← Chapters

အခန်း (၂၆၉)

Vol. 18 Ch. 269

အခန်း (၂၆၉)

Vol. 18 Ch. 269

အသီးပန်ကန်များ ကိုင်ဆောင်ထားသည့် မိန်းကလေးမှာ ၀မ်ရန်မှတစ်ပါး အခြားသူမဟုတ်ခဲ့။

သူမ အထဲသို့ ၀င်လာစဉ်ကတည်က လင်းရီ ၀မ်ရန်မှန်း သိထားပြီးဖြစ်သော်လည်း အကျယ်ကြီး ထုတ်မပြောခဲ့ပေ။

ချင်းဟန်နှင့် ကျန်သူများကတော့ ကြက်သေသေသွားကြ၏။

သူတို့က အချင်းချင်း ရင်းနှီးကြတာလားဟ..

ဒါနဲ့နေပါဦး..သူမက ဘာလို့ လင်းကြီးကို တီချယ်လို့ ခေါ်လိုက်တာလဲဟ...

တစ်ဖက်တွင်တော့ လီနာ အခန်းထဲရှိ လေထုမှာ အခြေနေ မဟန်မှန်း သဘောပေါက်သောကြောင့် သီချင်းအသံကို ရည်ရွယ်ချက်ရှိရှိ အဆုံးထိ တိုးပစ်လိုက်သည်။ သူမ အခြေနေနှင့် အချိန်ခါကို နားလည်ပေသည်။

"လင်းကြီး....ဒါမင်းရဲ့ ကျောင်းသူလေးလား..."

"အင်း...တက္ကသိုလ်က ကျောင်းသူလေးလေ..ငါ သူတို့ အတန်းကို သင်တာ..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။

"လင်း...တီချယ်လင်း..သမီး...."

၀မ်ရန် သူမ စကတ်တိုလေး၏ အနားသားလေးများကို ဆုပ်ချေရင်း ငိုတော့မည့်အသွင် ဖြစ်နေလေသည်။

ပြောချင်နေသည့် စကားလုံးများမှာ သူမရင်၀တွင် တစ်စို့နေပြီး ဘာပြောရမှန်းမသိဖြစ်နေတော့၏။

"ဒါက ကျောင်းမဟုတ်ဘူး..မင်းငါ့ကို တီချယ်လို့ မခေါ်လည်းရတယ်..."

လင်းရီ ပြောလိုက်သည်။

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."ချင်းဟန် ပြောလိုက်ပြီး "အချင်းချင်း အသိတွေ ဆိုမှတော့ ထိုင်ပြီး ကိုကြီးတို့နဲ့သောက်လေ..."

ချင်းဟန် ဝိုင်နီပုလင်းကို ဖောက်လိုက်ပြီး နှစ်ခွက်အပြည့် ငဲ့လိုက်၏။

"လင်းကြီးရဲ့ ကျောင်းသူဆိုတော့ ငါဒီနေ့ ပိုပြီး ရက်ရောလိုက်မယ်...တစ်ခွက်ကို တစ်သောင်း...မကျေနပ်သေးရင် မင်းကြိုက်သလောက် တောင်းဆိုလို့ရတယ်..."

"တစ်ခွက်ကို တစ်သောင်း..."လင်းရီ ကိုယ့်ဘာကိုယ် တီးတိုး ရေရွတ်လိုက်သည် ။

ချင်းဟန်၏ စကားကိုလည်း ကြားရော လီနာမှ တစ်ပါး ကျန်သည့် မိန်းကလေးများအားလုံး တက်ကြွသွားကြတော့၏။

သခင်လေးချင်းက အရမ်းရက်ရောတာပဲနော်....

"တီ....တီချယ်..."

၀မ်ရန် ထိတ်လန့်နေပြီး လင်းရီကို အကူညီတောင်းသည့် အနေဖြင့် တစ်ချက် ကြည့်လိုက်သည်။

"မင်းက တစ်ခွက်တစ်သောင်းပေးမှာကို မသောက်ရအောင် သောက်ရူးလားဟ..."လင်းရီပြောလိုက်ပြီး "ချင်းဟန်က မင်းနဲ့ အတူသောက်မယ် ပြောတာက သူ့ဘက်က မျက်နှာသာပေးတာပဲ..သူက သဘောထား သိပ်ကောင်းတဲ့ကောင် မဟုတ်ဘူး..မပျော်ရွှင်အောင် မလုပ်မိတာ ကောင်းမယ်..."

