လူသားအထွတ်ထိပ်ကျင့်ကြံသူကို သတ်ဖြတ်ခြင်း
Vol. 65 Ch. 916
အခန်း (၉၁၆) လူသားအထွတ်ထိပ်ကျင့်ကြံသူကို သတ်ဖြတ်ခြင်း
လူသားအထွတ်ထိပ်သိုင်းကျင့်ကြံသူတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ထိုသို့သော မြင်ကွင်းမျိုးက မိုးမြေတစ်ခွင်ကို တုန်လှုပ်စေသည့် မြင်ကွင်းမျိုးဖြစ်သည်။
ပိုတုန်လှုပ်စရာကောင်းတာက လူသားအထွတ်ထိပ် အရှင်သခင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူမှာ ကျင့်ကြံခြင်းအဆင့်မြင့်မားသူတစ်ယောက်မဟုတ်ဘဲ သူနှင့် ကျင့်ကြံခြင်းအဆင့်တူညီသော လူသားအထွတ်ထိပ် အရှင်သခင်တစ်ယောက် ဖြစ်နေခြင်းပင်။
သို့သော် ထိုအဖြူရောင်ဝတ်လူငယ်အတွက် ဤအရာအားလုံက ပေါ့ပေါ့ပါးပါးပင်ဖြစ်ခဲ့သည်။
ဟောက်ယန်အရှင်သခင် ‘ဖေးဟွာ’ က အစိမ်းရောင်ဝတ်လူရွယ်ကိုကူညီရန် မသွားရောက်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုအဖြူရောင်ဝတ်လူငယ် မည်သူဖြစ်ကြောင်းသိရှိပြီးနောက် ချက်ချင်းပင် လှည့်ထွက်ပြေးတော့သည်။
သူက ရန်ကျောက်ကဲ ၊ ဖုထင်နှင့် ထူးကဲယန်စည်းတံဆိပ်တို့ကိုပင် အရေးမစိုက်တော့ပေ။
ဖေးဟွာက အလျင်အမြန်ထွက်ပြေးသွားသော်လည်း အဖြူရောင်ဝတ်လူငယ်က သူ့ကို အလွတ်မပေးခဲ့ပေ။ အဝေးကပင် အဖြူရောင်ဓားချီကို ခုတ်ပိုင်းချလိုက်ပြီး ဖေးဟွာနောက်သို့ ချက်ချင်းလိုက်ပါသွားသည်။
ဖေးဟွာက...
“လုန်ရွှယ်ကျီး... မင်းဒီကိုလာရဲတယ်လား ၊ ငါတို့ အမတခုံရုံးက ဧကရာဇ်တွေက မင်းကို သေချာပေါက် သတ်ပစ်လိမ့်မယ်”
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် သရထူဆောင်းနှင်းထားသော လုန်ရွှယ်ကျီးက...
“မင်းတို့လို လမ်းမှားတာအိုက ဧကရာဇ်တွေက ငါ့ကိုသတ်နိုင်မှာတဲ့လား”
သူ့ဓားသည် ဆင်းလာသည်နှင့်အမျှ ရွှေရောင်နေလုံးကြီးသည် ချက်ချင်းမှိန်ဖျော့သွားပြီး အနောက်ဘက်သို့ ချုပ်ငြိမ်းဝင်ရောက်သွားသည်။
လုန်ရွှယ်ကျီးက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ နေရောင်ခြည်သည် အာကာသအတွင်း လုံးဝငြိမ်းသတ်သွားကာ အပြည့်အဝ မျောင်မိုက်သွားသည်။
ဖေးဟွာ၏လက်တစ်ဖက် ခုတ်ပိုင်းခံလိုက်ရပြီး ကြေကွဲဖွယ်ရာ ညည်းညူသံတစ်ချက် ထုတ်လွှတ်လိုက်သည်။
အဖြူရောင်ဓားချီက ဓားဒဏ်ရာကို ရစ်ပတ်ထားပြီး သူ၏ခန္ဓာကိုယ်အနှံသို့ ဆက်လက်ပျံ့နှံ့သွားသည်။
ဖေးဟွာ၏ ပြတ်တောက်သွားသောလက်မှတစ်ဆင့် အက်ကွဲလာပြီး အဖြူရောင်ဓားချီက သူ၏ဓားဒဏ်ရာမှတစ်ဆင့် တစ်ကိုယ်လုံးကို ခြိမ်းခြောက်လျှက် ရှိသည်။
လုန်ရွှယ်ကျီးသည် သူ့လက်ထဲမှ ဓားကို တတိယအကြိမ် မြှောက်လိုက်သည်။
ဖေးဟွာ အသက်သေခါနီးတွင် ဗလာနယ်ထဲတါင် ရွှေရောင်ပန်းပွင့်များစွာ ရုတ်တရက်ထွက်ပေါ်လာပြီး ပန်းပင်လယ်ကြီး ဖြစ်တည်လာသည်။
