← Chapters

အထွတ်အမြတ် နဂါးတောင်ကြားရှိ  နဂါးသွေးမြက်

Vol. 11-16 Ch. 202

အထွတ်အမြတ် နဂါးတောင်ကြားရှိ  နဂါးသွေးမြက်

Vol. 11-16 Ch. 202

အခန်း (၂၀၂)  : အထွတ်အမြတ် နဂါးတောင်ကြားရှိ  နဂါးသွေးမြက်

ကမ္ဘာဦးတိုက်ပွဲနယ်မြေနှင့် မိုင်ငါးရာအကွာတွင် …

ခမ်းနားထည်ဝါသော တာအိုဝတ်ရုံများနှင့် လူငယ်ငါးဦးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ သူတို့ပတ်လည်တွင် ထူးဆန်းသည့် အငွေ့အသက်များ ရှိနေပြီး ကျင့်ကြံဆင့် အုတ်မြစ်မှာ အတော်လေး ကောင်းမွန်ကြောင်း သိသာလှသည်။

အားလုံး၏ ကျင့်ကြံဆင့်ကို ရွှေအမြုတေအောက် ဖိနှိပ်လျော့ချထားသော်လည်း ထိုလူများက အခြေတည်အဆင့် ကျင့်ကြံသူများကြားတွင် ပြိုင်ဖက်ကင်းပုံရ၏။ သူတို့ကို အထွတ်အထိပ်တွင် ရှိနေသော ရွှေအမြုတေ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်သည်။

တကယ်တော့ သူတို့က ရွှေအမြုတေအဆင့် ကျော်လွန်နေသော စွမ်းအားများရှိသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အနေနှင့် ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အစီအစဉ်တစ်ခု အကောင်ထည်လာဖော်ခြင်း ဖြစ်၏။ ထို့အပြင် သူတို့က လူသားကျင့်ကြံသူတွေနှင့် မတူဘဲ ကျောအနောက်ဖက်၌ လေမုန်တိုင်းကို အလွယ်တကူ ထုတ်လွှင့်စေနိုင်သည့် အားကောင်းသော တောင်ပံများ ရှိနေကြသည်။

တစ်ယောက်က အရပ်ရှည်ကာ ဝတ်ရုံဖြူကို ဝတ်ဆင်ထားလေ၏။ သူက အတော်အတန် ကြည့်ကောင်းပြီး လက်ထဲတွင် ကြိုးကြာငှက်မွေးဖြင့် ပြုလုပ်ထားသည့် ဓမ္မစုတ်တံတစ်ချောင်း ကိုင်ဆောင်ထားသည်။

နောက်အမျိုးသားမှာ အမူအယာအသေဖြင့် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့အေးစက်စက် သဘောထားမှာ တခြားသူများကို သူ့အနား အလွယ်တကူ မကပ်လာစေရန် တားဆီးပေးထားသည်။ သူ့မျက်နှာက လူသားအသွင် မယူရသေးသောကြောင့် လင်းတငှက်လို ဖြစ်နေသည်။

သူက အတော်လေး ရုပ်ဆိုးလှသည်။

နောက်တစ်ယောက်မှာ ရွှေရောင်ချပ်ဝတ်နှင့် အမျိုးသားဖြစ်ပြီး နောက်ကျောဖက်၌ လိုက်ဖက်သည့် ဓားမြှောင်ရှိနေသည်။ သူက ဩဇာကြီးမားပုံပေါ်၏။ သူက ယခင်နှစ်ယောက်နှင့် ယှဉ်ကြည့်လိုက်လျှင် ပို၍ ယောက်ျားပီသပေသည်။

တကယ်တော့ သူ့ကိုယ်တိုင်ကပင် ဓားမြှောင်လို ဖြစ်နေပြီး သူ့လမ်းရှိ အတားအဆီးမှန်သမျှ ရှင်းထုတ်ပစ်မည့် ဓားမြှောင်တစ်ချောင်း ဖြစ်၏။ သူက အလွန်အားကောင်းဟန်ပေါ်သော်လည်း အဖွဲ့၏ ခေါင်းဆောင်တော့ မဟုတ်ချေ။

