အခန်း (၂၇၀)
Vol. 18 Ch. 270
"ဘာလဲ မင်းက မယုံတာလား..."
ခေါင်းတုံးပြောင်သည့် လူကြီးမှ အေးစက်စက် ရယ်မောလိုက်ပြီး "ငါမင်းကို ပြောလိုက်မယ်..ငါနဲ့ အစ်ကိုလျို ဆိုတာက သွေးသောက် ညီကိုတွေ...မင်းလိုကောင်မျိုးကို လိမ်ဖို့ သောက်ကြောင်းကို မရှိတာ..."
"အဲ့ကောင်ကို ခေါ်လိုက်စမ်းပါ....သူ ဘာပြောလည်းဆိုတာ ငါကြားချင်တယ်..."
လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။
"မင်းက သူ့ကို ခေါ်ခိုင်းစေချင်တယ်ပေါ့..မင်းထင်နေတာ ငါ၊ ကောင်းထျန်းက မျက်နှာသာပေးဖို့ မထိုက်တန်ဘူးလို့ ထင်နေတာလား..."ခေါင်းတုံးပြောင်သည့် လူကြီးမှ အံကြိတ်၍ ပြောလိုက်၏။
"မင်းတို့ကောင်တွေနဲ့ ဖြုန်းဖို့ ငါ့မှာ အချိန်မရှိဘူး..မြန်မြန်ခေါ်လိုက်တော့..ငါ သူမကို ခေါ်သွားချင်ပြီ..."
"ယီးပဲလေ..မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ ငါ့ကို လာအမိန့်ပေး...."
ဖူး...
လင်းရီ ဘာမျှ မလုပ်ရသေးခင် လျိုယင်းရှီ သစ်သီးလှီးဓားကို ထုတ်၍ ကောင်းထျန်းကို ထိုးထည့်လိုက်သည်။
သို့သော်လည်း လျိုယင်းရှီ သူ၏ ဓားကို ပိုင်နိုင်စွာ ထိန်းချုပ်ထားလေသည်။ ကောင်းထျန်၏ ပေါင်ကို ဓားဖြင့် ထိုးလိုက်သော်လည်း သေစေနိုင်လောက်တဲ့ အထိတော့ မဖြစ်ခဲ့ပေ။ ယင်းအချက်က လျိုယင်းရှီကို စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ကြောင်း ပိုပြီး သေချာသွားစေသည်။
"စိတ်မြန်လက်မြန် ရှိလွန်းတယ်..."
လင်းရီ အံ့အားသင့်သွားခဲ့သည်။ သူ လျိုယင်းရှီကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ကျွမ်းကျင်သူများကို လျိုမေ့ထံ ခေါ်သွားခဲ့သည်ကိုပင် အားနာသလိုလို ခံစားလာခဲ့ရသည်။
အင်း...သူ တော်တော်လေး အရှက်ရသွားလောက်တယ်...နောက် အချိန်ရှိမှပဲ တောင်းပန်တဲ့အနေနဲ့ တစ်ခွက်လောက် အတူသောက်ပေးလိုက်တာပေါ့ကွာ...
ကောင်းထျန်၏ ပေါင်ရင်းမှ သွေးများ ပန်းထွက်လာပြီး ကြမ်းပြင်ပေါ်သို့ စီးကျလာခဲ့၏။ သူ့ပေါင်ကို လက်ဖြင့် တင်းကြပ်စွာ ဖိနှိပ်ထားပြီး လမ်းမလျှောက်နိုင်တော့ပေ။
အား....
အား....
အား....
