ပင်မတိုက်ကြီးမှာ အမြဲတမ်းနေထွန်းလင်းနေမှာ
Vol. 10 Ch. 185
ပေထင်းဟွမ်၏အသံမှာ နားဝင်ချိုလှသည်။ သူမ ဘာမှမပြောခဲ့သော်ငြား ချင်းယွိသည် နားမလည်နိုင်သေးပေ။ သူသည် သူမကို ဒေါသတကြီးကြည့်ပြီး ထိုလူကို ဂရုစိုက်မနေချင်တော့ပေ။ သူမသည် နှလုံးသားကင်းမဲ့သည်ဟု သူ ထင်သည်။ မဟုတ်ရင် တခြားလူကို တိုက်ခိုက်တဲ့အချိန်ဆို ဘာလို့ သက်ညှာမှု နည်းနည်းမှမရှိရတာလဲ။
“ခေါင်းဆောင်ဟွမ်ယွမ် ပေယဲ့က ရေနက်ရဲ့ဧည့်သည်အကြီးအကဲပဲ ဒီ မှော်သားရဲကို ခင်ဗျားတို့အဖွဲ့ဝင်တွေနဲ့ပဲ စာချုပ်တည်ထောင်ခိုင်းလိုက်ပါ” ချင်ယွိသည် ကတိတည်သည့်လူငယ်ဖြစ်သည်။ ပင်မတိုက်ကြီးတွင် သူ့နာမည် ကို တည်ဆောက်ရန် ခွန်အားတင်သာမကဘဲ စရိုက်သဘောထားသည်လည်း အရေးကြီးသည်။ သူသည် ရိုးသားပြီး ဂုဏ်ရှိကာ ကတိတည်သည်။ ပေထင်းဟွမ်သည် အဆင့် ၅ မှော်သားရဲကို သတ်ရန် စိတ်ပင်မဝင်စားပေ။ သို့သော် ဓားသွားပေါ်တွင် နေ့နေ့ညည လျှောက်နေရသည့် ကြေးစားများ အတွက်တော့ ထိုအရာသည် ကံကောင်းမှုကြီးတစ်ခုဖြစ်သည်။
ကြေးစားအဖွဲ့၏သခင်လေးတစ်ယောက်အနေနှင့် ထိုအရာ၏အရေးပါပုံ ကို ချင်းယွိ မသိဘဲမနေပေ။ ပေယဲ့ပြောထားပြီးဖြစ်ရာ ဤမှော်သားရဲကို သူ့ အတွက် ယူရန် အကြောင်းအရင်းများစွာရှိသည်။ ပေထင်းဟွမ်သည် သူ့ကိုယ် သူအတွက် မစဉ်းစားလျှင်တောင် ချင်းယွိသည် စဉ်းစားပေးရမည်။
ပေထင်းဟွမ်သည် ချင်းယွိ၏ စေ့စပ်သေချာမှုကို နားလည်သည်။ သူ၏ အပြုအမူများသည် နွေးထွေးသောလေသဖွယ် သူမ၏နှလုံးသားကို မသိမသာ နွေးထွေစေသည်။ ပေထင်းဟွမ်သည် နှာခေါင်းထိပြီး ပြောလိုက်သည် “အာ.. အဲဒါလည်း ကောင်းတာပဲ.. မှော်သားရဲကို အရှင်ဖမ်းမိရင် ကျွန်တော် အေဘီအေဘီ အစီအစဉ်အတိုင်း ထိန်းကျောင်းပေးပါမယ်”
ချင်းယွိနှင့်တခြားသူများသည် အေဘီအေဘီအစီအစဉ်ဆိုသည်ကို နားမလည်သော်လည်း ပေထင်းဟွမ်၏ဆိုလိုရင်းကို သဘောပေါက်ကြသည်။ ကြေးစားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်များသည် ပျော်ရွှင်စွာဖြင့် ထခုန်ကြသည်။ ခေါင်းဆောင်နှင့်တိုင်နွန်တို့သည် လူအုပ်အလယ်တွင်ရပ်ကာ အနက်ရောင် ဝတ်ထားသောအေးစက်သည့် လူငယ်ကို ကြည့်နေသည်။ ဤအခိုက်အတန့် တွင် သူသည် ကောင်းကင်ပေါ်မှ နေလုံးနီနှင့်တူသည်ဟု ခံစားရသည်။ သူ၏ တင့်တယ်မှုကို မည်သူမှ မဖိနှိပ်နိုင်ပေ။ ထိုနေ့က သူနှင့် ဝိညာဉ်ခွဲတောင်ကြား တွင်တွေ့ခဲ့ရသည့်အတွက် သူတို့ ဝမ်းမြောက်မိကြသည်။ ထိုအချိန်မှစပြီး သူတို့ သည် သူ၏ဂရုစိုက်မှုများအောက်၌ ယခုချိန်ထိ ကံကောင်းနေခဲ့သည်။
