မွန်မြတ်သောသားရဲ မွန်မြတ်သောသားရဲ
Vol. 10 Ch. 192
သူမ၏ ဖြူဖွေးသောလက်သည် ပင့်ကူ၏ခေါင်းကို အုပ်ကိုင်လိုက်သည်။ အပြာရောင်ဒြပ်စင်စွမ်းအင်အလင်းတန်းထဲတွင် အစိမ်းရောင်အစက်အပြောက် ရှိနေသည်ကို မည်သူမှ မမြင်နိုင်ကြပေ။ ၎င်းကစဥ့်ကလျားနတ်စွမ်းအားသည် သူမ၏လက်မောင်းမှစီးဆင်းသွားပြီး ပင့်ကူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေ၏။ သေဆုံးခါနီးဖြစ်နေသည့် ပင့်ကူသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ထိုစွမ်းအားကို မယုံကြည်နိုင်စွာပင် ခံစားနေသည်။ ကစဥ့်ကလျားနတ်အရင်း အမြစ်၏ သန့်စင်သောစွမ်းအားသည် ဤမှော်သားရဲ၏ ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို အားဖြည့်ပေးလေသည်။ မကြာမီတွင် ဒဏ်ရာများအားလုံး ကုသ ပြီးစီးလေသည်။
မှော်သားရဲများကို ထိန်းကျောင်းရာတွင် ကစဥ့်ကလျားနတ်အရင်းအမြစ် ကို အသုံးပြုရာ ပေထင်းဟွမ်သည် စိတ်စွမ်းအင်အများအပြားသုံးရန်မလိုပေ။ အများထင်သလောက် ခက်ခဲခြင်းလည်းမရှိပေ။ အားထုတ်မှုမရှိဘဲ ရိုးရှင်းလှ သည်။
“ပြီးပြီ”
မျက်စိတစ်မှိတ်အတွင်း၌ အဆင့် ၈ မှော်သားရဲကို ထိန်းကျောင်းပြီးစီး လေသည်။ ပင့်ကူပိုင်ဆိုင်သည့် လှည့်လည်သွားလာသူသည် ပေထင်းဟွမ်၏ ရှေ့တွင်ရပ်ပြီး အားတက်သရော် ဦးညွှတ်လေသည်။ “လေးစားရတဲ့သခင်ပေယဲ့ ကျွန်တော်က ဝိညာဉ်ခွဲတောင်ကြားနားမှာ လှည့်ပတ်သွားနေတာပါ.. ကျွန်တော့်နာမည်က ကောင်းမုန်ပါ.. ကျွန်တော့်အတွက် ဒီမှော်သားရဲကို ထိန်းကျောင်းပေးလို့ သခင်ပေယဲ့ကို ကျေးဇူးတင်ပါတယ်.. သခင်ကြီးရဲ့ ကြင်နာမှုက ကျွန်တော့်ရင်ထဲမှာ လရောင်လိုမျိုးတောက်ပနေမှာပါ.. နောက်ဆိုရင် သခင်ပေယဲ့ ကျွန်တော့်ကို ဆင့်ခေါ်မယ်ဆို ကျွန်တော်ကောင်းမုန် က သခင်ကြီးအတွက် အသက်ပေးပြီးတိုက်ခိုက်သွားမှာပါ”
“ဟုတ်ပါပြီ” ပေထင်းဟွမ်သည် အရန်သင့်ပင် ပြန်ဖြေလေသည်။ သူမ သည် ထိုလူ၏စကားများကို စိတ်ထဲမထည့်ပေ။ သူမသည် ဤလူကို တစ်သက် တာလုံး လိုအပ်နေသည်မဟုတ်သော်လည်း သူ၏စိတ်အားထက်သန်မှု၊ လေးစားမှုနှင့် ရိုးသားမှုတို့သည် အဖိုးတန်ဆဲဖြစ်သည်။
သူမမျက်လုံးများကို ကျဉ်းမြောင်းပြီး ထိုလူကို အကဲခတ်ကာ ခေါင်းညိတ် ပြီးနောက် အေးစက်စွာပင်ပြောလိုက်သည် “ဟုတ်ပြီ ကောင်းမုန် မှတ်မိနေပါ့ မယ်”
