← Chapters

လူရော ဟုတ်ရဲ့လား

Vol. 65 Ch. 911

လူရော ဟုတ်ရဲ့လား

Vol. 65 Ch. 911

အခန်း (၉၁၁) လူရော ဟုတ်ရဲ့လား

ရှန်ကျွင်း၏လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် သူခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းကွင်း (၁၀)ကွင်း ထွက်ပေါ်လာသည်။

ထိုအလင်းကွင်း (၁၀)ကွင်းက ကောင်းကင်ကိုးထပ်ကိုအုပ်စိုးသည့် နတ်ဘုရား (၁၀)ပါးအလား ထင်မှတ်ရသည်။

သူ၏လက်ဖဝါးမှတန်ခိုးစွမ်းအားက အဆုံးမရှိနက်နဲလှပြီး လှည့်ပတ်ပြောင်းလဲသွားသည်။ ထိုလက်ဝါးရိုက်ချက်တွင် မတူညီသော ကွဲပြားမှု (၁၂)ခု ပါဝင်သည်။

တိမ်တိုက်ကြယ်စင်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာ (၂)ရက်တွင် တစ်ရပ်မှာ ချီစွမ်းအားသန့်စင်သည့်နည်းပညာဖြစ်သည့် ‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာ ဖြစ်သည်။

‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာ ယှဉ်ပြိုင်ရပ်တည်သည့် အခြားသော ထိပ်တန်းသိုင်းပညာတစ်ခုကတော့ ‘မြေကြီးအကိုင်းအခက်လက်ဝါးသိုင်း’ ဖြစ်၏။

ထိုပညာရပ် (၂)ခုပေါင်းစပ်လိုက်သည်နှင့် မိုးမြေတစ်ခွင် ကွဲပြားမှုကို ထင်ရှားပြသလိုက်သည့်အလား အတိုင်းအဆမရှိ သိမ်မွေ့သွားသည်။

ရှန်ကျွင်း၏လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့် ရန်ကျောက်ကဲနှင့် ဖုထင်တို့မျက်စိရှေ့ ဗလာနယ်လေထုက ပြောင်းပြန်လှည့်ပတ်သွားသည့်အလား ထင်မှတ်ရသည်။

သို့သော် ရန်ကျောက်ကဲက ထိုကိစ္စကိုမစိုးရိမ်ဘဲ သူ၏ခန္ဓာကိုယ်က လက်ခနဲတောက်ပသွားပြီး အလင်းတန်းတစ်ခုအဖြစ်‌ ပြောင်းလဲကာ ရှန်ကျွင်းလက်ဖဝါးလွှမ်းခြုံထားသည့် ဧရိယာအပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။

သူက ရှန်ကျွင်းကို စိတ်ဝင်တစားကြည့်ရင်း...

“‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ ၊ ‘မြေကြီးအကိုင်းအခက်လက်ဝါးသိုင်း’ ၊ မြေကြီးအကိုင်းအခက်လက်ဝါးသိုင်းက အကိုင်းအခက် (၆၀)ကို အောင်မြင်မှ ဒီသိုင်းပညာကို ကျင့်ကြံအောင်မြင်တယ်လို့ ဆိုနိုင်တယ်”

ရှန်ကျွင်းက ရန်ကျောက်ကဲကို အကဲခတ်ရင်း...

“မင်းက ငါ့လက်ဝါးရိုက်ချက်ကိုရှောင်နိုင်ရုံသာမက အကိုင်းအခက် (၆၀)ကိုတောင် သိနေတာလား ၊ အသက်ငယ်ငယ်နဲ့ ဗဟုသုတကြွယ်ဝတာပဲ...”

သူက ခေါင်းခါယမ်းရင်း...