ရွှေရောင်ပန်းပွင့်များသည် အဖြူရောင်ဓားချီကို ပိတ်ဆို့ထားသည်။ ဒါကိုမြင်တော့ လုန်ရွှယ်ကျီးက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ဖေးဟွာကတော့အလွန်ပျော်ရွှင်သွာဟန်ပင်။
အလွန်တရာ စွမ်းအားမြင့်မားသည့် ရောင်ဝါတစ်ခုဆင်းသက်လာသဖြင့် ရန်ကျောက်ကဲရော ဖုထင်ပါ တုန်လှုပ်သွားကြသည်။
ရောက်ရှိလာသူက ဖေးဟွာထက် ပိုပြီးအစွမ်းထက်သည်။
ရောင်ဝါကိုအာရုံခံမိသည်နှင့် နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ပြီဖြစ်သော တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်သည်။
လူသားနှင့် နတ်ဘုရားဖြစ်ခြင်း၏ နယ်နိမိတ်ကိုဖြတ်ကျော်နိုင်ပြီဆိုပါက အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် ရောက်ရှိသွားသော်လည်း လူသားဘုံကမ္ဘာသို့ ပြန်လာပြီး လူ့ဘုံသို့ ဆင်းသက်လာခဲ့သည်။
"မင်း တော်တော်မြန်တာပဲ”
ပန်းပွင့်များကိုကြည့်ရင်း လုန်ရွှယ်ကျီး အံ့အားသင့်သွာဟန်ရှိသော်လည်း ထိတ်လန့်ဟ်တော့မပြပေ။
သူက ရန်ကျောက်ကဲနှင့် ဖုထင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းကာ သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲပြီး ဗလာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
လုန်ရွှယ်ကျီးပျောက်ကွယ်သွားသည်နှင့် ထိုရွှေရောင်ပန်းပွင့်များလည်း ပျောက်ကွယ်သွားခဲ့သည်။
"လုန်ရွှယ်ကျီးနောက်လိုက်နေတဲ့သူပျောက်သွားပြီလား”
ရန်ကျောက်ကဲတွေးလိုက်သည်။
လုန်ရွှယ်ကျီး မထွက်ခွာမီ သူနှင့်ဖုထင်ကိုကြည့်သွားသည့်အကြည့်တွင် တစ်စုံတစ်ခု စိုးရိမ်ဟန်ကို အာရုံခံမိသည်။
သူနှင့်ဖုထင်ကို လုန်ရွှယ်ကျီးက ဘယ်အချိန်ကတည်းက သိရှိနေသည်လဲ မဆိုနိုင်ပေ။ အမတခုံရုံးမှ ဧကရာဇ်သာ ရောက်ရှိမလာပါက သူ့အနေဖြင့် သူတို့နှစ်ယောက်ကို ပြောစရာစကားများ ရှိနေမည် ထင်သည်။
ထိုသူက တန်ခိုးစွမ်းအားမြင့်မားလွန်းသည့်တိုင် သူတို့အပေါ် ရန်လိုသောရည်ရွယ်ချက် မရှိပေ။
လုန်ရွှယ်ကျီးထွက်ခွာသွားသည်မှာ အမတခုံရုံးမှ ဧကရာဇ်ကို ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ ရန်ကျောက်ကဲနှင့် ဖုထင်တို့ အန္တရယ်ကင်းစေရန်အတွက် တိုက်ပွဲနေရာ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။
စဉ်းစားရင်းဖြင့်ပင် ရန်ကျောက်ကဲက ဖုထင်ကိုခေါ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ရွှေရောင်နေရောင်ခြည်သည် ၎င်းတို့၏ မျက်လုံးများရှေ့တွင် နောက်တစ်ကြိမ် တောက်ပလာခဲ့သည်။
ဖေးဟွာက သူတို့နှစ်ယောက်ကို အေးစက်စွာစူးစိုက်ကြည့်ရင်း...