စူးရှ ကျယ်လောင်သည့် အော်သံမှာ အနီးတစ်ဝိုက်သို့ ပြန့်နှံ့သွားပြီး ရာဂမီးတောက်ကို လာငြိမ်းသက်သည့် အမျိုးသား အမျိုးသမီးတို့မှာတော့ ယင်းမြင်ကွင်းကြောင့် သူတို့၏ မီးတောက်များ ဘယ်ပျောက်သွားမှန်းတောင် မသိလိုက် ဖြစ်သွားခဲ့ကြသည်။
ကြောက်လန့်တကြားနှင့် ဦးတည်ရာမဲ့ ထွက်ပြေးနေကြသော်လည်း ဘာဖြစ်နေလဲဆိုတာ ကြည့်ဖြစ်အောင် လှည့်ကြည့်လိုက်ကြသေး၏။
လူဆိုသည်မှာလည်း ထူးဆန်းသည့် သတ္တ၀ါတစ်မျိုးပင်။ သေခြင်းတရားမှာ နီးကပ်လာနေသည်ကို မြင်နေသော်လည်း ဓာတ်ပုံ သို့မဟုတ် ဆယ်လ်ဖီလေး တစ်ခါလောက်တော့ ဆွဲလိုက်ရမှ ကျေနပ်သည့် လူမျိုးများ ဖြစ်ကြ၏။
"ငိုးပဲ သောက်ကလေး..မင်းငါတို့ရဲ့ ဘော့စ်ကို ထိတယ်ပေါ့လေ...မင်းကို နုပ်နုပ်စင်းပစ်မယ်ကွ..."
လင်းရီ :"...."
ဟိုကောင် လုပ်လိုက်တာ မြင်နေရဲ့သားနဲ့ ဘာလို့ ငါ့ကို လာစွပ်စွဲနေတာလဲဟ...
လျိုယင်းရှီ သွေးများစီးကျနေသည့် ဓားမြောင်ကို လက်ထဲတွင် ကစားလိုက်ပြီး အနီးနားရှိ လူတိုင်းကို သွေးဆာရက်တော့မည့် သားရိုင်းတစ်ကောင်ကဲ့သို့ ကြည့်လိုက်ပြီး
"လှုပ်ရဲတဲ့ကောင် ဘယ်သူမဆို ဓားနဲ့ မေ-သမချင်း ထိုးသ-တ်ခံရမယ်..."
လျိုယင်းရှီ၏ မဆင်မခြင် လုပ်ရပ်က ကောင်းထျန်၏ လက်အောက်ငယ်သားများကို တုတ်တုတ်ပင် မလှုပ်ရဲသည်အထိ ထိတ်လန့်သွားစေ၏။
"ဟမ့်..ကောင်လေး..မင်းက အတော်လေးတော့ သတ္တိကောင်းသားပဲကွ..ငါ ကောင်းထျန်ကိုတောင်မှ ထိရဲနေတယ်ဆိုောတ့..."
ကောင်းထျန် အံတင်းတင်းကြိတ်၍ နှာခေါင်းရှုံ့လိုက်ပြီး "ငါ..ကောင်းထျန် ..နေလာတာ နှစ်ပေါင်းမနည်းတော့ဘူး...ဒါပေမယ့် ဘယ်တုန်းကမှ ဒီလောက်ထိ အနိုင်ကျင့်မခံရဖူးဘူးကွ..မင်းကို ရှင်းအောင် ပြောလိုက်မယ်..ဒီကနေ့ မင်းခြေတစ်ဖက်ကို ရအောင် မဖြတ်နိုင်ရင် ငါ့မျိုးရိုးနာမည် ကောင်း မဟုတ်တော့ဘူး"
"ငိုးမသားတွေ မင်းတို့ကကော ကြည့်ကောင်းလို့ ရပ်ကြည့်နေကြတာလားကွ..အစ်ကိုလျိုကို အမြန်သွားခေါ်ကြလေကွာ..ငါတို့ ဒီနေ့ ဒီသောက်ကလကို အမှုန့်ကြိတ်ကြမယ်..."
ကောင်းထျန် နောက်သို့ လှည့်၍ သူ့လက်အောက်ငယ်သားများကို ကြိမ်းမောင်းလိုက်သည်။
"နားလည်ပါပြီ ဘော့စ်..."
"ခေါ်ဖို့ မလိုတော့ဘူး..ငါတို့ ရောက်နေပြီးသား..."
ဩဇာပါသည့် အသံတစ်သံမှာ လူအုပ်ကြီး၏ နောက်မှ ထွက်ပေါ်လာပြီး အသံပိုင်ရှင်ကိုလည်း မြင်ရော သူ့အလိုလို လမ်းဖွင့်ပေးလိုက်ကြ၏။ လျိုချန်းနှင့် ယောင်တုန်းလိုင်တို့ အတူတကွ ရောက်ရှိလာခဲ့ကြခြင်းပင်။
"လျိူကြီး...ငါက ဒီစော်လေးကို မျက်စိကျနေတာတောင် မကြာသေးဘူး..ဒီခွေးသားလေး နှစ်ကောင်က လာလုချင်နေတယ်...ငါ့ကို ကူပြီးတော့ သူတို့ ခြေတွေ လက်တွေကို ချိုးပေးစမ်းကွာ..."
