← Chapters

လမ်းမှန်ကျင့်ကြံခြင်း မိစ္ဆာလမ်းစဉ်နှင့် ပြင်ပတာအို

Vol. 65 Ch. 905

လမ်းမှန်ကျင့်ကြံခြင်း မိစ္ဆာလမ်းစဉ်နှင့် ပြင်ပတာအို

Vol. 65 Ch. 905

အခန်း (၉၀၅) လမ်းမှန်ကျင့်ကြံခြင်း မိစ္ဆာလမ်းစဉ်နှင့် ပြင်ပတာအို

ချွမ်ဟောင်လုန် ယန်ချုန်းကိုကြည့်လိုက်ပြီး အမူအရာပျက်သွားသည်။ သူက ယန်ချုန်းနှင့် မွေးရပ်တူညီသူဖြစ်ပြီး ဆရာဦးလေး’ယန်ချုန်း’ ကလည်း သူ့အပေါ် ကောင်းမွန်စွာဆက်ဆံသူ ဖြစ်၏။

တိုက်ခိုက်ရသည့်တိုက်ပွဲက လွယ်ကူသော်လည်း ယခုတော့ သူ၏ ဂိုဏ်းတူတပည့်များက သူ့ကို ချက်ချင်း ပြဿနာရှာကြပြီ ဖြစ်၏။

ချွမ်ဟောင်လုန်က တိုးလျသည့်လေသံဖြင့်...

“ဆရာဦးလေး’ဖိန်’... ကျွန်တော်...”

ယန်ချုန်းကို ဦးဆောင်ပြီးလိုက်ပါဖမ်းဆီးသူက ဆရာဦးလေး’ဖိန်’ ဖြစ်ပြီး သူက ချွမ်ဟောင်လုန်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

“အင်း...”

ချွမ်ဟောင်လုန်က ယန်ချုန်းဆီသို့ ခက်ခက်ခဲခဲဖြင့်လမ်းလျှောက်သွားပြီး သူ့ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

ယန်ချုန်းက...

“မင်းလက်နဲ့သေရမယ်ဆိုရင်... ဟောင်လုန်... ငါ ပိုပြီးနှစ်သိမ့်မှုကို ခံစားရမှာပါ”

ဒွိဟဖြစ်နေသည့် ချွမ်ဟောင်လုန်၏အမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်လိုက်သည်။

“အင်း... ရှေးရိုးစွဲတွေကိုတော်လှန်တဲ့ လူငယ်တွေရဲ့ တော်လှန်ရေးမီးပွား စတင်တောက်လောင်တာမျိုးနဲ့ဆင်တူတယ်”

“ဒီလူသေဆုံးသွားခြင်းက အဲဒီလူငယ်ရဲ့စိတ်ထဲမှာ မျိုးစေ့တစ်ခုစိုက်နိုင်ခဲ့ပြီး တစ်နေ့မှာ အပင်ပေါက်လာပြီး နောင်တစ်ချိန်မှာ သူ့လိုစိတ်ထားမျိုးကို အမွေဆက်ခံနိုင်ဖို့ ထွက်ပေါ်လာနိုင်မလား”

“ဒီလူငယ်လည်း အောင်မြင်မှုမရဘဲ သူ့ဆရာဦးလေးလိုပဲ သေဆုံးရမလား ၊ ဒါမှမဟုတ် ခေတ်တစ်ခေတ်ရဲ့အပြောင်းအလဲကို ဦးဆောင်သူတစ်ယောက် ဖြစ်လာနိင်မလား”

“ဒါမှမဟုတ် ဒီနေရာကဂိုဏ်းတူတပည့်တွေက ယန်ချုန်းကိုသတ်ဖို့အမိန့်ပေးတာကို သူက မနာခံဘဲနေမှာလား”

ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာပေါ်လာသည်။

သို့သော် သူ၏ကြုံရာကျပန်းအတွေးများကို လျှင်မြန်စွာရပ်တန့်လိုက်ပြီး...

“သူတို့ပြောတဲ့ ‘ပြင်ပတာအို’ ဆိုတာ ငါတို့လိုကျင့်ကြံသူတွေကိုရည်ညွှန်းတာလား”

ဖုထင်က မှင်တက်သွားပြီး...

