အပိုင်း(၅၄၁)
Vol. 37 Ch. 541
ရှင်းယောင်မြို့ချူးမိသားစုခေါင်း
ဆောင်ဖြစ်သူ ချူးကျူးမှာ ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်ဖြစ်သည်။
ရှင်းယောင်မြို့အတွင်း၌ နောက်ဆုံးတွင် ရှစ်ဖုန့်၏ အစစ်မှန်ကျင့်ကြံမှုနယ်ပယ်အား ဖြတ်မြင်နိုင်သည့်တစ်စုံတစ်ဦးရှိလာသည်။သူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်။
နောက်ဆုံးအကြိမ်ရှန့်ဟွေ့မြို့၌ရှန်း
ဟွေ့မြို့၌ရှစ်ဖုန့်ရှိခဲ့စဉ်က ရှန်းဟွေ့မြို့အရှင်သခင် ရှန်းအောင်ရှင်းအား သူသတ်ဖြတ်ခဲ့ပြီး အဆင့်ရှစ် မဟာသူတော်စင်ယွမ်ဆေးလုံးကို သူရရှိခဲ့သည်။ မဟာသူတော်စင်ယွမ်ဆေးလုံးမှ စွမ်းအင်များအားစုပ်ယူခဲ့ပြီးနောက် ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်သို့သူ အဆင့်တက်ခဲ့၏။
ထို့နောက်ရှစ်ဖုန့်က နတ်သားရဲတောင်တန်းတွင်အလောင်း
များပြန့်ကျဲနေအောင်ဆက်လက်သတ်ဖြတ်ခဲ့ပြီး မရေတွက်နိုင်သော ကြီးကြီးငယ်ငယ်နတ်ဆိုးသား
ရဲမှန်သမျှသေဆုံးခဲ့ရ၏။ သေဆုံးခဲ့ရသည်။လွန်ခဲ့သော
ခြောက်ရက်အတွင်း ရှစ်ဖုန့်မှာ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်မှ ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်သို့ အဆင့်တက်ခဲ့ပြီးဖြစ်သည်။
သို့သော်ချူးမိသားစုခေါင်းဆောင်ဖြစ်သူ ချူးကျူးကတော့ရှစ်ဖုန့်၏ သိုင်းနယ်ပယ်အား စိတ်မဝင်စားပေ။ ဤအချိန်တွင် ချူးကျူး၏အကြည့်တို့က ရှစ်ဖုန့်၏ညာလက်ထဲရှိ လပြည့်ဓားပေါ်သို့ကျရောက်နေ၏။
“အင်း ..ဓားကောင်းတစ်လက်ပဲ..ဒါက တကယ့်ကိုဓားကောင်းတစ်လက်ပဲ..”
ချူးကျူး၏အိုမင်းသောမျက်နှာထက်၌ အားရကျေနပ်ဝမ်းမြောက်သော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ထို့နောက်သူကပြောလိုက်သည်။
“ဒီလိုမျိုးရွှမ်းလက်နက်တစ်ခုကို ဒီနေရာမှာ မြင်တွေ့ရလိမ့်မယ်လို့ ငါလုံးဝ
မထင်ထားခဲ့ဘူး.. ဒီလိုသင့်တော်တဲ့ လက်နက်တစ်ခုကို ငါရလိမ့်မယ်လို့ ငါလုံးဝမထင်ထားခဲ့ဘူး.. ဒီညငါ့ရဲ့ခရီးက လုံးဝအချဉ်းအနှီးမဟုတ်ဖူးပဲ”
ချူးကျူး၏လက်ရှိအသွင်အပြင်က ရှစ်ဖုန့်၏လက်အတွင်းရှိလပြည့်ဓားအား သူ၏ပစ္စည်းကဲ့သို့မှတ်ယူထားပြီးဖြစ်သည်ကို ပြသနေသည်။
ချူးကျူးအတွက်မူ လပြည့်ဓားကရှစ်ဖုန့်၏လက်အ
တွင်း၌ရှိနေသော်လည်း ယင်းကယာယီသာဖြစ်သည်။
မကြာခင်သို့မဟုတ်နောက်ကျ လပြည့်ဓားကသူနှင့်သက်ဆိုင်လိမ့်မည်ဖြစ်၏။
ရှစ်ဖုန့်က သူ၏ ခေါင်းအားမော့လိုက်ပြီး ချူးကျူးကိုကြည့်လိုက်သည်။ အဘိုးကြီးက သူ၏လက်အတွင်းမှလပြည့်ဓားအားကြည့်၍ လောဘကြီးသောအသွင်ကသူ၏မျက်နှာထက်၌ဖြစ်ပေါ်နေသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် ချူးကျူးသူ့ဖာသာသူပြောနေသည်တို့ကို ရှစ်ဖုန့်ကြားလိုက်ရသည်။သူက သရော်ပြုံးပြုံး၍ ပြောလိုက်၏။
