← Chapters

ရှားပါးသောမွန်မြတ်သောသားရဲပျံ

Vol. 10 Ch. 182

ရှားပါးသောမွန်မြတ်သောသားရဲပျံ

Vol. 10 Ch. 182

“တက်ကြ” မုယန်း၏အသံသည် နေရာတစ်ခုလုံးကို ပျံ့သွား၏။ ချိုင့်ဝှမ်း တွင် အဖွဲ့လေးဖွဲ့ခွဲပြီး မှော်သားရဲများဆီသို့ ချည်းကပ်ကြသည်။

ရွှေရောင်နေရောင်အောက်တွင် လက်နက်များသည် အေးစက်စွာ တောက်ပနေကြသည်။ သူတို့သည် မြို့နှင့်အိုးအိမ်များကို ကာကွယ်ရမည်။ စစ်သည်များသည် သေရေးရှင်ရေးကို အလေးမထားနိုင်တော့ပေ။ သူတို့၏ မျက်လုံးထဲတွင် ရှေ့တိုးလာသော မှော်သားရဲများသာရှိကာ မိမိ၏အိုးအိမ်ကို ကာကွယ်လိုစိတ်သာရှိသည်။

“အ အာ..”

သူတို့၏ခေါင်းအထက်တွင် သန္ဓေပြောင်းဘုရင် ကျီးကန်းပျံများသည် ကျယ်လောင်စွာ အော်နေကြသည်။ ရာပေါင်းများစွာသော မှော်သားရဲပျံများ သည် မြေပေါ်ရှိ စစ်သည်များဆီသို့ ထိုးဆင်းလာကာ ရှေ့တွင်ရှိသော ကြေးစား အများအပြားကို သုတ်လေတော့သည်။

ပေထင်းဟွမ်သည် ကျောရိုးထဲမှ အေးစိမ့်မှုကိုခံစားလိုက်ရသည်။ မည်မျှ ပင် အားကောင်းသည့်သတ္တဝါဖြစ်စေကာမူ ရန်သူအုပ်စုလိုက်ကို တောင့်ခံနိုင် စွမ်းရှိမည်မဟုတ်ပေ။ ထိုဝိညာဉ်မီးပျံကျီးကန်းများသည် တစ်ကောင်ချင်းဆို လျှင် သန်မာချင်မှသန်မာလိမ့်မည်။ သို့သော် အုပ်စုလိုက်တိုက်ခိုက်လျှင် ပေထင်းဟွမ်ပင် ခံနိုင်မည်မဟုတ်ပေ။

“သောက်ကောင်တွေ” ချင်းယွိသည် ကျိန်ဆဲလေသည်။ ပထမအဆင့် ကြေးစားအဖွဲ့၏ သခင်လေးတစ်ယောက်အနေနှင့် သူ၏ တိုက်ခိုက်နိုင်စွမ်း သည် ပေထင်းဟွမ်အောက် မလျော့ပေ။ သူသည် တိုက်ပွဲအခြေအနေအရ ဖွဲ့စည်းပုံကို လျင်မြန်စွာ ချိန်ညှိပြီး ခေါင်းပေါ်မှ မှော်သားရဲပျံများကို အထူး တိုက်ခိုက်ရန် အဝေးပစ်အဖွဲ့ကို အလယ်သို့ သွားခိုင်းလိုက်၏။

“ကြည့် သန့်စင်တဲ့သားတော်သခင်ကြီးက အရမ်းလေးစားဖို့ကောင်းသလို သခင်ဟန်မုကလည်း အရမ်းကြည့်ကောင်းတာပဲ”

မူလက ထိုင်းမှိုင်းနေသောလေထုသည် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ စစ်မြေပြင်တစ်ဖက်တွင် သန့်စင်သောသားတော်ဂူဟောက်သည် ငွေရောင် စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူ့မျက်လုံး၊ မျက်ခုံးနှင့် ဆံပင်လျှင် ချပ်ဝတ်တန်ဆာနှင့် တစ်ရောင်တည်းဖြစ်နေသည်။ အဖြူရောင်လေလုံးကြီး သည် သူ့ကိုရစ်ပတ်ထားသည်။ သူ့လက်ထဲတွင် လက်ကိုင်၌ချိတ်ပါသည့် ၂ မီတာရှည်သည့် အထူးလက်နက်ကို ဆွဲကိုင်ထားသည်။ သူ လက်တစ်ချက် ဝှေ့လိုက်သည်နှင့် ဝိညာဉ်မီးကျီးကန်းများ ပြုတ်ကျကြသည်။

သူ၏ဝိညာဉ်သားရဲတိုက်ခိုက်ရေးဝတ်စုံကို ကြည့်ပြီး နတ်သားရဲ တိုက်ခိုက်ရေးဝတ်စုံသည် တခြားတိုက်ခိုက်ရေးဝတ်စုံများထက် ပိုထူးခြားသည် ဟု ပေထင်းဟွမ် ရုတ်တရက်ခံစားရသည်။ ဝိညာဉ်သားရဲတိုက်ခိုက်ရေးဝတ်စုံ နှင့် မွန်မြတ်သောသားရဲတိုက်ခိုက်ရေးဝတ်စုံများတွင် သီးခြားအရောင်ရှိပြီး နတ်သားရဲတိုက်ခိုက်ရေးဝတ်စုံမှာလည်း အရောင်မတူညီပေ။ အရောင်သည် နတ်သားရဲအပေါ်တွင်မူတည်ပြီး လူသားဝိညာဉ်သခင်၏ မျက်အိမ်နှင့် ဆံပင် အရောင်ပေါ်လိုက်ပြီး ပြောင်းလဲသည်။