“ဒီကမ္ဘာကို အမတခုံရုံးက အုပ်ချုပ်ပြီး သူတို့က ပြင်ပတာအိုကို ဗုဒ္ဓဘာသာကျင့်ကြံသူတွေကိုရှုမြင်သလို မိစ္ဆာတွေလို့ရှုမြင်ကြတာပဲ ၊ ပြင်ပတာအိုဆိုတာ စန်းချင်း (၃)ပါးရဲ့ အစဉ်အဆက်ပညာကိုကျင့်ကြံခဲ့ကြတဲ့ တပည့်တွေကို ရည်ညွှန်းတာဖြစ်ရမယ်”

အမတခုံရုံးနှင့် ဗုဒ္ဓဘာသာက အချင်းချင်း မိစ္ဆာလမ်းစဉ်လိုက်လျှောက်သူများအဖြစ် ရှုမြင်ကြသည်။

ထို့အတူ ပြင်ပတာအိုကိုလည်း မိစ္ဆာလမ်းစဉ်အဖြစ်သတ်မှတ်ထားလေရာ အပြုသဘောဆောင်သည့်အဓိပ္ပါယ် လုံးဝ မရှိပေ။

ဖုထင်က...

“သူတို့ကိုဖမ်းပြီး အခြေအနေကိုနားလည်အောင် သတင်းရယူရမယ်”

ရန်ကျောက်ကဲက...

“ငါတို့နှစ်ယောက်မှာ တစ်ယောက်ကတိုက်ခိုက်ရင် တစ်ယောက်က နောက်မှာကျန်ခဲ့ပြီး အခြေအနေကြည့်ပေးရမယ် ၊ ဒီနေရာက အမတခုံရုံးနဲ့ ဗုဒ္ဓဘာသာကြားက ပဋိပက္ခတွေနဲ့နီးစပ်တဲ့နေရာဖြစ်တဲ့အတွက် အမတခုံရုံးက တန်ခိုးစွမ်းအားရှင်တွေလည်း ရှိနေနိုင်တယ်”

ဖုထင်က‌ခေါင်းညိတ်ရင်း...

“ဒါဖြင့် ကျွန်မတိုက်မယ်...”

ထို့နောက် သူတို့ (၂)ယောက်လုံးက စွမ်းအားရောင်ဝါကို ဖုံးကွယ်မထားတော့ဘဲ ထုတ်ဖော်ပြသလိုက်ကြသည်။

ချွမ်ဟောင်လုန် ၊ ယန်ချုန်းနှင့် အခြားသူများက ယခုမှ သူတို့ရှိနေကြောင်းကို သတိပြုမိပြီး ထိတ်လန့်သွားကြ၏။

သူတို့ရှေ့တွင် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ပေါ်လာသည်။

လူငယ်က ထူးထူးခြားခြားချောမောခန့်ညားပြီး အဖြူရောင်အဝတ်အစားကိုဝတ်ဆင်ကာ အပြာရောင်တွင် အနက်ရောင်အနားသပ်များပါဝင်သည့်ဝတ်ရုံကိုခြုံလွှမ်းထားသည်။

မိန်းမပျိုကလည်း နတ်သမီးတမျှ ချောမောလှပပြီး အနီရောင်နှင့် အဖြူရောင် အဝတ်အစားများကိုဝတ်ဆင်ထားကာ သူမ၏ခန္ဓာကိုယ်ထက် ငွေရောင်ဝံပုလွေဝတ်ရုံကို ခြုံလွှမ်းထားသည်။

မိန်းမပျိုက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ချောမောလှပသော်လည်း ချွမ်ဟောင်လုန် ၊ ယန်ချုန်းနှင့် အခြားသူများမှာ လူငယ်ကို ပထမဆုံး သတိပြုလိုက်မိကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုလူငယ်ထွက်ပေါ်လာသည်နှင့် မိုးမြေတစ်ခွင်၏ ဗဟိုချက်ပမာ ဖြစ်နေသောကြောင့်ပင်။

ရန်ကျောက်ကဲက ချွမ်ဟောင်လုန်တို့အုပ်စုထံသို့ လက်ဝှေ့ယမ်းရင်း ပြုံးပြလိုက်သည်။ ထိုအချိန် ဖုထင်၏ပုံရိပ်က လက်ခနဲတောက်ပသွားပြီး ချက်ချင်းပင် တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွား၏။

သူမ၏ အနီရောင်နှင့်အဖြူရောင်အဝတ်အစားများက ပန်းတစ်ပွင့်ပမာ တောက်ပသွားပြီး မူလ ယင်နှင့်ယန်က လက်ဖဝါးထက်တွင် ထွက်ပေါ်လာသည်။