"သ...သမီး..."

၀မ်ရန် အသံတုန်ခါနေပြီး ကြေက်ရွံ့လွန်း၍ မျက်ရည်များ စီးကျလာတော့၏။ သူမ တိတ်တခိုးလေး သဘောကျနေသည့် တီချယ်ထံမှ ထိုကဲ့သ့်ုသော စကားလုံးများကို ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

၀မ်ရန် ရင်ဘက်ကို ဓားဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး

"သမီး တောင်းပန်ပါတယ်...ဘယ်လို သောက်ရမှန်း မသိလို့ပါ...."

"မင်းက ဘယ်လိုသောက်ရမလဲ မသိဘူးပေါ့.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပြီး "မင်းက မသောက်တတ်ပဲနဲ့ ဒီကို ဘာလာလုပ်တာ...မသောက်တတ်ရင် ဒီမလာနဲ့လေ...."

ချင်းဟန်ကတော့ အစမှ အဆုံးထိတိုင် တစ်ခွန်းမှ ၀င်မပြောခဲ့ချေ။

ကျန်သူများ မသိသော်လည်း လင်းရီမှာ စိတ်ကောင်း၀င်နေသည့် အခြေနေမဟုတ်သည်ကိုတော့ သူပြောနိုင်သည်။

"တီ...တီချယ်..ကျေးဇူးပြုပြီး သမီးကို မဆူပါနဲ့နော်....."

၀မ်ရန် သူမ မျက်ရည်များကို သုတ်လိုက်ပြီး ချင်းဟန်ထံသို့ ကြည့်၍ "ချင်း...သခင်လေးချင်း..ကျွန်မ တစ်ခွက် သောက်ရင် တကယ်ကြီး တစ်သောင်းပေးမှာလား...."

ချင်းဟန် ချက်ခ်လက်မှတ် စာအုပ်ကို ထုတ်လိုက်ပြီး တစ်ရွက်စုတ်ဖြဲကာ ၀မ်ရန်ရှေ့သို့ ချပေးလိုက်၏။

"တစ်‌ခွက်သောက်ရင် ဘယ်လောက် လိုချင်လဲ.... မင်းလိုချင်သလောက် ချရေးလို့ရတယ်..."

၀မ်ရန်၏ ခန္ဓာကိုယ်မှာ တသိမ့်သိမ့် တုန်ခါနေပြီး ဆောင့်ကြောင့်ထိုင်ကာ စားပွဲပေါ်တွင် အပြည့်ဖြည့်ထားသည့် ဝိုင်ခွက်ကို ကောက်ယူပြီး မျက်စိစုံမှိတ်ကာ တစ်ကြိုက်တည်း သောက်ချလိုက်၏။

အဟွတ် ..အဟွတ် ...

ခံတွင်းထဲသို့ ရောက်သည့်အချိန်တွင် ဝိုင်၏ စူးရှသော အနံ့အရသာတို့မှာ ပျံ့နှံ့လာပြီး ၀မ်ရန်မှာ ယင်းကို ကြိတ်မှိတ်သည်းခံနေသောကြောင့် မျက်နှာ နီရဲလာပြီး ရင်ဘက်ကို ဖိကာ အဆက်မပြတ် ချောင်းဆိုးတော့၏။

"သောက်ပြီးတော့ ချောင်းဆိုးနေတယ်တဲ့လား..ဘာတွေ ဖြစ်နေတာလဲကွ..."ချင်းဟန် ပြောလိုက်သည်။

"သခင်လေးချင်း...စိတ်မဆိုးပါနဲ့ရှင် ..ဒီတစ်ခွက်ကို ထည့်မတွက်ပါနဲ့နော်...ကျွန်မ နောက်တစ်ခွက် ပြန်သောက်ပေးပါ့မယ်..."

