ပုံမှန်မဟုတ်သော ထိန်းကျောင်းသည့်အရှိန်နှုန်း
Vol. 10 Ch. 183
မီတာပေါင်းများစွာရှည်သည့် အတောင်ပံကြီးများသည် နေရောင်အောက် တွင် အနက်ရောင်အလင်းတန်းများဖြင့် တောက်ပနေသည်။ ၎င်းတို့သည် အလွန်ပင် ခမ်းနားလွန်းသည်။ ကြီးမားသောအတောင်ပံများသည် အလွန်ပင် အားကောင်းသည့် ခွန်အားကိုပေးစွမ်းသည်။ အတောင်ပံခတ်လိုက်တိုင်းတွင် ဝိညာဉ်မီးကျီးကန်းများစွာ ပြုတ်ကျကြသည်။ ထိုအတောင်ပံနှစ်ခုအောက်၌ ရှိလျှင် လုံခြုံမှုကိုခံစားလိုက်ရသလိုပင်။
“မွန်မြတ်တဲ့သားရဲပျံလား မိုးနတ်မင်းရေ သခင်ကြီးပေယဲ့ရဲ့ မွန်မြတ်တဲ့ သားရဲထဲက တစ်ကောင်က တကယ်ကြီး မွန်မြတ်တဲ့သားရဲပျံပဲ”
“သေစမ်း သခင်ပေယဲ့က ဘယ်သူများလဲ မွန်မြတ်တဲ့သားရဲပျံတောင်ရှိ တယ်”
“အိုး.. သခင်ပေယဲ့က အရမ်းမိုက်တာပဲ သူ့ကိုချစ်လွန်းလို့သေတော့မယ်.. အခုကစပြီး သူကငါ့စံပြပုဂ္ဂိုလ်ပဲ.. သူ့ရဲ့သစ္စာရှိပရိသတ်ဖြစ်သွားပြီ”
“မြန်မြန် အဲဘက်ကိုပြေးတော့ သခင်ပေယဲ့က အဲဒီကိုသွားပြီ သူ့နောက် လိုက်ကြ”
မြေပေါ်တွင် ကာကွယ်မည့်သူမရှိသည့် လှည့်ပတ်သွားနေသူများသည် ပေထင်းဟွမ် ပျံသန်းမှုနောက်သို့ ထပ်ကြပ်မကွာလိုက်ကြသည်။ သူမ၏ အတောင်ပံများ၏ ကာကွယ်မှုအောက်တွင် သူတို့သည် မြေပေါ်မှ မှော်သားရဲ များကို သတ်ကြသည်။ သန့်စင်သောသားတော်၊ ဟန်မုတို့သည် ရှင်းထျန် ကြေးစားအဖွဲ့၏ သေရေးရှင်ရေးကိုသာ ဂရုစိုက်သည်။ ပေထင်းဟွမ်သည် အဘက်ဘက်မှ မှော်သားရဲပျံများနောက်သို့ လိုက်သည်။ သူမ၏ လှုပ်ရှားမှု သည် လူအများ၏ နှလုံးသားကို အနိုင်ရရန်လွယ်ကူလွန်းသည်။
“ပေယဲ့က ပေါ်လာတိုင်းကို အရမ်းမိုက်တာပဲ.. သိုသိုသိပ်သိပ်နေဖို့ အတော်ခက်တာပဲ” ဟွမ်ယွမ်သည် လျှပ်စီး၏ကျောပြင်ပေါ်တွင်ရပ်ပြီး ပေထင်းဟွမ်ကို ကြည့်နေသည်။ သူသည် အမှန်တကယ်ပင် သူမ၏ သရုပ်မှန် ကိုသိချင်သည်။ သူမတွင် ရှားပါးသောမှော်သားရဲအမျိုးအစားရှိသည်။ ၎င်းမှာ လည်း အဆင့်မြင့်ကြယ်မွန်မြတ်သောသားရဲဖြစ်သည်။ “အစ်ကိုချင်းယွိ.. သူက ဘယ်မိသားစုကလဲဆိုတာသိလား”
ချင်းယွိသည် ပေထင်းဟွမ်အား ကြည့်လိုက်သည်။ သူသည် ဝိညာဉ်မီးပျံ ကျီးကန်းများကို ဦးဆောင်သည့် သန္ဓေပြောင်းဘုရင်ကို လိုက်ရှာလျက်ရှိသည်။ သူသည် ခေါင်းယမ်းပြီးပြောလိုက်သည် “သူဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းဆိုတာကိုပဲ မှတ်ထားလိုက်ပါ”
“ဟုတ်တယ် သူက ငါတို့ရေနက်ကြေးစားအဖွဲ့ရဲ့ ဧည့်သည်အကြီးအကဲပဲ ဟားဟား ညီလေးချင်းယွိ သူ့ကိုသွားကူညီပြီး အဲဒီသန္ဓေပြောင်းဘုရင်ကို တား လိုက်ရအောင်” ဟွမ်ယွမ်သည် ဓားရှည်ကိုမြှောက်လိုက်သည်နှင့် လျှပ်စီးသည် သူတို့နှစ်ယောက်ကို သယ်ဆောင်ကာ ဝိညာဉ်မီးကျီးကန်းများနောက်လိုက် လေသည်။
