ပေယဲ့ ငတုံး
Vol. 10 Ch. 187
ဟန်မု၏ အော်ဟစ်သံသည် ကွင်းပြင်တစ်ခုလုံး မြည်ဟိန်းသွားသည်။ သူ၏ ဒေါသဖြင့်ဟိန်းဟောက်သံသည် ဝံပုလွေအူသံကဲ့သို့ဖြစ်နေရာ လျှပ်စီး၏ အူသံနှင့်ပင် ယှဉ်နိုင်လေသည်။ အားလုံးသည် ဖုံးဖိမရသော အထင်သေးသည့် အကြည့်များဖြင့် ကြည့်ကြလေသည်။ ရှင်းထျန်ကြေးစားအဖွဲ့ခေါင်းဆောင်က တုံးအလွန်းတာလား။ အဆင့် ၆ တွားသွားမြေကြွက်ကြီးများ၏ တစ်ဦးချင်း တိုက်ခိုက်ရေးစွမ်းရည်သည် ဒြပ်စင်ဝိညာဉ်သခင်နှင့် ယှဉ်နိုင်သည်ဟုမဆိုလို သလို ၎င်းတို့မှာ အုပ်လိုက်ကြီးဖြစ်သည်။ ရှင်းထျန်ကြေးစားအဖွဲ့သည် ခေါင်းဆောင်မရှိဘဲ ၎င်းတို့ကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
သေချာသည်မှာ ထိုအတွေးသည် တခြားအဖွဲ့ သို့မဟုတ် တစ်ဦးချင်း စွန်စားသူတို့၏ ထင်မြင်ချက်သာဖြစ်သည်။ ရှင်းထျန်အဖွဲ့ လုပ်ကြံခံရကာ တိုက်ခိုက်ရေးစွမ်းအား ပျောက်ဆုံးသွားသည်ကို သူတို့မသိကြပေ။
သိလျှင်လည်း တိုက်ကြီး၏ ထိပ်တန်းကြေးစားအဖွဲ့သုံးဖွဲ့မှ ခေါင်းဆောင် များကို ရှုံ့ချကြလိမ့်မည်။
ဟန်မုသည် အဖွဲ့ဝင်များကို အနည်းငယ် စစ်ဆေးမေးမြန်းပြီးနောက် နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့တို့မှာ မထင်မှတ်စွာပင် လုပ်ဆောင်ချက် များကောင်းနေသည်ကို မြင်လိုက်ရသည်။ ဟန်မုသာ ထိုအရာကို မခန့်မှန်းမိ လျှင် သူ အမှန်တကယ် အရူးဖြစ်သွားလိမ့်မည်။
“ပေယဲ့ သောက်ကောင်” သူသည် အံကြိတ်ကာ စိတ်ထဲမှကျိန်ဆဲလိုက် သည်။ ဟန်မုသည် နှင်းဝံပုလွေကြေးစားအဖွဲ့ရှိရာဘက်သို့ ကြည့်လိုက်သည်။ ဟန်မု၏ခေါ်သံကို အာရုံစိုက်မိသည့်အလား ပေထင်းဟွမ်သည်လှမ်းကြည့်လေ သည်။ မထင်မှတ်စွာပင် သူတို့အကြည့်များသည် လေပေါ်တွင် သွားဆုံပြီး မီးပွားများ ပေါက်ကွဲထွက်လေသည်။
သူသည် ဟန်မုအား လက်ခလယ်ထောင်ပြလိုက်သည်။ ပေထင်းဟွမ် ပျော်ရွှင်စွာပြုံးသည်ကို မြင်ရသည်မှာ ရှားပါးလှသည်။ ဟန်မု၏မျက်လုံးထဲတွင် ထိုအပြုံးသည် အလွန်တရာမှ အော့နှလုံးနာစရာပင်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူတို့သည် တိုက်ခိုက်နေရသည့်အချိန် မဟုတ်လျှင် သူမကို ပြေးထိုးလိုက်ပြီဖြစ်သည်။
မှော်သားရဲများသည် တစ်သုတ်ပြီးတစ်သုတ် အားကြီးလာသည်။ ရှင်းထျန်ကေးစားအဖွဲ့၏ ခုခံမှုမှာ အားနည်းလာသဖြင့် အဘက်ဘက်မှ မှော်သားရဲများသည် အပြေးဝင်လာကြသည်။ မှော်သားရဲများကြောင့် ပွင့်ထွက် တော့မည့်အပေါက်ကိုမြင်သောအခါ မြို့ဝန်မုဖုန်းသည် ထိုနေရာအတွက် တပ်ကူကို အားဖြည့်ပေးလေသည်။
