← Chapters

မည်သည့်ကိစ္စမဆို မတူကွဲပြားစွာ ပြုလုပ်တတ်သည့် ’ ရွှယ်ချူးချင်’

Vol. 65 Ch. 907

မည်သည့်ကိစ္စမဆို မတူကွဲပြားစွာ ပြုလုပ်တတ်သည့် ’ ရွှယ်ချူးချင်’

Vol. 65 Ch. 907

အခန်း (၉၀၇) မည်သည့်ကိစ္စမဆို မတူကွဲပြားစွာ ပြုလုပ်တတ်သည့် ’ ရွှယ်ချူးချင်’

အလင်းပြကွက်ထဲတွင် ယင်ထျန်းရှက ရန်သူ (၂)ယောက်နှင့် ရင်ဆိုင်နေရသည်။

ထိုအထဲမှာ တစ်ယောက်က ကောင်းကင်ထက်မှ နေမင်းကြီးပမာ အလင်းရောင်များ ဖြာလင်းနေပြီး သူ၏သိုင်းစွမ်းအားအယူအဆတွင် အလင်းစွမ်းအားများ ပါဝင်နေသည်။

ကျန်တစ်ယောက်ကတော့ နေမင်းကိုပင်ဖုံးကွယ်နိုင်စွမ်းရှိသည့် အမှောင်ထုနှင့် ထာဝရညတန်ခိုးစွမ်းအား ပိုင်ဆိုင်ထားသည်။ သူ၏ သိုင်းပညာအယူအဆက အမှောင်ထု၏ သန့်စင်သော ငြိမ်သက်ခြင်း ဖြစ်၏။

ထိုသူ (၂)ယောက်၏ သိုင်းပညာက မတူညီကြသဖြင့် မျိုးရိုးတစ်ခုတည်းမှ ဆင်းသက်လာသူများ မဟုတ်ကြပေ။

ပထမတစ်ယောက်က မဟာကပ်ဘေးကြီးမတိုင်ခင်က ‘ဟောက်ယန်’ နန်းတော်မှ သိုင်းပညာကိုအသုံးပြုသည့် တန်ခိုးစွမ်းအားရှင်ဖြစ်ကြောင်း ရန်ကျောက်ကဲ သတိပြုလိုက်မိသည်။

ဤစွမ်းအားအမွေအနှစ်က စန်းချင်း (၃)ပါး၏အမွေကိုဆက်ခံသော တာအိုကမ္ဘာများတွင် ပျောက်ကွယ်သွားည်မှာ ကြာပြီဖြစ်သည်။ အောက်ဘုံကမ္ဘာတစ်ခုခုတွင်တော့ ထိုပညာရပ် ရှိနေဦးမည်လား မပြောတတ်ပေ။

ပြောရမည်ဆိုလျှင် ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးမတိုင်ခင်က ‘ဟောက်ယန်နန်းတော်’ မှ ‘နေမင်းကျမ်းဂန်’ ကိုဖန်တီးခဲ့သော တန်ခိုးစွမ်းအားရှင်ကို မှတ်မိနေခြင်း ဖြစ်သည်။

ထိုသူက ‘ဟောက်ယန်ကျမ်းစာ’ ကို အခြေခံပြီး သူ၏ကိုယ်ပိုင်ဖန်တီးမှုမှရရှိသော ပေါင်းစပ်နည်းပညာများဖြင့် နေမင်းကျမ်းဂန်ကို ပုံဖော်ခဲ့သည်။

ပြီးပြည့်စုံသည့် ‘နေမင်းကျမ်းဂန်’ က ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် မရှိသော်လည်း ထိုနေရာတွင် ဟောက်ယန်ကျမ်းစာကိုတော့ ကောင်းမွန်စွာ ထိန်းသိမ်းထားခဲ့သည်။

တစ်ဆက်တည်းပင် အခြားသူတစ်ယောက် ထုတ်ဖော်အသုံးပြုနေသော ဓားသိုင်းပညာတွင် အမှောင်ထု၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသည်။ ထိုသိုင်းပညာသည်လည်း အနည်းငယ် ရင်းနှီးနေသယောင် ရန်ကျောက်ကဲ ခံစားရသည်။

“ကောင်းကင်မဲ့အမှောင်ဓားသိုင်းနဲ့ဆင်တူတယ်...”

