ရူးလောက်တယ်၊ လန့်လောက်စရာလုယက်ခြင်း
Vol. 10 Ch. 189
သူသည် ရှည်လျားသောလက်မောင်းကို ဆန့်ထုတ်ကာ ပေထင်းဟွမ်အား သူ့ရင်ခွင်ထဲထည့်လိုက်၏။ ချင်းယွိသည် တခြားအရာများကိုမပြောဘဲ သူမကို သတိပေးရုံသာပေးသည် “ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကြီးကြိုးစားဖို့မလိုဘူး မဟုတ်ရင် ငါ တကယ်ဒေါသထွက်တော့မှာ”
သူ၏ နူးညံ့သောအသံသည် နွေးထွေးမှုများဖြင့် ပြည့်နေသည်။ ပေထင်းဟွမ်၏နှလုံးသားသည် ပူပြင်းပြီး လှုပ်ခါမတတ်ပင်။ သူမ၏ သန်မာ သော တိုက်ရေးခိုက်ရေးစိတ်ဓာတ်သည် တက်ကြွလာသည်။ သူမသည် သူမ ရှေ့မှ အဆင့်မြင့်ကြယ်မှော်သားရဲအုပ်ကြီးကို ညွှန်ပြကာ သည်းထန်သော စိတ်ဓာတ်ဖြင့်ပြောလေသည် “အစ်ကိုချင်း ဒီမှော်သားရဲစီးကြောင်းက သေနတ် နဲ့အမြောက်လဲရဖို့ အခွင့်အရေးကောင်းပဲ.. အဲဒီအားကောင်းတဲ့မှော်သားရဲတွေ ကို ဖမ်းဖို့အကောင်းဆုံးကြိုးစားလို့သာ ညီအစ်ကိုတွေကိုပြောလိုက်ပါ.. ဘယ်လောက်ပဲများပါစေ ကျွန်တော်ကူညီပြီး ထိန်းကျောင်းပေးမယ်”
ဘယ်လောက်ပဲများပါစေ… ထိုစကားကိုကြားပြီးနောက် ဟွမ်ယွမ် ယိုင် သွား၏။ သူ့မှာလည်း သနားဖို့ကောင်းလိုက်တာ… အဆင့်မြင့်ဓားသခင်ကြီးက ဒီလိုအကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ လဲကျလုနီးပါးပဲ။ ကံကောင်းစွာပင် သူသည် အရည်အချင်းရှိသဖြင့် အောက်ပိုင်းမှာ တည်ငြိမ်နိုင်တုန်းပင်။ မဟုတ် လျှင် သူ အမှန်တကယ်လဲကျသွားပါက ရှင်းထျန်ကြေးစားအဖွဲ့ ဤတိုက်ပွဲတွင် အရှက်ကွဲသည်ထက် ပိုဆိုးသွားမည်။
“အစ်ကိုကြီးဟွမ် ဘယ်လိုပဲဖြစ်ဖြစ် မှော်သားရဲတွေကို အရှင်ဖမ်းဖို့ ညီအစ်ကိုတွေကို ကျေးဇူးပြုပြီးပြောပေးပါ” ပေထင်းဟွမ်သည် ညွှန်ကြားလိုက် ၏။
ကြီးမားသောတိုက်ပွဲတွင် သားရဲအရှင်ဖမ်းရခြင်းသည် သတ်ဖြတ်ရသည် ထက်ပိုခက်သည်။
သို့သော် ဤအရာသည် ရှားပါးသောအခွင့်အရေးဖြစ်သည်။ သူမ၏ စကားများသည် ဖောက်ပြန်ပျက်စီးနေသည်ဟု မထင်ပေ။ ကြေးစားအဖွဲ့နှစ်ဖွဲ့ ၏ ညီအစ်ကိုများနှင့် သူမဘေးမှ စွန့်စားသူများသည် ပေထင်းဟွမ်အား နတ်ဘုရားအဖြစ် သတ်မှတ်ပြီးဖြစ်သည်။ သူမသာ စီရင်ချက်ဗိမာန်သည် လိမ်လည်သည်ဟုပြောပါက ထိုလူများသည် သူမကိုယုံကြည်မည်ဖြစ်သည်။
ထို့ကြောင့် စစ်မြေပြင်တွင် သေခါနီးဆဲဆဲဖြစ်နေသည့် အစွမ်းထက်သော မှော်သားရဲများကို အထူးပြုပြီး လုယက်သည့် “ဓားပြ” များပေါ်ပေါက်လာတော့ သည်။ တစ်ဖက်လူမှာ မည်သူပင်ဖြစ်စေကာမူ ရှင်းထျန်ကြေးစားအဖွဲ့၊ မြို့ ကာကွယ်ရေးတပ်ဖွဲ့ သို့မဟုတ် တခြားသောစွန့်စားသူများဖြစ်ပါစေ ထိုလူများ အားကောင်းသောသန္ဓေပြောင်း မှော်သားရဲများနှင့် တိုက်ခိုက်နေသည်ကိုမြင် သည်နှင့် သူတို့သည် ရှေ့သို့အမြန်ပြေးကာ လုယက်တိုက်ခိုက်တော့သည်။
