ဟောက်ယန်အရှင်သခင်၏အဆုံးသတ်
Vol. 65 Ch. 917
အခန်း (၉၁၇) ဟောက်ယန်အရှင်သခင်၏အဆုံးသတ်
လုန်ရွှယ်ကျီး၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းက ဖေးဟွာ၏ အသက်ဓာတ်စွမ်းအားနှင့် ချီစွမ်းအားအနှစ်သာရတို့ကို မရပ်မနား ဖိနှိပ်ထားသည်။
ဖေးဟွာမှာ တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရရှိရုံသာမက သူနှင့်အတူပါလာသည့် ရတနာပစ္စည်းများစွာကိုလည်း ဆုံးရှုံးခဲ့ရသည်။
လုန်ရွှယ်ကျီး၏ဓားကို ခုခံရန်အတွက် ဖေးဟွာ၏ ရတနာများစွာမှာလည်း ခုတ်ပိုင်းဖျက်ဆီးခံလိုက်ရသည်ပင်။
ဖေးဟွာက ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ရန်ကျောက်ကဲတွင် ထူးကဲယန်စည်းတံဆိပ်ရှိနေသည့်တိုင် ရန်ကျောက်ကဲနှင့် ဖုထင်တို့ကို လျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
ရန်ကျောက်ကဲတွင် ယိုးမင်ဂမ္ဘီရစက်ဝန်း ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အမတမှော်ဝင်ပစ္စည်း မဖြစ်သေးသည့်တိုင် ယိုးမင်ဂမ္ဘီရစက်ဝန်းက ထူးခြားသည့်ပစ္စည်းတစ်ခု ဖြစ်၏။
ရန်ကျောက်ကဲအနေဖြင့် လက်ရှိတန်ခိုးစွမ်းအားဖြင့် ထိုပစ္စည်းကို အသက်သွင်းရန် စွမ်းအားနည်းပါးနေသေးသည်။ သို့သော် သူ၏ရန်သူကတော့ ထိုပစ္စည်းကို အသက်သွင်းနိုင်စွမ်း ရှိလေသည်။
ထိုအချိန် ယိုးမင်ဂမ္ဘီရစက်ဝန်းက ဟောက်ယန်ဧကရာဇ်၏မျိုးဆက်ဖြစ်သော ဟောက်ယန်အရှင်သခင်ကို တိုက်ခိုက်ရန် အလိုအလျောက်လည်ပတ်လာသည်။
တစ်ချိန်တည်းပင် ရန်ကျောက်ကဲကလည်း ထူးကဲယန်စည်းတံဆိပ်ဖြင့် တိုက်ခိုက်လိုက်သည်။
သူ့ကိုယ်သူ ခက်ခက်ခဲခဲ ထိန်းချုပ်ထားရသည့် ဖေးဟွာမှာ ရန်ကျောက်ကဲ၏ ထူးကဲယန်စည်းတံဆိပ်ကို တွန်းလှန်ရန်အတါက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအားအနှစ်သာရများကို ဖြန့်ကျက်တွန်းအားပေးလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် ဖေးဟွာယုံကြည်သည်မှာ နှစ်ပေါင်းတစ်သန်းအတွင်း ရန်ကျောက်ကဲသည် သူ၏ခံစစ်ကို ဘယ်တော့မှ ဖြတ်ကျော်နိုင်မည်မဟုတ်ဟူ၍ပင်။
အမတခုံရုံး၏ လူသားအထွတ်ထိပ်ကျင့်ကြံသူဆိုသည်က ခပ်ညံ့ညံ့ကျင့်ကြံသူများတော့ မဟုတ်ပေ။
သို့သော်လည်း လက်ရှိ ဖေးဟွာသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။
ထို့ကြောင့် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုအပြင် ထူးကဲယန်စည်းတံဆိပ်နှင့် ယိုးမင်ဂမ္ဘီရစက်ဝန်းတို့ကို တွန်းလှန်ရန်ကြိုးစားရသည့်အခါ သူ၏ဒဏ်ရာက ပိုပြီးဆိုးရွားလာသည်။
