← Chapters

တစ်ဖွဲ့လုံးတိုက်ခိုက်ရေးစွမ်းအားပျောက်ဆုံးခြင်း

Vol. 10 Ch. 186

တစ်ဖွဲ့လုံးတိုက်ခိုက်ရေးစွမ်းအားပျောက်ဆုံးခြင်း

Vol. 10 Ch. 186

“အာ..”

စိတ်မချမ်းမြေ့ဖွယ်ရာ အော်သံများသည် ဟန်မု၏ အာရုံကို ဖမ်းစားလေ ၏။ သူသည်ငုံ့ကြည့်ပြီး မှင်တက်မိသည်။ ကြယ် ၆ ပွင့် မြေကြွက်များသည် လူမရှိသည့်မြေဆီသို့သွားနေသည့်အလား ရှင်းထျန်ကြေးစားအဖွဲ့၏ ဖွဲ့စည်းမှု ထဲသို့ တိုးဝင်နေကြသည်။ သူတို့ဖြတ်သွားတိုင်းတွင် အဖြူရောင်အရိုးများသာ ကျန်ခဲ့ရာ အလွန်ရိုးရှင်းသော ကြေကွဲဖွယ်ရာဖြစ်လေသည်။

ရှင်းထျန်ကြေးစားအဖွဲ့သည် ထိုကြမ်းတမ်းပြီး ရက်စက်သည့် မြေကြွက် မှော်သားရဲအုပ်နှင့် ရင်ဆိုင်ရသောအခါ ပြန်မတိုက်ခိုက်တော့ပုံပင်။ သူတို့သည် မခုခံနိုင်တော့သလို သူတို့၏ကာကွယ်မှုမှာလည်း အားနည်းလာသလိုပင်။

ပုံမှန်မဟုတ်သော ကိစ္စတစ်ခုပင်။

ရှင်းထျန်ကြေးစားအဖွဲ့တစ်ခုလုံး နောက်ဆုတ်နေရသည်။ သူတို့၏ လှုပ်ရှားမှုအားလုံးသည် သာမန်လူနှင့်မခြားတော့ပေ။ ထိုလူများသည် ကျင့်ကြံ သူများမဟုတ်တော့ဘဲ မှော်သားရဲများ၏ အစာအဖြစ်လည်စင်းခံနေသကဲ့သို့ ဖြစ်နေသည်။

သူတို့၏အသက်များသည် မှော်သားရဲ၏အစာဖြစ်သွားချေပြီ။

မူလက အယောက်တစ်ထောင်ရှိ သန်မာသောအသင်းတစ်ဝက်ခန့် ဆုံးရှုံး လိုက်ရပြီဟု ဟန်မုခန့်မှန်းမိသည်။ သူတို့သည် ချိုင့်ဝှမ်းမှ ဆုတ်ခွာကြသည်။ နောက်တစ်ဖွဲ့သာ အချိန်မှီရောက်မလာလျှင် ရှင်းထျန်ကြေးစားအဖွဲ့သည် လုံးဝအရှင်း ပြုတ်သွားနိုင်သည်။

ဒုတိယတစ်ဖွဲ့တွင် လွတ်လွတ်လပ်လပ်လှည့်လည်သွားလာသူများနှင့် တစ်ဦးတည်းစွန့်စားသူများ ပါဝင်သည်။ ဟန်မုသည် သူတို့ကို ဘယ်သောအခါ ကမှ အရေးတယူမရှိခဲ့သော်လည်း ဤအခိုက်အတန့်တွင် ထိုလူများသည် ရှင်းထျန်ကြေးစားအဖွဲ့၏ ကယ်တင်ရှင်ဖြစ်ခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ.. ငါ့ကို ပွဲကြီးပွဲကောင်းပြမယ်လို့ ပြောထားတာ မဟုတ်ဘူးလား” ဂူဟောက်၏ အေးစက်သောအသံသည် သူ့နားထဲသို့ တိုးဝင် လာသည်။ သူသည် ရှင်းထျန်နှင့် အဖွဲ့ဖွဲ့ပြီးသားဖြစ်နေပြီ။ ရှင်းထျန်ရှုံးတော့ မည်ဖြစ်ရာ သူ ခံစားချက်မကောင်းတော့ပေ။ ထို့အပြင် ဤအခိုက်အတန့်တွင် နှင်းဝံပုလေနှင့် ရေနက်တို့သည် နှစ်သစ်ကူးနေသလို အောင်ပွဲခံနေကြသည်။ တဒင်္ဂအတွင်းမှာပင် သူတို့သည် ဤစစ်မြေပြင်ရှိ မရေမတွက်နိုင်သောလူများ ၏ စိတ်ကိုအောင်နိုင်သွားသည်။