ဖုထင်၏လက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရပါက အထက်ဘုံကမ္ဘာမှ ကျင့်ကြံခြင်းအဆင့်တူညီသူများကြားမှာပင် ရင်ဆိုင်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။ အမတခုံရုံးအုပ်ချုပ်မှုအောက်တွင်ရှိသော သူမထက်ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများအနေဖြင့် သူမ၏လက်ဝါးရိုက်ချက်ကို မည်သို့ခုခံနိုင်ပါမည်နည်း။

ရန်ကျောက်ကဲက သူတို့၏ အမတခုံရုံးတာအိုလမ်းစဉ်မှ ထူးခြားသည့်နည်းလမ်းများ ရှိ မရှိ အဓိကထား‌ စောင့်ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက် ရုတ်တရက် ရောက်လာမည်ကိုစိုးရိမ်၍ ပတ်ဝန်းကျင်ကိုလည်း သတိထားနေခဲ့သည်။

ဖုထင်က ယန်ချုန်းအပါအဝင် လူတစ်စုလုံးကို တရှိန်ထိုး ဖမ်းယူသွားသည်။

သူတို့ ရုန်းကန်ရန် ကြိုစားကြစဉ်မှာပင် ဖုထင်က အနက်ရောင်ပိုက်ကွန်တစ်ခုကို ပစ်လွှတ်လိုက်၏။

သိုင်းသူတော်စင်များဖြစ်ကြသည့်တိုင် သူမက သူတို့ကို ပိုက်ကွန်ထဲတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ဖုထင်က...

“ကျွန်မတို့ သူတို့ကိုသတ်လို့မဖြစ်သေးဘူး”

သူမက ဆက်ပြောသည်။

“သူတို့ခန္ဓာကိုယ်ထဲက ရတနာအလင်းတန်းက ဗုဒ္ဓဘာသာကျင့်ကြံသူတွေလိုမျိုး တူညီတဲ့သက်ရောက်မှုရှိတယ် ၊ သူတို့ အသတ်ခံရတာနဲ့ ထိပ်တန်းအဆင့်ကျင့်ကြံသူတွေက ဒီနေရာကို ချက်ချင်းရောက်လာမှာပဲ”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဖြင့်...

“မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ် ၊ ငါက ဒီလူကိုပဲ စိတ်ဝင်စားနေတာ”

ထို့နောက် သူ့မျက်ဝန်းများက ယန်ချုန်းဆီ ကျရောက်သွားသည်။

အသက်ရှင်သန်ရန် အသဲအသန်ကြိုးစားနေရသည့်တိုင် ယန်ချုန်း၏အကြည့်များက သတိအပြည့်ဖြင့် ရန်ကျောက်ကဲနှင့် ဖုထင်ကို အကဲခတ်နေ၏။

“မင်းတို့နှစ်ယောက်လုံးက ပြင်ပတာအိုကျင့်ကြံသူတွေလား”

ဖုထင်က လက်ထဲမှပိုက်ကွန်ကိုင်မြှောက်လိုက်ပြီး ရန်ကျောက်ကဲနှင့်အတူ သူမတို့၏မူလနေရာမှ အရှိန်မြှင့်ကာ ထွက်ခွာသွားသည်။

လမ်းခရီးတွင် ဖုထင်က သိမ်မွေ့စွာဖြင့်...

“ရှင်တို့နဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက အချင်းချင်း မိစ္ဆာကျင့်ကြံသူလို့ ဘယ်လိုပဲစွပ်စွဲကြပါစေ ငါတို့ကတော့ အဲဒီလို အယူအစွဲမျိုးမရှိပါဘူး ၊ ဒါပေမဲ့ ငါတို့လို စန်းချင်း(၃)ပါးရဲ့အဆက်အနွယ်တွေအမြင်မှာတော့ မင်းတို့က ပြင်ပတာအိုကျင့်ကြံသူတွေပဲ”

ယန်ချုန်းက ခါးသက်စွာပြုံးလိုက်ပြီးမှ...

“ဒီ’ယန်’ က မယဉ်ကျေးမိဘူး ၊ ကျေးဇူးပြုပြီး ငါ့ရဲ့အမူအကျင့်တွေကို ခွင့်လွှတ်ပေးပါ”

ဖမ်းဆီးခံထားရသည့်အခြားသူများထဲမှ တစ်ယောက်က...

