Chapters

သူသေကိုသေရမယ်

Vol. 10 Ch. 190

သူသေကိုသေရမယ်

Vol. 10 Ch. 190

ဟန်မု၏ စိတ်ပျက်လက်ပျက်ဖြစ်နေသော အကြည့်ကိုမြင်သောအခါ ဂူဟောက်သည် ဟန်မုဘေးသို့ တိတ်တိတ်လေးသွားလိုက်သည်။ နေရောင်ကဲ့သို့ တောက်ပပုံရသော သူ့အသံသည် ကြားလိုက်ရချိန်တွင် အေးစက်နေသည် “သူက သားရဲထိန်းသခင်ကြီးပဲ”

ထိုစကားသည် မေးခွန်းထုတ်ခြင်းမဟုတ်ဘဲ ကြေငြာချက်တစ်ခုသာဖြစ် သည်။

ဟန်မုသည် ထိုင်းမှိုင်းနေသည်။ သူနှင့်ပေထင်းဟွမ်အကြားမှ နက်ရှိုင်း သော ရန်ငြိုးကြောင့်သာမဟုတ်လျှင် စွန့်စားသူများအတွက် အခမဲ့ မှော်သားရဲ ထိန်းကျောင်းပေးသည့် ပေထင်းဟွမ်၏သဘောထားကြီးမှုနှင့်သာဆိုပါက သူမအား အကျိုးအမြတ်တချို့ပေးလိုက်သည်နှင့် ပေထင်းဟွမ်သည် ရှင်းထျန် ကြေးစားအဖွဲ့အတွက် မှော်သားရဲတချို့ကို ထိန်းကျောင်းပေးလိမ့်မည်။

သူသည် နှင်းဝံပုလွေနှင့် ရေနက်အဖွဲ့တို့နှင့် မယှဉ်နိုင်လျှင်တောင် သူ၏ ကြေးစားအဖွဲ့၏ ခွန်အားကို တိုးတက်အောင်လုပ်ရန် လုံလောက်နေပြီဖြစ်၏။

သို့သော် ယခုအခါ ဤကြီးမားသောမျှော်လင့်ချက်ကို သူ့စိတ်ထဲ၌သာ တွေးရတော့သည်။

ဟန်မုသည် ပေထင်းဟွမ်ကို နားမလည်နိုင်သေးပေ။ သူမသည် ကြင်နာ တတ်သောလူမဟုတ်သလို လူကောင်းလည်းမဟုတ်ပေ။ သူမသည် အကြောင်း အရင်းမရှိဘဲ မည်သည့်အရာကိုမှ လုပ်မည့်သူမဟုတ်ပေ။ သေချာသည်မှာ သူမ သည် လှည့်လည်သွားလာသူများကို အကြောင်းအရင်းရှိ၍သာ အခမဲ့လုပ်ပေး ရန် သဘောတူလိုက်ခြင်းဖြစ်မည်။

“ညီလေးပေယဲ့က သားရဲထိန်းသခင်ကြီးဖြစ်နေလိမ့်မယ်လို့ ထင်မထား ဘူး” မုဖုန်း၏အသံသည် ပျော်ရွှင်မှုအပြည့်ဖြင့် အနောက်မှထွက်လာသည်။ မုဖုန်းသည် ပေထင်းဟွမ်အား ချီးမွမ်းနေသည်မှာ သိသာလွန်းသည်။

၁၄ နှစ်အရွယ် ကြယ် ၅ ပွင့်ဝိညာဉ်သခင်ကြီး၊ ဒြပ်စင်စွမ်းအင် ကျင့်ကြံနိုင် သည့် မြေကြီးအဆင့်ဝိညာဉ်သခင်၊ မွန်မြတ်သောသားရဲနှစ်ကောင်ပိုင်ဆိုင် သည့် ဝိညာဉ်သခင်၊ သားရဲထိန်းသခင်ကြီးအစရှိသည့် ကျယ်ပြန့်သော ကွန်ရက် အဆက်အသွယ်ရှိသည့် လူငယ်ဖြစ်သည်။ ထိုအချက်များအားလုံးကို ဂူဟောက် တွေးမိချိန်တွင် မုန်းတီးစွာဖြင့် အံကြိတ်မိသည်။

သူသည် ဤမျှမောက်မာမနေသင့်ပေ။

နှစ်ပေါင်းများစွာအတွင်းတွင် သူသည်ယန်ယဲ့ထက် အသက်ကြီး သော်လည်း ယန်ယဲ့၏ဖိနှိပ်ခြင်းကိုခံရသည်။ ဤတိုက်ကြီးတွင် ပြိုင်ဘက်ကင်း သည့် ပါရမီရှင်ရှိနေသရွေ့ သူသည် သန့်စင်သောသားတော်ဖြစ်ထိုက်မရှိပေ။ သူသည် သူ့ကို ပေထင်းဟွမ် ဤကဲ့သို့ဖိနှိပ်မည်ကို ခွင့်ပြုမည်မဟုတ်ပေ။