“လောဘဇောတိုက်တဲ့ဆန္ဒကြောင့် လမ်းမှားလိုက်နေကြတဲ့ ပြင်ပတာအိုက တပည့်တွေက တူညီတဲ့ကျင့်ကြံခြင်းအဆင့်မှာတော့ ငါတို့ လမ်းမှန်တာအိုကျင့်ကြံသူတွေထက် နည်းနည်းပိုပြီး အစွမ်းထက်တာ အမှန်ပါပဲ”

“ဒါပေမဲ့ ဒါက ရေတိုအတွက်ပါပဲလေ ၊ မကြာခင်မှာ မင်းလျှောက်လှမ်းတဲ့လမ်းက ပိုကျဉ်းမြောင်းပြီး ခက်ခဲလာတာကို မင်းကိုယ်တိုင်တွေ့ရလိမ့်မယ်”

“အဲဒီအချိန်ကျမှ နောက်ပြန်လှည့်ကြည့်မယ်ဆိုရင် အရာအားလုံးက တိမ်တိုက်တွေလို တဒင်္ဂပဲဆိုတာကို မင်းသိလိမ့်မယ်”

“ပြီးတော့ မင်းက နတ်ဘုရားသိမြင်ခြင်းအဆင့်ပဲ ရှိသေးတာ ၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မင်း ဒီနေ့ ငါ့လက်ကမလွတ်နိုင်ပါဘူး”

ထို့နောက် ရှန်ကျွင်း၏လက်ဝါးသိုင်းက ထပ်မံပြောင်းလဲသွားပြန်သည်။

မိုးနှင့်မြေ ၊ တိမ်တိုက်နှင့်လေများ ပြောင်းပြန်လန်သွားသည့်အလား လက်ဖဝါးနှစ်ဖက်က ကျဆင်းလာသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတဲ့အရူးပဲ”

သူက ရှန်ကျွင်း၏လက်ဝါးရိုက်ချက်ကိုပင်မကြည့်ဘဲ ရိုးရှင်းစွာပင် လက်တစ်ဖက်မြှောက်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်သည်နှင့် ဗလာနယ်ထဲမှ မြင်ကွင်းများသည် ချက်ချင်းပြောင်းလဲသွားသည်။

ရှန်ကျွင်းမှာ အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ ခွဲခြားရန်ခက်ခဲသွားပြီး အမှောင်ထုထဲတွင် ပုံရိပ်ယောင်ကမ္ဘာတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အဆုံးမဲ့ဗလာနယ်ထဲတွင် ပျံသန်းနေခြင်းဖြစ်သည့်တိုင် ယခု သူရောက်ရှိနေသည်က မိုးမြေတစ်ခွင်လွှမ်းခြုံထားသော ကမ္ဘာတစ်ခုပမာ ထင်မှတ်ရသည်။

မိုးနှင့်မြေက သဏ္ဌန်ကင်းမဲ့လျှက်ရှိသည့်တိုင် ရှန်ကျွင်း၏အမြင်မှာတော့ သူ့ခြေဖဝါးအောက်တွင် မြေပြင်ကိုနင်းထားပြီး သူ၏ဦးခေါင်းထက်တွင်လည်း မိုးကောင်းကင်ကြီး ရှိနေလေသည်။

သို့သော် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကျဆင်းလာသည့်အခါ သူ့ဦးခေါင်းထက်မှ ကောင်းကင်ကြီး ပြိုကျလာသည့်အလား ခံစားလိုက်ရသည်။

မိုးနှင့်မြေက ပြေင်းပြန်လှည့်ပတ်ပြီး သူ့ဦးခေါင်းထက်သို့ မိုပြိုကျလာသည့်အလား ထင်မှတ်ရသည်။

ရှန်ကျွင်း၏ လက်ဝါးသိုင်းက လေနှင့်တိမ် ၊ မိုးနှင့်မြေကို ပြေင်းပြန်လှန်လိုက်သည်။

သို့ပေသိ ဤအခိုက်အတန့်တွင် လေနှင့်တိမ်ကို မိုးကောင်းကင်တစ်ခုလုံးက ဖုံးအုပ်ထားပုံရပြီး အခြေအနေများက ပြောင်းပြန်ပြောင်းလဲသွားသည်။

“အမတခုံရုံးတာအိုကိုကျင့်ကြံတဲ့ မင်းလိုလူမျိုးက... အကိုင်းအခက်ပေါင်း (၆၀)ကို အောင်မြင်အောင် ကျင့်ကြံနိုင်မယ်လို့ ငါတော့မထင်ဘူး”

ရန်ကျောက်ကဲက ဘယ်ဘက်လက်ကိုနောက်သို့ပစ်ထားပြီး ညာဘက်လက်ကိုပင့်မြှောက်ကာ စွမ်းအားကြီးမားလှသော ‘စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်’ ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ရှန်ကျွင်းက ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ခုခံရန် လက်ကိုပင့်မြှောက်လိုက်သည်နှင့် တိမ်တိုက်ကြယ်စင်ဂိုဏ်းချုပ်၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

ရန်ကျောက်ကဲက အေးစက်စွာရယ်မောရင်း...

