← Chapters

ပျံနိုင်သောခွန်အား

Vol. 10 Ch. 191

ပျံနိုင်သောခွန်အား

Vol. 10 Ch. 191

စစ်မြေပြင်ကို စာချုပ်သားရဲပိုင်ဆိုင်သွားသည့် ကြေးစားများနှင့် စွန့်စား သူတို့ လက်လွှဲယူလိုက်ပြီဖြစ်သည်။ သူတို့၏ခွန်အားများ မယုံနိုင်လောက်သော အဆင့်သို့တက်ပြီးနောက် အားလုံးသည် တိုက်ခိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။ ချင်းယွိသည်လည်း ရှေ့တန်းမှနောက်ဆုတ်ကာ အလုပ် ရှုပ်နေသော ပေထင်းဟွမ်အား လာကြည့်သည်။

“ဟုတ်တယ် ပေယဲ့ မင်း ပင်ပန်းရင် သူတို့တွေလည်း သူတို့ကိုယ်သူတို့ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး” ဟွမ်ယွမ်သည် သူ၏လေးလံသောဓားကြီးကို သယ် ဆောင်ကာ လျှောက်လာသည်။

သူ့အလှည့်ရောက်လာပြီဖြစ်သည်။ သူသည် ထိုစကားကိုကြားသောအခါ အဆင့် ၈ မှော်သားရဲ ပိုးမျှင်ထုတ်ပင့်ကူကို ပေထင်းဟွမ်ရှေ့မှ ဆွဲယူလိုက်သည် “သခင်ပေယဲ့ ငါ အလျင်မလိုပါဘူး မင်း အရင် အနားယူလိုက်ပါ.. အနားယူပြီးမှ ဒါနဲ့စာချုပ်တည်ထောင်ဖို့ ကူညီပေးလို့ရပါတယ်”

သူ့ကိုစောင့်နေသူမှာ များပြားလှသည်။ ထပ်စောင့်နေလျှင် အရှည်ကြီး တန်းစီနေရလိမ့်မည်။ သူ့အလှည့်ပင် ရောက်လာမည်မဟုတ်ပေ။ ထို့အပြင် သူ သည် ကြေးစားအဖွဲ့နှစ်ဖွဲ့၏အဖွဲ့ဝင်မဟုတ်ဘဲ မှီခိုကင်းသည့် စွန့်စားသူတစ်ဦး သာဖြစ်သည်။ ပေထင်းဟွမ်သည် သူ့အတွက် သားရဲထိန်းကျောင်းပေးရန် တာဝန်မရှိပေ။

သို့သော် စွန့်စားသူသည် စိုးရိမ်ခြင်းမရှိပေ။ ပေထင်းဟွမ်၏ပုံရိပ်သည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းဝင်ရောက်နေပြီဖြစ်ကာ သူ့ကို လုံခြုံသည့် ခံစားချက်ကိုပေးစွမ်းသည်။ ပေထင်းဟွမ်သာ တစ်စုံတစ်ရာပြောလိုက်သည်နှင့် သူ သေချာပေါက် ဖြည့်ဆည်းပေးမည်ဖြစ်သည်။

ထိုအရာများသည် ခွန်အားကြောင့်သာဖြစ်သည်။ ခွန်အားကသာ လူအများကို ဤကဲ့သို့ ယုံကြည်စေသည့် ခံစားချက်ကို ပေးသည်။

ဤခွန်အားသည် ပေထင်းဟွမ်၏ ဩဇာကို ရောင်ပြန်ဟပ်နေသည်မှာ ထင်မှားဖွယ်မရှိပေ။

“မလိုပါဘူး” ပေထင်းဟွမ်သည် သူ့ကိုတားလိုက်သည်။ သူမသည် ပင့်ကူ ကို ချက်ချင်းမထိန်းကျောင်းလျှင်တောင် သူမ၏အပြုအမူများသည် ထိုစွန့်စား သူများကို ရင်ထဲထိစေပြီးဖြစ်သည်။ ပေထင်းဟွမ်သည် သူတို့အတွက် မှော်သားရဲကို မထိန်းကျောင်းပေးလျှင်တောင် သူမ၏အပြုအမူကြောင့် သူတို့၏ ယုံကြည်မှုကို ရရှိပြီးဖြစ်သည်။

“အစ်ကိုချင်း ဒါက ဒီမှော်သားရဲတွေကို ထိန်းကျောင်းပေးလို့ရလာတဲ့ အကျိုးအမြတ်တွေပဲ ကြည့်လိုက်” ပေထင်းဟွမ် ပြောပြီးနောက် သူမ၏ခြေထောက်ကို ညွှန်ပြလေသည်။

