← Chapters

မွန်မြတ်သောသားရဲ နှင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 193

မွန်မြတ်သောသားရဲ နှင့် တိုက်ခိုက်ခြင်း

Vol. 10 Ch. 193

ပေထင်းဟွမ်၏ပခုံးပေါ်တွင် ထိုင်နေသည့် လျှပ်စီးနှင့်မိုးကြိုးသည် ထိုအခြင်းအရာကိုမြင်သောအခါ နှာမှုတ်လေသည်။ သူတို့သည် တစ်ဖက်လူ၏ နယ်ချဲ့မှုကို ခုခံရန် ပိုအားကောင်းသောစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူမ၏အနောက်တွင် ကြေးစားအဖွဲ့နှစ်ဖွဲ့နှင့် တခြားသော လှည့်လည်သွားလာ သူများသည် မှော်သားရဲများကို မနည်းထိန်းသိမ်းနေရသည်။

“မိုးနတ်မင်းရေ ကြယ် ၁ ပွင့် နီရဲမီးလျှံကျား၊ ကြယ် ၃ ပွင့်မြေကြီးချပ်ဝတ် နဂါး၊ ကြယ် ၄ ပွင့် မိုးဟိန်းဂဠုန်၊ ကြယ် ၄ ပွင့် သွေးဆာလင်းနို့နဲ့ ကြယ် ၅ ပွင့် ယုံမှားငှက်ပဲ.. ဒီတစ်ခေါက် မွန်မြတ်တဲ့သားရဲတွေ ဘာလို့ ဒီလောက်များနေ တာလဲ” ဟွမ်ယွမ်သည် ပြူးကျယ်သောမျက်လုံးများဖြင့် ချဉ်းကပ်လာသည့် မွန်မြတ်သောသားရဲများကို စိုက်ကြည့်နေသည်။ သူသည် မွန်မြတ်သောဝိညာဉ် အပျက်အစီးတိုက်ပွဲတွင် နွှဲလာသည်မှာ ၁၀ နှစ်ရှိပြီဖြစ်သည်။ အရင်ကဆိုလျှင် မွန်မြတ်သောသားရဲ ၂ ကောင် ၃ ကောင်ပါသဖြင့် မဆိုးလှပေ။ သည်တစ်ကြိမ် တွင် တစ်ခါတည်း ၅ ကောင်ရောက်လာခဲ့သည်။

“အားကောင်းလိုက်တာ” ပေထင်းဟွမ် သက်ပြင်းချလိုက်သည်။ သူမဆီမှ အားကောင်းသော တိုက်ခိုက်ရေးစိတ်ဓာတ် ထွက်ပေါ်လာသည်။ သူမသည် လက်မြှောက်ကာ မိုးပေါ်မှ ကြယ်လွင်ပြင်ကို ညွှန်ပြလိုက်သည်။ ကြီးမားသော မွန်မြတ်သောသားရဲ ၅ ကောင်သည် သူမ၏မြင်ကွင်းသို့ ဝင်လာပြီဖြစ်သည်။ “အစ်ကိုချင်း အဲကလေး ဂူဟောက်က တစ်ယောက်တည်း မွန်မြတ်တဲ့သားရဲ နှစ်ကောင်ကို တာဝန်ယူလိမ့်မယ်.. အစ်ကိုကြီးက တစ်ကောင်ယူလိုက်.. ကျွန်တော်က နောက်တစ်ကောင်တာဝန်ယူမယ်.. အကြီးအကဲဟွမ် မြေပြင်ကို ခင်ဗျားတာဝန်ယူပေးပါ.. ဒီတစ်ခေါက်လာတဲ့သားရဲတွေက ဝိညာဉ်သားရဲတွေ ချည်းပဲ.. သူတို့ကို အရှင်ထားပေးပါ ဒါပေမဲ့ လုံခြုံရေးက ဦးစားပေးပဲ”

“ဟုတ်ပြီ” ဟွမ်ယွမ်သည် လေးလသောဓားကြီးကို ဝေ့ယမ်းကာ မြေပေါ်မှ ဝိညာဉ်သားရဲများကို တိုက်ခိုက်ရန် ကြေးစားအဖွဲ့နှစ်ဖွဲ့အား ဦးဆောင်ခိုင်းလိုက်သည်။ အဆင့် ၁ ကြယ်မှော်သားရဲများနှင့် တိုက်ခိုက်သည့် ပြီးခဲ့သောပွဲနှင့်ယှဉ်လျှင် သည်တစ်ခေါက်ပေါ်လာသည့် သားရဲများသည် ဝိညာဉ်သားရဲများဖြစ်ကြသည်။ သို့သော် ကြေးစားအဖွဲ့နှစ်ဖွဲ့နှင့် ပေထင်းဟွမ် သားရဲပေးထားသော စွန့်စားသူများသည် တိုက်ခိုက်ရေးစိတ်ဓာတ်ပြင်းပြနေ ကာ မှော်သားရဲအုပ်ဆီသို့ အကြောက်အလန့်မရှိ ပြေးဝင်ကြလေသည်။