ရန်ကျောက်ကဲ တွေးလိုက်၏။

“ကောင်းကင်မဲ့အမှောင်ဓားသိုင်း” ဆိုသည်က “အမှောင်ကောင်းကင်ဓားဂိုဏ်း” ဟု လူသိများသော စွမ်းအားကြီးမားသည့် ဂိုဏ်းတစ်ခုမှ ဖြစ်ပြီး မဟာကပ်ဘေးကြီးမတိုင်ခင်က အကြီးမြတ်ဆုံးသော သိုင်းပညာတစ်ခုလည်း ဖြစ်သည်။

သို့တိုင် ကောင်းကင်ဘုံနန်းတော်၏ သိုင်းကျမ်းစာကြည့်တိုက်တွင် ထိုပညာ၏ဖော်ပြချက်အချို့သာရှိပြီး ကောင်းကင်မဲ့အမှောင်ဓားသိုင်းကို သိမ်းဆည်းထားခြင်း မရှိပေ။

သို့ပေသိ ထိုသူ၏ဓားသိုင်းထဲတွင် အခြားသောတန်ခိုးစွမ်းအားတစ်ခုလည်း ရောနှောပါဝင်နေပြီး ထိုစွမ်းအားက ရန်ကျောက်ကဲနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်သည်။

ကောင်းကင်ကိုးထပ်နတ်ဘုရားမိုးကြိုးထဲက ပညာရပ်တစ်ခုဖြစ်တဲ့ ‘ထာဝရညမိုးကြိုး’ စွမ်းအား။

မိုးကြိုးစွမ်းအား ဖြတ်သန်းသွားသည်နှင့် မိုးမြေတစ်ခွင် မည်သည့်အလင်းရောင်မှ မမြင်နိုင်သော ထာဝရညတစ်ခု ဆင်းသက်လာမည် ဖြစ်သည်။

မိုးခြိမ်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာမှသာလျှင် ကမ္ဘာကြီးတစ်ခုလုံး ဖြူစင်တောက်ပသွားပြီး ဗလာနယ်လေထု အက်ကွဲသွားမည် ဖြစ်သည်။

ယိုးမင်ဧကရာဇ်နှင့် တိုက်ခိုက်နေသူများတွင် ဟောက်ယန်ကျမ်းစာကို ကျင့်ကြံထား‌သော တန်ခိုးစွမ်းအားရှင်ရော ကောင်းကင်မဲ့အမှောင်ဓားသိုင်းကျင့်ကြံထားသော တန်ခိုးစွမ်းအားရှင်ရော (၂)ယောက်လုံး၏ ကျင့်ကြံခြင်း အခြေခံအုတ်မြစ်က ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းများကို အားကိုးအားထားပြုထားကြသည်။

ရန်ကျောက်ကဲ သိရှိသလောက် မဟာကပ်ဘေးကြီးမတိုင်ခင်က ဟောက်ယန်နန်းတော်ရော အမှောင်ကောင်းကင်ဓားဂိုဏ်းရောတွင် ဧကရာဇ်အဆင့်တန်ခိုးစွမ်းအားရှင် တစ်ယောက်မှ ထွက်ပေါ်မလာခဲ့ပေ။

သို့သော် သူတို့ရှေ့မှ လူ (၂)ယောက်ကတော့ အရင်တစ်ချိန်က ဧကရာဇ်မင်းများထက်ပင် သာလွန်သော ယိုးမင်ဧကရာဇ်နှင့် တူညီသူများ မဟုတ်ပေ။

သူတို့၏ သိုင်းပညာအယူအအဆများက အဟောင်းများကိုစွန့်ပစ်ပြီး အသစ်တီထွင်ပြောင်းလဲထားမှုများ ပါဝင်နေသည်။ မည်သို့ပင်ဖြစ်စေ သူတို့၏သိုင်းပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က သိုင်းပညာကို ကျော်လွန်ခြင်း မရှိပေ။