“ဒီ’ရန်’ က စန်းချင်း(၃)ပါး ရိုးရာဓလေ့ကျင့်ကြံသူတွေရဲ့ အမတကူးပြောင်းခြင်းအဆင့် သိုင်းကျင့်ကြံသူတွေကိုတောင် အနိုင်ယူတိုက်ခိုက်ခဲ့တာ ၊ မင်းလို ချို့တဲ့နေတဲ့သူကိုတော့ ပြောမနေနဲ့တော့”

ကျယ်လောင်သည့် ကြုံးဝါးသံနှင့်အတူ ရှန်ကျွင်း၏မျက်လုံးများထဲတွင် တုန်လှုပ်ချောက်ချားမှုများ ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသည့် အလင်းတန်း (၁၀)ကွင်းက တပြိုင်နက်တည်းကြည်လင်သွားပြီး အလင်းရောင်များ ပျောက်ကွယ်ကာ အင်းသင်္ကေတ (၁၀)ခု ထွက်ပေါ်လာသည်။

ထိုအင်းသင်္ကေတတ (၁၀)ခုလုံးက မိုးမြေကွဲပြားမှု၏ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားများ ပါဝင်နေသည်။ ရှန်ကျွင်း၏လက်ဖဝါးထက်တွင် အင်းသင်္ကေတ (၁၀)ခု စုဝေးနေကြသည်။

‘မြေကြီးအကိုင်းအခက်လက်ဝါးသိုင်း’ အပိုင်း (၁၂)ခု အနှစ်သာရ အင်းသင်္ကေတ (၁၀)ခုက ‘ကောင်းကင်တိမ်တောင်ချီစွမ်းအား’ သိုင်းပညာနှင့်ပေါင်းစပ်ပြီး ရန်ကျောက်ကဲကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

အင်းသင်္ကေတနှင့် လက်ဖဝါးပညာရပ်တို့ ပေါင်းစပ်လိုက်သောအခါ လက်ဝါးသိုင်း အကိုင်းအခက် (၃၆)မျိုး လျှင်မြန်စွာ ထွက်ပေါ်လာသည်။

ဤသိုင်းကွက်အပြောင်းအလဲများအားလုံးက တောက်ပသည့်အလင်းတန်းတစ်ခုအဖြစ် ပေါင်းစပ်သွား၏။

အလင်းန်းများ ဖြတ်သန်းသွားသည်နှင့် တိမ်နှင့်လေများ လွင့်စင်သွားကာ ကောင်းကင်နှင့် မြေကြီးသည် အရောင်ပြောင်းသွားသည်။

ရှန်ကျွင်းက ကောင်းကင်ထောက်တိုင်ကို ခုတ်လှဲပစ်တော့မည့် ပုဆိန်တစ်လက်ကို ဆုတ်ကိုင်ထားသည့်အလား သူ့လက်နှစ်ဖက်ကို ထောင့်ဖြတ်အနေအထား ခုတ်ပိုင်းချလိုက်သည်။

ဤတိုက်ကွက်ကိုတွေ့မြင်သည့်အခါ ဖုထင်၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

သူမက ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် ထူးခြားသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်သူ ဖြစ်သည်။

သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် အမတခုံရုံးတာအိုကျင့်ကြံသူများထဲမှ အမတကူးပြောင်းခြင်း ကနဦးအဆင့် ကျင့်ကြံသူကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိသည်။

သို့သော် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်ကျွင်း၏ စွမ်းအားပြည့်ထိုးနှက်မှုဖြင့် ရင်ဆိုင်ရသည့်အခါ ဖုထင်သည် သူမ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုသူကို တိုက်ခိုက်ရန် ယုံကြည်ချက်အပြည့်မရှိဟု ခံစားခဲ့ရသည်။

အမတခုံရုံးကျင့်ကြံသူများထက် စန်းချင်း(၃)ပါးအဆက်အနွယ် ရိုးရာဓလေ့ကျင့်ကြံသူများက ကျင့်ကြခြင်းအဆင့်တူညီသူများတွင် သာလွန်သည်မှန်သော်လည်း ယခု ရှန်ကျွင်းကတော့ သိုင်းသူတော်စင် အဋ္ဌမအဆင့် ဖြစ်သည်။

သို့ရာတွင် ရန်ကျောက်ကဲကတော့ မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ပေ။

“မင်းက အကိုင်းအခက် (၆၀)ကို မအောင်မြင်သေးဘူး ၊ (၃၆)ခုကိုပဲ အောင်မြင်သေးတယ်...”