သူတို့ခေါင်းဆောင်မှာ အရောင်စုံဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေး ဖြစ်၏။ သူမက အသက်နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ သူမအနောက်ဘက်တွင် ဒေါင်းမြီးဖွင့်လျက် ရှိနေပြီး ကမ္ဘာတွင် ရှိသမျှ ပုံသဏ္ဌာန်အားလုံးကို ပြသထားသည့် ဆန်းပြားဖွယ် ငါးရောင်ခြယ်အလင်းတန်း တစ်ခု ရှိနေသေး၏။

ငါးရောင်ခြယ် ဒေါင်းမျိုးနွယ်က တောင်ဘက်ပိုင်းနယ်မြေ၏ အင်မတန် အားကောင်းသော နတ်ဆိုးမျိုးနွယ်တစ်ခု ဖြစ်ပေသည်။ သူမတွင် သန့်စင်သော နတ်သားရဲသွေးမျိုးဆက် ပါရှိပြီး ကျင့်ကြံရေး၌ အလားအလာကောင်းကာ ထူးချွန်၏။

“ ငါတို့တွေ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်နဲ့ အခုထိ မဆုံသေးဘူးပဲ … အံ့ဩစရာကောင်းလိုက်တာ ”

ရွှေရောင်ချပ်ဝတ်နှင့် အမျိုးသားက နှာခေါင်းရှုံ့ကာ  “ ဒီကမ္ဘာဦးတိုက်ပွဲနယ်မြေရဲ့ စည်းမျည်းသဘာဝက ထူးဆန်းတယ်။ ငါ့မှန်းဆရေး ပညာရပ်ပေါ်တောင် သက်ရောက်မှု ရှိတယ် ”

နောက်ထပ် အမျိုးသမီးက ပြုံးလိုက်ကာ

“ ရွှေငှက်မွေး စိတ်ပူမနေနဲ့ … သူတော်စင်က ဒီတိုက်ပွဲနယ်မြေအနက်ပိုင်းထဲ သိပ်မကြာခင် ရောက်လာမှာပဲ။ ကောင်းကင်တောင်ရိုးက တိုက်ပွဲနယ်မြေအနက်ပိုင်းကို ဝန်းရံထားတာဆိုတော့ အလယ်ဗဟိုရောက်လာဖို့ ဒီသွေးနတ်ဆိုးတောင်ကြားကို ဖြတ်ကို ဖြတ်ရမှာ … ငါတို့သာ သူ့ကို ဒီနေရာကနေ ကြိုစောင့်နေရင် သူ ပြေးလမ်းမရှိတော့ဘူး။ သူ့ကို မင်းကြိုက်သလို နှိပ်စက်လို့ ရပြီ ”

သူမတွင် အသံချိုချိုလေး ရှိကာ နားဝင်ချိုလှသည်။ သို့သော်လည်း သူမစကားလုံးများက မောက်မာလှသည်။

လင်းယုန်မျိုးနွယ်၏ ပါရမီရှင် နတ်ဆိုးကျင့်ကြံသူ ရွှေငှက်မွေးက ခေါင်းညိတ်ကာ

“ ဝိညာဉ်ဖြူ ပြောတာ မှန်တယ်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက  ဗိုလ်ကျတာပဲ … ငါတို့လင်းယုန်မျိုးနွယ်စုက ဘာမှမဖြစ်သလိုမျိုး မနေနိုင်ဘူး။ ငါတို့တွေ အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့်တွေကို မသတ်ခင် သူတော်စင်ကို အရင်ရှင်းထုတ်ကြမယ်။ လင်းယုန်မျိုးနွယ်က အားမနည်းဘူးဆိုတာ လူသားတိုင်းကို သိသွားစေရမယ်။ နတ်မိမယ်ခုံမုန့် ပါဝင်ပေးလို့ ကျေးဇူးတင်ပါတယ် … ”