ဟွမ်ယွမ်သည် သတိပြန်ဝင်လာသည်။ သူ့မျက်လုံးများတွင် ဖုံးကွယ်မရ သည့် ထိတ်လန့်မှုများရှိနေသည်။ သူ ရုတ်တရက် အကြံရလာသည်။ သူ ဘယ်လိုရတနာမျိုးကို ကောက်ရလိုက်တာလဲ။ အဲအရူး ဟန်မု.. မနေ့က သူ ပေထင်းဟွမ်အား ရေနက်၏ဧည့်သည်အကြီးအကဲအဖြစ် ခန့်အပ်လိုစဉ်က ဟန်မုသည် သူ့ကို လှောင်ပြောင်ခဲ့သည်။ သူ့ရှေ့မှ ၁၄ နှစ်အရွယ်လူငယ်သည် သားရဲထိန်းသခင်ဖြစ်နေသည်ကိုသာ သိလျှင် ဟန်မုသည် သေချင်သွားမလား ဆိုသည်ကိုပင် သူ သိချင်မိသည်။
ဟွမ်ယွမ်သည် အဖြစ်အပျက်များကို မသိသဖြင့် ငေးငိုင်နေမိသည်။ သူသည် သူ့အဖွဲ့ထဲမှ ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကို ညွှန်ပြသည် “မောင်ချုံ ဒီမှော်သားရဲနဲ့ စာချုပ်တည်ထောင်လိုက်”
၎င်းသည် ကြယ် ၅ ပွင့်အဆင့်မှော်သားရဲသာ ဖြစ်သော်လည်း မောင်ချုံ သည် မိုင်ပေါင်းတစ်သန်းကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေသည်။ သူသည် ပေထင်းဟွမ်ဆီသို့ အမြန်ပြေးသွားပြီးလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ၏ဘယ်ဘက်ရင်ဘက်ပေါ်သို့ တင်လေသည်။ သူသည် ခါးကိုင်းပြီး ပေထင်းဟွမ်အား ဦးညွှတ်လေသည် “ဂုဏ်သရေရှိသခင်ပေယဲ့ ကျွန်တော့် ညီအစ်ကိုတွေကိုယ်စား ကျွန်တော်စိတ်ရင်းနဲ့ ကျေးဇူးတင်တာကို ခွင့်ပြုပေးပါ ပင်မတိုက်ကြီးမှာ နေကအမြဲထွက်လာနေမှာပဲ.. ကျွန်တော်တို့ သခင်ကြီးကို လေးစားတာကတော့ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး”
“ပင်မတိုက်ကြီးမှာ နေကအမြဲထွက်နေမှာ.. ကျွန်တော်တို့ သခင်ကြီးကို လေးစားတာ ဘယ်တော့မှမပြောင်းလဲဘူး” နှင်းဝံပုလွေနှင့် ရေနက် ကြေးစားအဖွဲ့နှစ်ဖွဲ့သည် တညီတညွှတ်တည်း အော်ကြလေသည်။ သူတို့၏ အသံသည် လေးစားအမှုအပြည့်ဖြင့် ကြယ်လွင်ပြင်ကောင်းကင်အထက်တွင် ပဲ့တင်ညံသွားရာ တိုက်ခိုက်နေသူများကိုပင် လှည့်ကြည့်စေမိသည်။
မြင်ကွင်းမှာ အလွန်ခမ်းနားပြီး အသံမှာလည်း ကျယ်လောင်သဖြင့် မှော်သားရဲများပင် မှင်တက်မိကြသည်။ နောက်ဆုံးဝိညာဉ်မီးကျီးကန်းအဖွဲ့ငယ် ကို သတ်ပြီးနောက် ဟန်မုသည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိထား မိလိုက်သည်။ သူ မျှော်လင့်ထားသည့် မြင်ကွင်းသည် ဖြစ်မလာပေ “အဲကောင် တွေဘာလုပ်နေကြတာလဲ.. ထူးဆန်းလိုက်တာ အဲဒီမှော်သားရဲတွေက.. ရှီဟို့ အမှုန့်က သက်ရောက်မှုမရှိတော့တာလား”
***