သားရဲထိန်းသခင်
Vol. 10 Ch. 184
၎င်းမှာ ဝိညာဉ်သားရဲဖြစ်သည်။ ဒီထက်ပိုဆန်းကြယ်တာရှိသေးရဲ့လား။ တချို့လူများသည် မိုးပေါ်မော့ကြည့်ကြသည်။ မမှောင်သေးပေ။ သူတို့ အိပ်မက် မက်နေခြင်းမဟုတ်ပေ။ အဝေးမှ တိုက်ခိုက်သည့်အသံများကို ကြားနေရဆဲပင်။ သွေးနံ့သည် သူတို့၏နှာခေါင်းဆီသို့ လေနှင့်အတူပါလာသည်။ မြင်ကွင်းမှာ စစ်မှန်လွန်းသည်။ သူတို့တွေ ဒီလိုမယုံနိုင်စရာကောင်းတဲ့အသံကို ဘာလို့ ကြားနေရတာလဲ။
သခင်ပေယဲ့ ဒီရူးလောက်အောင် အားကောင်းတဲ့သခင်ပေယဲ့က သားရဲ ထိန်းသခင်လား။
အားလုံး၏မျက်လုံးများသည် ပေထင်းဟွမ်ဆီသို့ ကျရောက်လျက်ရှိ၏။ သူသည် လူများကို လန့်သေအောင် လုပ်လိုက်မိသည်ဟု ဤလူသတိထားမိဟန် မရှိပေ။ သူသည် မြေပေါ်တွင် ပြန့်ကျဲနေသော အသေကောင်များကို လိုက်ကန် နေ၏။ အသက်ရှင်နေသေးသည့် မှော်သားရဲများရှိလျှင် သူရွေးပြီး ထိန်းကျောင်း မည်။
ဤအရာသည် ထင်ယောင်ထင်မှားမဖြစ်နိုင်ပေ။
ချင်းယွိသည် အသက်ပြင်းပြင်းရှူကာ သူ့ကံကိုစမ်းကြည့်ချင်သည်။ သူသည် အဖွဲ့ထဲမှတစ်ယောက်ကို လက်ယက်ခေါ်လိုက်သည် “ဝမ်ခိုင်း လာစမ်း ကြည့်”
စစ်သည်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်သည် အဖွဲ့ထဲမှ ထွက် လာသည်။ ချင်းယွိ သူ့ကို ညွှန်ပြချိန်တွင် သူ့မျက်နှာမှာ စိတ်အားထက်သန်မှု အပြည့်ပင်။ အားလုံး၏ အားကျသည့်အကြည့်အောက်တွင် သူသည် ကြယ် ၁ ပွင့်ဝိညာဉ်သားရဲ သန္ဓေပြောင်းဝိညာဉ်မီးပျံကျီးကန်း၏ဘေးသို့ ချက်ချင်း သွားလိုက်သည်။ သူသည် ခန္ဓာကိုယ်မှ ဝိညာဉ်ချီကို လှည့်ပတ်အသက်သွင်း ကာ ဝိညာဉ်မီးပျံကျီးကန်းကို သူ၏ဝိညာဉ်ချီဖြင့် ရစ်ပတ်လိုက်သည်။ မကြာမီ တွင် ငွေရောင်အလင်းတန်းသည် မိုးပေါ်မှကျလာပြီး လူနှင့်သားရဲကို လွှမ်းခြုံ လိုက်သည်။
၎င်းသည် စာချုပ်ဖွဲ့စည်းမှုပုံစံဖြစ်သည်။ မည်သူမှ အမြင်မမှားကြပေ။ ဤ ဝိညာဉ်မီးပျံကျီးကန်းသည် ထိန်းကျောင်းပြီးသားပင်။ မဟုတ်လျှင် ဝမ်ခိုင်းသည် ၎င်းနှင့် စာချုပ်တည်ထောင်နိုင်မည်မဟုတ်ပေ။ ယခုလိုအခြေအနေမျိုးတွင် ဤထူးချွန်သည့်လူသည် မှော်သားရဲကိုပင် ထိန်းကျောင်းရဲသည်။ သူ စိတ် မတည်မငြိမ်ဖြစ်ပြီး ရူးသွားမှာကို မကြောက်ဘူးလားမသိဘူး။
“ဟားဟား ငါ့မှာ စာချုပ်သားရဲရှိသွားပြီ နောက်ဆုံးတော့ စာချုပ်သားရဲ ရသွားပြီ.. ကြည့်လိုက် ငါ့စာချုပ်သားရဲက ကြယ် ၁ ပွင့်ဝိညာဉ်သားရဲပဲ” အဆင့် ၂ ကြယ် ၃ ပွင့်ဝိညာဉ်သခင် ဝမ်ခိုင်းသည် ငွေရောင်အစီအရင်ပုံစံမှထွက်လာပြီး မိုးပေါ်သို့မျှော်ကာ ရယ်မောလေသည်။ ထိုအခိုက်အတန့်တွင် သူ၏ စိတ်ကို မည်သူမှ နားလည်နိုင်မည်မဟုတ်ပေ။