အရောင်အသွေးစုံ ဝတ်စုံနှင့် မိန်းမပျိုလေးက ပြောလိုက်သည် “ ဒါက ငါ့လုပ်နိုင်စွမ်းအတွင်းမှာပဲလေ ”

ထိုနတ်ဆိုးငါးယောက်က တောင်ပိုင်းနယ်မြေ၏ မျိုးနွယ်စုကွဲပြား စုပေါင်းထားသော ငှက်မွေးမဟာမိတ်အဖွဲ့မှ ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က သွေးနတ်ဆိုးတောင်ကြားအတွင်း ထောင်ချောက်မျိုးစုံကို ခင်းကျင်းထားကြလေသည်။

သူတို့က လူသားကျင့်ကြံသူအဖွဲ့ တစ်ဖွဲ့ပြီး တစ်ဖွဲ့ တောင်ကြားထဲ ဝင်လာသည့်အထိ အမှောင်ထဲမှ စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။ သူတို့အနေနှင့် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ သူတော်စင်လည်း ဖြည်းဖြည်းချင်း ပေါ်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။

………….....

ထိုစဉ် ရှန်ထျန်းတို့ အဖွဲ့က တိုက်ပွဲနယ်မြေ ဗဟိုချက်နှင့် မိုင်ရှစ်ရာအကွာသို့ ရောက်ရှိနေကြသည်။ သူတို့ရှေ့တွင်လည်း တောင်ကြားတစ်ခု ရှိနေသည်။

သူတို့က တိုက်ပွဲနယ်မြေအစွန်အဖျားနှင့် ဝေးကွာနေသောကြောင့် ဤနေရာရှိ မြေများက သွေးများနှင့် ပိုဖုံးလွမ်းနေသည်။ အရိုးခြောက်များကလည်း ထိုနယ်ပယ်၌ ကျက်စားသွားလာနေကြသည်။

သူတို့က ရှေ့ဆက်သွားဖို့အတွက် ထိုအရိုးခြောက်များနှင့် ဆက်လက် တိုက်ခိုက်ရပေဦးမည်။ ထိုအရိုးခြောက်များ အရမ်းများပြားနေသည့်အခါ ရှန်ထျန်းနှင့် ချင်ယွင်တိတို့က ဝင်ကူညီကြသည်။ ချင်ယွင်တိ၏ နတ်ဆိုးဖောက်ထွင်း သေနတ် ၆၄ လက်ကို ဆူညံသံလျော့ချရေး အစီအရင် ထည့်သွင်းထားပြီးနောက် ထိုသေနတ်များ၏ စွမ်းအားက သိသိသာသာ တိုးတက်လာသည်။

ကျည်ဆန်များ ဆက်တိုက်ပစ်လွှတ်ပြီးနောက် အရိုးခြောက်များက မည်မျှကြံ့ခိုင်စေကာမူ သူတို့ကို ရှင်းထုတ်နိုင်နှုန်းက ပိုမို မြန်ဆန်လာသည်။ သို့သော်လည်း ရှန်ထျန်းနှင့် မယှဉ်နိုင်သေးပေ။

သူက နဂါးပြာချပ်ဝတ်ကို ဝတ်ဆင်ထားပြီး လေထုထဲမှ ဝိညာဉ်ချီစွမ်းအားများကို စုပ်ယူနေသည်။ ထို့နောက် သူက မီးစာကျမ်းဖြင့် သန့်စင်လိုက်သည်။ သူက ပြင်ပအကူအညီမလိုဘဲ လှည့်ပတ်နေသည့် စက်ယန္တရားသဖွယ် ဖြစ်နေလေပြီ။

ရှေးဦးအဆီအနှစ် လေးလံရေစင်ဖြင့် လွှမ်းခြုံထားသော အံ့ဖွယ်ဝါးမျိုနွယ်ပင်က လမ်းရှိ အရာအားလုံးကို ဖျက်စီးပစ်နေသည်။