"ကောင်းကြီး..ငါတို့ သိလာတာလည်း နှစ်ပေါင်း မနည်းတော့ဘူး...မင်းကို သဲလွန်စလေး ပေးလိုက်မယ်...မင်းမသေချင်ဘူးဆိုရင် ရိုရိုကျိုးကျိုးနေတယ ကောင်းမယ်..မဟုတ်ရင် ကိုယ့်ဘာကိုယ် ဘယ်လိုဂန့်သွားလဲတောင် မသိလိုက်ပဲ ဖြစ်နေဦးမယ်...."
လျိုချန်၏ စကားလုံးများက ကောင်းထျန်ကို အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
"လျိုကြီး..မင်းဘာဆိုလိုချင်နေတာ..."
"ကျိုးဟိုင်ရဲ့ အင်ပါယာက ဘယ်သူလဲဆိုတာတော့ မင်းသိတယ်မလား...."
"ချင်းဟန်လေ..မသိတဲ့သူ ဘယ်သူရှိလို့လဲ..."
"မင်းကို ပြောပြလိုက်မယ်..မင်းကို ဓားနဲ့ ထိုးလိုက်တဲ့သူက သခင်လေးချင်းရဲ့ဘော်ဒီဂတ်...အဲ့တာကြောင့်မို့ မင်းခုထိ မသေသေးတာ...တခြားလူထိုးတာဆို မင်းရှောတာ ကြာပြီ..."
"ဒုတိယ အနေနဲ့ မင်းရှေ့မှာ ရပ်နေတဲ့ ပုဂ္ဂိုလ်ကြီးက သခင်လေးချင်းရဲ့ မိတ်ဆွေကြီး သခင်လေးလင်းရီ...သူက သခက်လေးချင်းထက်တောင်မှ ပိုပြီး ဩဇာကြီးမားသေးတယ်..မင်းဒီနေ့ ခြေတစ်ချောင်းပဲ ဓားနဲ့ အထိုးခံရတာ ကံကောင်းသွားတယ်မှတ်..တကယ်လို့ သခင်လေးလင်းသာ မင်းကို သေစေချက်တယ်ဆိုရင် မင်း စောဒက တက်ပိုင်ခွင့်တောင် ရှိမှာ မဟုတ်ဘူး..."
ကောင်းထျန်နှင့် သူ့လူများအားလုံး အံ့အားသင့်သွားကြ၏။
သူတို့ရှေ့ရပ်နေသည့် လူရွယ်လေးမှာ ထိုမျှ ဩဇာကြီးမားလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သူက သခငါလေးချင်းနဲ့ အဆင့်အတန်းချင်း အတူတူဆိုပဲ..
မနီးမဝေးရှိ အမျိုးသမီးများကတော့ လင်းရီကို ဆာလောင်ပြင်းပြသော ရမ္မက်အကြည့်တို့ဖြင့် ကြည့်နေကြ၏။
ဒီလူချောလေးရဲ့ ရုပ်ရည်က မင်းသားတွေ အောက်တောင် မလျော့ဘူး..ပြီးတော့ သခင်လေးချင်းလိုအာဏာလဲ ရှိသေးတယ်ဆိုပဲ..ဒီလိုလူမျိုးကမှ ပါဖက်ဖြစ်တယ်လို့ ခေါ်တာ...
သူမတို့တော့ ချစ်ကြိုက်မိသွားပြီလေ....
လျိုချန်း လင်းရီရှေ့တွင် ရိုကျိုးစွာဖြင့် အရိုအသေ ပေးလိုက်ပြီး "မစ္စတာလင်း..ဒီကိစ္စကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲခင်ဗျ...မစ္စတာလင်း စိတ်တိုင်းကျ ဆောင်ရွက်ပေးမှာပါ..."
"ဒီအကြောင်းတွေ စိတ်မ၀င်စားဘူး..ချင်းဟန်ကို သွားမေးလိုက်..အဲ့ကောင် ကြိုက်သလို လုပ်ပလေ့စေ..."