ရန်ကျောက်ကဲက ကောင်းကင်မဲ့အမှောင်ဓားသိုင်းအတွက် သိပ်မသေချာသော်လည်း ဟောက်ယန်နန်းတော်ပိုင်ဆိုင်ခဲ့သော ဟောက်ယန်ကျမ်းစာကတော့ အရင်တစ်ချိန်ကထက် ပိုမိုလေးနက်ခြင်းမဟုတ်ကြောင်း သေချာခဲ့သည်။

သို့သော် ဤပုဂ္ဂိုလ် (၂)ယောက်သည် နတ်ဘုရားတံခါးကို တွန်းဖွင့်ဝင်ရောက်သွားပြီး လူသားနှင့် နတ်ဘုရားကြားမှ ကွာဟချက်ကို ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။

ထိုသူ (၂)ယောက်သည်လည်း ဧကရာဇ်အဖြစ်ခံယူနိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားသူများ ဖြစ်ကြသည်ပင်။

သူတို့သည် အမတခုံရုံးတာအိုကို ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားရှင်များဖြစ်ကြသည့်တိုင် ဧကရာဇ်များက ဧကရာဇ်များသာ ဖြစ်သည်။ သူတို့၏တန်ခိုးစွမ်းအားက ကောင်းကင်ကိုဖျက်ဆီးပြီး မြေကြီးကိုမှောက်လှန်ပစ်ရန် လုံလောက်ပေသည်။

သူတို့ (၂)ယောက်က ယင်ထျန်းရှကို အတူတကွ တိုက်ခိုက်နေကြပြီး မိုးမြေတစ်ခွင်တွင် မတူကွဲပြားသော အလင်းနှင့်အမှောင်တို့က လွမ်းခြုံရစ်သိုင်းလျှက် ရှိသည်။

မြင်းကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲမျက်လုံးများ ကျဉ်းမြောင်းလိုက်၏။

“ယုံကြည်ခြင်းရဲ့ အစွမ်းထက်တဲ့ ရတနာအလင်းတန်းနဲ့ ဒီလိုအဆင့်မျိုးရောက်အောင် ကျင့်ကြံထားနိုင်တာပဲ”

ထိုသူ (၂)ယောက်နှင့် ရင်ဆိုင်နေရသော ယင်ထျန်းရှ၏မျက်နှာထက်တွင်လည်း အတော်လေး စိတ်ရှုတ်ထွေးသော အမူအရာ ရှိနေသည်။

ဒေါသထွက်ခြင်း ၊ ကူရကယ်ရာမဲ့ခြင်းနှင့် နောင်တတရားများ သူ့ထံတွင် တွေ့မြင်ရသည်။

သူက...

“မင်းတို့တွေ နတ်ဘုရားတံခါးကို ဖွင့်နိုင်တယ်ဆိုပေမယ့် အဲဒါ မင်းတို့ကိုယ်တိုင်ပြုလုပ်ထားတာ မဟုတ်ဘူး ၊ မင်းတို့က ဘိုးဘေးတွေရဲ့ တာအိုအခြေခံတွေကို နားမလည်ကြဘူး”

ပြောပြီးသည်နှင့် ယင်ထျန်းရှက လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ရာ အလင်းနှင့်အမှောင် စွမ်းအားနှစ်ခု ထွက်ပေါ်လာသည်။

သူ၏လက်ဖဝါးက အလင်းတစ်ဝက် အမှောင်တစ်ဝက် ရှိနေပုံရသော်လည်း တောက်ပသည်လည်းမဟုတ်သလို မှောင်မိုက်သည်လည်း မဟုတ်ပေ။

သူ့လက်ဝါးရိုက်ချက်မှ တန်ခိုးစွမ်းအား ဖြတ်သန်းသွားသည်နှင့် အလင်းရောင်ပျောက်ကွယ်သွားပြီး အမှောင်ထုလည်း မရှိတော့ပေ။

အလင်းနှင့်အမှောင် ခွဲခြားရခက်သွားပြီး အရာရာက အုံ့မှိုင်းသွားသည်။

ယင်ထျန်းရှက သိမ်မွေ့စွာဖြင့်...