ရန်ကျောက်ကဲက ရှန်ကျွင်း၏ထိုးနှက်ချက်ကို နောက်မဆုတ်ဘဲ အတင်းအကျပ် ခုခံမည့်အစား ရှောင်ထွက်လိုက်သည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကျဆင်းလာသည်နှင့် ရှန်ကျွင်း၏လက်ဖဝါးများ တုန်ခါသွားချိန် ရန်ကျောက်ကဲက လက်ဖဝါးတစ်ဖက်ကိုလှန်လိုက်ပြီး ရှန်ကျွင်း၏လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည်။

ထို့နောက် သူ၏ အခြားလက်တစ်ဖက်ဖြင့် ရှန်ကျွင်း၏မျက်နှာထက်သို့ ရိုက်ချလိုက်၏။

ရှန်ကျွင်း၏ မျက်စိရှေ့တွင် မိုးမြေတစ်ခွင် ပုံမှန်မဟုတ်သော ပုံရိပ်ယောင်များ ထပ်မံဖြစ်ပေါ်လာပြီး သူ့ခြေထောက်အောက်မှ မြေပြင်သည် သူ၏ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။

ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှည့်ပတ်သွားစဉ် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာပြီး ထိုအက်ကွဲကြောင်းအတွင်းမှ လက်ဝါးရိုက်ချက်တစ်ချက် သူ့အရှေ့သို့ ကျရောက်လာသည်။

တိမ်နှင့်လေများ ကွဲအက်သွားပြီး နေနှင့်လက ထွန်းလင်းနေကာ မိုးနှင့်မြေက အဆုံးသတ်တော့မည့်အလား ထင်မှတ်ရသည်။

ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ မိုးမြေတစ်ခွင်ကို မှောက်လဣ်ပစ်သော လက်ဝါးရိုက်ချက်ကြောင့်သာ ဖြစ်လေ၏။

ရှန်ကျွင်းသည် ရန်ကျောက်ကဲကို မယုံနိုင်လောက်အောင် ကြည့်နေမိသည်။

ဤသည်က နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် သိုင်းသူတော်စင်တစ်ယောက် ပိုင်ဆိုင်သော တန်ခိုးစွမ်းအား ဖြစ်နိုင်ပါရဲ့လား။

သူက ကြီးမြတ်သော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ြဖ်စလေရာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို အသုံးပြုရန် မရည်ရွယ်ခဲ့ပေ။

သူ၏ပြိုင်ဘက်များက သိုင်းသူ‌‌‌တော်စင် ပဉ္စမအဆင့်ရှိ လူငယ်နှစ်ဦးမျှသာဖြစ်လေရာ သူက အရှက်ကွဲခံပြီး ထိုပစ္စည်းအသုံးမပြုလိုခဲ့ပေ။

ရှန်ကျွင်းက ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို ၎င်းတို့ပိုင်ဆိုင်သည့် ရတနာပစ္စည်းများနှင့်အတူ ဖမ်းဆီးရန် နည်းလမ်းအချို့ကို အစောပိုင်းကတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။

သို့ပေသိ ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာကောင်းလွန်းလှသည်။

ရှန်ကျွင်းမှာ ယခုတော့ မျက်နှာပျက် အရှက်ကွဲမည်ကို ဂရုမစိုက်နိုင်တော့ပေ။

အလင်းတန်းများ ရုတ်တရက်တောက်ပလာပြီး သူ့လက်ထဲတွင် ကျောက်စိမ်းပုဆိန်တစ်လက်ပေါ်လာသည်။

ထိုကျောက်စိမ်းပုဆိန် လေထဲပျံတက်သွားသည်နှင့် တပြိုင်နက် (၁၀) ပေအထိ ကျယ်ပြန့်သွားလေသည်။