စာချုပ်သားရဲမရှိသည့် ဝိညာဉ်သခင်သည် စစ်မှန်သော ဝိညာဉ်သခင် မဟုတ်ပေ။ ဝိညာဉ်သခင်အတွက် စာချုပ်သားရဲတစ်ကောင်၏ အရေးပါမှုသည် လူတစ်ယောက်အတွက် ဘဝနောက်တစ်ခုရှိသလိုပင်။ တိုက်ပွဲများတွင် အဖော် ရှိရုံသာမကဘဲ အသက်နောက်တစ်ချောင်းအတွက် အာမခံချက်ဖြစ်သည်။
အရေးအကြီးဆုံးမှာ ဝိညာဉ်သခင်နှင့် စာချုပ်သားရဲတို့၏ ခွန်အား ပေါင်းစပ်လိုက်လျှင် ရိုးရှင်းသောပေါင်းစပ်မှုထက်ပင် သာလွန်သည်။
အားလုံး၏အကြည့်များသည် အားကျမှုမှ မနာလိုမှုအဖြစ်ပြောင်းကာ ရူးသွပ်နေသော ဝမ်ခိုင်းအား ငေးမောကြည့်နေကြသည်။ ၎င်းအကြည့်များသည် အရူးဆီမှ ပေထင်းဟွမ်ဆီသို့ ရောက်သွားသည်။ ကြေးစားများသည် အခြေခံ အားဖြင့် မြေပေါ်မှ မှော်သားရဲများကို သတ်ကြရသည်။ သားရဲထိန်းသခင်မရှိ လျှင် အသက်ရှင်နေသောမှော်သားရဲများသည် အားလုံးအတွက် ခြိမ်းခြောက်မှု ပင်ဖြစ်သည်။ သေချာပေါက်ပဲပေါ့.. မည်သူမှ မှော်သားရဲများကို အရှင်မထားကြ ပေ။
ပေထင်းဟွမ်သည် အသက်ရှင်နေသေးသည့် အဆင့် ၅ တောကြောင်ကို ကန်ကြည့်ပြီး သူမကို တစ္ဆေတစ်ကောင်သဖွယ်ကြည့်နေသည့် ချင်းယွိကို ပြော လိုက်သည် “အစ်ကိုချင်း ဒီတောကြောင်လည်း ရသေးတယ်”
ချင်းယွိသည် အများထင်ထားကြသလို စာချုပ်တည်ထောင်ရန် နောက် အဖွဲ့သားတစ်ယောက်ကို မခေါ်ဘဲ ပေထင်းဟွမ်အား သူတောင်မသိလိုက်ဘဲ မေးမိလေသည် “ပေယဲ့ မင်းကတကယ်ကြီး သားရဲထိန်းသခင်လား”
အသက် ၁၄ နှစ်အရွယ် ဝိညာဉ်သခင်ကြီး၊ ဒြပ်စင်စွမ်းအင်ရှိသည့် မြေကြီး အဆင့်ဝိညာဉ်သခင်၊ အဆင့်မြင့်မွန်မြတ်သောသားရဲနှစ်ကောင်ပိုင်ဆိုင်သည့် ပေယဲ့သည် သားရဲထိန်းသခင်ဖြစ်နေသည့်အချက်ကို သူ မယုံရဲပေ။ ဤကိစ္စ သည် သူ၏စိတ်ပိုင်းဆိုင်ရာ အားနည်းနေ၍လား သို့မဟုတ် အလွန်ဆန်းကြယ် နေ၍လားမသိပေ။
သားရဲထိန်းသခင်ဟုတ်လား။ ပေထင်းဟွမ်သည် သူမ၏နှာခေါင်းကို ထိ လိုက်သည်။ အဲဒါထက်တောင် ပိုတယ်ထင်တာပဲ။ သူမသည် လျှပ်စီးနှင့် မိုးကြိုးသွားကို ကိုယ်တိုင်ပင် ထိန်းကျောင်းပြီး စာချုပ်တည်ထောင်ခဲ့သည်။ သူမသည်နတ်သားရဲ သို့မဟုတ် အထွတ်အမြတ်သားရဲတစ်ကောင်မှ မထိန်းကျောင်းဖူးပေ။ အနည်းဆုံးတော့ သူမသည် သားရဲထိန်းသခင်ကြီး ဖြစ်သင့်သည်။
ကြည့်ရသည်မှာ အစ်ကိုချင်းသည် အနည်းငယ်မပျော်ရွှင်နေသလိုပင်။ ပေထင်းဟွမ်သည် နောက်ဆုံးတွင် အားလုံး၏ခံစားချက်ကို တွေးပေးရန် သတိရသွားသည်။ သူမ သားရဲများကို ထိန်းကျောင်းနိုင်သည့်အချက်ကို ကြိုမပြောထားသဖြင့် သူမကို အပြစ်တင်သည့်အတိုင်း များပြားလှသောလူများ မှ သူမကို မရင်းနှီးသောအကြည့်ဖြင့် ကြည့်နေသည်ကိုမြင်နေရသည်။ ပေထင်းဟွမ်သည် အလွန်ရှက်ရွံ့မိသည် “တောင်းပန်ပါတယ် ကျွန်တော့် အမှား ပါ.. ခင်ဗျားတို့ကို ကြိုမပြောလိုက်မိဘူး.. ဟင်း ဒီလိုဆိုရင်ရော.. ခင်ဗျားတို့ မှော်သားရဲကို အရှင်ဖမ်းမိရင် ကျွန်တော်ကူပြီးထိန်းကျောင်းပေးမယ်လေ ဘယ်လိုထင်လဲ”
***