သူတို့ မမြင်လျှင် သိမည်မဟုတ်ပေ။ မြင်လိုက်သောအခါတွင်လည်း အားလုံး ထိန်လန့်သွားကြသည်။ သူတို့ ဘာမြင်လိုက်တာလဲ။ ထင်ရှားသောငွေ ရောင်အစီအရင်ပုံစံအလယ်တွင် မွန်မြတ်သောကြက်ခြေခတ်ဓား ၅ ချောင်း သည် အားလုံး၏စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်သွား၏။ ထိုအချိန်တွင် နောက်တစ်ခုရှိသေးသည်။ နေ့တစ်ဝက်ပင်မကြာသေးသည့်အချိန်မှာပင် သူမ သည် တစ်ဆင့်တက်သွားပြီဖြစ်သည်။ ကြယ် ၅ ပွင့်ဝိညာဉ်သခင်ကြီးသည် ကြယ် ၆ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သားလေပြီ။ သူတို့ မျက်လုံးနှင့်သာ ကိုယ်တိုင် မတွေ့ရလျှင် မည်သူမှ မယုံရဲကြပေ။

၁ နှစ် ၂ နှစ်အတွင်းမှာတောင် အဆင့်တစ်ဆင့် တက်ဖို့ခဲယဉ်းတဲ့ အဲလူ တွေက ဘယ်လိုလုပ် တည်ငြိမ်နိုင်တော့မှာလဲ။

“သေစမ်း” ဟွမ်ယွမ်သည် ကျိန်ဆဲပြီးနောက် ပေထင်းဟွမ်အား လက်ဖဝါးဖြင့်ရိုက်လိုက်သည် “ညီလေးပေယဲ့ မင်းစိတ်မရှိရင် ငါ့ရေနက် ကြေးစားအဖွဲ့က မင်းကို ခေါင်းဆောင်အဖြစ်ခန့်လို့ရမလား”

သူသည် စိတ်ရင်းနှင့်ဖြစ်သည်။ သေချာပေါက်စိတ်ရင်းနှင့်ပင်။ ဒီလို နတ်မိစ္ဆာနဲ့တူတဲ့သူကို ဘယ်လိုလုပ် ဧည့်သည်အကြီးအကဲအဖြတ်ပဲ ခန့်အပ် မလဲ။ ပေထင်းဟွမ်သာ အလိုရှိလျှင် သူ့ကိုဒုတပ်မှူးအဖြစ် ခန့်အပ်ရန် ဆန္ဒရှိ သည်။ ပေထင်းဟွမ်သာ သူ့အဖွဲ့ကို ဦးဆောင်ပေးမည်ဆိုလျှင် သူ အချိန်ပေး လိုက်သည်နှင့် နတ်မိစ္ဆာနှင့်တူသော ပေထင်းဟွမ်သည် ဤကမ္ဘာပေါ်တွင် ထိပ်ဆုံး၌ ရပ်တည်မည်ကို သူသေချာပေါက် သိနေသည်။

ပေထင်းဟွမ်သည် သူ့စကားကို ဟာသတစ်ခုသဖွယ် မှတ်ယူလိုက်သည်။ ဧည့်သည်အကြီးအကဲအနေနှင့် ဘာကိုမှတာဝန်ယူစရာမလိုသဖြင့် တစ်ခုခု လုပ်လျှင် အမှားအယွင်းမရှိနိုင်သလို အကျိုးကျေးဇူးလည်းရနိုင်သည်။ သို့သော် တပ်မှူးဆိုသည့်ရာထူးကိုတော့ မေ့ပစ်၍မဖြစ်ပေ။

ဤတိုက်ကြီးတွင် သူမ၏ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု သေချာပေါက် တည်ဆောက်နိုင်ရမည်။ သို့သော် ထိုအင်အားစုသည် သူမအတွက်သာဖြစ်ပြီး သူမကိုသာ သစ္စာစောင့်တည်ရမည်။ ယခုအချိန်သည် အချိန်မကျသေးပေ။

ချင်းယွိသည် ဘာပြောရမည်ကို မသိတော့ပေ။ သူသည် သူမအား မှုန်ကုပ် ကုပ်ကြည့်နေ၏။ သူသည် သူမဘေးတွင်နေပြီး အနာဂတ်တွင် သူမနောက်သို့ လိုက်ရမည်ဟု ဆုံးဖြတ်ထားသဖြင့် ဤပညာရှင်ငယ်လေး၏ တိုက်ခိုက်ခြင်းကို အချိန်မရွေးခံစားရသည်ကို အသားကျအောင်လုပ်ထားသည်က ပိုကောင်းမည်။

***

All Chapters