လင်းရီ ထိုသို့ ပြောပြီးနောက် လျိုယင်းရှီကို ကြည့်လိုက်ပြီး "ချင်းဟန်ကို ငါပြန်တော့မယ်လို့ ပြောပေးဦး..နောက်မှ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ဝိုင်းဧည့်ခံပေးမယ်လို့ ပြောလိုက်..."
"ဟုတ်ကဲ့..ဖြည်းဖြည်း သွားပါခင်ဗျ..."လျိုယင်းရှီ အရိုအသေပေးလိုက်သည်။
"ဒါနဲ့ မစ္စတာလင်း ခုနက သောက်ထားတယ်ဆိုတော့..ကျုပ် တစ်ယောက်ယောက်ကို လိုက်ပို့ပေးခိုင်းရဦးမလားဗျ...,"
"မလိုဘူး..နည်းနည်းပဲ သောက်ထားတာဆိုတော့ မောင်းလို့တော့ အဆင်ပြေသေးတယ်..."
"ကောင်းပါပြီဗျ...ဓားပြတွေ ဘာတွေ တွေ့ရင်လည်း စိတ်မပူပါနဲ့..သခင်လေးချင်းမှာ ကွန်ရက်က စုံပြီးသားပါဗျ..ဖုန်းတစ်ကောလောက်သာ ခေါ်လိုက်ပါ..."
"ကောင်းပြီ..."လင်းရီ လျိုယင်းရှီ၏ ပခုံးကို ပုတ်လိုက်ပြီး "နောက်ရက်တွေကျရင် ငါ့ဆီလာခဲ့ဦး...ခုတော့ သွားတော့မယ်..."
"ကျုပ် လိုက်ပို့ပေးပါ့မယ်ခင်ဗျ..."
"မလိုဘူး..အခန်းပြန်ပြီးတော့သာ ဟိုကောင်တွေနဲ့ ပျော်ပါးလိုက်တော့..."
သို့နှင့် လင်းရီ ၀မ်ရန်ကို ခေါ်ဆောင်၍ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
နောက်မှ လိုက်လာသူ တစ်ချို့လည်းရှိသေးသည်။ သို့သော်လည်း ထိုသူများက ပွဲကို အစဆုံး မြင်လိုက်ရသူများပင်။ လင်းရီမှာ ချင်းဟန်ကဲ့သို့ ပုဂ္ဂိုလ်ကြီးဖြစ် သောကြောင့် သူတို့ လင်းရီ၏ ပုံရိပ်ကို ခေါင်းထဲစွဲနေလေအောင် သေချာ ဂရုတစိုက် ကြည့်သင့်ပေသည်။
"တီ..တီချယ်..သမီးတောင်းပန်ပါတယ်နော်..."၀မ်ရန် တောင်းပန်စွာဖြင့် ပြောလိုက်၏။
"ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူ...ပြန်ရောက်မှပဲ ပြောကြတာပေါ့..."
၀မ်ရန် ဘာမျှ ဆက်မပြောရဲတော့ပဲ လင်းရီဘေးမှသာ ကြောက်ကြောက်နှင့် အားတင်း လမ်းလျှောက်လာခဲ့ရတော့သည်။
လင်းရီတို့ ထွက်သွားပြီးချိန်တွင်တော့ နောက်တွင် ပွဲကြည့်ကျန်ခဲ့သူများမှာ အဆက်မပြတ် ဆွေးနေနေကြ၏။
"ငါမက်ထရိုပိုလစ်ကို လာတာ ရက်ပေါင်း မနည်းတော့ဘူး..မစ္စတာလင်းဘေးနားက စော်လေးဆိုတာ ဒီက အလန်းဆုံး ကောင်မလေးပဲ..ငါတော့ ရရင်ရသလို သူမကို ဝိုင်ဖြည့်ခိုင်းတယ်...ဟူး..ဒါပေမယ့် တစ်လပဲရှိသေးတာကိုကွာ..သူများက လာခေါ်သွားပြီတဲ့လား....ဒါကြောင့်မို့လည်း ပိုက်ဆံရှိရင် မိန်းမမရှားဘူးလို့ ပြောကြတာကိုး..."
"ဘော့စ်လျိုပြောတာတော့ သူက သခင်လေးချင်းနဲ့ အဆင့်တူတယ်ဆိုပဲ..အဲ့လို ပုဂ္ဂိုလ်မျိုးက တန်ကြေးဘယ်လောက်ရှိတဲ့ကားကို မောင်းမယ်လို့ထင်လဲ.."
