← Chapters

နဂါးသူရဲကောင်းလား ဒါမှမဟုတ် နဂါးရဲ့ သူရဲကောင်းလား

Vol. 11-16 Ch. 207

နဂါးသူရဲကောင်းလား ဒါမှမဟုတ် နဂါးရဲ့ သူရဲကောင်းလား

Vol. 11-16 Ch. 207

အခန်း (၂၀၇) :  နဂါးသူရဲကောင်းလား ဒါမှမဟုတ် နဂါးရဲ့ သူရဲကောင်းလား

ရှန်ထျန်းက ချွေးစေးကို သုတ်ရင်း “စောစောလေးက စီနီယာပဲ ကျွန်တော်ကို ဒေါသမထွက်ဘူးလို့ ကတိပေးထားတယ်လေ။ ”

အောင်းပင်းက မာနကြီးစွာ ပြန်ပြောလိုက်သည် “ အဲဒါ စောစောလေးက ပြောခဲ့တာလေ။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကို လွတ်မပေးတဲ့အခါမှသာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ အခု မင်းကြောင့် ငါ လွတ်လာပြီဆိုတော့ ဒီကတိကဝတ်ရဲ့ အနေအထားက အကျုံးမဝင်တော့ဘူး။ အလုပ်ဖြစ်ဦးမယ် ထင်နေတာလား ”

ရှန်ထျန်း “… ”

တဆိတ်လောက် … ခင်ဗျားက မာန မိုးထိနေတဲ့ နဂါးမျိုးနွယ်ဆို … ဒါက ဘာပေါက်ကရတွေလဲ…

အောင်းပင်းက ရှန်ထျန်းရှေ့ ကုန်းကာ မျက်လုံးချင်း စိုက်ကြည့်လိုက်သည်။ သူမ၏ ဖွံ့ဖြိုးပြီးသား ပုံပန်းသွင်ပြင်က သူ့မျက်စိရှေ့တည့်တည့် ရောက်လာသည်။

သူမက ပြုံးကာ ပြောလိုက်သည်  “ စိတ်အေးအေးထား … ငါက နဂါးမျိုးနွယ်ရဲ့ အိမ်ရှေ့စံ မင်းသမီးပါ။ မင်းကို မညာဘူး။ နဂါးနတ်ဘုရားကို တိုင်တည်လိုက်တော့ … အဲဒီနောက်မှ မင်းက နှစ်ထောင်ချီတိုင်း တစ်ယောက်ပေါ်ထွက်မလာနိုင်တဲ့ နဂါးသူရဲကောင်း ဖြစ်လာမှာ …

နဂါးနက်ကျွန်းနဲ့ ငါက မင်းကို ကာကွယ်ပေးမယ်။ ဒီနယ်မြေငါးခုမှာ မင်းကို ဘယ်သူမှ ရန်စရဲမှာ မဟုတ်ဘူး။ ဒါက လူအများကြီး တွေးတောင်မတွေးရဲကြတဲ့ အိပ်မက်ပဲလေ ”

ရှန်ထျန်းက သဘောတူညီချက်မှာ တစ်ခုခု လွဲမှားနေကြောင်း ခံစားနေရဆဲ ဖြစ်ကာ  “ ဒါပေမဲ့ စီနီယာ … ”

အောင်းပင်းက ရှန်ထျန်း နဖူးကို လက်ချောင်းဖြင့် တို့ထိကာ ပြောလိုက်သည် “မင်းက မကြာခင် စာချုပ်ချုပ်တော့မှာဆိုတော့ ငါ့ကို စီနီယာလို့ မခေါ်နဲ့တော့။ အစ်မပင်းလို့ပဲ ခေါ် … ” သူမက ရှန်ထျန်းအား ပြီတည်တည်အကြည့်ဖြင့် ကြည့်လိုက်သည်။

အစ်မပင်းတဲ့လား …

ရှန်ထျန်းက အောင်းပင်းအား ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်ပြီး မဲ့ရွဲ့မိသွားတော့သည်။

ခင်ဗျားက ကျွန်တော်ထက် နှစ်တစ်သောင်းမက ကြီးတာကို အစ်မ  ခေါ်ခိုင်းရအောင် ဘယ်သူက မြှောက်ပေးလိုက်တာလဲ …