“မင်းတို့ အမှောင်ကောင်းကင်ဓားဂိုဏ်းနဲ့ ဟောက်ယန်နန်းတော်တို့က မဟာကပ်ဘေးကြီးမတိုင်ခင်ကငါတို့ ယိုးမင်ဂမ္ဘီရဂိုဏ်းနဲ့ ပြိုင်ဘက်တွေပဲ ၊ အဲဒီတုန်းက ငါတို့ကြားမှာ ဘယ်သူသာသလဲဆိုတာ ဆုံးဖြတ်ရခက်တယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီနေ့မှာတော့ အောင်ပွဲအနိုင်အရှုံးက တစ်ချက်တည်းနဲ့ထင်ရှားပါတယ်”

ယင်ထျန်းရှ၏ အုံ့မှိုင်းသော လက်ဖဝါးရိုက်ချက်ထဲတွင် တောက်ပသည့်အလင်းတန်းနှင့် မှိန်ဖျော့သောအမှောင်တို့ပါဝင်နေပြီး သူ၏အသွင်သဏ္ဌန်က ကောင်းကင်ထက်မှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးပမာ ဖြစ်သည်။

“ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ ၊ တာအိုကိုသုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် အမှန်မြင်ပါ”

ယင်ထျန်းရှ၏ လက်ဝါးရိုက်ချက်အောက်တွင် ရန်သူ (၂)ယောက်လုံး ရှုံးနိမ့်သွားလေသည်။

အလင်းပုံရိပ်ပြကွက်သည်လည်း ထိုအချိန်မှာပင် ပြီးဆုံးသွားသည်။

ပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်ရင်း ရန်ကျောက်ကဲနှင့် ဖုထင်တို့နှစ်ယောက်လုံး မျက်မှောင်ကြုံ့လိုက်ကြသည်။

လွမ့်ထျန်းဂိုဏ်းမှ ဂိုဏ်းသားများဆီမှ မကျေမနပ်ဖြင့် ဆဲရေးတိုင်းထွာသံများ ထွက်ပေါ်လာသည်။

ယန်ချုန်းက ခေါင်းခါယမ်းလျှက် သက်ပြင်းချရင်း စိတ်ရှုတ်ထွေးလျှက် ရှိသည်။

ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး ဖုထင်ကိုလှမ်းကြည့်ရင်း...

“သူတို့က ဖြတ်သွားဖြတ်လာတိုက်ခိုက်ရင်း ဒီအတိုင်း သာမန်သဲလွန်စတွေပဲ ချန်ခဲ့တာ”

ထို့နောက် သူက ယန်ချုန်းဘက်သို့ လှည့်ကြည့်ရင်း...

“ဒီ အကြွင်းအကျန်တွေကို မင်းတွေ့ခဲ့တဲ့နေရာက ပျက်ဆီးသွားပြီလား”

ယန်ချုန်းက မချိပြုံးပြုံးရင်း...

“ပျက်ဆီးသွားပြီထင်တာပဲ”

ချွမ်ဟောင်လုန်က တိုးလျသည့်အသံဖြင့်...

“ဘာလို့ ဒီလိုပြောရတာလဲ ဆရာဦးလေး’ယန်’ ၊ ဂိုဏ်းက အကြီးအကဲတွေရောက်လာပြီး အဲဒီနေရာကို လုံးဝဖျက်ဆီးပစ်လိုက်တယ် မဟုတ်ဘူးလား”

ရန်ကျောက်ကဲက ခဏမျှစဉ်းစားနေပြီးမှ ရုတ်တရက် မေးလိုက်သည်။

“မင်းလိုမျိုး အလားတူဖြစ်ရပ် ဖြစ်တဲ့သူတွေ တခြားနေရာမှာ ရှိသေးလား...”

