← Chapters

မွန်မြတ်သောဝိညာဉ်အပျက်အစီးပွင့်ခြင်း

Vol. 10 Ch. 181

မွန်မြတ်သောဝိညာဉ်အပျက်အစီးပွင့်ခြင်း

Vol. 10 Ch. 181

မုဖုန်းသည် သူဘာမှမပြောလျှင်တောင် ပေထင်းဟွမ်အနေနှင့် ဤနတ် အဆင့်ပညာရှင်ကို သိသင့်သည်ဆိုသည့်အဓိပ္ပာယ်နှင့် ထူးဆန်းသော မျက်နှာ ဖြင့်ကြည့်လေသည်။ ပေထင်းဟွမ်သည် နားမလည်နိုင်ဖြစ်သွားသည်။ သို့သော် သူမဘေးမှ ဟန်မုသည် သူမ၏သံသယများကို ရှင်းပေးလေသည် “သခင်ပေယဲ့ ရှန်းမျိုးနွယ်က သခင်လေးကိုသတ်ခဲ့တဲ့ စွမ်းအားက မီးလျှံမြို့က ဘိုးဘေးကြီး တွေမှာပဲရှိတဲ့ စွမ်းအားပဲ.. သခင်ပေယဲ့က မီးလျှံမြို့ကလာလိမ့်မယ်လို့ ထင် မထားဘူး”

ထိုအရာသည် ရွှေရောင်နတ်စွမ်းအားဖြစ်သည်။ ထိုနတ်စွမ်းအားကို ယန်ယဲ့ ချန်ထားပေးခဲ့ကြောင်းကို ချုံချီဆီမှ ပေထင်းဟွမ် သိထားသည်။ ဟန်မု ၏မျက်နှာတွင် ထူးဆန်းသော မျက်နှာမျိုးဖြစ်သွားသည်။ သူသည် သူမကို စမ်းသပ်နေသည်ဟု ပေထင်းဟွမ်သိသည်။ ထို့ကြောင့် မည်သည့်မှတ်ချက်မှ မပေးလိုက်ပေ။ သူမသည် တိုက်တွန်းရုံသာ တိုက်တွန်းလိုက်သည် “မြို့ဝန် နေထွက်လာတော့မယ် ကျွန်တော်တို့တွေ ဖွဲ့စည်းပုံတွေမစီစဉ်တော့ဘူးလား”

“သခင်ပေယဲ့ စိတ်မပူပါနဲ့.. ကျုပ်တို့ရောက်တဲ့အချိန်က အနောက်က တဲတွေကို ဝေခြမ်ရေးလုပ်ပြီးပြီ.. နှင်းဝံပုလွေနဲ့ ရေနက်ကြေးစားအဖွဲ့ကို အကောင်းဆုံးနေရာပေးထားတယ်.. တိုက်ပွဲအတွက် ဖွဲ့အစည်းပုံကိုတော့ အရင်ကလုပ်ခဲ့တဲ့အတိုင်း လုပ်မှာပါပဲ” ဟန်မုသည် ဖော်ရွေသလိုဖြင့် ပေထင်း ဟွမ်၏ မေးခွန်းများကို စိတ်စော၍ ပြန်ဖြေနေလေသည်။ သူနှင့် မြို့ဝန် အိမ်တော်မှ ကြင်ယာတော်တို့ ပူးပေါင်းကြံစည်သည်ကိုသာ ကြိုတင်သိမထား လျှင် ပေထင်းဟွမ်သည် သူလှည့်ပတ်သည်ကိုပင် ခံရနိုင်သည်။

အသိစိတ်ပင်လယ်ထဲတွင် နွယ်ပင်လေး၏အသံထွက်ပေါ်လာသည် “သခင် နွယ်ပင်လေး အောင်မြင်ပြီးသွားပြီ.. ရှင်းထျန်ကြေးစားအဖွဲ့ရဲ့ မနက်စာ ထဲကို အဆိပ်ရည်ထည့်ပြီး သူတို့စားတာလည်း ကြည့်ခဲ့တယ်.. ဒီအဆိပ်ရည်က တစ်နေ့လုံး သူတို့ရဲ့ဝိညာဉ်စွမ်းအားကို ဖိနှိပ်ထားလိမ့်မယ်.. သခင် နွယ်ပင်လေး တော့ သခင့်ကိုချစ်လွန်းလို့သေတော့မယ်.. နွယ်ပင်လေးရဲ့ အရင်အဆိပ်အရည် က ဝိညာဉ်သခင်တွေရဲ့ ဝိညာဉ်စွမ်းအင်ကို ၂ နာရီလောက်ပဲ နှေးကျသွားစေ တာ.. အခု ၁၂ နာရီတောင် ခံသွားပြီ”

“ကောင်းတယ်” ပေထင်းဟွမ်သည် ကျေနပ်လျက်ရှိသည် “အပြန်အလှန် မတုံ့ပြန်ရင် မယဉ်ကျေးရာရောက်တယ်လေ.. သူတို့က ငါတို့ကို ထိခိုက်အောင် လို့ ရှီဟို့အမှုန့်ကိုသုံးမှတော့ ငါတို့လည်း ပါဝင်ပစ္စည်းလေးနည်းနည်း ပေးလိုက် မှ မှန်သွားမှာပေါ့”

နှင်းဝံပုလွေကြေးစားအဖွဲ့နှင့် ရေနက်ကြေးစားအဖွဲ့တို့သည် ဘေးချင်း ကပ်လျက်ရှိရာ လှည်းထဲမှ ရိက္ခာများကို အတူသုံးရသည်။ အရာအားလုံးသည် ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု ထင်ရသည်။ ဟန်မုသည် ဤမျှချောမွေ့လိမ့် မည်ဟု ထင်မထားပေ။ ကောင်းကင်သည် သူ့ကိုကူညီနေသလိုပင်။