အောင်းပင်းက ရှန်ထျန်းကို ဖောက်မြင်နေသည့်အလား အံ့ကြိတ်ကာ ပြောလိုက်သည် “ ဘာလဲ … မင်းမှာ ဘာပြောစရာ ရှိလို့လဲ။ ငါက နှစ်တစ်သောင်း ပိတ်ထားခံရပေမဲ့ အေးအေးချမ်းချမ်း အိပ်စက်နေခဲ့တာ‌လေ … အဲဒါကြောင့် အဲဒီအချိန်အကြာကြီးက ငါ့အတွက် နှစ်တစ်ထောင်လိုပဲ။ ဆိုလိုတာက ငါက အရမ်းအရမ်း ငယ်ရွယ်နုပျိုသေးတယ်ဆိုတာပဲ ”

ရှန်ထျန်းက သူမစကားနောက်ကွယ်မှ သဘောတရားကို လက်ဝယ်ဖမ်းဆုပ်မိလိုက်ပြီး သူမအား ထူးထူးဆန်းဆန်းသာ ဆက်ကြည့်နေလိုက်သည်။

အဲဆို ခင်ဗျားက နှစ်တစ်ထောင် ရှိနေပြီကို ကျွန်တော်က အစ်မလို့ ခေါ်ရဦးမှာလား …

အောင်းပင်း ဝိညာဉ်မှ မီးတောက်နက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပူလောင်လာလေ၏။

သူမက ရှန်ထျန်းအား ဒေါသတကြီး ကြည့်လိုက်ပြီးနောက်  “ ကောင်လေး ငါ့စိတ်ရှည်မှုကို လာစမ်းမနေနဲ့။ ကောင်းပြီ စာချုပ်မရှိမှတော့ မင်းကို အခုပဲ သတ်လိုက်တော့မယ် ”

ရှန်ထျန်းက အောင်းပင်း၏ သတ်ဖြတ်ငွေ့ကို ခံစားမိကာ သူ့ဘာသာ ချက်ချင်း ပြုမူလိုက်ရသည်။

သူက စာချုပ်ကို မြန်မြန် ချုပ်ဆိုလိုက်လေ၏  “ ကျွန်တော် ရှန်ထျန်းကလည်း အောင်းပင်းကို တရားဝင် လက်တွဲဖော်အဖြစ် လက်ခံပါတယ် … ဒီနေ့ကစပြီး ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ နာမကျန်းသည် ဖြစ်စေ၊ ကျန်းမာရေးကောင်းမွန်သည် ဖြစ်စေ သေခြင်းတရားမတိုင်ခင်အထိ အတူတကွ လက်တွဲသွားပါ့မယ်”

သူ့သစ္စာဆိုမှုအပြီးတွင် အနက်ရောင် အလင်းလုံးလေးက နှစ်ပိုင်းတိခနဲ ခွဲထွက်သွားသည်။ တစ်ခြမ်းက ရှန်ထျန်း ခန္ဓာကိုယ်ထဲ ရောက်ရှိသွားပြီး နောက်တစ်ခြမ်းမှာ အောင်းပင်းထဲ ရောက်ရှိသွားသည်။ နောက်ဆုံးတွင် ရှန်ထျန်းက နဂါးနတ်ဘုရားနှင့် စာချုပ်ချုပ်ဆိုခြင်းမှာ ဘယ်လိုမှန်း အတိအကျ နားလည်သွားခဲ့လေပြီ။

တကယ်တော့ သဘာဝရှိ ပျားနှင့် ပန်းပွင့်တို့ကဲ့သို့ သဟဇီဝ ပတ်သတ်မှုမျိုး ဖြစ်၏။

စာချုပ်အပြီးတွင် လူသားက နဂါး၏ စွမ်းအားအရင်းအမြစ်တချို့ကို လက်ခံရရှိလိုက်ပြီး နဂါးတော်ဝင်ကျမ်းကိုပင် ကျင့်ကြံနိုင်စွမ်း ရှိသွားကြသည်။