“ယန်ချုန်း... မင်းက တကယ်ပဲ အဲဒီ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ပူးပေါင်းနေတာပဲ”

ချွမ်ဟောင်လုန်က အဆိပ်ရှိသောသတ္တဝါများကို ကြည့်သကဲ့သို့ ဖုထင်နှင့် ရန်ကျောက်ကဲကို စူးရဲစွာစိုက်ကြည့်နေသည်။

အဖွဲ့ကိုဦးဆောင်လာသော ဆရာဦးလေး’ဖိန်’ ဆိုသူက အေးစက်စွာဖြင့်...

“မိစ္ဆာလမ်းပဲလျှောက်လျှောက် ပြင်ပတာအိုလမ်းစဉ်ပဲလိုက်လိုက် ဒီ မျှော်စင်ကမ္ဘာမှာ မင်းတို့တွေ လာပြီးရမ်းကားနိုင်ဖို့ နေရာမရှိဘူး”

ရန်ကျောက်ကဲက တစ်ချက်ပင်လှုပ်ရှားစရာမလိုဘဲ အကြည့်တစ်ချက်ဖြင့်ပင် ဆရာဦးလေး’ဖိန်’ ဆိုသူ၏မေးရိုးလွဲသွားပြီး နောက်ထပ်စကားပြောနိုင်ခြင်း မရှိ‌တော့ပေ။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောစုံချက်များ အဆက်မပြတ်ပျက်ဆီးသွားသဖြင့် အပြင်းအထန်နာကျင်မှုကို ခံစားရသည်။

သူ့ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ခန္ဓာကိုယ်မှ ချွေးသီးချွေးပေါက်များကျလာသည့်တိုင် မည်သည့်အသံမှ ထွက်မလာနိုင်တော့ပေ။

ရန်ကျောက်ကဲက တည်ငြိမ်းစွာဖြင့်...

“ဗုဒ္ဓဘာသာကျင့်ကြံသူတွေရဲ့ သူတို့ခန္ဓာကိုယ်ထဲက ဗုဒ္ဓအလင်းတန်းက အတင်းအကျပ်ငြိမ်းသတ်လို့ရတယ် ၊ ဒါကြောင့် သူတို့ကို အဆုံးစွန်ထိ အဆုံသတ်ပေးနိုင်တယ် ၊ မင်းတို့ကရော...”

အားလုံးက ရန်ကျောက်ကဲကို ထိတ်လန့်ကြောက်ရွံ့သောကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ယန်ချုန်းက သက်ပြင်းချရင်း...

“ငါတို့လည်း ဗုဒ္ဓဘာသာဝင်တွေလိုပါပဲ၊ မင်းက ညှင်းပန်းနှိပ်စက်တဲ့နည်းလမ်းကိုအသုံးပြုမယ်ဆိုရင် အသုံးမဝင်နိုင်ဘူး”

သူက ဆရာဦးလေး’ဖိန်’ ဆိုသူကိုကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို’ဖိန်’ ပြောတာမှန်တယ် ၊ ငါတို့အခုရောက်နေတဲ့ မျှော်စင်ကမ္ဘာက ယန့်ဖန်းနတ်ဘုံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ကမ္ဘာ (၆)ခုထဲက တစ်ခုဖြစ်တယ် ၊ ဗုဒ္ဓဘာသာကျင့်ကြံသူတွေရဲ့နယ်မြေနဲ့ နီးကပ်တယ် ၊ အခု ငါတို့က ဗုဒ္ဓဘာသာဘက်ကမိစ္ဆာတွေနဲ့ စစ်ပွဲရင်ဆိုင်နေရတဲ့ အရေးတကြီးအချိန်ကာလကိုရင်ဆိုင်နေရတဲ့အတွက် ယန့်ဖန်းနတ်ဘုံက အထွတ်ထိပ်ကျွမ်းကျင်သူအချို့လည်း ဒီကိုရောက်နေကြတယ်”

“မင်းတို့နှစ်ယောက်ကိုကြည့်ရတာ ငါတိုလမ်းမှန်းတာအိုက မဖြစ်နိုင်ဘူး ၊ မင်းတို့မှာ ပုံမှန်မဟုတ်တဲ့ တန်ခိုးစွမ်းအားတွေပိုင်ဆိုင်ထားတယ် ၊ မင်းတို့တွေကြောင့် ဒီကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားစီးဆင်းမှု အနှောက်အယှက်ဖြစ်သွားမယ်ဆိုရင် တခြားသူတွေအာရုံစိုက်မိသွားကြလိမ့်မယ်”