၀မ်ရန် သူမ နှုတ်ခမ်း ထောင့်စွန်းရှိ ဝိုင်လက်ကျန်များကို လက်ဖြင့် သုတ်လိုက်ပြီး နောက်တစ်ခွက် ကိုင်ကာ တစ်ကြိုက်တည်း မော့သောက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တစ်စက်မကျန် အကုန်မျိုချလိုက်၏။

အဟွတ် အဟွတ် အဟွတ်...

ဝိုင်မျိုချပြီးနောက် ၀မ်ရန်၏ လေပြွန်နှင့် အစာအိမ်တို့မှာ လောင်ကျွမ်းသကဲ့သို့ ခံစားနေရပြီး သေသည်ထက်ပင် ဆိုးရွားစွာ ခံသားရနေလေသည်။

မိနစ်၀က်ခန့် ကြာပြီးနောက် ၀မ်ရန် စားပွဲပေါ်သို့ လက်နှစ်ဖက်ဖြင့် အားယူကုန်းထလိုက်ပြီး နောက်တစ်ခွက်ကို ကောက်ယူကာ တစ်ကြိုက်တည်း မော့သောက်လိုက်ပြန်၏။

ဤတစ်ကြိမ်တွင်တော့ ၀မ်ရန်၏ မျက်နှာထက်တွင် ဝိုင်ကို ကြောက်ရွံ့သည့် အကြည့်များ ရှိမနေတော့ပဲ သူမရန်သူအလား စတင် တိုက်ခိုက်တော့သည်။

နောက်တစ်ခွက်သောက်ပြီးနောက် ၀မ်ရန် သူမ၏ နှုတ်ခမ်းကို တင်း‌တင်းစေ့ထားသည်။ တစ်စက်လေးပင် ဖိတ်ကျသွားမှာကို ကြောက်ရွံ့နေလေ၏။

ချင်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးရှိ လင်းရီကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း လင်းရီမှာ အမူရာ ကင်းမဲ့စွာ ထိုင်နေသောကြောင့် သူလည်း ဘာမျှ ၀င်ပြောမနေတော့ချေ။

အွက်...

လေးခွက်မြောက်သို့ ရောက်သွားသည့် အချိန်တွင်တော့ ၀မ်ရန် ဆက်လက် တောင့်မခံနိုင်တော့ပဲ ‌ကြမ်းပြင်ကို လက်ဖြင့် ထောက်ကာ သူမ သောက်ထားသည့် ဝိုင်နှင်ြ အစားသောက်များအားလုံးကို ပြန်အန်ထုတ်တော့သည်။

"ဝူး.......ဝူး...."

၀မ်ရန် ထိုအခိုက်အတန့်၌ အတော်လေး စိတ်ဓာတ်ကျနေပြီး ဆွဲဆွဲငင်ငင် ငိုကြွေးနေလေသည်။

ချင်းဟန် လီနာကို အကြည့်တစ်ချက်ပေးလိုက်၏။ လီနာ ချက်ချင်း သဘောပေါက်သွားပြီး ချက်ခ်တွင် ယွမ် ၄၀,၀၀၀ ရေးကာ ၀မ်ရန်ထံ ကမ်းပေးလိုက်သည်။

"ဒီလောက်ဆို လုံလောက်ပြီ..သွားတော့..."

"ကျ....ကျွန်မ သောက်နိုင်ပါသေးတယ် သခင်လေးချင်း..ကျေးဇူးပြုပြီး မောင်းမထုတ်ပါနဲ့နော်..."

၀မ်ရန် မျက်ရည်စက်လက်ဖြင့် အသနားခံလိုက်၏။

ချင်းရန် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘယ်လောက်မှ မသောက်ရသေးတာတောင်မှ အန်ထွက်နေပြီ...ငါတို့က ဘယ်လိုလုပ်ပြီး သောက်ရင်း ပျော်ပါးကြမှာ...လစ်လိုက်တော့..."

"ကောင်း..ကောင်းပါပြီ..."

၀မ်ရန် လက်ထဲတွင် ချက်ခ်လက်မှတ်လေးကိုင်၍ ထွက်လာခဲ့လိုက်၏။ သို့သော်လည်း မထွက်ခင် လင်းရီကို မသိမသာ တစ်ချက်ကြည့်လိုက်သေးသည်။ လင်းရီမှ သူမကို လျစ်လျူရှုထားသည်ကို မြင်တော့ ၀မ်ရန် တိတ်ဆိတ်စွာဖြင့် သက်ပြင်းတစ်ချက်ချ၍ ထွက်လာခဲ့လိုက်၏။

"လျို ..သူ့နောက်လိုက်သွားလိုက်ဦး..ဘာမှ မဖြစ်စေနဲ့.."ချင်းဟန် အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီခင်ဗျ..."