အကယ်၍ ရှန်ထျန်းသာ သူ့အနီးအနား  အဖွဲ့ဝင်များ မရှိနေပါက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို ပတ်ပတ်လည် ယမ်းပစ်လိုက်မည် ဖြစ်ကာ ထိုသတ္တဝါများ မည်မျှရှိနေစေကာမူ သူ့အား ထိခိုက်စေနိုင်မည် မဟုတ်ချေ။

အားလုံးက ရှန်ထျန်း မည်မျှ အားကောင်းကြောင်း မြင်ကာ အံ့ဩကုန်ကြသည်။ အထူးသဖြင့် မင်းသား(၆) ဖြစ်၏။

ဒါက ငါ့ညီတော် (၁၃) ရော ဟုတ်ရဲ့လား …

သူက ဟိုတလောလေးကမှ ကျင့်ကြံဆင့် မရှိတဲ့ သာမန်လူတစ်ယောက်လေ … ဒီနှစ်တွေမှာ လျို့ဝှက်ထားခဲ့တာလား … ဒီစွမ်းအားတွေကို လျိုထားခဲ့တာလား …

သူက ကိုယ်လုပ်တော်လန်၏ သားအစစ်ပဲ … တကယ်ကို သာမန် မဟုတ်ဘူး

ရှန်အောင်းက ရှန်ထျန်းနှင့် သူ့ကိုယ်သူ နှိုင်းယှဉ်နေခြင်းကို စွန့်လွတ်လိုက်ပြီးသည့်နောက်ပိုင်း ပို၍ နေလို့ကောင်းလာသည်။

သူက ရှန်ထျန်းတွင် ကျင့်ကြံသူတစ်ယောက်၏ အခြေခံအုတ်မြစ် ပါရမီကို ပြောင်းပစ်နိုင်စွမ်း ရှိသည့် နိဗာနတော်ဝင်ရေစင် အမြောက်အများ  ရှိနေသောကြောင့် အံ့အားသင့်မိသည်။

သူက ငါ့ကို ဆယ်လီတာတောင် အလကားပေးခဲသေးတာ …. ငါ့ကို အစ်ကိုတစ်ယောက်ကို အလေးထားဆက်ဆံတာကို ငါကတော့ သူကို အကြာကြီး ရှောင်ဖယ်ရှောင်ဖယ် လုပ်နေမိခဲ့တယ် …

ရှန်အောင်းက သူ့ညီတော် (၁၃)က မိသားစု၏ ချစ်ခြင်းမေတ္တာကို မရရှိဘဲ လန်နန်းဆောင်၌ တစ်ယောက်တည်း ကြီးပြင်းခဲ့သည်ကို တွေးမိကာ စိတ်မကောင်းဖြစ်မိသွားသည်။

ငါ နောင်ကျ အစ်ကိုကောင်းတစ်ယောက် ဖြစ်ပေးရမယ် … သူက ငါ့ကို နိဗာနတော်ဝင်ရေစင်တွေတောင် ပေးထားခဲ့တာလေ

...

ရှန်အောင်းက အတွေးများနေစဉ် တစ်စုံတစ်ခု သူ့ဆီ ရောက်ရှိလာသည်။

ရှန်ထျန်းက ဓားပြားနှင့် အရိုးခြောက်အား သူ့ဆီ ပေးပစ်လိုက်ခြင်း ဖြစ်၏။

“ အစ်ကိုတော် ဒီကောင်က အတော်လေး အားနည်းတယ်။ အစ်ကိုတော် သူနဲ့ လေ့ကျင့်ကြည့်လေ”

ရှန်အောင်းက ထိုစကားကို ကြားပြီး မဲ့ရွဲ့သွားလေသည်။

ဒီကောင်က အတော်လေး အားနည်းတယ်ဆိုတာ ဘာတုန်း … ငါ့ကို အရမ်းအားပျော့တယ် ထင်နေလား …

ရှန်အောင်းက ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပြီး တစ်ခါမှ မျက်နှာမပျက်ဖူးပေ။