အခြားသောဒဏ်ရာများကမဆိုသာလောက်သော်လည်း နတ်ဘုရားအအဆုံးသတ်ဓားသိုင်းဖြင့် ထိုးနှက်ခံရသည့်ဒဏ်ရာက အနည်းငယ်သတိလက်လွတ်ဖြစ်သည်နှင့် အသက်ဆုံးရှုံးသွားနိုင်သည်။
ထိုအခြေအနေမျိုးတွင် ဖေးဟွာသည် ရန်ကျောက်ကဲ၏တိုက်ခိုက်မှုများကို တွန်းလှန်ရန် လုပ်ဆောင်ရသဖြင့် နဂိုမူလက ဆိုးရွားနေပြီဖြစ်သော သူ၏ဒဏ်ရာက ပိုမိုဆိုးရွားလာခဲ့သည်။
အဖြူရောင်ဓားချီသည် သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်အက်ကွဲကြောင်းများ ဖြစ်တည်လာသည်။
ဒဏ်ရာအပြင်းအထန်ရရှိနေပြီး သူ့ကိုကာကွယ်ပေးထားသည့် ရွှေရောင်နန်းတော်သည်လည်း ပြိုကျသွားကာ ဖေးဟွာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။
ဖေးဟွာက ဒေါသ ၊ စိတ်ပျက်အားငယ်မှုများဖြင့် အော်ဟစ်ကြုံးဝါးလိုက်စဉ် ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်က ထူးကဲယန်စည်းတံဆိပ်နှင့်အတူ အောက်သို့ကျဆင်းလာသည်။
ထို့နောက်မှာတော့ ကောင်းကင်ထက်တွင် နေ (၂)စင်း မလင်းလက်နိုင်တော့ပေ။
နေမင်းကြီးတစ်စင်းက မြင့်မားစွာ လင်းလက်နေသည့်တိုင် အခြားနေမင်းတစ်စင်းကတော့ နေဝင်သွားပြီ ဖြစ်သည်။
ထူးကဲယန်စည်းတံဆိပ်က အမခုံရုံးမှ လူသားအထွတ်ထိပ်ကျင့်ကြံသူ၏ဦးခေါင်းအား ရိုက်ခွဲပစ်လိုက်သည်။
ဖေးဟွာသေဆုံးသွားသည်နှင့် ကြောက်မက်ဖွယ်ရာ အဖြူရောင်ဓားချီက ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကြောင်းများ ပြည့်နက်သွားသည်။
ဒါကိုကြည့်ရင်း ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်သည်။
“ငါက ကံကောင်းတာလား မင်းကကံဆိုးတာလားတောင် မပြောတတ်တော့ပါဘူး”
ပတ်ဝန်းကျင်တစ်ခုလုံးက ဖရိုဖရဲပရမ်းပတာ ဖြစ်နေသည်။
ရန်ကျောက်ကဲသည် ဖုထင်နှင့်အတူ ကမန်းကတန်း ထွက်ပြေးသွားသောကြောင့် သူ၏အောင်ပွဲအတွက် အလွန်အမင်းစဉ်းစားရန် အချိန်မရှိပေ။
ဖေးဟွာကိုသတ်ခြင်းက ရှန်ကျွင်းကိုသတ်ခြင်းထက် ပိုပြီးဆိုးရွာသည်။
ထို့ပြင် လုန်ရွှယ်ကျီးသည်လည်း စောစောက ဤနေရာတွင် အမတခုံရုံးမှ လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်သွားသေးသည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် အမတခုံရုံးတို့ ဤနေရာတွင် တိုက်ခိုက်နေကြသည်ဖြစ်ရာ ထူးခြားချက်တစ်ခုခု ခံစားမိပါက အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်တစ်ယောက် အချိန်မရွေး ရောက်ရှိလာနိုင်သည်။
သူတို့ထွက်ပြေးလာကြရင်း ရန်ကျောက်ကဲက ဖုထင်ကို မေးမြန်းလိုက်သည်။
“စောစောက စန့်ချင်အဆက်အနွယ် တန်ခိုးစွမ်းအားရှင်က ဘယ်သူလဲ”
ဖုထင်က ရှုတ်ထွေးသည့် မျက်နှာအမူအရာဖြင့်...
“လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀)ကျော်က အထက်ဘုံကမ္ဘာမှာ အရမ်းထက်မြက်တဲ့ လူငယ်တစ်ယောက် ပေါ်လာခဲ့တယ် ၊ သူ့ရဲ့ဇာစ်မြစ်က လျှို့ဝှက်ဆန်းကျယ်ပြီး သူ့ရဲ့ဓားသိုင်းက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်”
“သူ့နာမည်က ချန်ရွှယ်ကျီးလို့ခေါ်တယ် ၊ ကျင့်ကြံခြင်းအဆင့်တူညီတဲ့သူတွေအားလုံး ဘယ်သူမှ သူ့ကိုမနိုင်ဘူး ၊ သူက အထက်ဘုံကမ္ဘာတစ်ခွင် တစ်ယောက်တည်းခရီးထွက်ခဲ့ပြီး ရှောင်ကျန့်နတ်ဓားရှင်လို့ နာမည်ကျော်ကြားတယ် ၊ လောကမှာ သူ့ရဲ့ဓားသိုင်း (၃)ကွက်အထိ ခုခံနိုင်တဲ့သူတစ်ယောက်မှ မရှိဘူး ၊ ဒါကြောင့် သူ့ကို ဓား(၃)ကွက်လို့တောင် နာမည်ပြောင်ပေးကြသေးတယ်”
ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...
“အိုး တကယ်လား”
ဖုထင်က ခေါင်းညိတ်ရင်း...
“ကျွန်မသိသလောက် ချွင်းချက်တစ်ခုတော့ရှိတယ်”
“မြောက်ပိုင်းထိပ်တန်းအရှင်သခင်က သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုထိန်းချုပ်ပြီး ချန်ရွှယ်ကျီးနဲ့ ကျင့်ကြံခြင်းအဆင့်ညှိပြီး တိုက်ခိုက်ခဲ့တယ် ၊ အဲဒီမှာတော့ ဓားသိုင်း (၃)ကွက်ထက်ကျော်လွန်သွားခဲ့တယ်”
သူမက ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒီတိုက်ပွဲမှာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်က သေလုနီးပါးဖြစ်ခဲ့ရလို့ နောက်ဆုံးမှာ ကျင့်ကြံခြင်းထိန်းချုပ်ထားတာကို လွှတ်ချလိုက်ပြီး အကျပ်အတည်းကို ရှောင်ရှားလိုက်ရတယ်”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“အဲဒီတုန်းက ချန်ရွှယ်ကျီးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ”
ဖုထင်က...
“သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရာသိမြင်ခြင်း ကနဦးဆင့်”
ရန်ကျောက်ကဲက တွေးတွေးဆဆဖြင့်...
“တကယ့်ကိုမှတ်သားထိုက်စရာပါပဲ”
ကျင့်ကြံခြင်းအဆင့် ကွာဟချက်က အလွန်ကြီးမားလေရာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် ကျင့်ကြံခြင်းကို ကန့်သတ်ထားသည့်တိုင် အသိပညာ ၊ အတွေ့အကြုံနှင့် သိုင်းပညာရာတွင် နတ်ဘုရားသိမြင်ခြင်း အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို ချေမှုန်းရန် လုံလောက်ပေမည်။
သို့သော် အနိုင်ရသူက ချန်ရွှယ်ကျီး ဖြစ်နေခဲ့သည်။
ဖုထင်က သက်ပြင်းချရင်း...
“ဒါပေမဲ့ မြောက်ပိုင်းထိပ်တန်းအရှင်သခင်နဲ့ တိုက်ပွဲပြီးတဲ့နောက်မှာ သူ ပျောက်ကွယ်သွားတာပဲ ၊ သူက အထက်ဘုံကမ္ဘာမှာ ရုတ်တရက်ပေါ်လာပြီး ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ် ၊ အရင်တုန်းကတော့ လူတွေက သူ့ကိုငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားပြီလို့ပြောပြီး စိတ်မကောင်း ဖြစ်နေကြတာ”
ယခုတော့ ထိုလူငယ်က စန့်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲက...
