..ဘာပဲပြောပြော ငါတို့က ၀န်ဆောင်မှု ပေးရတဲ့ လူတွေမလား....ရောက်လာတဲ့သူတွေက ဘာကြီးပဲ ဖြစ်နေပါစေ ကြိုဆိုပေးရမှာ ငါတို့ တာ၀န်ပဲလေ...မတတ်နိုင်မှန်းသိရင် သူ့ဘာသူ ထွက်သွားလိမ့်မယ်...ငါတို့ ဘာမှ မောင်းထုတ်နေစရာတောင် မလိုဘူး..."
"အင်း...."
လင်းရီ ကားထဲမှ ထွက်လာသည်ကို မြင်တော့ မန်နေဂျာမလေးမှာ အပြုံးလေးဖြင့် ရောက်လာပြီး "လူကြီးမင်းက တစ်ယောက်တည်းလားရှင့်..."
"အင်း....ငါကတ်လာလုပ်တာ..."လင်းရီ စကားအပိုတွေ ဆိုမနေတော့ပဲ လာရင်း ရည်ရွယ်ချက်ကို တန်းပြောချလိုက်သည်။
"ကတ်လုပ်မလို့..." မန်နေဂျာမလေးမှာ ကြက်သေသေသွားခဲ့၏။
သူမ ဘယ်လို ၀န်ဆောင်မှု ပေးတယ်ဆိုတာတောင် မပြောရသေးဘူးလေ..သူက ကတ်ယူမယ်လို့ တန်းပြောနေပြီတဲ့လား...
ရှာရီကြီးမောင်းလာပြီးတော့ မရှက်တာ အဆန်းတော့ မဟုတ်ပါဘူး..လက်စသတ်တော့ သူက ဖောက်သည်ကြီးကိုး...
မန်နေဂျာမလေးမှာ ထိုကဲ့သို့သာ ကောက်ချက်ချလိုက်သည်။
"ဘာလဲ ကတ်က လုပ်လို့မရလို့လား..."
"အဲ့လို သဘောမျိုး မဟုတ်ပါဘူးရှင်..."မန်နေဂျာ မလေးမှ ကမန်းကတမ်း ရှင်းပြလိုက်ပြီး "ဘယ်လိုကတ်မျိုးကို လူကြီးမင်းက လုပ်ချင်တာပါလဲရှင့်..ယွမ် ၁,၀၀၀ တန်ဆိုရင်တော့ ၁၀၀ ပြန်အမ်းပေးပါတယ်..ပြီးတော့....."
"အင်ပါယာကတ်...."
"အာ....အင်ပါယာ...."မန်နေဂျာမလေးမှ အံ့အားသင့်သွားခဲ့ပြီး "လူကြီးမင်းရှင့် အင်ပါယာကတ်က ကျွန်မတို့နေရာမှာ အကောင်းဆုံးပါ..ပြီးတော့ သူ့တန်ဖိုးကလည်း ၁၈၈,၀၀၀ ကျသင့်ပါတယ်..."
"အင်း...နှစ်ခု ယူမယ်..."
ဟစ်....
မန်နေဂျာမလေးနှင့် လုံခြုံရေး ၀န်ထမ်းတို့ လေအေး တစ်ရှိုက်ရှူသွင်းလိုက်ရသည်။
သူတို့ နားကြား မှားသွားတာလား...
ကတ်နှစ်ခု ယူမည်ဆိုပင်။ ယင်းတန်ဖိုးမှာ ၄၀၀,၀၀၀ နီးပါး ကျသင့်၏။
အဲ့လိုဆို ရှင်က ဘောစိကြီးပဲ....ဘာလို့ဒီရှာရီ အစုတ်ကြီး စီးနေတာလဲ....
"ကောင်း..ကောင်းပါပြီရှင့်..ကျေးဇူးပြုပြိး အထဲမှာ ခဏလောက် စောင့်ပေးပါဦးနော်...ခုချက်ချင်းပဲ ပြင်ဆင်ပေးပါ့မယ်..."
ဆယ်မိနစ်ကြာပြီးနောက် ကတ်နှစ်ခုလုံးမှာ ရယ်ဒီဖြစ်သွားပြီး လင်းရီလည်း ယူကာ အားရကျေနပ်မှု အပြည့်ဖြင့် ထွက်လာခဲ့လိုက်၏။
"၀န်ဆောင်မှုက မဆိုးပါဘူး...အချိန်အားရင် တစ်ခေါက်တစ်လေတော့ လာပြီး အပမ်းဖြေဦးမှပါ..."