“ဒီအတိုင်း ထွက်သွားလို့ရမယ်များ ထင်နေသလား”
ရန်ကျောက်ကဲက ဖေးဟွာာ၏ ပြတ်တောက်သွားသောလက်ကို ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်ရင်း...
“နတ်ဘုရားအဆုံးသတ်ဓားကြောင့်ရတဲ့ဒဏ်ရာတွေက ပျောက်ကင်းဖို့မလွယ်ကူဘူးနော် ၊ မင်းတစ်သက်လုံးဒုက္ခိတဖြစ်သွားလိမ့်မယ်”
“အခု မင်းက ဒဏ်ရာကိုကုသမယ့်အစား ငါတို့နဲ့တိုက်ချင်သေးတာလား”
ဖေးဟွာက အေးစက်စွာဖြင့်...
"မင်းတို့နှစ်ယောက်ကို ဖမ်းပြီး တရားအလင်းပြရတာက ခက်ခဲနိုင်တယ် ၊ ဒါပေမဲ့ မင်းတို့ကိုသတ်ရတာကတော့ ဘာအခက်အခဲမှ မရှိဘူး”
သူ့ဒဏ်ရာကိုကြည့်ရင်း သူက ဒေါသနှင့်အမုန်းတရားများ သူ့မျက်ဝန်းထဲတွင် မတွေ့မြင်ရဘဲ အတွေးနက်နဲနေပြီးမှ...
“မင်းတို့လို ပြင်ပတာအိုကျင့်ကြံသူတွေထဲမှာ လုန်ရွှယ်ကျီးက ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်တစ်ယောက်ပဲ ၊ သူက လူသားအထွတ်ထိပ်သိုင်းသူတော်စင်တစ်ယောက်ဖြစ်နေပြီ ဟုတ်တယ်မလား”
“ငါက သူ့ကိုမယှဉ်နိုင်ပေမယ့် ငါတို့အဆက်အနွယ်က တခြားသူတွေ သူ့ကိုရှင်းပစ်လိမ့်မယ်”
ဖေးဟွာက ရန်ကျောက်ကဲနှင့် ဖုထင်ကိုကြည့်ရင်း...
“ရှန်ကျွင်းနဲ့ ယန်ချုန်းက မင်းကိုမယှဉ်နိုင်ပေမယ့် ငါကတော့မင်းတို့ကို သတ်ပစ်နိုင်ပါသေးတယ်”
ပြောပြီးသည်နှင့် ဖေးဟွာက လက်သီးဆုပ်လိုက်ပြီး ရန်ကျောက်ကဲနှင့် ဖုထင်ကို ထိုးနှက်ချလိုက်သည်။
သူ သိုင်းကွက်ထုတ်ဖော်လိုက်သည်နှင့် သူ၏ပြတ်သွာသောလက်မောင်းမှ အဖြူရောင်ဓားချီက လှုပ်ရှားထွက်ပေါ်လာသည်။
ဓားဒဏ်ရာက လက်မောင်းမှ ပခုံးတိုင်ပျံ့နှံ့နေပြီဖြစ်သည်။
သူ့မျက်နှာက ပိုမိုဖြူဖျော့လာသည့်တိုင် ဖေးဟွာ၏မျက်ဝန်းများက အေးစက်နေပြီး...