မွန်မြတ်သောသားရဲ ၅ ကောင်သည် သူတို့အနောက်မှအဖွဲ့ကို ဦးဆောင် လာသည်။ မွန်မြတ်သောလောကကို ဝင်ပြီးနောက် အတောင်ပံမရှိသည့် မှော်သားရဲများပင် လေပေါ်တွင်ပျံနိုင်သည်။ အဝေးမှနေ၍ သူတို့သည် အားလုံး ကို ဖျက်ဆီးပစ်တော့မည့် ရောင်ဝါဖြင့် လူသားများဆီသို့ ပြေးဝင်လာသည်။

ဂူဟောက်သည် ပေထင်းဟွမ်ကို ဖိနှိပ်ချင်နေသည်။ ထပ်ပေါင်းပြောရ လျှင် သူသည် ဓား ၃ လက်ကြယ်ဝိညာဉ္သခင်ဖြစ်သည်။ သူ၏အားကောင်းသော ကြယ်ဝိညာဉ်သိုင်းပညာသည် သူ့ကို ယှဉ်မရသောယုံကြည်ချက်ကိုပေးစွမ်း၏။ သူ၏ ငွေရောင်ချပ်ဝတ်တန်ဆာသည် သူ၏နတ်သားရဲမှ အသွင်ပြောင်းထား ခြင်းဖြစ်သည်။ နီရဲမီးလျှံကျားနှင့် မြေကြီးချပ်ဝတ်နဂါးတို့ကို ရင်ဆိုင်သည်နှင့် သူ့လက်ထဲမှ လက်နက်သည် ငွေရောင်အလင်းတန်းထွက်လာသည်။

သူသည် တစ်ယောက်တည်း မွန်မြတ်သောသားရဲနှစ်ကောင်ကို တိုက်ခိုက်သည်။ ထိုကြီးကျယ်ခမ်းနားသည့် စွမ်းဆောင်မှုသည် ထိုနေရာတွင် ရှိနေသည့် စစ်သည်အများစု၏အာရုံကိုဆွဲဆောင်လေသည်။ အားလုံးသည် လက်ထဲမှ လက်နက်များကိုမြှောက်ကာ သူ့ကို အားပေးကြလေသည်။

“သွားကြမယ်” ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး အဖြူရောင် လေလုံးနှစ်လုံးသည် ခြေထောက်ကိုရစ်ပတ်ထားကာ ပေထင်းဟွမ်သည် မီးလုံး ကိုနင်းလိုက်သကဲ့သို့ ရှေ့သို့ တဟုန်ထိုးသွားလိုက်သည်။ သူမသည် အားအကောင်းဆုံး ယုံမှားငှက်ဆီသို့ သုတ်ခြေတင်သွားနေပြီဖြစ်သည်။

“ညီလေးချင်း သတိထား… မြေပြင်ကို ငါတို့ကိုအပ်ထားလိုက်တော့.. မင်း အဲဒီမွန်မြတ်တဲ့သားရဲတွေကို ထားရမယ်.. ငါတို့ကာကွယ်ရေးမျဉ်းကို ကျော် မလာနိုင်အောင်လုပ်ပါ.. မဟုတ်ရင် ငါတို့အဖွဲ့က ဆုံးရှုံးမှုကြီးလိမ့်မယ်” ဟွမ်ယွမ်သည် ပြောပြီးသည်နှင့် လေးလံသောဓားကြီးကို ယမ်းကာ ဒေါသထွက် နေသော ဝိညာဉ်သားရဲများဆီသို့ ပြေးသွားလေသည်။

မွန်မြတ်သောသားရဲ ၅ ကောင်ဦးဆောင်သည် မှော်သားရဲအုပ်သည် သာမန် အဆင့် ၁ မှော်သားရဲများမဟုတ်ကြပေ။ သူတို့အားလုံးသည် အဆင့် ၂ နှင့်အထက်ရှိဝိညာဉ်သားရဲများဖြစ်ကြသည်။ ပြီးခဲ့သည့်မှော်သားရဲတိုက်ပွဲတွင် ယခုလိုမဖြစ်ခဲ့ဖူးပေ။ ဤအဖြစ်အပျက်သည် ပုံမှန်မဟုတ်ပေ။ ဤတိုက်ပွဲအပြီး တွင် မှော်သားရဲစတုတ္ထအသုတ်ရောက်လာမည်ကို မည်သူမှ သံသယမဝင်ခဲ့ကြ ပေ။ ထိုအချိန်တွင် မည်သို့သော မွန်မြတ်သောသားရဲ ရောက်လာနိုင်သည်ကို သူတို့မသိကြပေ။

ချင်းယွိသည် လျှပ်စီး၏ကျောပြင်ပေါ်သို့ ခုန်တက်လိုက်သည်။ သူ့ခန္ဓာ ကိုယ်မှ ကြေးနီရောင်စစ်ချပ်ဝတ်တန်ဆာသည် အေးစက်သောအလင်းတန်း ထွက်ပေါ်လာပြီး သူ၏ကြံ့ခိုင်သောခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ သည်တစ်ကြိမ်တွင် သူသည် မွန်မြတ်သောသားရဲနှင့်တိုက်ခိုက်ရမည်။ ချင်းယွိ ၏ မျက်နှာအမူအရာသည် အလွန်လေးနက်နေရာ သူ၏ကြည့်ကောင်းသော မျက်နှာကို အေးစက်သွားစေသည်။

***

All Chapters