လျိုယင်းရှီ ထွက်သွားပြီးနောက် ချင်းဟန် လင်းရီဘက်သို့ လှည့်၍ "လင်းကြီး..ဘာတွေ ဖြစ်နေတာလဲကွ... အဲ့ကောင်မလေးက မင်းနဲ့ ဘယ်လို ပတ်သက်တာ..."

"အများကြီး ရှင်းပြမနေတော့ဘူး..သူက ငါတို့ တက္ကသိုလ်က ကျောင်းသူလေ.."လင်းရန် ပြောလိုက်၏။

"သူမက သာမန်တော့ မဟုတ်လောက်ဘူးထင်တယ်..မဟုတ်ရင် မင်း ဒီလောက် ဒေါသထွက်နေမှာ မဟုတ်ဘူး..."

"ဘာပဲပြောပြော နောက်ဆုံးကျတော့ သူမက သခင်လေးလင်းရဲ့ ကျောင်းသူတွေထဲက တစ်ယောက်ပဲလေ...ဒီလို နေရာမျိုးတွေဆိုတာ သူမ လာလည်လို့ ကောင်းတဲ့ နေရာမှ မဟုတ်တာ...ကျွန်မ အထင်တော့ သခင်လေးလင်းက အဲ့‌တာကြောင့် ဒေါသထွက်သွားတာ နေမှာ..."လီနာမှ ဝေဖန်ပိုင်းခြားပြလိုက်၏။

"ဒါကြီးကတော့ သံယောဇဉ် တွယ်လွန်းသွားပါပြီကွာ...ဘာလို့ အဲ့လောက်ကြီး ဂရုစိုက်နေတာ..."

ချင်းဟန် ပြောလိုက်ပြီး "သူမက အရွယ်လည်းရောက်နေပြီ..လုပ်ချင်တာကို ကိုယ်တိုင် ဝေဖန်ဆုံးဖြတ်နိုင်တဲ့ အရွယ်ရောက်နေပြီးသား...မင်း သူ့ကို တစ်သက်လုံး စောင့်ရှောက်ပေးသွားမယ်လို့တော့ ငါ့က်ု လာမပြောနဲ့..."

"ငါလည်း အဲ့တာကြောင့် ဂရုမစိုက်တာလေ..မဟုတ်ရင် ငါက သူ့ကို အရက်သောက်ခိုင်းပါ့မလား..."

ချင်းဟန် ရယ်မောလိုက်ပြီး "လင်းကြီး..ငါကလည်း ဒါမျိုးမှ ကြိုက်တာ..မင်းအတွက် ကောင်းတာကို မင်းက သိတယ်..ဒါပေမယ့် ငါက မင်းလောက်တော့ မတော်ဘူး...လာ ချကွာ..လျိုက သူမကို စောင့်ကြည့်ပေးနေတယ်ဆိုတော့ ဆိုးတာတွေတော့ ဖြစ်မှာ မဟုတ်လောက်ဘူး..."

"အင်း..ဆက်သောက်ကြမယ်..."

လင်းရီ တစ်ငုံလောက် သောက်လိုက်ပြီး သူ၏ အမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားလေသည်။

ကလင် ကလင် ကလင် ...

ထိုအချိန်တွင် ချင်းဟန်၏ ဖုန်းသံ မြည်လာခဲ့၏။

လျိုယင်းရှီ ထံမှပင်။

"သခင်လေးချင်း..တခဏလောက် အပြင်ထွက်ခဲ့လို့ ရလားဗျ..ကျုပ် အပြင်မှာ ပြဿနာရှာတဲ့ကောင်တွေ တွေ့ထားလို့ပါ..."

"ငိုးပဲ...ငါ့ကို အဲ့မှာ စောင့်နေ..ခုပဲ လာနေပြီ..."