“မင်းမှာ ထူးကဲယန်စည်းတံဆိပ်ရှိရင်တောင် အသုံးမဝင်ဘူး ၊ မင်းမှာ လူသားတစ်ယောက်ထက်ကျော်လွန်တဲ့ တန်ခိုးစွမ်းအားမျိုးပိုင်ဆိုင်ပေမယ့် အမတကူးပြောင်းခြင်းအဆင့်ကို မရောက်မချင်း ထူးကဲယန်စည်းတံဆိပ်ရဲ့တန်ခိုးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်သုံးစွဲလို့ရမှာ မဟုတ်ဘူး”
သူ၏ဟောက်ယန်နတ်လက်သီးသိုင်းက ပြင်းထန်လွန်းပြီး မိုးမြေတစ်ခွင်ကို ဖျက်ဆီးကြေမွအောင် ပြုလုပ်နိုင်စွမ်းရှိသည်ပင်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“အလျင်စလို မလုပ်ပါနဲ့ ၊ အလျင်စလိုမလုပ်ပါနဲ့”
“တခြား လူသားအထွတ်ထိပ်အရှင်သခင်တွေဆိုရင်တော့ အဆင်ပြေပါတယ် ၊ ဒါပေမဲ့ မင်းက ဟောက်ယန်ကျမ်းစာကို ကျင့်ကြံထားတဲ့သူမဟုတ်လား”
ရန်ကျောက်ကဲ၏အပြုံးက ရေခဲပမာ အေးစက်သွားသည်။
“ငါ့မှာ ထူးကဲယန်စည်းတံဆိပ်ပဲ ရှိတယ်မထင်ပါနဲ့ ၊ ဒီ’ရန်’ မှာ မင်းကိုစောင့်ကြိုနေတဲ့ ပိုကောင်းတဲ့ရတနာပစ္စည်းတွေ ရှိနေသေးတယ်”
ထို့နောက် နဂါးဟိန်းသံများထွက်ပေါ်လာပြီး ရန်ကျောက်ကဲ၏ဦးခေါင်းထက်တွင် အသင်္ချေနဂါးနန်းတော်ကြီး ထွက်ပေါ်လာသည်။
နန်းတော်တံခါးပွင့်လာသည်နှင့် နန်းတော်အတွင်းမှ မှိန်ဖျော့သော အလင်းတန်းများကြားတွင် တောက်ပမှုမရှိ ၊ မှောင်မိုက်ခြင်းမရှိသော အဓိပ္ပါယ်ဖော်ရခက်သည့် အရာတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက ဧရာမသတ္တုဘီးကြီးတစ်ခုဖြစ်ပြီး အပေါက် (၁၂)ပေါက်ပါရှိကာ ဖြည်းညင်းစွာ လည်ပတ်နေသည်။
ထိုအရာဝတ္ထုက ရိုးရှင်းစွာတည်ရှိနေသော်လည်း ဟောက်ယန်အရှင်သခင် ဖေးဟွာ၏လက်သီးချက်က ထိုအရာဆီသို့ တည့်တည့်မတ်မတ်ဝင်ရောက်သွားသည့်အခါ ချက်ချင်းပင် တုန်ခါသွားသည်။
ဖေးဟွာသည် ပထမတော့ အံ့အားသင့်သွားသည်။ ထို့နောက်သတ္တုဘီးကြီးထဲတွင်ပါဝင်သော သိုင်းပညာသဘောတရားကို အာရုံခံပြီးသည့်နောက် သိသိသာသာ မျက်နှာပျက်သွားသည်။
သူက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ယိုးမင်ဧကရာဇ် ယင်ထျန်းရှ”
ဟောက်ယန်နန်းတော်သမိုင်းကြောင်းတွင် တစ်ဦးတည်းသော နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့သူ ဟောက်ယန်ဧကရာဇ်သည် တစ်ချိန်က ယင်ထျန်းရှ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။
ဟောက်ယန်ဧကရာဇ်က တိုက်ပွဲများစွာဆင်နွှဲအနိုင်ယူခဲ့သော်လည်း ယင်ထျန်းရှနှင့်တိုက်ပွဲကတော့ နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့သည်။
ဖေးဟွာ၏ သိုင်းပညာနှင့် ယုံကြည်ခြင်းရတနာအလင်းတန်းက ယိုးမင်ဂမ္ဘီရစက်ဝန်းကို နှိုးစွပေးလိုက်သည်။
ယိုးမင်ဂမ္ဘီရစက်ဝန်းကိုပြုလုပ်ထားသည့် အဓိကပစ္စည်းများထဲမှတစ်ခုမှာ ယင်ထျန်းရှ၏ ရုပ်အလောင်း ဖြစ်သည်။ ယိုးမင်ဧကရာဇ်၏ နောက်ဆုံးစိတ်ဆန္ဒများ ထိုအထဲတွင် သိမ်းဆည်းထားသည်။
ရန်ကျောက်ကဲအနေဖြင့် ပုံမှန်ဆိုလျှင် အသုံးမပြုနိုင်သော်လည်း ယိုးမင်ဂမ္ဘီရစက်ဝန်းကတော့ ဖေးဟွာ၏လက်သီးချက်ကြောင့် ရန်သူဟုအလိုအလျောက်သိရှိကာ လှုံ့ဆောက်ခံလိုက်ရသည်။
အဆုံးမဲ့အမှောင်ထုထဲတွင် ဖေးဟွာ၏ ဟောက်ယန်နတ်လက်သီးသိုင်းကို အတင်းအကြပ် ပိတ်ဆို့ဟန့်တားသည့် ရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။
ပခုံးမှဒဏ်ရာက ပိုမိုဆိုးရွားလာသဖြင့် တကိုယ်လုံးတုန်ခါနေသော ဖေးဟါာထံသို့ ယိုးမင်ဂမ္ဘီရစက်ဝန်းမှ ကြီးမားသောတန်ပြန်စွမ်းအားတစ်ခု ကျရောက်လာသည်။
ဖေးဟွာက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“မင်းက ယင်ထျန်းရှရဲ့ အဆက်အနွယ်လား”
ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်ရင်း...