“ဘာတွေဖြစ်နေကြတာလဲ.. ဒီလူတွေက ရူးများနေကြသလား.. မှော်သားရဲတွေ ဒီလောက်များတာ.. ဘာလို့အားကောင်းတဲ့ကောင်တွေကိုပဲ လာလုနေကြတာလဲ.. သန်မာလေလေ အန္တရာယ်များလေလေဆိုတာမသိဘူး လား”
“ကြည့်လိုက် အဲဒါက ခုနကသူတို့တွေ ငါတို့ဆီက လုသွားတဲ့ ဖွတ်မလား”
ဘာတွေဖြစ်နေတာလဲ။ အဲဒါက အခုကျဘာလို့ စာချုပ်သားရဲဖြစ်သွား တာလဲ။
ဟန်မုနှင့် ဂူဟောက်လည်း ထိုမြင်ကွင်းကို သတိထားမိသားဖြစ်သည်။ လူသားများလက်ထဲတွင် အသက်ရှူရပ်ပြီးသေလုနီးပါးဖြစ်ခဲ့သည့် မှော်သားရဲ သန္ဓေပြောင်းဘုရင်များသည် စက္ကန့်ပိုင်းအတွင်းတွင် လူသားများ၏ စာချုပ် သားရဲများဖြစ်သွားကြသည်။ အများစုမှာ ထိုကြေးစားအဖွဲ့နှစ်ဖွဲ့မှဖြစ်ကြ၏။
နှစ်နာရီအတွင်းတွင် နှင်းဝံပုလွေနှင့် ရေနက်ကြေးစားအဖွဲ့၏ အလုံးစုံ ခွန်အားသည် ရှင်းထျန်ကြေးစားအဖွဲ့ မကျဆင်းခင်က ခွန်အားထက် များစွာ မြင့်တက်ခဲ့သည်။
“အဲကောင် ပေယဲ့လား” ဟန်မုသည် မျက်လုံးများကို ပွတ်ကာ လူအုပ်ဝိုင်း နေသည့် ပေထင်းဟွမ်အား မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။ စစ်သည် ဝတ်စုံအနက်ဝတ်ဆင်ထားသည့် လူငယ်သည် အနက်ရောင်ဆံနွယ်ရှည်ကို လှုပ်ယမ်းကာ မှော်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ထိန်းကျောင်းပေးနေ သည်။ ထို့နောက် ထိုသားရဲများကို ကြေးစားအဖွဲ့နှစ်ဖွဲ့မှ စစ်သည်များ စာချုပ် ချုပ်ကြသည်။
သူဘာမြင်လိုက်တာလဲ။ မှော်သားရဲတွေကို ထိန်းကျောင်းရတာ ဘယ်တုန်းက ရေသောက်သလိုလွယ်သွားတာလဲ။ သူသည် မယုံကြည်နိုင် သဖြင့် သူ့ဘာသာရေရွတ်မိသည် “သားရဲထိန်းသခင်ကြီး”
သူသာ သားရဲထိန်းသခင်ကြီးမဟုတ်လျှင် မှော်သားရဲများကို မည်သို့ လျင်မြန်စွာ ထိန်းကျောင်းနိုင်မည်နည်း။ သူသာ သားရဲထိန်းသခင်ကြီး မဟုတ်လျှင် ဝိညာဉ်သားရဲများနှင့် အဆင့်မြင့်မှော်သားရဲများကို မည်သို့ လွယ်လင့်တကူ ထိန်းကျောင်းနိုင်မည်နည်း။
“သေစမ်း သန္ဓေပြောင်းသိမ်းငှက် ထပ်အလုခံလိုက်ရပြန်ပြီ”
ချီးမွမ်းမှုများကို ကြားပြီး ဟန်မု၏စိတ်သည် နောင်တများဖြင့် ပြည့်နှက် သွားသည်။ သူသည် သေသွားသောသားဖြစ်သူကိုပင် အပြစ်တင်လိုက်သေး၏။ အဲဒီမျက်ကန်းသောက်ရူးက အကြောင်းမရှိဘဲ ၁၄ နှစ်အရွယ် သားရဲထိန်း သခင်ကြီးကို ဘာလို့သွားရန်စရတာလဲ။
***