ထိုစကားကိုကြားတော့ ယန်ချုန်းသာမက ချွမ်ဟောင်လုန်နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။

လွမ့်ထျန်းဂိုဏ်းမှ သိုင်းကျင့်ကြံသူတစ်ယောက်က ဒေါသတကြီးဖြင့်...

“တာအိုကိုသစ္စာဖောက်တဲ့ မင်းတို့လို ပြင်ပတာအိုတွေရဲ့လှည့်ဖျားမှုကိုခံရတဲ့ ဒီလိုဖြစ်ရပ်မျိုး တစ်ခုတည်းဖြစ်တာတောင် အတော်လေး ရယ်စရာဖြစ်နေပြီ ၊ နောက်ထပ် ဖြစ်စရာအကြောင်းမရှိဘူး”

ရန်ကျောက်ကဲက စိုးရိမ်ပူပန်ဟန်မရှိဘဲ ခေါင်းညိတ်ပြရင်း...

“ဒါဖြင့် ဒီလိုဖြစ်ရပ်မျိုးကြုံတာ မျှော်စင်ကမ္ဘာမှာ သူတစ်ယောက်ပဲ ရှိတာပေါ့”

ရန်ကျောက်ကဲကိုကြည့်ရင်း ဖုထင်က အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

“ရှင့်က တစ်ခုခုကို စုံစမ်းချင်နေပုံပဲ”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...

“ယိုးမင်ဧကရာဇ်က နှစ်ယောက်တစ်ယောက်တိုက်ခိုက်တာတောင် အမတခုံရုံးတာအိုကျင့်ကြံသူ ဧကရာဇ် (၂)ယောက်ကို အနိုင်ယူခဲ့တယ် ၊ ဒါက ငါတို့ စန်းချင်း (၃)ပါး အဆက်အနွယ်ရဲ့ တန်ခိုးစွမ်းအားကို ပြသခဲ့တာပဲ”

“ဒီမြင်ကွင်းကို ပထမဆုံးမြင်ရတာ အမခုံရုံးကတာအိုကျင့်ကြံသူတွေအပေါ် သက်ရောက်မှုရှိမှာပဲ”

ရန်ကျောက်ကဲက အဝေးသို့ လှမ်းကြည့်ရင်း...

“ဒါပေမဲ့ ဒီမြင်ကွင်းကိုမြင်တဲ့သူက ယန်ချုန်းပဲ မဟုတ်ဘူး ၊ တခြား လွမ့်ထျန်းဂိုဏ်းကလူတွေလည်း အများကြီးရှိသေးတယ် ၊ ဒါပေမဲ့ ယန်ချုန်းခန္ဓာကိုယ်ထက်က ရတနာအလင်းတန်းတစ်ခုပဲ မတည်မငြိမ်ဖြစ်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အပေါ် သူ့ရဲ့ယုံကြည်ခြင်းက တုန်လှုပ်သွားတယ် ၊ ဘာလို့အဲဒီလိုဖြစ်ရတာလဲ”

“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြင့်ဆုံးဖြစ်သလို သူ့ရဲ့ အသိပညာကလည်း ကျယ်ပြန့်တယ် ၊ ဒါကြောင့် သူက သမရိုးကျရှုထောင့်ကနေ အပြောင်းအလဲကိုလက်ခံဖို့ စိတ်အားထက်သန်ခဲ့တာလား ၊ ဒါမှမဟုတ် သူက အာရုံစိုက်မှု အရမ်းကောင်းလို့လား”

“သူ့ရဲ့အရည်အချင်းနဲ့ နားလည်နိုင်စွမ်းက မြင့်မားတာမှန်ပေမယ့် ယုံကြည်ခြင်း ရတနာအလင်းတန်းကို အားမကိုးဘဲ ငါတို့လိုကျင့်ကြံမယ်ဆိုရင် အောင်မြင်နိုင်ခြေနည်းလိမ့်မယ် ၊ ဒါကြောင့် အဲဒါက တကယ့်အကြောင်းရင်းမဟုတ်ဘူးလို့ ငါယုံကြည်တယ်”

ရန်ကျောက်ကဲက ဆိုသည်။

ဖုထင်က ဖြည်းညင်းစွာဖြင့် ...