တစ်ချိန်တည်းတွင် စာချုပ်ချုပ်ဆိုထားသော နဂါးက လူသားနှင့် အတူယှဉ်တွဲတိုက်ခိုက်နိုင်သည်။ ထို့ကြောင့် သူတို့သာ အတူတကွတိုက်ခိုက်ပါက တစ်နှင့်တစ် ပေါင်းလျှင် နှစ်ရသည်ထက်ပင် ပို၍ များစွာ အားကောင်းသွားပေမည်။

အားကောင်းသော နဂါးသူရဲကောင်းတစ်ယောက်အတွက် အဆင့်မြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည်မှာ ပုံမှန်ကိစ္စရပ်သာ ဖြစ်၏။

“ ကောင်းတယ် ” အောင်းပင်းက ရှန်ထျန်း စာချုပ်ပြီးမြောက်သွားသည်ကို ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်  “ နောင်ကျရင် မင်းက ငါ့လူပဲ။ တကယ်လို့ အခက်အခဲတွေ့ရင် ငါ့နာမည်သာ ပြောလိုက်။ ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး ”

အောင်းပင်း၏ ဝိညာဉ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ  “ ငါ ပြောချင်တာတော့ ဒါပဲ … အခု နိဗာနဖြတ်သန်းလိုက်ဦးမယ်။ နောက်ရက်အနည်းငယ်အထိ ဒီနဂါးဥကို သေချာကာကွယ်ပေးထား… ငါ ပြန်ကောင်းလာတာနဲ့ မင်းကို ဆုချမယ် ”

ထို့နောက် အောင်းပင်း၏ ဝိညာဉ်က နဂါးဥထဲ ပြန်ပျောက်ကွယ်သွားသည်။

ဥက အလင်းရောင်အားလုံးကို စုပ်ယူသွားပြီး မလှုပ်မရှား ကျန်ရှိနေသည်။

အောင်းပင်းက နှစ်တစ်သောင်း ချိတ်ပိတ်မခံရခင်က ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ သူမအတွက် ပြန်ကောင်းလာဖို့ အမြန်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းမှာ ပြန်လည်ဝင်စားလိုက်ခြင်း ဖြစ်၏။ ရှန်ထျန်း စိတ်ထဲ အမွေအနှစ်တစ်ခု ပေါ်လာသည်။ ဤသည်မှာ နဂါးတော်ဝင်ကျမ်း ဖြစ်ပြီး လျို့ဝှက်အခန်းဆက်မှလွဲ၍ ပြီးပြည့်စုံပေသည်။

ဤသည်မှာ တော်ဝင်နဂါးနက်၏ အသိအမှတ်ပြုမှု ရရှိပြီးမှသာ ကျင့်ကြံနိုင်သော ဒဏ္ဍာရီလာ အမွေအနှစ်တစ်ခု ဖြစ်၏။

ပုံမှန်အားဖြင့် ထိုအမွေအနှစ်က ရှန်ထျန်းအား စိတ်လှုပ်ရှားသွားစေသည်။ နဂါးတော်ဝင်ကျမ်းသည် အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်းနှင့် လုံးလုံးကွဲပြားပေသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ဓမ္မပညာရပ်များကို ကျင့်ကြံဖို့ အဓိက အလေးထားသောကြောင့် မိုးကြိုးတော်ဝင်ကျမ်းတွင် ပညာရပ်မျိုးစုံ ပါရှိသည်။  မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ် ပါရှိသော်လည်း ထိုအရာက အထောက်အကူတစ်ခုမျှသာ ဖြစ်၏။

သို့သော်လည်း နဂါးတော်ဝင်ကျမ်းကား ကိုယ်ထည်မာကျင့်စဉ် စစ်စစ် ဖြစ်ပြီး အကြောင်းအရာတစ်ခုလုံးက ခန္ဓာကိုယ်ကို နဂါးတစ်ကောင်နှင့် ယှဉ်နိုင်လောက်သည့်အထိ မည်သို့ပြုပြင်လေ့ကျင့်ရမည့်အကြောင်း ဖြစ်၏။

တစ်ချိန်တည်းတွင် နဂါးမျိုးနွယ်များ အသုံးပြုသော တိုက်ခိုက်ရေး ပညာရပ်များကိုလည်း မှတ်သားထားသေး၏။ နမူနာအားဖြင့် နဂါးလက်သည်း၊ နဂါးခြေလှမ်း၊ နဂါးပုဆိန်လှံရှည်၊ နဂါးငွေ့၊ နဂါးချပ်ဝတ်နှင့် နဂါးတူတို့ ဖြစ်ကြသည်။