ပုဆိန်က ရန်ကျောက်ကဲထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းကျရောက်လာပြီး ဗလာနယ်ထဲတွင် အလင်းတန်းများဖြာလင်းသွားသည်။

အမှန်တကယ် အံ့သြစရာကောင်းလွန်းသည့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း တစ်ခုပင်။

ဤ ဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ကြောက်မက်ဖွယ်ရာကောင်းလွန်းသော်လည်း ရန်ကျောက်ကဲက ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။

တန်ခိုးစွမ်းအားမြင့်မားသော ပုဆိန်က ဆင်းသက်လာသည့်တိုင် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က တိမ်းရှောင်ခြင်းမရှိသလို ပြောင်းလဲသွားခြင်းလည်း မရှိပေ။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက်တွင် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက လျှို့ဝှက်စွာလှည့်ပတ်သွားပြီး ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာက သူ၏အသွေးအသားရုပ်ခန္ဓာကို ပိုမိုအားကောင်းလာစေသည်။

သိုင်းပညာအမျိုးမျိုး၏ နက်နဲလှသော တန်ခိုးစွမ်းအားများက တစ်စတစ်စ ပေါင်းစပ်သွားသည်။

ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က ပုဆိန်၏ ဘေးဘက်သို့ ထိမှန်သွားပြီး ပုဆိန်ကို ဘေးဘက်သို့ လှည့်သွားစေသည်။

တစ်ဆက်တည်းပင် ရန်ကျောက်ကဲက ကျန်လက်ဖဝါးတစ်ဖက်ဖြင့်ရိုက်ချလိုက်ရာ ရှန်ကျွင်း ဆံပင်များပင်ထောင်သွားရသည်။

ရန်ကျောက်ကဲ လက်ဝါးရိုက်ချက်ထိမှန်သွားသည့် ပုဆိန်ကြီးက ရှန်ကျွင်းဆီသို့ဝင်ရောက်လာသည်။

ရှင်ကျွင်း အလွန်တုန်လှုပ်သွားပြီး သူ၏တိုက်ခိုက်မှုကို ပြန်လည် ရုပ်သိမ်းရန် တွန်းအားပေးရင်း လက်ဖဝါးနှစ်ဖက်ကို တပြိုင်တည်း ဆန့်ထုတ်လိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်မှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် အဆက်မပြတ်ထုတ်လွှတ်လိုက်ရာ ပြင်းထန်သောစွမ်းအားများလှုပ်ခတ်သွားပြီး ရှန်ကျွင်း နောက်သို့လွင့်ထွက်သွားကာ သွေးများအန်ထုတ်လိုက်သည်။

ရှန်ကျွင်း ထိတ်လန့်တုန်လှုပ်မှုအပြည့်ဖြင့် ရန်ကျောက်ကဲအား လှမ်းကြည့်လိုက်သည်။

မူလက သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုအသုံးပြုပြီး ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ထိုးနှက်ရန် ရည်ရွယ်ခဲ့ပြီး ၊ ဤနည်းအားဖြင့် တိုက်ပွဲရလဒ်ကို ပြောင်းပြန်လှန်နိုင်မည်ဟု ထင်မှတ်ခဲ့သည်။

သို့ပေသိ ရန်ကျောက်ကဲ၏ လျှပ်စီးပမာလျှင်မြန်သောအရှိန်အဟုန်ဖြင့် သတ်ဖြတ်ခံရမည်ဟု ထင်မှတ်မထားခဲ့ပေ။

ရန်ကျောက်ကဲသည် ဤအတိုင်းအတာအထိ အမှန်တကယ် ကြောက်စရာကောင်းသူတစ်ယောက်ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။

ပြင်ပတာအိုကျင့်ကြံသူများသည် တူညီသောကျင့်ကြံခြင်းအဆင့်တွင် သူတို့ထက်ပိုမိုအားကောင်းသည်ဟု ယခင်ကကြားသိခဲ့ဖူးသည်။

သို့တိုင် သူလအရှေ့မှလူငယ်ကတော့ အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားနေခဲ့သည်။

ရယ်စရာတစ်ခုဖြစ်သည့်တိုင် ရှန်ကျွင်း၏စိတ်ထဲ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာသည်။

ဒီကောင်က လူရောဟုတ်ရဲ့လား။

All Chapters