ကြယ် ၁ ပွင့်ဝိညာဉ်သားရဲများ၏ ခွန်အားသည် အထင်သေး၍မရပေ။ သို့သော် ပေထင်းဟွမ်အတွက်တော့ ဘာမှမဟုတ်ပေ။ သန္ဓေပြောင်းမှော်သားရဲ သည် လွတ်မြောက်မည့်ဆဲဆဲတွင် လျှပ်စီးကြောင့် ပြန်လှည့်လာရသည်။ ၎င်း သည် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ဖြင့် အခုတ်ခံလိုက်ရတော့သည်။ ဓားပျော့သည် လုံးဝမလှုပ်တော့သည့် သန္ဓေပြောင်းဘုရင်အား ချိန်ရွယ်ထား သည်။ ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို လှုပ်ယမ်းလိုက်သည်နှင့် ဝိညာည်မီးကျီးကန်းများသည် မြေပေါ်ရှိ နှင်းဝံပုလွေကြေးစားအဖွဲ့ဆီသို့ ပြုတ်ကျကြသည်။
တိုင်နွန်သည် အမြန်ပြေးလာကာ လက်ထဲမှဓားရှည်ကို မြှောက်လိုက် သည်။ သူ ကျီးကန်းကိုသတ်တော့မည်အပြုတွင် ပေထင်းဟွမ်မှ တားလိုက်၏ “နေဦး အဲကောင်ကို ဒီမှာထားလိုက် ကျွန်တော့်အတွက် အသုံးဝင်သေးတယ်”
“ဘာအသုံးဝင်လို့လဲ.. အဲကောင် ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ” လျှပ်စီးသည် မြေပေါ်သို့ဆင်းသက်လိုက်သည်။ ချင်းယွိင်းလိုက်ကာ သူ့နောက် မှ လိုက်လာသော ပေထင်းဟွမ်ကိုမေးလိုက်၏ “မှော်သားရဲတွေက နလန်ထူတဲ့ နေရာမှာ အားကောင်းတယ်.. ပြီးတော့ ဒီကောင်က ဒဏ်ရာလည်းမပြင်းဘူး”
“ရပါတယ်” ပေထင်းဟွမ်သည် ဆောင့်ကြောင့်ထိုင်ကာ သူမ၏လက်ကို ဝိညာဉ်မီးပျံကျီးကန်း၏ခေါင်းပေါ်သို့ တင်လိုက်သည်။ သူမသည် ခေါင်းမော့ပြီး ချင်းယွိကို မေးလိုက်သည် “အစ်ကိုချင်း ကြည့်ပေးပါဦး.. အစ်ကို့အဖွဲ့ထဲမှာ ဒီဝိညာဉ်မီးပျံကျီးကန်း အတွက် သင့်တော်မယ့် ဝိညာဉ်သခင်ရှိမလားလို့”
“ဘာအဓိပ္ပာယ်လဲ” ချင်းယွိသည် မှင်တက်နေသည်။ သူသည် ပေထင်းဟွမ် ဆိုလိုသည်ကို ခန့်မှန်းမိသည်။ သို့သော် မယုံနိုင်သေးပေ။ သူ၏ နူးညံ့သောမျက်လုံးများ ပြူးကျယ်လာကာ စိတ်ထဲမှမေးခွန်းကို အလိုလိုမေးမိ သွားသည် “မင်းက...”
ပေထင်းဟွမ်သည် ပြုံးပြီး ပြန်မဖြေပေ။ သူမ မတ်တတ်ရပ်ကာ မြေပေါ်မှ ဝိညာဉ်မီးပျံကျီးကန်းကို ကန်လိုက်သည် “ရပြီ.. ဒီကောင်နဲ့ စာချုပ်တည်ထောင် ဖို့ တစ်ယောက်ယောက်ကို ရှာလို့ရပြီ”
ဘာ… ဘေးနားမှလူများသည် လုပ်လက်စများပင်ရပ်ကာ ငေးကြောင်နေ ကြသည်။ သူတို့၏စိတ်ထဲတွင် အဖြေရှိသည်.. သို့သော် မည်သူမှ မယုံရဲကြပေ။ သူတို့သည် မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်နေသည်။ ဘာ စာချုပ်လဲ။ သားရဲကို စာချုပ်တည်ထောင်ဖို့ဆို ထိန်းကျောင်းဖို့လိုသေးတယ်မလား။ ခုနက ဖြစ်ပျက်သွားတာက ဒီလူငယ်က ကြယ် ၁ ပွင့် ဝိညာဉ်သားရဲကို ခဏလေးနဲ့ ထိန်းကျောင်းပြီးသွားတာလား။
ဒီအမြန်နှုန်းက ပုံမှန်မဟုတ်ဘူးမလား။
***