← Chapters

ကြည်လင်သောကောင်းကင်တွင် မိုးချုန်းခြင်း၊ သားရဲထိန်းသခင်ကြီး

Vol. 10 Ch. 188

ကြည်လင်သောကောင်းကင်တွင် မိုးချုန်းခြင်း၊ သားရဲထိန်းသခင်ကြီး

Vol. 10 Ch. 188

“သခင်ပေယဲ့” အခွင့်အရေးတစ်ခုရှာရန် သူ့အတွက် မလွယ်ကူလှပေ။ မျက်နှာပေါ်တွင် အနာရွတ်ကြီးနှင့် ခြေသလုံးအိမ်တိင်သည် တိုးဝင်လာကာ ပေထင်းဟွမ်အား တုနှိုင်းမရသည့် ကြည်ညိုသောအကြည့်ဖြင့် ကြည့်လေ၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလေသည် “သခင်ပေယဲ့ အချိန်ရှိရင်.. ကျွန်တော်ပြောတာက သခင်ကြီးမှာအချိန်ရှိရင် မှော်သားရဲနှစ်ကောက် လောက် ကူပြီးထိန်းကျောင်းပေးပါလား”

ပေထင်းဟွမ်သည် ပတ်ပတ်လည်အား ဝေ့ဝဲကြည့်လိုက်သည်။ အဖွဲ့ထဲမှ အားအနည်းဆုံးသူပင်လျှင် ကိုယ်ပိုင်စာချုပ်သားရဲရှိနေပြီဖြစ်သည်။ အရိုးသား ဆုံးပြောရလျှင် သူမသည် အဆင့် ၁ မှော်သားရဲများကို ထိန်းကျောင်းရာတွင် စိတ်မဝင်စားတော့ပေ။ ၁ နာရီ ၂ နာရီမျှ အလုပ်များပြီးနောက် သူမခန္ဓာကိုယ်မှ အဆီအနှစ်စွမ်းအင်သည် တိုးမလာတော့ပေ။

ကံကောင်းစွာပင် ထိုအခိုက်အတန့်တွင် မွန်မြတ်သောဝိညာဉ် အပျက်အစီးအထက် ကောင်းကင်ပေါ်တွင် အလင်းတန်းတစ်ခုတောက်ပလာ သည်။ ဒုတိယအကြိမ်ဖြစ်သဖြင့် ပိုသန်မာသောမှော်သားရဲများပေါ်လာသည်။

မွန်မြတ်သောတိညာဉ်အပျက်အစီးပြန်ပွင့်လာသည်နှင့် ပေထင်းဟွမ်၏ မျက်လုံးများသည် ပြင်းထန်သည့်တိုက်ခိုက်ရေးစိတ်ဓာတ် ဖြစ်ပေါ်လာပြန် သည်။ “ဟုတ်ပြီ ပြဿနာမရှိဘူး.. မှော်သားရဲအရှင်ကိုသာ ဖမ်းနိုင်တဲ့ အစွမ်းအစရှိရင် ဝိညာဉ်သားရဲဖြစ်ဖြစ် မွန်မြတ်တဲ့သားရဲဖြစ်ဖြစ် ခင်ဗျားတို့ အတွက် ထိန်းကျောင်းပေးဖို့ ကျွန်တော်တာဝန်ယူတယ်”

အဝေးမျ မှော်သားရဲအုပ်ကြီးသည် မြေကြီးလှုပ်ခါစေနိုင်သည့် အရှိန်ဖြင့် တဟုန်ထိုးပြေးလာနေသည်။ သည်တစ်ကြိမ်တွင် အဆင့်မြင့်မှော်သားရဲများ ဖြစ်ကာ ခေါင်းဆောင်မှာလည်း အားလုံးနီးပါးသန္ဓေပြောင်းမှော်သားရဲဘုရင် ဖြစ်သည်။ သူတို့၏ရောင်ဝါမှာ ဖြန့်ကျက်ထားပြီး မှော်သားရဲပထမအသုတ်နှင့် ယှဉ်လျှင် သူတို့၏ခွန်အားမှာ ပိုမြင့်သည်။

ကျယ်လောင်သောအသံသည် ကြောက်လန့်တကြားဖြစ်နေသော လူအုပ် ကို သတိဝင်လာအောင်မလုပ်နိုင်ပေ။ ထိုအခိုက်အတန့်တွင် အားလုံးသည် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်မိကြသည်။ ဟုတ်တယ်.. သူတို့ ထင်ယောင်ထင်မှားဖြစ်နေတာပဲနေမှာ။ မဟုတ်ရင် သခင်ပေယဲ့က သူတို့ကို နောက်ပြောင်နေဦးမှာ။