ကတ်ယူပြီးနောက် လင်းရီ ချင်းဟန်ပြောသည့် မက်ထရိုပိုလစ်သို့ ဦးတည်လာခဲ့၏။
အရွယ်အစားအရတော့ မက်ထရိုပိုလစ်မှာ သေးငယ်သည်ဟု မဆိုသာသော်လည်း ကျိုးဟိုင်တွင် အကြီးဆုံးဟုလည်း မဆိုနိုင်ပြန်ချေ။ သို့တိုင်အောင် အပြင်အဆင်များကတော့ ၎င်းနေရာကို တစ်မူထူးခြားသည်ဟု ခံစားသွားရစေသည်။
ချင်းဟန် ဤနေရာသို့ လာလည်သည်မှာလည်း သူ၏ အဆင့်အတန်းနှင့် ကိုက်ညီသည်ဟု ဆိုရပေမည်။
ပေါက်၀တွင်တော့ သူ၏ လွိုင်ကန်ကို ရပ်ထားပြီး မြင်သူတကာတိုင်းကို ခေတ္တမျှ ငေးမောလို့ မ၀နိုင်သွားစေသည်။
"ကြည့်လိုက်ဦးဟ..ဟိုမှာ အနီရောင်ပြိုင်ကားကြီးက လွိုင်ကန် ၇ မဟုတ်လား...သူ့ရောင်းဈေးက သန်း၆၀တောင် ကျော်တယ်လေ.."
"လက်ညိုး သွားမထိုးနဲ့..အဲ့တာ ကျိုးဟိုင်ရဲ့ အင်ပါယာ ချက်းဟန်ရဲ့ ကားကွ..."
"လက်စသတ်တော့ ချင်းဟန်ရဲ့ကားကိုး..ဒီလောက်ထိ လန်ပျံနေတာ မဆန်းတော့ပါဘူးကွာ..ဒီလိုကားမျိုးလည်း သူက လွဲရင် ဘယ်သူက ၀ယ်နိုင်မှာလဲတဲ့..."
"အသေချာပဲ..သန်း၆၀ ကျော်တဲ့ ကားကြီးကို ချင်းဟန်က လွဲလို့ ဘယ်သူက စီးနိုင်မှာ"
ဖြတ်သွားဖြတ်လာများ ဆွေးနွေးနေသည်ကို ကြားတော့ လင်းရီ ရယ်မောမိလိုက်သည်။
ဒီကောင်တွေ အထင်လွဲနေကြတာပဲကွ...
"မစ္စတာလင်း..."
လင်းရီ တံခါး၀သြိ့ ရောက်သောအခါ လျိုယင်းရှီ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
"ဘာလို့ အပြင်မှာ ရပ်နေတာ..."လျိုယင်းရှီကို မြင်တော့ လင်းရီ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ငည်။
လင်းရီ ဤဗလကောင်းကောင်းနှင့် လျိုယင်းရှီကို ကောင်းကောင်းကြီး မှတ်မိပေသည်။ သူ ပြဿနာ တက်စဉ်အခါတုန်းက နှစ်ခေါက်တောင် ပါ၀င်ကူညီ ပေးဖူးသောကြောင့် ကောင်းကောင်းကြီး မှတ်မိနေ၏။
"သခင်လေးချင်းက မစ္စတာလင်း လာမယ်ဆိုတာ ပြောထားလို့ ကျွန်တော့်ကို အပြင်မှာ စောင့်ခိုင်းထားတာပါ.."
"နောက်ခါအဲ့လို မလုပ်နဲ့လို့ သူ့ကို ပြန်ပြောလိုက်..ငါက အပြင်လူမှ မဟုတ်တာ..တခမ်းတနားကြီးတွေ လုပ်စရာ မလိုဘူး.."
"နားလည်ပါပြီခင်ဗျ..."
လျိုယင်းရှီ လင်းရီကို တိတ်တဆိတ် လေးစားသွားခဲ့သည်။
လွိုင်ကန်နှင့် ပန်ဂနီကို ပိုင်ဆိုင်ထားသော်လည်း သိုသိပ်စွာဖြင့် ရှာရီ အစုတ်လေးကိုသာ မောင်းနှင်နေ၏။ မစ္စတာလင်းမှာ လူသာမန်တို့နှင့် ကွဲပြားနေသည့် ပုဂ္ဂိုလ်ကြီးပင်။
တတိယ အထပ်သို့ ရောက်လာသည့်အချိန်တွင်တော့ လင်းရီ သီးသန့်အခန်းထဲမှ ကောင်မလေးများ တဟီးဟီး တဟားဟားဖြင့် အော်ရယ်နေသည့်အသံကို ကြားလိုက်ရသည်။
"ဒီကောင် အထဲမှာ ဘာတွေများ လုပ်နေလို့ အဲ့လောက် ပွဲကျနေတာပါလိမ့်...."