"သေတော့ မသေချာဘူး..ဒါပေမယ့် ကားတန်ဖိုးက ၁၀ မီလီယမ်ကျော်မယ်ဆိုတာတော့ လောင်းရဲတယ်...မဟုတ်ရင် သူ့ရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီမှာတောင် မဟုတ်ဘူး..."
"အင်း..ငါလည်း အဲ့လိုတွေးမိတာပဲ..လမ်ဘိုဂီနီတို့ ပေါ်စချယ်တို့ဆိုတာ သူ့မျက်စိနဲ့ ကြည့်ဖို့တောင် မထိုက်တန်ဘူး ..."
ထိုအချိန်တွင်တော့ ဆွေးနွေးနေကြသူများမှာ အပေါက်၀တွင် ရပ်ထားသော လွိုင်ကန်ကို မြင်သွားကြလေသည်။
"ဖက်ခ်...လွိုင်ကန် ၇ ဟ..သူ့အဆင့်အတန်းနဲ့ဆိုရင် သန်း၆၀ ကျော်တန်ကြေးရှိတဲ့ လွိုင်ကန်ကမှ စီးဖို့သင့်တာ..."
တစ်ချိန်တည်းတွင် လင်းရီ ရှာရီအနားသို့ ရောက်ရှိသွားပြီး ကားတံခါးဖွင့်ကာ ၀င်ရန် ဟန်ပြင်လိုက်သည်။
"သောက်ကျိုးနဲ..လုံး၀ မဖြစ်နိုင်လိုက်တာ...သူက ငါ့ကားလောက်တောင် မကောင်းတဲ့ ရှာရီကြီး မောင်းတာတဲ့လားဟ..."
"ဘော့စ်လျို အမှတ်များတာများလား...ရှာရီမောင်းတဲ့သူက သခင်လေးချင်းနဲ့ တစ်ဆင့်တည်းဆိုတာ ဖြစ်နိုင်ပါ့မလား..."
"ဖြစ်နိုင်လောက်တယ်..တ-ရုတ်ပြည်တစ်ခုလုံးမှာ ချင်းဟန်လောက် ချမ်းသာတဲ့ ဒုတိယမျိုးဆက်ဆိုတာ မရှိသလောက်ပဲ..သခက်လေးချင်းနဲ့ တစ်ဆက့်တည်းရှိဖို့ဆိုတာက တစ်ကယ်မလွယ်ဘူး..."
"မင်းတို့အားလုံး ပြောတာမှားတယ်..ငါ မက်ထရိုပိုလစ်ကို လာတုန်းက သခင်လေးချင်း လွိုင်ကန် မောင်းလာတာ မြင်လိုက်တယ် ..လွိုင်ကန်က သခင်လေးချင်းအပိုင်..အဲ့လူဟာ မဟုတ်ဘူး..."
"ခု အမှန်တရားက ပေါ်ထွက်လာပြီဆိုတော့ ဘော့စ်လျို လူရှိန်အောင် လျှောက်ပြောနေတာ နေမှာပါကွာ..."
"လင်းကြီး.. ..ခဏစောင့်ဦးဟ..မသွားသေးနဲ့ဦး..."
ထိုအချိန်တွင် လူတိုင်း အော်သံကြီးတစ်ခုကို ကြားလိုက်ရပြီး လူတိုင်း လှည့်ကြည့်လိုက်သောအခါ ဘော်ဒီဂတ်များနှင့် ထွက်လာခဲ့သည့် ချင်းဟန်ကို မြင်လိုက်ရလေသည်။
"ဘာကျန်သေးလို့လဲ.."
"ဒီနေ့ မင်းကား ပြန်ပေးမယ်ဆိုပြီး ခေါ်လိုက်တာလေကွာ...အဲ့တာ ခုထိ ပြန်မပေးရသေးဘူး..."
ချင်းဟန် လွိုင်ကန်သော့ကို အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး လင်းရီလက်ထဲသို့ ကမ်းပေးလိုက်၏။
၎င်းကိုကြားတော့ လူတိုင်းကြက်သေသေသွားကြသည်။
ကျော်ကြားတဲ့ သခင်လေးချင်းက တကယ်ကြီး လင်းရီနား ကားငှားရတယ်တဲ့လား....
စာစဉ်(၁၈)ပြီး၏။