ကောင်းမုန်သည် မှော်သားရဲနှင့် စာချုပ်တည်ထောင်ရသည့်အတွက် ပျော်ရွှင်စွာပင် ထွက်သွားလေသည်။ ကောင်းမုန်ကို အလွန်အားကျသည့် လှည့်လည်သွားလာသူများနှင့် မှော်သားရဲဖမ်းမမိသေးသော ကြေးစားအဖွဲ့ နှစ်ဖွဲ့မှ လူများသည် သူမကို ဝန်းရံထားကြသည်။ ဝိညာဉ်သခင်နှင့် မှော်သားရဲ တို့အကြားတွင် စာချုပ်တည်ထောင်လိုက်သည်ကို ကြည့်ရသည်မှာ ဤစစ်ပွဲ၏ အဓိကမီးမောင်းထိုးမှုကြီးဖြစ်လိမ့်မည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် လည်း ဤစစ်ပွဲတွင် ပါဝင်ကြသည့် စစ်သည်များသည် ဤမှတ်ဉာဏ်ကို မှတ်မိ နေဦးမည်ဖြစ်သည်။ သူတို့သည် အဆုံးမရှိအမှတ်ရနေပြီး သားစဉ်မြေးဆက်ကို လက်ဆင့်ကမ်းလိမ့်မည် “သခင်ပေယဲ့နဲ့တွေ့ပြီး သူနဲ့ယှဉ်ပြီး တိုက်ခိုက်ရတာ ကိုက ငါ့ဘဝအတွက် ဂုဏ်ယူစရာဖြစ်နေပြီ”
ပေထင်းဟွမ်နှင့် ချင်းယွိသည် လက်ပိုက်ပြီးရပ်ကာ အရှေ့မှ မွန်မြတ် သောဝိညာဉ်အပျက်အစီးကို တိတ်တိတ်လေးကြည့်နေကြသည်။ မှော်သားရဲ တတိယအသုတ်သည် မကြာခင်ထွက်ပေါ်လာတော့မည်။ ကျောက်စိမ်းဖြင့် လုပ်ထားသည့် ဖွဲ့စည်းမှဒသည် တတိယအကြိမ် ခပ်ဖျော့ဖျော့တောက်ပလာ သည်။ ငွေရောင်အလင်းတန်းမှတစ်ဆင့် မှော်သားရဲအသံများကို တခြားနေရာမှ ကြားလိုက်ရသလို ခံစားလိုက်ရသည်။ ၎င်းသည် စစ်ပွဲခေါ်သံဗုံသံကဲ့သို့ အားလုံး ၏ ရင်ထဲတွင် မြည်ဟိန်းသွားသည်။
ပေထင်းဟွမ်ပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ သူမသည် တုန်ယင်စွာဖြင့် ပြောလိုက်သည် “အစ်ကိုချင်း ဒီတစ်ခေါက် မွန်မြတ်တဲ့သားရဲ ပါလာမှာမလား”
“ဟုတ်တယ်” ချင်းယွိသည် နေကိုကြည့်နေသည် “စောသေးတယ်.. စတုတ္ထအသုတ်ထိ ရောက်လာနိုင်တယ်.. အဲလိုဆိုရင် နတ်သားရဲတော့ပါလာမှာ ပဲ”
နတ်သားရဲ.. ပေထင်းဟွမ်သည် ထိုစကားကိုရေရွတ်ပြီးနောက် အဝေးမှ မှော်သားရဲတောကို ကြည့်လိုက်သည်။ သူမ ဝိညာဉ်ခွဲတောင်ကြား၏ အနက်ရှိုင်းဆုံးအပိုင်းမှ အထွတ်အမြတ်သားရဲကို ကြည့်ရန် အချိန်ယူရဦးမည့်ပုံ ပင်။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် လူသားနတ်ဘုရားအဆင့် ပညာရှင်နှင့် ယှဉ်နိုင်သော ဤကမ္ဘာပေါ်ရှိ အားအကောင်းဆုံး သတ္တဝါကို တွေ့ချင်သည်။
အလင်းတန်းသည် ကောင်းကင်ပေါ်သို့ ထိုးဖောက်ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံထွက်ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီးပြိုကျသွားသကဲ့သို့ မြေပြင်တစ်ခုလုံး တုန်လှုပ်ကာ အသံမြည်ဟိန်းနေသည်။ ဤတစ်သုတ်နှင့် ယှဉ်လျှင် မှော်သားရဲ ပထမနှစ်ဖွဲ့မှာ ကစားပွဲသာသာဖြစ်နေခဲ့သည်။ ပေထင်းဟွမ်သည် တုန်ယင်နေကာ မိုးပေါ်မှ မှော်သားရဲ ၅ ကောင်ကိုသာ အာရုံစိုက်ထားသည်။
မွန်မြတ်တဲ့သားရဲ မွန်မြတ်တဲ့သားရဲ ၅ ကောင်…
သည်တစ်ကြိမ်မှော်သားရဲများကို မွန်မြတ်သောမှော်သားရဲ ၅ ကောင်မှ ဦးဆောင်လာသည်။ သူတို့၏ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင် ပေါ်မှ နေရောင်ကိုကာထားပြီး အလင်းကိုပိတ်ဆီးထား၏။
***