လျိုယင်းရှီ တံခါး ဖွင့်ပေးလိုက်သောအခါ လင်းရီ အခန်းထဲတွင် နောက်ထပ် ကောင်လေးနှစ်ယောက်ကို တွေ့လိုက်ရ၏။ သို့သော်လည်း သူနှင့် ရင်းနှီးမနေချေ။
အထဲ၀င်ပြီးနောက် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သူနှင့် ရင်းနှီးနေသည့် လီနာမှာ ဘစ်ကနီလေး ၀တ်လျက် ရှိနေကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း သူမတစ်ယောက်တည်း မဟုတ်ပဲ ကယ်စင်တို့၊ လမင်းတို့ပါ လက်ထဲတွင် ဘီယာများ ကိုင်ဆောင်ကာ အားပါးတရ မြူးတူး ကခုန်နေကြ၏။ ခုန်လိုက်တိုင်းလည်း သူမတို့၏ ပစ္စည်းများမှာ နိမ့်ချည် မြင့်ချည် လှုပ်ရှားနေပေတော့သည်။
"သခင်လေးလင်းက ခုမှ ရောက်လာတယ်ပေါ့..လီနာတို့က သခင်လေး ရောက်လာတာကို စောင့်နေကြတာ..."
လီနာမှ လက်ဦးမှုရယူပြီး သူမ၏ ရင်သားများကို လင်းရီလက်မောင်းနှင့် ဖိကပ်ပြီး ပွတ်ဆွဲလိုက်၏။
"အင်း...အတန်းပြီးတာနဲ့ တန်းလာတောင်မှ နည်းနည်း နောက်ကျသွားတယ်..."
"လင်းကြီး ..လာ လာ ငါ့ကောင်တစ်ချို့နဲ့ မိတ်ဆက်ပေးမယ်..."ချင်းဟန် လင်းရီကို လက်ယပ်ခေါ်လိုက်ပြီး အနည်းငယ် ၀ဖိုင့်ဖိုင့်ရှိသည့် လူငယ်တစ်ယောက်ကို ညွှန်ပြကာ "ဒီကောင်က လျန်ကျင်းမင်တဲ့...ကျိုးဟိုင်က စင်ဟွာလေကြောင်းလိုင်းဆိုတာ ဒီကောင့် အဖေ ပိုင်တာလေ..."
ချင်းဟန် နောက်ထပ်တစ်ယောက်ကို ညွှန်ပြလိုက်ပြီး "ဒီကောင်ကကျတော့ ကောင်းကျုံးယွမ်...လုံးထန် စက်မှုကုမ္ပဏိဆိုတာက သူ့မိသားစု အပိုင်လေ..ပြီးတော့ ကေဘယ်ကြိူးတွေလည်း ထုတ်သေးတယ်....သူတို့ဆီက ထုတ်တဲ့ ကေဘယ်တွေကိုကျ လေယာဉ်တွေမှာ အဓိက သုံးတယ်..."
"ဟယ်လို အစ်ကိုလင်း.."
"ဟယ်လို ..အစ်ကိုလင်း.."
နှစ်ယောက်စလုံး စိတ်အားထက်သန်စွာဖြင့် လက်ကို တစ်ချိန်တည်းနီးပါး ရှေ့ထုတ်လိုက်ကြသည်။
သူတို့ ရှေ့မှ ပုဂ္ဂိုလ်ကြီးမှာ အံဖွယ်လူသားကြီးပင်။ မည်သို့ပင်ဆိုစေ ကျိုးဟိုင်၌ ချင်းဟန်ကို ကားငှားပေးနိုင်သည့် ဒုတိယမျိုးဆက် ချမ်းသာသူမှာ ရှိကို မရှိပေ။
"တွေ့ရသာ ၀မ်းသာပါတယ်..တွေ့ရသာ ၀မ်းသာပါတယ်..."လင်းရီ ယဉ်ကျေးစွာပြောလိုက်ပြီး "နောက်မှ မိတ်ဖြစ်ဆွေဖြစ် အတူသောက်ကြတာပေါ့..."
တစ်ဖက်မှ ယဉ်ကျေးပြလာမှတော့ သူ့ဘက်ကလည်း ရိုင်းစိုင်း၍မဖြစ်။ သဘောထားကြီးမှုကို ပြသရပေမည်။
"ဒါပေါ့ ဒါပေါ့..."
အားလုံး ပြန်ထိုင်လိုက်ကြပြီး လင်းရီ ချင်းဟန်ကို ကတ်ကမ်းပေးလိုက်၏။ "ရော့...မင်းလိုချင်တယ်လို့ အဲဗားမြည်နေတဲ့ ဟွာချင်းရေကန်က အင်ပါယာကတ်..."