မြေပေါ်တွင် သူ့နောက်မှလိုက်လာကြသော လှည့်လည်သွားလာသူအဖွဲ့ ငယ်သည် သူပစ်ချလိုက်သော မှော်သားရဲများ၏ အမြုတေကို ကောက်ကြ သည်။

ဟန်မုသည် သန့်စင်သောသားတော်ဂူဟောက်၏ မြင်းပျံပေါ်တွင်ရပ်နေ သည်။ မြင်းပျံသည် မူလကပင် မွန်မြတ်သောသားရဲပျံဖြစ်သည်။ ၎င်းသည် သူနျင့်အတူ ဝိညာဉ်မီးပျံကျီးကန်းအုပ်ဆီသို့ အရှိန်ဖြင့်ထိုးဝင်သည်။ ဟန်မုသည် အဆင့်မြင့်ကြယ် ဝိညာဉ်သခင်ကြီးဖြစ်သည်။ လက်ထဲမှ ဓားရှည်နှင့် အဆင့်မြင့်ကြယ်မှော်သားရဲများကို ဟင်းသီးဟင်းရွက်ခုတ်သလိုပင် အလွယ် တကူ ခုတ်လေသည်။

ဝိညာဉ်မီးကျီးကန်းပျံများသည် ဟန်မုနှင့် သန့်စင်သောသားတော်တို့၏ သိုင်းပညာ ခြိမ်းခြောက်မှုကိုခံရလေတော့သည်။ သူတို့အားလုံးသည် မိုးပေါ်၌ ရှိနေသော နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့ဆီသို့သာ သွားကြသည်။ သူတို့ခေါင်းပေါ်တွင် ရောင်ခြည်အလင်းထွက်ပေါ်လာသည်။ ချင်းယွိနှင့် ဟွမ်ယွမ်တို့သည် သူတို့ကို ပိတ်ထားသော်လည်း သူတို့မည်မျှပင် မြန်စေကာမူ မှော်သားရဲပျံ၏ ဖြတ်လတ်မှုနှင့်မယှဉ်နိုင်ပေ။ နှင်းဝံပုလွေနှင့် ရေနက်ကြေးစား အဖွဲ့သည် သူတို့ကို မခုခံနိုင်တော့ပေ။

“အစ်ကိုချင်း လျှပ်စီးကိုခေါ်သွားခိုင်းလိုက်” ပေထင်းဟွမ်သည် လျှပ်စီးကို ချင်းယွိနှင့် ဟွမ်ယွမ်တို့နှင့်ထားခဲ့ကာ သူမ အော်လိုက်သည် “မိုးကြိုးသွား ချပ်ဝတ်တန်ဆာတစ်ဝက်ပြောင်းမယ်”

အပြာရောင်ဒြပ်စင်စွမ်းအင်သည် မိုးကြိုးသွားကို ဖုံးလွှမ်းသွားပြီး ပေထင်းဟွမ်ဆီသို့ အနက်ရောင်အလင်းတန်း စီးဝင်လေသည်။ သူမသည် အနက်ရောင်စစ်သည်ချပ်ဝတ်တန်ဆာ ဝတ်ဆင်လိုက်၏။ သူမသည် နဂိုကပင် ပိန်ပြီးအရပ်ရှည်သည်။ သို့သော် ယခုအခါ သူမ၏ကျောပြင်တွင် ခမ်းနားသော ကြီးမားသည့် အတောင်ပံတစ်စုံရှိနေလေပြီ။ သူမ အတောင်ပံကို ခပ်ပေါ့ပေါ့ ခတ်လိုက်သည်နှင့် လေပေါ်သို့မြောက်တက်သွားကာ ခေါင်းပေါ်ရှိ ဝိညာဉ်မီးပျံ ကျီးကန်းဆီသို့ အရှိန်ဖြင့်ပျံသွားလိုက်သည်။

မွန်မြတ်သောသားရဲဖိအားသည် အလွန်အားကောင်းသည်။ သို့သော် သန္ဓေပြောင်းဘုရင်ဦးဆောင်သည့် မှော်သားရဲအုပ်ကြီးနှင့်တွေ့ချိန်တွင် ဖိအား ကို ပိတ်ဆို့နေရသဖြင့် မှော်သားရဲများကို ကျိုးနွံအောင်မလုပ်နိုင်တော့ပေ။ သူမ၏ ကြီးမားသောအတောင်ပံသည် ရုတ်တရက် ဝိညာဉ်မီးကျီးကန်းကို ရိုက် လိုက်ရာ ဝိညာဉ်မီးကျီးကန်းအများအပြားသည် မြေပေါ်သို့ကျလေသည်။

သူတို့ပေါ်တွင်ရှိနေသာ ဖိအားသည် ချက်ချင်းပင် လျော့ကျသွားသည်။ ပေထင်းဟွမ်၏ အားကောင်းသော တိုက်ခိုက်မှုသည် ကြေးစားများကို အသက် ရှူရန် အခွင့်အရေးပေးလိုက်ခြင်းပင်။ သူတို့လက်ထဲမှ လက်နက်များဖြင့် မြေပေါ်မှ မှော်သားရဲများကို အညှာတာမဲ့စွာ ခုတ်တော့သည်။ သူတို့ မိုးပေါ်သို့ မော့ကြည့်လိုက်သောအခါ ပေထင်းဟွမ်၏ ခမ်းနားသောပျံသန်းမှုကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။

***

All Chapters