ထို့အပြင် သူသည် သားရဲထိန်းသခင်ကြီးကို ပြစ်မှားပြီး သတ်ရန်စီစဉ်ခဲ့ပုံ ကို စီရင်ချက်ဗိမာန်မှ အကြီးအကဲများသိလျှင် သူ၏ သန့်စင်သောသားတော် ရာထူးမှာ အန္တရာယ်များနိုင်သည်။

ထို့အပြင် သူ သေသွားလျှင်တောင် စီရင်ချက်ဗိမာန်သည် သူ့နေရာတွင် ပေထင်းဟွမ်အားအစားထိုးနိုင်ပြီး သူကတော့ ဘယ်သောအခါမှ သားရဲထိန်း သခင်ကြီးဖြစ်လာနိုင်မည်မဟုတ်ပေ။

“မင်းရဲ့သားက သူ့လက်ထဲမှာ သေသွားတာကို မမေ့လိုက်နဲ့.. ပြီးတော့ မင်းရဲ့ကြေးစားအဖွဲ့ပျက်စီးရတာ သူနဲ့တစ်ခုခုပတ်သက်နေမှာပဲ.. အဲကောင်က နတ်ဘုရားတွေရဲ့ သစ္စာဖောက်ပဲ.. သူက ရက်စက်တယ် သူ့ကိုလွှတ်ပေးသင့် တယ်လို့ထင်လား”

ဂူဟောက်၏အသံသည် ဟန်မုဆီသို့ ငရဲမှလာသည့် သေဆုံးခြင်းရောင်ဝါ ကဲ့သို့ပင်။ ဟန်မုသည် အသိစိတ်ပြန်ဝင်လာသည်။ သူ့အတွေးကို ဂူဟောက် သိသွားမည်ကို သူ ကြောက်မိသည်။ သူသည် ခိုင်မာစွာပင် ခေါင်းညိတ်လိုက် သည် “လူကြီးမင်းပြောတာမှန်တယ် အဲကောင်က သေကိုသေရမယ်”

ပေထင်းဟွမ်သည် မြေပေါ်သို့ကျပြီး သူ့ခြေရင်း၌ သေသွားသည့် မြင်ကွင်းကိုမြင်နေရသကဲ့သို့ သူ အခိုင်အမာပင် ခေါင်းညိတ်လေသည်။ ပေထင်းဟွမ်အား ကြည့်သည့် သူ၏ ရွှေရောင်မျက်လုံးများသည် မြွေတစ်ကောင်၏လျှာကဲ့သို့ ရက်စက်သည်။ သူသည် သူမ မချိမဆန့်ခံစားရပြီး သေသွားသည်ကို လိုချင်သည်။

သူသည် ပေထင်းဟွမ်၏အသက်ကို ယူရန် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ ပေထင်းဟွမ်၏ မွန်မြတ်သောသားရဲများကို ယူရန်လည်း ဆုံးဖြတ်ပြီးသားဖြစ် ၏။

၁၄ နှစ်အရွယ်လူငယ်သည် အတွေ့အကြုံလိုသေးသည်။ သတ္တိရှိခြင်း၊ မောက်မာခြင်းနှင့် ဒေါသကြီးကြီးတို့သည် ပေထင်းဟွမ်၏ ကျဆုံးမှုကို ဖြစ်စေ လိမ့်မည်။ စီရင်ချက်ဗိမာန်၏ ဂုဏ်သရေနှင့် ကရုဏာကြောင့် ပေထင်းဟွမ် မသေဆုံးမီ မွန်မြတ်သောသားရဲအလောင်းအစားသည် သူလုပ်ခြင်းဖြစ်ကြောင်း ကို ဂူဟောက် ပြောရန်ဆုံးဖြတ်ထားသည်။

နဖူးမှ ချွေးများကိုသုတ်ပြီး ပေထင်းဟွမ်သည် နောက်ဆုံးဝိညာဉ်သားရဲ ကို ထိန်းကျောင်းပြီးတော့မည့်အချိန်တွင် ချင်းယွိသည် သူမ၏လက်ကို ဆုပ်ကိုင်ပြီး နူးညံ့စွာဖြင့်ပြောလေသည် “နားလိုက်ဦး မင်းကိုယ်မင်း အရမ်းကြီး လုပ်မယူနဲ့လို့ပြောထားတယ်”

***