တစ်ဖက်တွင် ရှင်းထျန်သည် အရှက်ကွဲနေသည်။

“မဟုတ်ဘူး.. တစ်ခုခုတော့ လွဲနေပြီ.. ဒီလိုမဖြစ်သင့်ဘူး.. ဒီလိုမဖြစ်ရဘူး” ဟန်မုသည် မူးနောက်သွားသည်။ သူသည် ခုန်ဆင်းပြီး သူ့အဖွဲ့ဆီသို့ ပြေးသွား လိုက်သည်။ သူသည် အဖွဲ့အလယ်သို့ကျသွားကာ အဖွဲ့ခေါင်းဆောင်ကို ဆုပ်ကိုင်လိုက်သည် “ပြောစမ်း ဘာတွေဖြစ်နေတာလဲ မင်းတို့တွေ ဘာဖြစ်နေ ကြတာလဲ”

ဟန်မု၏မျက်နှာသည် သွားဖြူဖြူနှင့် မြေကြွက်ထက်ပင် ပို၍ကြောက်ဖို့ ကောင်းနေသည်။ မြေကြွက်များ၏ ရက်စက်မှုကြောင့် ထိတ်လန့်နေပြီဖြစ် သော အဖွဲ့ခွဲခေါင်းဆောင်ကို ဟန်မုသည် စစ်ဆေးမေးမြန်းနေ၏။ သူ့စိတ်မှာ လွတ်သွားလေပြီ။ သူပါးစပ်မဟနိုင်ခင်မှာပင် မျက်လုံးမှိတ် ခေါင်းငိုက်စိုက်ကျ ပြီး မေ့သွားတော့သည်။

ဟန်မု ကျိန်ဆဲလေသည် “အမှိုက်” ပြီးနောက် သူ့ကိုပစ်ထားခဲ့သည်။ သူသည် ဝက်ပေါက်အရွယ်အစားရှိသည့် မြေကြွက်အုပ်အလယ်သို့ ဆင်းသက် လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံးအစအနမကျန်အောင် အသတ်ခံလိုက်ရလေသည်။

“အာ..” မချမ်းမြေ့ဖွယ်အသံထွက်ပေါ်လာသည်။ ရှင်းထျန်အဖွဲ့ဝင်များ သည် ထိုမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် ဟန်မုကို နတ်မိစ္ဆာတစ် ဦးသဖွယ်ကြည့်ကြလေသည်။ သူ သူတို့နောက်လိုက်လာသည်ကို မြင်သည်နှင့် ပြေးရန် ခန္ဓာကိုယ်ထဲမှ နှေးကွေးနေသည့်ဝိညာဉ်စွမ်းအားကို တတ်နိုင်သမျှ ထုတ်သုံးရတော့သည်။

ထိုအရာကိုမြင်သောအခါ ဟန်မုသည် ဒေါပွသွား၏။ သူ ပျံသွားပြီး တခြားအဖွဲ့ခေါင်းဆောင်ကို ဆွဲကိုင်လိုက်သည်။ သည်တစ်ကြိမ်တွင် သူ အသံကို ချိုပြောသည် “ပြောစမ်း ဘာတွေဖြစ်နေတာလဲ မင်းတို့ဘာတွေဖြစ်နေ ကြတာလဲ”

“ခေါင်းဆောင်” အဖွဲ့ခွဲခေါင်းဆောင်သည် ခက်ခက်ခဲခဲဖြင့် တံတွေးမျိုချ ကာ အနောက်မှမြေကြွက်အုပ်ကြီးကို ကြောက်လန့်တကြားကြည့်လေသည်။ ၎င်းတို့သည် ၁၀ မီတာပင်မဝေးတော့ပေ။ ၁၀ မီတာ… မြေကြွက်များအတွက် တော့ ထိုအကွာအဝေးသည် မျက်စိတစ်မှိတ်အတွင်းသွားနိုင်သည်။ သူ အမြန် ပင်ပြောလိုက်သည် “ကျွန်တော်တို့ ဝိညာဉ်စွမ်းအားတွေ အားနည်းနေပြီ.. တစ်ဖွဲ့လုံးက တိုက်ခိုက်ရေးစွမ်းအားပျောက်ကုန်တာ”

“အမှိုက် အမှိုက်တွေ.. မင်းတို့ ဝိညာဉ်စွမ်းအား အားနည်းသွားရင်တောင် သူတို့ကို မတိုက်ခိုက်နိုင်တာလည်းမဟုတ်ဘူး.. မင်းတို့အမှိုက်တွေက ပြေးဖို့ပဲ သိတယ်” ဟန်မုသည် စိတ်လွတ်နေပြီဖြစ်သည်။ ယခုအချိန်မှစပြီး ယခုတိုက်ပွဲကြောင့် ရှင်းထျန်ကြေးစားအဖွဲ့၏ စွမ်းဆောင်မှုသည် ဤတိုက်ကြီး ၏ ကြေးစားအဖွဲ့ကြားတွင် ခြေကုပ်ယူနိုင်တော့မည်မဟုတ်သည်မှာ ထင်ရှား နေသည်။

ဤအရာသည် သားဖြစ်သူ သေဆုံးသည့်ဖြစ်ရပ်ထက် သူ့ကို ပိုဒေါသ ထွက်စေသည်။

***

All Chapters