ထိုပညာရပ်များကို ကမ္ဘာဦးခေတ်အခါက အားကောင်းသည့် ကျင့်ကြံသူများ ဖန်တီးထားခဲ့ကြပြီး ရှေးနဂါးများ၏ တိုက်ရည်ခိုက်ရည်ကို ပြသထားသည်။ ထိုတိုက်ခိုက်စွမ်းတစ်ခုစီက နယ်မြေငါးခုကို တုန်လှုပ်သွားစေနိုင်သည်။ ထို့ကြောင့် ထိုပညာရပ်များမှာ ရှန်ထျန်းအတွက် အဖိုးတန်လှသည်။ သူက ခန္ဓာကိုယ်ကောင်းကောင်း ရှိထားသော်လည်း တိုက်ခိုက်မှုမှာ အားနည်းနေဆဲ ဖြစ်သည်။

နဂါးလက်သည်းက ကျင့်ကြံသူတစ်ယောက်၏ လက်ချောင်းအင်အားကို တိုးမြင့်ကာ လက်ဗလာဖြင့် ဝိညာဉ်ပစ္စည်းများကို တစစီ လုပ်ပစ်နိုင်စွမ်း ပေးထား၏။ နဂါးခြေလှမ်းကို ကျွမ်းကျင်သွားလျှင် တောင်တစ်ခုလုံးပင် ခြေထောက်အောက်မှာ ပြားပြားဝပ်သွားပြီး တက်နင်းလိုက်ရုံဖြင့် ဖျက်စီးနိုင်လေပြီ။ ရှန်ထျန်းဆီတွင် အံ့ဖွယ်ဝါးမျိုနွယ်ပင် ရှိထားသောကြောင့် နဂါးရိုက်ချက်မှာ အလွန်သင့်တော်လှသည်။ ထိုအရည်အချင်းကို များစွာ တိုးမြင့်ပေးနိုင်သည်။

နဂါးတူကား ရေခဲအမျိုးအစား တူတိုက်ကွက် ဖြစ်ပြီး ရှေးနဂါးမျိုးနွယ်မှ ပါရမီရှင်တစ်ဦး ဖန်တီးထားခြင်း ဖြစ်၏။ ဤသည်ကလည်း ရှန်ထျန်းအတွက် အသုံးတည့်လှသည်။ သူက ရှေးဦးအဆီအနှစ် လေးလံရေစင်နှင့် ခရမ်းရွှေတူကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

…………...

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ပိုးချည်ထုတ်ကာ နဂါးဥကို ပတ်ထားလိုက်ပြီး ကျော၌ ချည်နှောင်ထားလိုက်သည်။

အလားအလာကောင်းတဲ့ နဂါးသူရဲကောင်းကြီးက ဘာဖြစ်သွားတာလဲ … ငါက မင်းသမီးလေးကို သူ့သူရဲကောင်းလိုမျိုး ဘာလို့ သယ်ထားနေရတာလဲ

ထားလိုက်ပါတော့ … သူမက ငါ့ကို နဂါးတော်ဝင်ကျမ်း ပေးထားမှတော့ ခွင့်လွတ်ပေးလိုက်ပါ့မယ်…

နောင်ကျရင်လည်း သူမအပေါ် တက်စီးခွင့် ရလာမှာပါ …

“စောစောက ကိစ္စကြောင့် လူအများက အာရုံစိုက်စရာ ဖြစ်သွားပြီ။ ငါတို့ ဘေးကင်းတဲ့နေရာ မြန်မြန်ရှာရမယ် ” ရှန်ထျန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း ဘေးကင်းဖို့က ဦးစားပေး ဖြစ်၏။

ကမ္ဘာဦးတိုက်ပွဲနယ်မြေအတွင်း အဖွဲ့လိုက် သွားလာနေကြပြီး သတ္တဝါဆန်းများစွာနှင့်လည်း ကြုံပြီးကြလေပြီ။ တချို့မှာ အရိုးခြောက်များ ဖြစ်ပြီး တချို့မှာ သွေးနတ်ဆိုး ဖြစ်ကာ တချို့ကား ယင်နတ်ဆိုးများ ဖြစ်ကြ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့က ထိုသတ္တဝါဆန်းများဆီမှ ဝေးဝေးမပြေးနိုင်ကြပေ။