“စောစောက ဟိုလူလက်ချက်နဲ့ မင်းဒဏ်ရာရသွားတော့... ငါတို့က မင်းကိုမတိုက်ခိုက်ဘဲ ပြန်ဆုတ်သွားမလို့ပဲ ၊ ဒါပေမဲ့ အခုတော့...”
သူက လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သည်နှင့် ထူးကဲယန်စည်းတံဆိပ်က ဖေးဟွာ၏ဦးခေါင်းထက်သို့ ကျရောက်လာသည်။
“အခုတော့ ငါက လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
ဖေးဟွာက ကြုံးဝါးသံပြုရင်း...
“မင်းက ဘယ်လောက် အရည်အချင်းရှိလို့လဲ”
သူက လက်သီးချက်ကို ပြန်လည်ရုတ်သိမ်းရန် ကြိုးစားလိုက်သည်။
သို့သော် ထိုခဏတွင် ယိုးမင်ဂမ္ဘီရစက်ဝန်းက လှည့်ပတ်သွားပြီး အလင်းတန်းများ ထွက်ပေါ်လာသလို အဆုံးမရှိအမှောင်ထုသည်လည်း လွှမ်းခြုံလာသည်။
ဖေးဟွာ၏လက်သီးချက်မှာ ယိုးမင်ဂမ္ဘီရစက်ဝန်း၏စုပ်ယူခြင်းကိုခံလိုက်ရပြီး နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
ယိုးမင်ဂမ္ဘီရစက်ဝန်းသည် သန္ဓေတည်စအဆင့်မှာပင်ရှိသေးပြီး အမတမှော်ဝင်ပစ္စည်းအဖြစ် အောင်မြင်ခြင်း မရှိသေးပေ။ သို့သော် ဒဏ်ရာအပြင်းအထန်ရထားသော ဖေးဟွာက အလျင်အမြန် ရုန်းထွက်နိုင်ခဲ့ခြင်း မရှိပေ။
ထိုအချိန် ထူးကဲယန်စည်းတံဆိပ်က သူ့ထံကျရောက်လာသည့်အခါ ဖေးဟွာက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သူ၏ခန္ဓာကိုယ်ထက်တွင် ရွှေရောင်နန်းတော်ကြီးတစ်ခု လျှင်မြန်စွာ ဖြစ်တည်လာသည်။
နန်းတော်မှ ကာကွယ်ထားသဖြင့် ထူးကဲယန်စည်းတံဆိပ်ကို ခဏမျှ တောင့်ခံထားနိုင်လေရာ နှစ်ဖက်လုံး မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော် ဖေးဟွာ ညည်းညူအော်ဟစ်လိုက်သည်။
သူ၏ပခုံးထက်မှ အသွေးအသားများက အက်ကွဲလာပြီး ဓားဒဏ်ရာက ကျယ်ပြန့်လာကာ အဖြူရောင်ဓားချီ၏ ထိုးနှက်မှုက ပိုမိုပြင်းထန်လာသည် မဟုတ်ပါလား။