“မြောက်ပိုင်းထိပ်တန်းအရှင်သခင်နဲ့တိုက်ပွဲမှာ သူက စန့်ချင်အဆက်အနွယ်ဆိုတာ ပေါ်သွားတာြဖ်စရမယ် ၊ ဒါကြောင့် အထက်ဘုံကမ္ဘာကိုစွန့်ခွာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပြန်သွားရတာ ဖြစ်နိုင်တယ်”
ဖုထင်က...
“အခုကြည့်ရတာတော့... ချန်ရွှယ်ကျီးရဲ့နာမည်အရင်းက လုန်ရွှယ်ကျီး ဖြစ်သင့်တယ် ၊ သူက ‘လုန်’ မျိုးနွယ်ဆိုရင်...”
ရန်ကျောက်ကဲက ပြုံးရင်း...
“လုန်ချွမ်ဧကရာဇ်ကလည်း လုန်မျိုးနွယ်ပဲလေ”
ဖုထင်က ဖြည်းညင်းစွာဖြင့်...
“ဒါဖြင့် သူနဲ့ အစ်ကို’လင်ဟန့်ဟွာ’ က...”
ရန်ကျောက်ကဲက...
“ဒီ အကြီးအကဲ’လုန်’ ရဲ့ တိုက်ပွဲအောင်မြင်မှုတွေကို စောစောကသိရတဲ့အတိုင်းသာဆိုရင် အမတခုံရုံးက ဧကရာဇ်တစ်ပါးကတောင် သူ့ကိုသတ်နိုင်မယ်မထင်ဘူး ၊ သူ့အတွက် စိတ်ပူစရာမရှိလောက်ပါဘူး”
ဖုထင်က သက်ပြင်းချရင်း...
“သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကဆိုပေမယ့် ကျွန်မတို့အားလုံးက စန်းချင်း (၃)ပါးအဆက်အနွယ် ရိုးရာဓလေ့ သိုင်းကျင့်ကြံသူတွေလေ ၊ ကြီးကြီးမားမားကိစ္စမဖြစ်ရင် သူလွတ်မြောက်နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် ၊ သူ့ရဲ့ရန်သူက အစစ်အမှန်နတ်ဘုရားဖြစ်နေတယ်ဆိုရင်တောင်မှပေါ့”
လူသားနှင့်နတ်ဘုရားတို့၏အကွာအဝေးက မိုးမြေပမာခြားနားသည်။
စွမ်းအားမြင့်မားသော သိုင်းပညာရှင်တစ်ယောက်က သိုင်းဆရာသခင်တစ်ယောက်ကို သတ်ဖြတ်နိုင်မည် အမှန်ပင်။
ထို့အတူ အစွမ်းထက်သော သိုင်းဆရာသခင်တစ်ယောက်လည်း သိုင်းသူတော်စင်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်။
ဤသည်က ရှားပါးကိစ္စများဖြစ်သော်လည်း မဖြစ်နိုင်သည်များ မဟုတ်ပေ။
သို့သော် ရှေးခေတ်အချိန်အခါကတည်းက သိုင်းသူတော်စင်တစ်ယောက် အစစ်အမှန်တ်ဘုရာတစ်ပါးကို သတ်ဖြတ်ရန် ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့ပေ။
နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်ရန် ကျင့်ကြံသူတစ်ယောက်သည် အရင်ဆုံး ‘မသေနိုင်သောလူသားကပ်ဘေး’ ကို အရင်ဆုံးဖြတ်ကျော်ဖိနှိပ်ရမည် ဖြစ်သည်။
ကပ်ဘေးဖြတ်ကျော်အောင်မြင်လျှင် နတ်ဘုရားဖြစ်လာမည်ဖြစ်ပြီး မအောင်မြင်ပါက အသက်ပျောက်သေဆုံးရမည် ဖြစ်၏။
ဤကပ်ဘေးကိုကျော်လွန်ပြီး နတ်ဘုရားတစ်ပါးဖြစ်လာသည်နှင့် လူ့လောကရှိ ဆင်းရဲဒုက္ခများက သူတို့ကို ဒုက္ခပေးနိုင်မည် မဟုတ်တော့သလို သေခြင်းတရားသည်လည်း သူတို့ဆီ မကျရောက်နိုင်တော့ပေ။