“အမွေအနှစ်နေရာမှာ တစ်ယောက်ယောက်က ယန္တရားတစ်ခုတည်ဆောက်ပြီး ယန်ချုန်းက အဲဒီယန္တရားကို ဖယ်ရှားလိုက်တာလို့ ရှင်ကထင်နေတာလား ၊ ဒါကြောင့် သူ ဒီလိုဖြစ်သွားတာလို့ပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဗုဒ္ဓဘာသာဘက်ကတော့ ဒီလိုလုပ်မှာမဟုတ်ဘူး ၊ ကြည့်ရတာ ငါတို့ စန်းချင်း (၃)ပါးအဆက်အနွယ်က ဆင်းသက်လာသူတွေပဲ လုပ်တာဖြစ်မယ်ထင်တယ်”

ဖုထင်က စဉ်းစားရင်း...

“ဖြစ်နိုင်တယ် ၊ စိတ်မကောင်းစရာက... အဲဒီနေရာကမရှိတော့ဘူးဆိုတော့ အတည်ပြုလို့မရတော့ဘူး”

ရန်ကျောက်ကဲက စကားဆက်မပြောတော့ပေ။

တကယ်တော့ သူ မပြောဘဲချန်ထားသည့် ကိစ္စတစ်ခု ရှိခဲ့သည်။

ယိုးမင်ဂမ္ဘီရဂိုဏ်းနှင့် သူ၏မိခင်ဖြစ်သူ ရွှယ်ချူးချင်၏ဆက်ဆံရေးကို ပြန်ကြည့်မည်ဆိုလျှင် ဤယန္တရားကိုတည်ဆောက်သူက ရွှယ်ချူးချင်၏လက်ရာဖြစ်ကြောင်း ရန်ကျောက်ကဲ ယောင်ဝါးဝါး ခံစားနေရသည်။

သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူ၏ပင်ကိုယ်ဉာဏ်က အခြေအမြစ်မရှိခြင်းမျိုး မရှိပေ။ သူ၏ အတွေးအခေါ်များက မိုးမြေသဘာဝတရားများနှင့်နှိုင်းယှည်ပြီး လျှို့ဝှက်ဆန်းကျယ်မှုများနှင့် ခံယူချက်များကြားမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။

ရန်ကျောက်ကဲအနေဖြင့် အပြည့်အဝ ယုံကြည်နိုင်ခြင်းမရှိသည့်တိုင် လွယ်လွယ်နှင့်လည်း ဖယ်ရှားပစ်၍မရနိုင်သောကိစ္စ ဖြစ်၏။

ကြည့်ရသည်မှာ မိခင်ဖြစ်သူနောက်သို့ အလိုက်ခံနေရခြင်းမှာ ယိုးမင်ဧကရာဇ်သေဆုံးခြင်းနှင့်ပတ်သက်နေနိုင်သလို အမတခုံရုံးနှင့်လည်း ပတ်သက်နေနိုင်သည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ် နယ်ခြားဒေသတွင် ရွှယ်ချူးချင် ပျောက်ကွယ်သွားပြီးသည့်နောက် ရန်ကျောက်ကဲ သူမသတင်းတစ်စုံတရာမကြားရတော့ပေ။

သူ၏မိခင်သည် အခြားသူများနှင့် မတူကွဲပြားသောနည်းလမ်းဖြင့် လှည့်လည်သွားလာနေခဲ့ပြီး အန္တရယ်အရှိဆုံးနေရာကို အလုံခြုံဆုံးနေရာအဖြစ် ရွေးချယ်ကာ တာအိုဝါဒ၏ စန်းချင်း (၃)ပါး အဆက်အနွယ်များနေထိုင်ရာကမ္ဘာများမှ ထွက်ခွာလာပြီး အမတခုံရုံးနယ်မြေများတွင် လာရောက်ပုန်းနေခြင်း ဖြစ်နိုင်ပါမည်လား။

All Chapters