ရှန်အောင်းက  “ ငါ ဆယ်ယောက်လောက်နဲ့ တစ်ပြိုင်တည်း ချနိုင်တယ်” လို့ အော်ပြောတော့မည့်အချိန် အရိုးခြောက်က ဓားဖြင့် တိုက်ခိုက်လိုက်လေသည်။ ထိုအခါ ရှန်အောင်းက မီတာအတော် လွှင့်စင်သွားသောကြောင့် ပါးစပ်ပိတ်သာနေလိုက်ရသည်။

ဘာကြီးလဲ … ငါ့ညီတော်ရှေ့ကျ အားနည်းပြပြီးတော့ ငါ့ရှေ့ရောက်မှ အရမ်းအားကောင်းသွားတာလား …

မတရားဘူး … သူတို့ ပြန်ပေးဆပ်ရမယ် …

ရှန်အောင်းက ဒေါသထွက်လွန်းကာ အရိုးခြောက်ဆီ ခုန်ဝင်လိုက်သည်။

ဖုန်မှုန့်ဓားတိုက်ကွက် …

လေဟုန် ဓားတိုက်ကွက်

မိုးမခ ဓားတိုက်ကွက်

ထိုက်ယွဲ့ ဓားတိုက်ကွက်

နေထွက်ချိန် ဓားတိုက်ကွက်

နေဝန်းဖောက်ခွင်း သက်တံ့ဓား

................

ချွင်

ချွင် ချွင်

ချွင် ချွင် ချွင် …

အရိုးခြောက် တိုက်ကွက်အများစုကို တားဆီးလိုက်သောကြောင့် အပေါ်ယံမျှသာ ခြစ်ရာထင်သွားသည်။

ရှန်အောင်းက ငိုလုမတတ် ဖြစ်နေလေပြီ။

ဒါက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲက တကယ့်သတ္တဝါကြီးလား … ငါ ဘာလို့ အနိုင်မတိုက်နိုင်ပါ့လိမ့် …  ငါ့ကျင့်ကြံဆင့်က အတုကြီးလား

ထိုတိုက်ခိုက်မှုများက အရိုးခြောက်အား ဒေါသူပုန်ထသွားစေသည်။

မင်းက ဘာလုပ်ချင်တာလဲ … ငါ့ကို ဟိုကောင်ချောချောလေး ငါ့မိတ်ဆွေတွေကို  သတ်သလိုမျိုး မသတ်နိုင်ဘူးလားကွာ

အကြိမ်များစွာ တိုက်ခိုက်ပြီးတော့ ငါ့ကာကွယ်ရေးကို မထိုးဖောက်နိုင်ဘူးတဲ့လား … ငါ့ကို သဲအိတ်လို သဘောထားနေတာမလား

ငါက လူသားမဟုတ်ပေမဲ့ မင်းလုပ်ရပ်က ပိုလူသားမဆန်ဘူးကွ

အား …

အရိုးခြောက်ပတ်လည်ရှိ တစ္ဆေမီးတောက်က တောက်ပလာကာ ဓားများလည်း အနည်းငယ် လင်းလက်လာသည်။ ရှန်အောင်းအရ ထိုအရာ၏ စွမ်းအားမှာ သူ့မျှော်မှန်းထားသည်ထက် လွန်သွားလေပြီ။ သူ့ဓားက လွှင့်စင်သွားပြီ  ဖြစ်သော်လည်း အရိုးခြောက်က နောက်တိုက်ကွက် အလျှင်အမြန် ထုတ်ဖော်လာသည်။

ရှန်အောင်း တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။

အကြောက်တရားက ရှန်အောင်းကို ဝါးမျိုသွားလေသည်။

ငါ ဒီလိုသေရတော့မှာလား …

 အားနည်းတဲ့ သတ္တဝါသတ်လို့ သေရမှာတဲ့လား … ငါက ပါရမီရှင် ဖြစ်ခဲ့တာလေ

…………....