ချင်းဟန် ကျိန်ဆဲပြီးနောက် ဒေါသထွက်စွာ မတ်တပ်ရပ်လိုက်ပြီး "ညီကိုတို့ ..ငါနဲ့ လိုက်ခဲ့ကြ..."

"ဘာဖြစ်တာလဲတဲ့..."

လင်းရီ မေးလိုက်၏။

"လျိုက တဏှာရူးတစ်ချို့နဲ့ တွေ့နေတယ် ပြောတယ်...အဲ့တာငါ အပြင်ထွက်ပြီး ဘာဖြစ်လဲဆိုတာကြည့်မလို့.."

"အဲ့လောက်ကြီးလည်း စိတ်တိုမနေစမ်းပါနဲ့ကွာ..မင်းတို့ အခန်းထဲမှာ ဆက်သောက်နေလိုက်ကြ...ငါ သွားကြည့်လိုက်မယ်..."

"ရပါ့မလားကွ...မတော်လို့ ဒဏ်ရာတွေ ရ‌ရင်ကော..."

"ဟမ့်...ဘယ်ကောင်က ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲမှာလဲတဲ့..."

"အိုကေ..အဲ့တာဆိုလည်း ပြီးတာပဲကွာ..မင်းပဲ သွားလိုက်တော့..."

"အိုကေ..."

လင်းရီ ထ၍ တံခါးပေါက်ဆီသို့‌ေလျှာက်လာခဲ့သည်။

တံခါးအပြင်ဘက် မီတာနှစ်ဆယ်ခန့် ကွာဝေးသော နေရာတွင် လူအယောက်နှစ်ဆယ်ခန့် ရှိသော လူအုပ်ကြီးမှာ အိမ်သာနား၌ စုဝေးနေကြ၏။ အများစုမှာ အပေါ်ပိုင်း ဗလာကျင်းနေကြပြီး သူတို့၏ ကိုယ်ကို တက်တူးများဖြင့် ဖုံးလွှမ်းထားလေသည်။

"မစ္စတာလင်း..."လင်းရီကို မြင်တော့ လျိုယင်းရှီ လမ်းလျှောက်လာခဲ့သည်။

၀မ်ရန် လင်းရီကို အပြစ်မကင်းသော အကြည့်များဖြင့် ကြည့်လိုက်ပြီး ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဆိုဝံ့ချေ။

"ဘာတွေ ဖြစ်နေတာလဲ.."လင်းရီ အသံနိမ့်၍ မေးလိုက်သည်။

"မိန်းကလေး အပြင်ထွက်လာပြီးတော့ သန့်စင်ခန်းသွားတော့ မယ့်အချိန်မှာ အဲ့ကောင်တွေနဲ့ ပက်ပင်းတိုးတာပါပဲ မစ္စတာလင်း..."

လင်းရီ ထိုလူများကို သာမန်ကာလျှံကာ ကြည့်လိုက်ပြီး "ဘာလဲဟ ဒီကောင်တွေက ..လမ်းဘေး လူမိုက်တွေလား.."

"ညေး...မင်းက ဒီစော်လေးကို ခေါ်‌ချင်နေတာလား..."ခေါင်းတုံးနှင့်လူကြီးမှ မေးလိုက်သည်။

"အဲ့တော့ . ..ပြဿနာ ရှိလို့လား..."

"ဒါပေါ့..ရှိတာပေါ့ကွ..."ခေါင်းတုံးပြောင်သည့် လူမှ ပြောလိုက်ပြီး "သူမက ငါတို့ မက်ထရိုပိုလစ်မှာ အလှဆုံးစော်လေးပဲ...သူမက ငါတို့နဲ့ သောက်ပေးမယ်လို့ အစ်ကိုကြီးလျိုကို ပြောထားပြီးသား ..မင်းမှာ သူမကို ခေါ်ထားဖို့ ဘာအခွင့်ရေး ရှိလို့လဲ..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မင်းတို့ အစ်ကိုကြီး လျိုချန်ဆိုတဲ့‌ ယကောင်ကို ထွက်ပြီး ငါ့ကို လာတွေ့ခိုင်းလိုက်...သူသာ ခေါ်ရဲသေးလားဆိုတာ ကြည့်ကြသေးတာပေါ့..."

All Chapters