သို့သော်လည်း လုံးဝ အရေးမကြီးပေ။ ထိုသတ္တဝါဆန်းအားလုံးက ယခု ရှန်ထျန်းအတွက် အားနည်းလွန်းနေလေပြီ။ သူတို့က ရှန်ထျန်းအတွက် လောလောလတ်လတ် သင်ယူထားသည့် တိုက်ကွက်များကို စမ်းသပ်ဖို့ လေ့ကျင့်ရေး ပစ်မှတ်ကောင်းများ ဖြစ်နေရှာသည်။

ရှန်ထျန်းက အားနည်းသည့် သတ္တဝါဆန်းများကို ရွေးချယ်ကာ ကျန်လူများထံ ပို့ပေးပြီး လေ့ကျင့်ခိုင်းလေ့ရှိသည်။

ဤသည်မှာ ပူးပေါင်းစစ်ဆေးမှု၏ ရည်ရွယ်ချက်သာ ဖြစ်၏။ သတ္တဝါဆန်းများနှင့် တိုက်ခိုက်ခြင်းဖြင့် တိုက်ပွဲအတွေ့အကြုံပိုမိုရရှိလာစေရန် ဖြစ်သည်။

ရှန်ထျန်းက သူတို့ကို စစ်ဆေးမှုတစ်လျှောက်လုံး လိုက်မထိန်းနိုင်ပေ။ သူတို့အနေနှင့် ဘာမှမလုပ်ဘဲ နေနေလျှင် အကျိုးရှိမည် မဟုတ်ပေ။ ရှန်ထျန်းလည်း အားနည်းလှသော သတ္တဝါဆန်းများစွာကို ရင်ဆိုင်ရတာများလာသည့်အခါ ပျင်းရိလာလိမ့်မည်။

အကောင်းဆုံးကား အဖွဲ့အတွက် အတွေ့အကြုံတချို့ စုဆောင်းရန် ဖြစ်၏။

သူတို့က တိုက်ပွဲတစ်ခုပြီး တစ်ခုတိုက်ခိုက်လာပြီးနောက် အဖွဲ့ကား သူတို့တိုက်ခိုက်မှုများနှင့် ပိုမို ရင်းနှီးလာကာ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်လာနိုင်သည်။

သွေးနီရောင် နေဝန်းပျောက်ကွယ်သွားသည့်အခါ အမှောင်ထုက ကမ္ဘာဦးတိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ညဘက်ရောက်လာသည့်အခါ အဖွဲ့က ဘေးကင်းလုံခြုံသော တောင်ကြားကို တွေ့လိုက်ရသည်။ တောင်ကြားတွင် ဝင်ပေါက်တစ်ခုသာ ရှိသောကြောင့် သတ္တဝါဆန်းများကို ရှင်းထုတ်ပစ်ပြီးသည်နှင့် လုံခြုံသွားပေလိမ့်မည်။ အဖွဲ့က ဝင်ပေါက်ကိုပင် အစီအရင်ဖြင့် ပိတ်ဆို့ထားလိုက်ပြီး အထဲ၌ အနားယူကြသည်။

…….....

သူတို့က ခရီးစဉ်တစ်လျှောက် ရရှိခဲ့သည့်အရာများကို ပြန်ကြည့်ရင်း ထိုပစ္စည်းများကို သုံးကာ သူတို့ဘာသာ အားအင်တိုးမြင့်နေကြသည်။

ရှန်ထျန်းက နဂါးသွေးမြက်ကို ထုတ်ကာ ဆေးရည်ဖြင့် ရေစိမ်ဖို့ ပြင်လိုက်သည်။ နဂါးနတ်ဘုရားစာချုပ်တွင် နဂါးဇစ်မြစ် ပါဝင်နေသောကြောင့် ရှန်ထျန်းကိုယ်ထဲ၌ စွမ်းအားတချို့ သိုလှောင်ထားသလို ဖြစ်နေသည်။