ထို့နောက် အဝေးမှ တစ်စုံတစ်ယောက် ပေါ်လာကာ အရိုးခြောက်၏ ဦးခေါင်းခွံကို ဓားအနီဖြင့် ထိုးဖောက်လိုက်၏။

အရိုးခြောက်က ချက်ချင်းဆိုသလို ပြုတ်ကျသွားပြီး ခန္ဓာကိုယ်မှာလည်း တစစီ ဖြစ်သွားလေသည်။

“မင်းသား(၆) အဆင်ပြေရဲ့လား ”

ထိုသူမှာ ချင်ကောင်း ဖြစ်၏။

ရှန်အောင်းက သူ့ဆီ ခစားခဲ့ဖူးသော မိန်းမစိုးလေးက သူ့အသက်ကို ကယ်တင်လိုက်ကြောင်း မြင်လိုက်ရသည့်အခါ ခံစားချက် ရောထွေးသွားသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က သူသည် မီးတိုင်းပြည်၏ ပါရမီအရှိဆုံး ကျင့်ကြံသူ ဖြစ်ခဲ့ကာ အနာဂတ်ကောင်း ရှိခဲ့သည်။

တစ်ဖက်တွင် ချင်ကောင်းက ရှန်အောင်း၏ စိတ်အခြေအနေပေါ် သူ့အသက်လေး မူတည်နေသော သာမန်မိန်းမစိုးမျှသာ ဖြစ်၏။  သို့သော်လည်း ဤမိန်းမစိုးလေးက ရှန်ထျန်းနောက်လိုက်ပြီးနောက် လပိုင်းအတွင်း ဤမျှအားကောင်းလာလေသည်။

ချင်ကောင်း ပြုမူလိုက်သည့်အရာမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်ခြင်းထက် ပိုပေသည်။

သူ့အမြန်နှုန်းနှင့် တိကျမှုက တိုက်ဆိုင်မှုသပ်သပ် မဟုတ်တန်ချေ။ သူက အရိုးခြောက်ကို တစ်ယောက်တည်း တိုက်ကွက် ဆယ်ကွက်လောက်ဖြင့် အနိုင်ယူနိုင်စွမ်း ရှိ၏။

ရှန်ထျန်းကဲ့သို့ လွန်ခဲ့သောတစ်လခန့်က ချင်ကောင်းတွင်လည်း ကျင့်ကြံဆင့် မရှိခဲ့ချေ။

ထိုအချိန် ရှန်အောင်းက အခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်နေလေပြီ။ ထို့အပြင် သူက ချန်းဟယ်ဓားအသျှင်လက်အောက်တွင်လည်း လေ့ကျင့်ရေး ဆင်းခဲ့ရသေးသည်။

ရလဒ်ကား ချင်ကောင်းက သူ့ထက် အားပိုကောင်းနေလေပြီ။

ငါ့ညီတော် ဒီလိုဖြစ်လာဖို့ ဘာတွေများဆန်းဆန်းပြားပြား လုပ်ခဲ့ရတာလဲ ….

ရှန်အောင်းက ခံစားချက်များကို ဘေးဖယ်ကာ ခါးသက်သက်ပြုံးလိုက်ရင်း  “ ချင်ကောင်း ကျေးဇူးပါ ”

ရှန်အောင်းက ချင်ကောင်းကို အပြစ်ပေးခဲ့ဖူးကာ သူ့အနေနှင့် လုံးဝ မေ့လို့ မရခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ ရှန်အောင်းအပေါ် သူ့အငြိုးတေးမှာ ရှန်ထျန်းအပေါ် သူ့သစ္စာရှိမှုနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ချေ။