"ငိုးမ ..မင်းတကယ်ကြီး လုပ်ခဲ့တယ်ပေါ့..."ချင်းဟန် ရယ်လိုက်ပြီးပြီး.."မင်းကတော့ အကောင်းဆုံးပဲကွာ..."
"ရပါတယ်ဟ..."
လင်းရီ ရယ်မောလိုက်ပြီး အခန်းထဲရှိ ကောင်မလေးများကို လက်ညိုးညွှန်၍ "ဒိစော်တွေ အားလုံးကိုမင်း ခေါ်ထားတာပေါ့... "
"ဘယ်နားကသာ.."ချင်းဟန် လက်ခါပြလိုက်ပြီး "ဟိုကောင် ပြောင်ကြီး ခေါ်ထားတာ..."
"ပြောင်ကြီး ..ဘယ်နားက ပြောင်ကြီးတုန်း..."
"ငိုးပဲ မင်းဦးနှောက်က ဘာဦးနှောက်လဲကွ.."ချင်းဟန် လှောင်ပြောလိုက်ပြီး "မင်း သင်ခန်းစာ ပေးလိုက်တဲ့ လျိုချန်းလေကွာ..သူနဲ့ ယောင်တုန်းလိုင် နှစ်ကောင်ပေါင်းပြီး မာဆတ် ဖွင့်ထားတာ..ငါ့ကို တောင် မရမက လာပျော်ပါဆိုလို့ လာခဲ့တာ..ဒီစော်လေးတွေလည်း သူပဲ စီစဉ်ထားပေးတာလေ..အားလုံးက ကောလိပ်ကျောင်းသူလေးတွေကြီးပဲ....စိတ်၀င်စားရင် ကြိုက်တဲ့တစ်ယောက် ရွေးလိုက်အကုန်သန့်တယ် ..."
"တော်ပြီ...စိတ်မ၀င်စားဘူး..."
"ဟားဟား....သိသားပဲ..."ချင်းဟန် ရယ်မောလိုက်ပြီး "ဒီစော်လေးတွေ အကုန်လုံးက ငယ်နေတာကလွဲရင် အကုန်ကောင်းပါတယ်ဟ...ဟားဟား....."
ချင်းဟန် လင်းရီ ပခုံးပေါ် လက်မောင်းတင်လိုက်ပြီး "မင်း တ-ရုတ် အားကစားနဲ့စာပေယဥ်ကျေးမှု အဖွဲ့အစည်းက ဒုဥက္ကဌ ရန်ရွှေနဲ့ ချိတ်မိသွားသေးတယ်မလား....ဘယ်လိုလဲ..အရသာရှိရဲ့လား..."
လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ ပါးသပ်အဟောင်းသား ဖြစ်သွားကြပြိး
အစ်ကိုလင်းကတော့ လုံး၀ အမေးဇင်းပဲ...အားကစားနဲ့ စာပေယဉ်ကျေးမှု အဖွဲ့အစည်း ဒုဥက္ကဌနဲ့တောင် ဘာညာဘာညာ ဖြစ်လိုက်သေးတယ်ဆိုပဲ...
"သူမက အိမ်ထောင်သည်လို့တော့ မပြောနဲ့...."
လျန်ကျန်းမင်တို့ နှစ်ဦး လင်းရီကို လေးစားသည်ထက် လေးစားလာပြီး ရုပ်ထုထုပြီး ကိုးကွယ်ချင်လောက်တဲ့ အထိ ဖြစ်လာခဲ့သည်။
အိမ်ထောင်သည် အမျိုးသမီး...
ဆရာကြီးပဲ.
လုံး၀ကို ဆရာကြီးအဆင့်ပဲ...
"အေးပါကွ..ငါနားလည်ပါတယ်..."ချင်းဟန် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
ဂျလောက်
နှစ်ယောက်သား စကားပြောနေကြတုန်း သီးသန့်ခန်း၏ တံခါးမှာ ပွင့်လာခဲ့ပြီး အရပ်မြင့်မြင့်နှင့် အမျိုးသမီးငယ်လေးနှစ်ဦး လက်ထဲတွင် ဝိုင်နီပုလင်း
နှင့် အသီးပန်းကန်များကို ကိုင်ဆောင်၍ အထဲသို့ ရောက်လာခဲ့၏။
"ဆာ....ရှင်တို့ရဲ့ ဝိုင်နဲ့ အသီးတွေ......"
စကားမှာ လမ်းတစ်၀က်တွင် ရပ်တန့်သွားခဲ့ပြီး အသီးပန်းကန်ကိုင်ထားသည့် မိန်းကလေးမှာ သူတို့ကို မျက်လုံး အပြူးသားဖြင့် ငေးကြည့်နေလေသည်။
"တီ...တီချယ်လင်း...တီချယ်က ဘာလို့ ဒီရောက်နေတာလဲဟင်...."