သခင်ပေယဲ့က ဘယ်လိုလုပ် မွန်မြတ်တဲ့သားရဲကို ထိန်းကျောင်းနိုင်မှာ လဲ။ သားရဲထိန်းသခင်ကြီးတွေပဲ သူတော်စင်သားရဲတွေကို ထိန်းကျောင်းနိုင် တာ။ သခင်ပေယဲ့က အခုမှ ၁၄ နှစ်ပဲရှိသေးတာ။ သူ့အရည်အချင်းက ဘယ်လောက်ပဲ ကောင်းကင်ကို ခုခံနေပါစေ သားရဲထိန်းသခင်ကြီးတော့ မဖြစ်နိုင်သေးဘူး။

သို့သော် လက်တွေ့မှာ အလွန်ရက်စက်သည်။

ထို့အပြင် ဟွမ်ယွမ်သည် အသက်ကြီးနေပြီဖြစ်ရာ တိုက်ခိုက်မှုများကို ပိုခံနိုင်ရည်ရှိပုံပေါ်လသည်။ သူသည် ခေတ္တမျှမှင်တက်ပြီးနောက် ပထမဆုံး သတိပြန်ဝင်လာသည်။ သူသည် ကြောက်ရွံ့စွာဖြင့် မေးလေသည် “ပေယဲ့ မင်းက သားရဲထိန်းသခင်ကြီးလား”

ချင်းယွိ၏ အကြည့်မှာ အလွန်ကြောက်နေသည်။ သူသည် သူမကို စားမတတ်ဝါးမတတ်ကြည့်နေသည်။ ပေထင်းဟွမ်သည် တိတ်တိတ်လေး ချင်းယွိဆီသို့ ကပ်သွားကာ သတိရှိရှိဖြင့် ပြုံးပြလိုက်သည် “အာ.. အဲဒါမပြောမိ ဘူးလား”

ဒီလိုမျိုး တခြားသူတွေကို အနိုင်ကျင့်တဲ့သူရှိသေးရဲ့လား။

ဟွမ်ယွမ်သည် မျက်ရည်များတွဲလွဲကျလာသည်။ လူတွေကို တစ်ခါပြီး တစ်ခါလန့်အောင်လုပ်တာ တစ်ကဏ္ဍလေ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဘယ်လိုဖြစ် ပြီး တခြားလူကိုဒီအတိုင်းသတ်နိုင်ရတာလဲ။ သားရဲထိန်းသခင်ကြီးလား။ သားရဲထိန်းသခင်ကြီးဆိုတဲ့ အဓိပ္ပာယ်ကို ဒီကောင်လေးပေယဲ့က နားရောလည် ရဲ့လား။ နန်ကုန်းမိသားစုသည် သားရဲထိန်းသခင်ကြီးရှိခြင်းကြောင့် နှစ်ပေါင်း တစ်ရာမျှ တခြားသော ဝိညာဉ်သခင်မိသားစုသုံးစုကို ဖိနှိပ်နိုင်ခဲ့သည်။

သားရဲထိန်းအဖွဲ့အစည်းရဲ့ ဥက္ကဌတောင်မှ သားရဲထိန်းသခင်ကြီးအဆင့်ပဲ ရှိသေးတာကို သူ သိရဲ့လား။

ပေယဲ့က အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူ့ကိုယ်သူ သားရဲထိန်း သခင်ကြီးလို့ ဘယ်လိုများခေါ်ရဲတာလဲ။

သို့သော် ဟွမ်ယွမ် မည်မျှပင် သံသယဝင်စေကာမူ ထိုစွန့်စားသူများသည် သူမဆီမှ အကျိုးအမြတ်များရပြီးဖြစ်ကာ သူမ၏ပြိုင်ဘက်ကင်းသော ပြောဆို ပြုမူပုံတို့ကြောင့် သူမ၏စကားကို သံသယမရှိ ယုံကြည်ကြသည်။ သူမသည် ကောင်းမွန်သည်၊ ပြိုင်ဘက်ကင်းသည်၊ သားရဲထိန်းသခင်ကြီးဖြစ်သည်ဟု အားလုံးရှေ့တွင် ပြောလျှင်တောင် သူမကို နတ်ဘုရားသဖွယ် ကိုးကွယ်နေ သည့် ကြေးစားများသည် သူမကို တွေဝေခြင်းမရှိ ယုံကြည်ရန်ရွေးချယ်ကြမည် ဖြစ်သည်။

ချင်းယွိသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ပေထင်းဟွမ်သည် သားရဲထိန်းသခင် သို့မဟုတ် သားရဲထိန်းသခင်ကြီးအစစ်အမှန်ဖြစ်ပါစေ သူ ပျော်မိသည်။ သူသည် တစ်ခါတစ်ခါ သူမကိုကြောက်ရုံသာဖြစ်သည်။ ထိုခံစား ချက်သည် အလွန်ပင်… လန်းဆန်းစေသည်။

ထိုခံစားချက်ကို မခံစားဖူးလျှင် သိမည်မဟုတ်ပေ။

***

All Chapters