“ဒီသက်ကြားအိုကြီးကတကယ်ရဲတင်းတာပဲ”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်း သူ၏လက်ထဲရှိလပြည့်ဓားနှင့်အတူ ညကောင်းကင်ယံထဲသို့ထိုး
တက်လိုက်သည်။ သူက အဘိုးအို ချူးကျူးထံသို့တစ်ဟုန်ထိုးဝင်ရောက်သွား၏။
“လူငယ်လေး မင်းကတော်တော်ရဲတင်းတာပဲ”
ရှစ်ဖုန့်သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည်ကိုတွေ့ရသောအခါတွင် ချူးကျူးကလေထဲ၌ဝင့်ကြွား
စွာရပ်နေလျှက် အပြုံးတစ်ခုနှင့်ပြောလိုက်သည်။
ထို့နောက်ချူးကျူးကပြောလိုက်သည်။
“ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်
ပယ်တစ်ယောက်က တကယ်ကြီးငါ့ကို လက်ဦးမှုရယူတိုက်ခိုက်ရဲတယ်ပေါ့…မင်းက အရမ်းဆိုးဆိုးရွားရွားသေချင်နေမှတော့လည်း ငါကမင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့”
စကားပြောနေရင်း ချူးကျူး၏ ညာလက်က လက်ဖဝါးတစ်ခုအဖြစ်ပုံဖော်လိုက်ပြီး သူ၏လက်ဖဝါးအားမှောက်၍ အောက်ဘက်သို့ ရိုက်ချလိုက်သည်။
ချူးကျူး၏လက်ဖဝါးရိုက်ချလိုက်သည်နှင့် လေပြင်းတစ်ခုတိုက်ခတ်လာသည်။ သိပ်သည်းသောရွှေရောင် သစ်ရွက်များက ချူးကျူး၏လက်ဖဝါးပေါ်နှင့်
အောက်ဘက်၌ပေါ်လာသည်။ ၎င်းတို့ကပို၍ပို၍ပေါ်လာ၏။ထို့နောက် ရွှေရောင် သစ်ရွှက်များကဧရာမရွှေရောင်လက်ဖဝါးပုံရိပ်ကြီးတစ်ခုအဖြစ်ဖွဲ့စည်းသွားပြီး ရှစ်ဖုန့်အားရိုက်ချလိုက်သည်။
ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ် ချူးကျူးက နောက်တစ်ကြိမ်ထပ်မံ၍ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုကိုထုတ်ဖော်လိုက်သည်။ ဤတစ်ကြိမ်တွင် ရွှေရောင်သစ်ရွက်လက်ဖဝါးပုံရိပ်က ယခင်ကထက်များစွာပိုမိုစွမ်း
အားကြီးသည်ဖြစ်၏။
“ရွှေရောင်သစ်ရွက်လက်ဖဝါး… အဲ့တာက ချူးမိသားစုရဲ့ အန္တိမပညာရပ်တွေထဲကတစ်ခုပဲ”
ချူးကျူး၏နောက်၌ ရှိနေသော ချူးမိသားစုဝင်များက ရွှေရောင်သစ်ရွက်လက်ဖဝါးပုံရိပ်ကြီးအား အားကျမှု၊လေးစားမှုတို့နှင့်ကြည့်နေ၏။
ရွှေရောင်သစ်ရွက်လက်ဖဝါးပုံရိပ်။ ချူးမိသားစုအတွင်း ၎င်းအားနားလည်သဘော
ပေါက်အောင်ဆင်ခြင်နိုင်စွမ်းရှိသောသူမှာ ချူးမိသားစု၏ခေါင်းဆောင်ဖြစ်သူ ချူးကျူးတစ်ယောက်သာရှိသည်ဖြစ်သည်။
ကျဆင်းလာနေသော ရွှေရောင်သစ်ရွက်လက်ဖဝါးရိပ်အားကြည့်ရင်း ချူးမိသားစုဝင်များမှာ ရှစ်ဖုန့်သေတော့မည်ဖြစ်သည်
ကိုသေချာယုံကြည်နေကြသည်။
ချူးမိသားစုဝင်များသာမကဘဲ တိုက်ပွဲအားစောင့်ကြည့်နေကြသောထိုက်မိသားစုဝင်များပင် ရွှေရောင်သစ်ရွက်လက်ဖဝါးရိပ်
အားခံစားမိသည်ဖြစ်သည်။ ရွှေရောင်သစ်ရွက်လက်ဖဝါး