ဟန်မု၏ ချေငံသောမျက်နှာထားကိုကြည့်ပြီး ချင်းယွိသည် စိတ်ထဲမှ အထင်သေးမှုကိုခံစားရလေသည်။ ဒီလူတွင် ဘာကြောင့် ဤမျှကာကွယ်မှုတွေ များနေသလဲဆိုသည်ကို သူ တကယ်မသိတော့ပေ။ ခံစားရမည့်သူမှာ နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့ဖြစ်လိမ့်မည်ဟု သူ ထင်နေလိမ့်မည်။ အချိန်တန်လျှင် ဟန်မု၏မျက်နှာ မည်သို့ဖြစ်သွားမည်ကို သူ တကယ်သိချင် သည်။

သူ ချိုင့်ဝှမ်းခံတွင်းဝသို့ ဆုတ်ခွာသည်နှင့် နေလုံးသည် မိုးကုတ်စက်ဝိုင်းမှ ထွက်လာသည်။ ၂၁ ရာစုစကားအရဆိုလျှင် ဘဲဥဆားငန်အနှစ်နှင့်တူသော အဝိုင်းလုံးကြီးသည် ကမ္ဘာပေါ်တွင် ခက်ထန်စွာထွက်ပေါ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းသည် တိုက်တစ်ခုလုံးပေါ်သို့ ဖြန့်ကျက်ကာ နေ့သစ် တစ်ခုစရန် အချက်ပြနေသည်။

ထိုအချိန်တွင် မွန်မြတ်သောဝိညာဉ်အပျက်အစီးပေါ်မှ ကြယ်ပုံစံအဖွဲ့ အစည်းသည် ငွေရောင်အလင်းတန်း ထွက်လာသည်။ တောက်ပသောအလင်း သည် ကောင်းကင်ပေါ်သို့ ပျံတက်လေသည်။ မျက်စိနှင့်မြင်ရသော အလင်းသည် အလင်းဖန်သားပြင်ကဲ့သို့ ကောင်းကင်နှင့်ချိတ်ဆက်သွား၏။ တိုက်နှစ်ခုကြားတွင် အတားအဆီးရှိနေသည့်ပုံပေါ်သည်။ တံခါးပွင့်သွား သောအခါ အလင်းဖန်သားပြင်တစ်ဖက်တွင် တခြားနေရာနှင့်အချိန်ကို အားလုံး မြင်နေရသည်။ မရေမတွက်နိုင်သောမှော်သားရဲများသည် ဒီရေသဖွယ် တွန်းတိုးလာကြသည်။ ၎င်းတို့သည် ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်ကာ မယှဉ်နိုင်သောရောင်ဝါဖြင့် အပြေးရောက်လာကြသည်။

“အဆင့် ၂ နီရဲမြေပင့်ကူ၊ အဆင့် ၃ မြေကြွက်၊ အဆင့် ၅ ကြောင်.. မိုးနတ်မင်းရေ အဆင့် ၇ ဝိညာဉ်မီးပျံကျီးကန်းတောင် ပါသေးတယ်.. ဘယ်လို လုပ်ကြမလဲ အဲဒီဝိညာဉ်မီးပျံကျီးကန်းတွေက အရမ်းရက်စက်ပြီးတော့ မိုးပေါ် လည်းပျံနိုင်ကြတယ်.. ဒီမှာ ကောင်းကင်အဆင့် ဝိညာဉ်သခင်လည်းမရှိဘူး”

မြေပေါ်တွင် သန္ဓေပြောင်းဘုရင်သုံးပါးဦးဆောင်သည့် မှော်သားရဲသုံးစု သည် ငွေအလင်းရောင်ကန့်လန့်ကာကို ဖြတ်၍ ချိုင့်ဝှမ်းဝင်ပေါက်ဆီသို့ ခုန်ကူး လာရန် အသင့်ဖြစ်နေသည်။ နောက်ဆုံးတစ်ခေါက် မှော်သားရဲစီးကြောင်းမှ ကျန်ရစ်ခဲ့သောအရိုးများကို မြေပြင်ပေါ်ရှိ မှော်သားရဲများက အမှုန့်ကြိတ်လိုက် ကြ၏။ ၎င်းတို့၏ခွာလေးခုကို ကန်လိက်သည်နှင့် အရိုးဖြူအမှုန့်များသည် လေထဲသို့လွင့်စင်ကာ မြူဆိုင်းသွားသကဲ့သို့ဖြစ်နေရာ စစ်မြေပြင်၏ လေထုကို ပိုထူဆန်းပြီး တင်းမာသွားစေသည်။

မိုးပေါ်တွင် အနက်ရောင်များ ရှုပ်ထွေးနေ၏။ ဝိညာဉ်မီးပျံကျီးကန်းများ ၏ ထူးဆန်းသောအော်သံသည် တိုက်ခိုက်မည့် စစ်သည်များအားလုံးကို လက်ထဲမှ လက်နက်များကို မသိမသာ ဆုပ်ကိုင်စေမိသည်။ သူတို့ရှေ့မတိုးမှီ အသံဖြင့် တွန်းအားပေးလိုက်သလိုပင်။ အားလုံး၏ အာရုံကြောများသည် တင်းမာလွန်းသဖြင့် ပေါက်ထွက်မတတ်ဖြစ်နေကြသည်။

***

All Chapters