တစ်ဖက်တွင် နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့တို့သည် စစ်မြေပြင် တွင် တခြားတိုက်ခိုက်ရေးသမားများထက် မှော်သားရဲများကို ဖမ်းရန် စိတ်အား ထက်သန်နေကြသည်။ ၎င်းတို့သည် တခြားသောတိုက်ခိုက်ရေးသမားများ၏ သေလုမြောပါးဖြစ်နေသည့် ဝိညာဉ်သားရဲများကိုလည်း ပစ်မှတ်ထားကြသည်။
တခြားတိုက်ခိုက်ရေးသမားများသည် နားမလည်နိုင်ဖြစ်သွားကြ၏။ ဒီလူ တွေက ရူးများနေသလာိး။ မှော်သားရဲတွေ အသက်ရှိနေပြီး သူတို့ကို ပြန်ကိုက် မှာကိုမကြောက်ဘူးလား။
ကြေးစားအဖွဲ့နှစ်ဖွဲ့၏ ကြေးစားများ၏ဝန်းရံခြင်းကိုခံပြီးနောက် ပေထင်းဟွမ်သည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ လက်များကို မလှုပ် ပေ။ မှော်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင်ရောက်လာကာ ချက်ချင်း ပြန်ခေါ်သွားခံရသည်။ အဖြစ်အပျက်မှာမြန်ဆန်လွန်းသဖြင့် သူတို့၏မျက်လုံး နှင့် တပ်အပ်သာမမြင်လျှင် ကမ္ဘာပေါ်တွင် ဤကဲ့သို့အားကောင်းသည့် သားရဲ ထိန်းရှိလိမ့်မည်ဟု မည်သူမှယုံကြမည်မဟုတ်ပေ။
ပေထင်းဟွမ်ကဲ့သို့ အားကောင်းသောမှော်သားရဲထိန်းရှိနေသဖြင့် အဖွဲ့ဝင်များသည် သူတို့ခွန်အားတက်ရန်အတွက် အားကောင်းသောမှော်သားရဲ အသီးသီးကို ရွေးချယ်ကြလေသည်။ သို့သော် သူတို့သည် ပေထင်းဟွမ်၏ အရှိန် ကိုလိုက်မမှီပေ။ ဝိညာဉ်သားရဲသန္ဓေပြောင်းဘုရင် သို့မဟုတ် သာမန်မှော်သားရဲ ဖြစ်စေကာမူ ပေထင်းဟွမ်သည် မှော်သားရဲ၏နဖူးပေါ်လက်တင်ပြီး ဝိညာဉ် စွမ်းအားဖြင့် မှော်သားရဲကို အလွယ်တကူပင် ထိန်းကျောင်းနိုင်လေသည်။ ထို့နောက် သူမ အော်လေသည် “နောက်တစ်ယောက်”
ကြေးစားအဖွဲ့နှစ်ဖွဲ့မှလူများသည် ထိုမြင်ကွင်းကို ထုံသွားပြီဖြစ်သည်။ သားရဲများဖမ်းခြင်း၊ ထိန်းကျောင်းခြင်း၊ စာချုပ်တည်ထောင်ခြင်းလုပ်ပြီးနောက် သူတို့၏အပေါင်းအဖော်များအတွက်ပါ သားရဲများကူဖမ်းပေးကြလေသည်။ သူတို့အတွက်တော့ သားရဲစီးကြောင်းတိုက်ပွဲသည် သူတို့၏အရင်းအမြစ်ကို အဆင့်မြင့်ရန် အခွင့်အရေးကြီးဖြစ်သည်။ ပေထင်းဟွမ်အား သူတို့ကြည့်စဉ် မျက်လုံးများထဲမှ လေးစားသမှုမှလွဲပြီး အခြေခံအကျဆုံးတွေးခေါ်မှုကိုပင် ဆုံးရှုံးသွားပြီဖြစ်သည်။ ဤ ၁၄ နှစ်အရွယ် ကောင်လေး၏ခွန်အားမှာ ပုံမှန် မဟုတ်သည်ကို မည်သူမှ မတွေးကြတော့ပေ။
တစ်ဖက်တွင် လွတ်လပ်စွာလှည့်လည်သွားလာသူများသည် ကြေးစား အဖွဲ့နှစ်ဖွဲ့မှလူများကို အားကျသလို မနာလိုသည့်အကြည့်များဖြင့်ကြည့်ကြ လေသည်။ သားရဲထိန်းသခင်နဲ့ ခင်မင်ရအောင် ဒီကောင်တွေက ဘာလို့များ အဲလောက်ကံကောင်းနေကြတာလဲ။
***