ချင်ကောင်းက ပြုံးကာ

“ အရှင့်သားရဲ့ ဓားတိုက်ကွက်က အရမ်းမိုက်တယ်။ အင်အားတိုးလာဖို့ပဲ လိုတော့တာ။ မင်းသား(၁၃) ပေးထားတဲ့ နိဗာနတော်ဝင်ရေစင်ကို သုံးလိုက်သင့်တယ်။ အဲဒါက အရှင့်သားကို အားကောင်းအောင် လုပ်ပေးလိမ့်မယ်။ အဲဒီအခါကျ ဒီအရိုးခြောက်တွေက ဘာမှမဟုတ်တော့ဘူး ”

ရှန်အောင်းလည်း စတင် တွေးမိလာသည်။

ဆိုတော့ နိဗာနတော်ဝင်ရေစင်က သူနဲ့ ကွေ့ကုန်းကုန်းတို့ ဒီလောက်အချိန်တိုအတွင်း အားကောင်းလာတဲ့ အကြောင်းအရင်းလား … ကောင်းပြီလေ ဒီလောက် ထူးခြားနေမှတော့ ဒီလိုအာနိသင်ရှိတာ ဖြစ်နိုင်ပါတယ် …

လက်ရှိချင်ကောင်းနှင့် ယခင်သတ္တိကြောင် ချင်ကောင်းတို့ကို နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ရှန်အောင်း သက်ပြင်းချလိုက်သည်။

ပတ်ဝန်းကျင်က အရေးကြီးတယ်ဆိုတာ အမှန်ပဲကိုး … ညီတော် (၁၃)က ငါ့ထက် ပိုတော်တယ် …

………....

ရှန်အောင်းက ခံစားချက်များ ရောထွေးနေစဉ် ရှန်ထျန်းက အလွန်တက်ကြွနေလေသည်။ သူက တောင်ကြားမရောက်ခင် အရိုးခြောက်များအားလုံးကို ဖျက်စီးပစ်ခဲ့သည်။

သူတို့ရပ်နေသည့် အတော်အတန် အလှမ်းဝေးနေသည့်နေရာတွင် အရိုးခြောက်တချို့ ရှိနေသေးသည်။ သို့သော်လည်း သူတို့က တိုက်ခိုက်မှု မရှိသောကြောင့် ရှန်ထျန်းက သတ်မနေတော့ပေ။

ပို၍ အရေးကြီးသည်က တောင်ကြားအတွင်း ရှိနေသည့် ပစ္စည်း ဖြစ်၏။

ရှန်ထျန်းက ချင်ကောင်း၏ ရောင်ဝါထဲ၌ ကံအပြောင်းအလဲ အခွင့်အရေးကို မြင်တွေ့ခဲ့သည်။ ထိုအရာက အနီနှင့် ရွှေရောင် ရောစပ်ထားသည့် ရောင်ဝါရှိသည့်သူ အပိုင် ဖြစ်ပေသည်။

ရှန်ထျန်းက သူ မြင်ထားဖူးသော ပုံရိပ်အရ တောင်ကြားဝင်ပေါက်ကို အေးအေးဆေးဆေး ရှာတွေ့သွားလေ၏။

သူတို့ တောင်ကြားထဲ လျှောက်လှမ်းလာသည်နှင့် ကြောက်ခမန်းလိလိ ဖိအားကြီးတစ်ခု သက်ရောက်လာပြီး နဂါးဟိန်းဟောက်သံကိုလည်း ကြားလိုက်ရသည်။

ပေတစ်သောင်းလောက်ရှိသည့် ဧရာမ နဂါးအရိုးစုကြီးက တောင်ကြားအလယ်တွင် တည်ရှိနေသည်။

ဤသည်မှာ ဖိအားအရင်းအမြစ် ဖြစ်၏။ နဂါးဦးခေါင်းခွံတွင် သံချေးတက်နေသည့် ဓားတစ်ချောင်း စိုက်ဝင်နေပြီး နဂါးအရိုးစုအောက်တွင် အနီရောင် ဝိညာဉ်ဆေးပင်အပြုံလိုက် ရှိနေသည်။

All Chapters