ယန်ချုန်းက သူတို့ကို အကြံပြုလိုက်သည်။

“မင်းတို့နှစ်ယောက်... ဂိုဏ်းတူအစ်ကို’ဖိန်’ တို့ကိုလွှတ်ပေးပြီး ဒီနေရာက ထွက်သွားသင့်တယ်”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“ဒါဆို မင်းကရောဘယ်လိုလဲ”

ယန်ချုန်းက ခေါင်းခါယမ်းရင်း...

“ငါက အခုဒဏ်ရာအပြင်းအထန်ရပြီး သေလုမျောပါးဖြစ်နေပြီ ၊ ငါ့အတွက် နောက်ဆုံးအနားယူရတဲ့အချိန်ကို ရောက်တော့မယ်”

သူက ချွမ်ဟောင်လုန်နှင့်အခြားသူများကို ကြည့်ရင်း ရှုတ်ထွေးသည့်မျက်နှာအမူအရာဖြင့်...

“ငါ တာအိုကိုသစ္စာမဖောက်ပါဘူး ၊ ဒါပေမဲ့ ဒီလိုပြောတာက အသုံးမဝင်တော့ဘူးဆိုတာ သိပါတယ်”

သူက ဆက်‌ပြောသည်။

“ငါက ဒီကမ္ဘာမှာမွေးပြီး ဒီကမ္ဘာမှာကြီးပြင်းခဲ့တာ ၊ အဆုံးမှာတော့ ငါ ဒီနေရာက မခွာနိုင်ခဲ့ဘူး ၊ ဒါတွေအားလံးက ကံကြမ္မာပဲ ၊ မိုးကောင်းကင်ကချမှတ်ထားတဲ့ ကံကြမ္မာပဲ”

ယန်ချုန်းက အားတင်းပြီးကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။

“ဒါက မိုးကောင်းကင်ရဲ့ဆန္ဒပဲ ၊ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ ရည်ရွယ်ချက်ပဲ ၊ ကြည့်ရတာ... ငါမှားယွင်းတဲ့အတွက် ဒီလိုအခြေအနေမျိုးရောက်ရတာဖြစ်မယ် ၊ ဒါက ငါနဲ့ထိုက်တန်ပါတယ်”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ရယ်မောရင်း...

“မင်း ငါတို့နှစ်ယော်ကအတွက် စိတ်ပူစရာမလိုပါဘူး ၊ ဒါပေမဲ့ ငါက မင်းတို့ကိုမေးစရာလေးတွေ ရှိတယ်”

ယန်ချုန်းက ခေါင်းခါယမ်းရင်း...

“ငါ သစ္စာဖောက်မှာမဟုတ်ဘူး ၊ မင်းတို့ငါ့ကိုညှင်းပန်းနှိပ်စက်မယ်ဆိုလည်း... ငါ့ခန္ဓာကိုယ်ထဲက ရတနာအလင်းတန်းက မတည်မငြိမ်ဖြစ်နေပေမယ့် ဒီနေရာမှာပဲ ငါအဆုံးသတ်လိုက်မယ်”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...

“မင်းဟာမင်း အဆုံးသတ်သတ် မသတ်သတ် အရေးမစိုက်ပါဘူး ၊ ပြီးတော့... မင်းတို့ရဲ့ မျှော်စင်ကမ္ဘာ ၊ ယန့်ဖန်းနတ်ဘုံအကြောင်း လျှို့ဝှက်ချက်တွေကိုလည်း မေးမြန်းဖို့ရည်ရွယ်ချက်မရှိဘူး”

ယန်ချုန်း အံ့အားသင့်သွားပြီး...

"ဒါဆို မင်းဘာမေးချင်တာလဲ"

ရန်ကျောက်ကဲက ယန်ချုန်းကို လက်ညှိုးထိုးလိုက်ပြီးမှ ချွမ်ဟောင်လုန်ကို ဆက်ပြီး လက်ညှိုးညွှန်ပြလိုက်သည်။

“ငါ သိချင်တာက မင်းကဘာလို့ သူတို့နဲ့မတူတာလဲ”

All Chapters