ပုံရိပ်အတွင်း၌ပါဝင်သော ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ အကြွင်းမဲ့စွမ်းအားအားသူတို့ ခံစားမိနိုင်သည်ဖြစ်၏။ သူတို့အားလုံးလည်း ချူးမိသားစုဝင်များကဲ့သို့ အတွေးများကတူညီကြသည်ဖြစ်သည်။
သို့သော် ရွှေရောင်သစ်ရွက်လက်ဖဝါးပုံရိပ်က အနက်ရောင်ပုံရိပ်အားထိမှန်ကာနီးတွင် ရွှေရောင်သစ်ရွက်လက်ဖဝါးရိပ် ၏အောက်မှ ဆေဘာဓားရိပ်တစ်ခုလင်းလက်လာပြီး ရွှေရောင်သစ်ရွက်လက်ဖဝါး
ရိပ်အားတရစပ်ထိုးနှက်တိုက်ခိုက်လာသည်။
ထို့နောက်ချက်ချင်း မရေတွက်နိုင်သော အလွန်အံ့အားသင့်သည့်အ
ကြည့်များအောက်တွင် ဓားသွား၏လင်းလက်မှုအောက်၌
စွမ်းအားကြီး ရွှေရောင်သစ်ရွက်လက်ဖဝါးရိပ်ကြီးမှာ ယခင် ရွှေရောင်ပွင့်ချပ်များကဲ့သို့ဖြစ်သွားသည်ကို နောက်တစ်ကြိမ်မြင်တွေ့လိုက်ရသည်။ အတူတကွဖွဲ့စည်းထားသော ရွှေရောင်သစရွက် တို့မှာ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာကျိုးပျက်သွား၏။
ထို့နောက်ချက်ချင်း အနက်ရောင်ပုံရိပ်က အပေါ်သို့ဆက်လက်ဦးတည်လိုက်သည်။
ရွှေရောင်သစ်ရွက်လက်ဖဝါးရိပ်
နှင့်သိပ်သည်းသောရွှေရောင်သစ်ရွက်များမှာ အနက်ရောင်ပုံရိပ်၏တိုးဝင်မှုအောက်တွင် လုံးဝပျောက်ကွယ်သွားကြသည်။
ရှစ်ဖုန့်က ချူးမိသားစုခေါင်းဆောင်ဖြစ်သူချူးကျူးရှိရာသို့ဆက်လက်ဦးတည်နေသည်။ လပြည့်ဓားက ရွှေရောင်သစ်ရွက်လက်ဖဝါးပုံရိပ်
အားချိုးဖျက်ပြီးနောက်ရှစ်ဖုန့်က ၎င်းအတွင်းစွမ်းအင်များကိုပိုမိုထည့်သွင်းလိုက်သည်။
“သက်ကြားအိုကြီး. ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်အဆင့်လောက်နဲ့အရမ်းမောက်မာလို့ရမယ်ထင်နေတာလား”
ရှစ်ဖုန့်ကခေါင်းကိုမော့၍ ချူးကျူးအား အေးစက်စွာကြည့်ကာ ပြောလိုက်သည်။
ထို့နောက်မကြာလိုက်ဘဲ အဖြူရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ကိုယ်၌လင်းလက်သွားပြီး ငရဲဘုံကိုးခု ရွေ့လျားခြင်းပညာရပ်အားသူအသုံးပြုလိုက်၏။ရှေ့သို့ဦးတည်နေသော သူ၏ပုံရိပ်က ရုတ်ခြည်းညကောင်းကင်ယံထဲ၌ရပ်တန့်သွားပြီး လုံးဝလှုပ်ရှားခြင်းမရှိတော့ချေ။
ရုတ်တရက်ရပ်တန့်သွားသော ရှစ်ဖုန့်အားကြည့်၍ ညကောင်းကင်ယံထဲ၌ရပ်တန့်နေသောထိုပုံရိပ်က ပုံရိပ်သက်သက်သာဖြစ်သည်ကို ချူးကျူးသိလိုက်ပြီးဖြစ်သည်။
“သက်ကြားအိုကြီး ငရဲကိုသွားစမ်း”
အေးစက်သောအော်သံတစ်ခုက ချူးကျူး၏ရှေ့မှထွက်ပေါ်လာသည်။
ဤအချိန်တွင်ရှစ်ဖုန့်က ချူးကျူး၏ရှေ့၌ရုတ်တရပ်ပေါ်လာ၏။ သူက လပြည့်ဓားအားတင်းနေအောင်ဆုပ်ကိုင်၍ ချူးကျူးထံခုတ်ပိုင်းလိုက်သည်။ ထို့နောက်မျက်စိကျိန်းလောက်စရာအလင်းတစ်ခုက ချူးကျူး၏တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။
“မိသားစုခေါင်းဆောင်.ချူးမိသား
စုခေါင်းဆောင်”
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ.