တစ်နည်းဆိုရသော တန်ခိုးစွမ်းအားတစ်ခုတည်းပေါ်တွင်အခြေခံပြီး အစစ်အမှန်နတ်ဘုရားများကို ဖိနှိပ်ရန် ခဲယဉ်းကြသည်။
လူသားများ၏ တိုက်ခိုက်မှုများအားလုံးသည် အစစ်အမှန်နတ်ဘုရားများအပေါ် ထိရောက်မှုရှိမည် မဟုတ်ပေ။ ဤသည်မှာ တကယ့် ကောင်းကင်ပင်လယ်ကွေ့ဖြစ်ပြီး ခြွင်းချက်မရှိသည့်အမှန်တရားလည်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“အင်း... ဟုတ်နိုင်ပါတယ်”
“သိုင်းသူတော်စင်တွေရဲ့တန်ခိုးစွမ်းအားက နတ်ဘုရားတွေအပေါ် ထိရောက်မှုမရှိနိုင်ပေမယ့် အကြီးအကဲ’လုန်’ ကတော့ အမတခုံရုံးက ဧကရာဇ်ကို တွန်းလှန်နိုင်မှာပါ”
အစစ်အမှန်နတ်ဘုရားများက ရှုံးနိမ့်မည့်သူများမဟုတ်သော်လည်း သူတို့သာလျှင် ထာဝရအနိုင်ရမည်ဟု ပုံသေကားချပ် သတ်မှတ်ထားခြင်း မရှိပေ။
ဟုတ်ပေ၏။ အချိန်အများစုတွင်တော့ အကြွင်းမဲ့အောင်ပွဲဖြစ်နိုင်သော်လည်း ခြွင်းချက်တော့ ရှိနိုင်ပေသည်။
ပြီးတော့ သူတို့တွေ့ဆုံခဲ့သည့် လုန်ရွှယ်ကျီးဆိုသူက ထူးခြားသည့်လူသားတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ဖုထင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“အင်း... ဖြစ်နိုင်ပါတယ်”
***
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ။
ဤကမ္ဘာက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကဲ့သို့ အဆုံးမရှိကျယ်ပြန့်သော ကမ္ဘာတစ်ခု ဖြစ်သည်။
ဤနေရာမှာ ဝိညာဉ်စွမ်းအားစီးဆင်းမှုက အကန့်အသတ်မရှိဘဲ ပေါများကြွယ်ဝလှသည်။
စန့်ချင်အဆက်အနွယ်ကိုတည်ထောင်သူ လင်ပေါင်ထျန်းကျွင်း၏ နေထိုင်ရာကို အစွဲပြုအမည်ပေးထားသော “ချင်းဖိန်တောင်” က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စန့်ချင်အဆက်အနွယ်များ အတိအကျနေထိုင်ရာ နေရာဖြစ်သည်။
တောင်ပေါ်ရှိ ကျောက်ဂူအိမ်တော်တစ်ခုရှေ့တွင် ထားသွားပမာ ထက်မြက်လှသော လူငယ်တစ်ယောက် မတ်တတ်ရပနေသည်။
ထိုလူငယ်က အထက်ဘုံကမ္ဘာ ကျင်းထင်တောင်မှ ထွက်ခွာသွားခဲ့သော လင်ဟန့်ဟွာမှလွဲပြီး အခြားသူ မဟုတ်ပေ။
ထိုအချိန်...
အဖြူရောင်အဝတ်အစားနှင့် ကျောက်စိမ်းဖြူသရဖူဆောင်းနှင်းထားသည့် လူငယ်တစ်ယောက် လင်ဟန့်ဟွာရှေ့တွင် ပေါ်လာလေသည်။
ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’။
သူ့ကိုမြင်တော့ လင်ဟန့်ဟွာက ရိုသေစွာဦးညွှတ်ရင်း...
“အဖေ...”