နဂါးသူရဲကောင်းများက လူသားဉာဏ်ရည်နှင့် နဂါးကိုယ်ထည်ရှိခြင်းတို့ကြောင့် လူသိများကြသည်။ ထို့ကြောင့်သာ အတိတ်တုန်းက ကြီးကြီးကျယ်ကျယ် ကိစ္စများကို ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။

ရှန်ထျန်းက ထိုစွမ်းအားရှိနေပြီ ဖြစ်၍ မဖြုန်းတီးချင်ပေ။

ပိတ်လှောင်ထားသော အောင်းပင်း၏ စွမ်းအားများ စိမ့်ထွက်လာကာ အားဖြည့်ပေးသောကြောင့် နဂါးသွေးမြက်သည် ရှန်ထျန်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။  နဂါးသွေးမြက်ကို ဆေးရည်ထဲ ပိုထည့်လေလေ ဝိညာဉ်ရေက နဂါးသွေးကဲ့သို့ အင်မတန် နီရဲလာလေလေ ဖြစ်၏။

အားလုံးက အံ့အားသင့်သွားကြသည်။ ရှန်ထျန်းက နဂါးသွေးမြက် တစ်ရာလောက် သုံးပြီးသွားလေပြီ။

သာမန်လူများက အများဆုံး ဆယ်ပင်လောက်သာ အသုံးပြုကြသည်။ မဟုတ်ပါက ဆိုးကျိုး ရှိလာနိုင်သည်။ သို့သော်လည်း ရှန်ထျန်းက လုံးလုံး စိတ်ပူခြင်း မရှိပေ။

သူ့အပေါ်ပိုင်းအင်္ကျီကို ချွတ်လိုက်ပြီးနောက် ဆေးရည်ထဲ ဝင်စိမ်လိုက်သည်။

တကယ် ပူလှသည်။

ရေက အပူဓာတ်ကြောင့် ဆူပွက်နေသော်လည်း ရှန်ထျန်းက ဘာနာကျင်မှုမှ မခံစားရပေ။ သူ့အနေနှင့် အပူချိန်အနေတော် ဖြစ်ကြောင်း ခံစားမိ၏။

သိပ်မကြာခင် ရှန်ထျန်းက နဂါးသွေးမြက်၏ အာဟာရများကို စုပ်ယူပြီးသွားလေပြီ။ သူ့ခန္ဓာကိုယ်မှာ သာလွန်ကိုယ်ထည်အဆင့်မှ တိုးမြင့်လာစဉ် ပို၍ အားကောင်းလာသည်။ သူ့ခန္ဓာကိုယ် တစ်လက်မစီတိုင်းက အဆင့်မြင့်သွားသည်။

ရှန်ထျန်းအနား သိပ်သည်းလွန်းသော အငွေ့အသက်များ စုဝေးနေကာ သူ့အဖွဲ့သားများပင် သူ ထုတ်လွှင့်နေသည့် စွမ်းအားအမြောက်အများကို ခံစားလိုက်မိကြသည်။

သူ့အခြေခံအုတ်မြစ် မည်မျှခိုင်မာကြောင်း မည်သူမှ မသိထားသော်လည်း သူတို့အနေနှင့် သူတော်စင်သည် အခြေတည်အဆင့် ကျင့်ကြံသူများကြား ပြိုင်ဖက်ကင်းကြောင်း အပြည့်အဝ ယုံထားကြသည်။

ရှန်ထျန်းက နဂါးသွေးမြက်များကို စုပ်ယူလိုက်ရင်း သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲလာကာ အရေပြားအထက်၌ နဂါးနက် အမှတ်အသားများ ဖြစ်တည်လာသည်။

ဤသည်မှာ နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် ချပ်ဝတ်မျိုး မဟုတ်ဘဲ ရှေးဟောင်း တိုက်ခိုက်ရေး ကိုယ်ထည်မာကျင့်စဉ်ဖြစ်သည့် နဂါးချပ်ဝတ် ဖြစ်၏။

ရှန်ထျန်းက သူ့ဘာသာ ကာကွယ်ဖို့ နည်းလမ်းအသစ်တစ်ခု ရသွားလေပြီ။

တစ်ချိန်တည်းတွင် တောင်ကြားအပြင်ဘက်၌ မကြိုဆိုသော ဧည့်သည်များ ရောက်လာကြသည်။

All Chapters