ချူးမိသားစုခေါင်းဆောင်”
လပြည့်ဓားက ချူးကျူး၏တစ်ကိုယ်လုံးအား လွှမ်းခြုံသွားပြီးနောက် ချူးမိသားစု၏ ထိပ်တန်းစွမ်းအားကြီးမားသူဆယ့်လေးယောက်တို့မှာ တုန်လှုပ်အံ့အားသင့်စွာဖြင့် ပြောလိုက်ကြသည်။ သူတို့၏မျက်နှာများ ၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။
သူတို့ချူးမိသားစု၏ခေါင်းဆောင်ဖြစ်သူမှာ သူတို့အတွက်လွန်စွာစွမ်းအားကြီးမားသည်ဖြစ်သည်။ သူကကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးဖြစ်၏။မဟာသူတော်စင်နယ်ပယ်တစ်ယောက်မှလွဲ၍ သူ့အား မည်ကမျှနှိုင်းယှဉ်နိုင်ခြင်းမရှိချေ။
သို့သော် ချူးမိသားစုဝင်များမှာမယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေကြ၏။ ရှစ်ဖုန့်က ချူးကျူးအားလွှမ်းခြုံထးသားသော ငွေရောင်လပြည့်ဓားကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အမူအယာကလေးနက်သွား၏။
“ဒီ သက်ကြားအိုကြီး”
ရှစ်ဖုန့် ကမျက်မှောင်ကြုတ်၍တီးတိုး
ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ရှေ့ရှိငွေရောင်လပြည့်ဓားက ပျောက်ကွယ်သွားပြီး ရွှေရောင်လက်သီးတစ်ခုကရှစ်ဖုန့်၏ဦးခေါင်းထံပျံသန်းလာသည်။
ဤလက်သီးက သက်ကြားအိုကြီးချူးကျူးနှင့်ဆက်နွယ်နေ၏။
ရှစ်ဖုန့်က လပြည့်ဓားအတွင်းစွမ်းအင်ထည့်သွင်း၍ တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်ခဲ့သည်။ သို့သော် ၎င်းက ချူးကျူးအားမဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအစား ချူးကျူး၏စွမ်းအင်ကြောင့်၎င်းက
ပျက်ဆီးသွားရသည်။ ချူးကျူးအားလွှမ်းခြုံထားသော ငွေရောင်လပြည့်ဓား မှာ ချူးကျူးကြောင့်လုံးဝဖျက်ဆီးခံလိုက်ရ၏။
လပြည့်ဓားအားချိုးဖျက်ပြီးနောက် ချူးကျူး၏ရွှေရောင်လက်သီးက ရှစ်ဖုန့်၏ဦးခေါင်းထံပျံသန်းလာသည်။
လက်သီးဖြတ်သန်းသွားသောနေရာတိုင်းတွင် ဟင်းလင်းပြင်မှာစတင်တုန်ခါလာ၏။
ဤသည်ကား ချူးမိသားစု၏ အန္တိမပညာရပ်များထဲမှတစ်ခုဖြစ်သော ရွှေရောင်အလင်းလက်သီးဖြစ်သည်။
ချူးကျူး၏ စွမ်းအားကြီး ရွှေရောင်အလင်းလက်သီးအားရင်ဆိုင်ရင်း ရှစ်ဖုန့်တစ္ဆေမျက်နှာဖုံးအားထုတ်၍ သူ၏မျက်နှာပေါ်၌တပ်ဆင်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်ကအော်ပြောလိုက်၏။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်..လှုပ်ခတ်ခြင်း”
ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ချူးကျူးထံပျံသန်းဝင်ရောက်သွားသည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE