မြေမီး၊ မီးလျှံယုံမှားငှက်
Vol. 10 Ch. 194
ချင်းယွိကို တာဝန်ပေးထားသည်မှာ ကြယ် ၄ ပွင့်သွေးဆာလင်းနို့ဖြစ်၏။ လျှပ်စီး၏ဖိအားသည် ဆက်တိုက်ဆိုသလိုပျံ့နှံ့လာသည်။ သွေးဆာလင်းနို့၏ ခွန်အားသည် လျှပ်စီးထက် ကြယ် ၅ ပွင့်နိမ့်သည်။ ထို့အပြင် လျှပ်စီးသည် ထိုးစစ်မှော်သားရဲဖြစ်သည်။ အကြည့်ချင်းတစ်ချက်ဖလှယ်ပြီးသည်နှင့် ငွေရောင်ဝံပုလွေ၏ လက်သည်းများသည် လေထဲတွင် ဖြတ်သွားကာ ကြီးမား သော လေဓားသွားသည်ရုတ်တရက် သွေးဆာလင်းနို့ဆီသို့ ကျရောက်သွား၏။
ရွှမ်း
ကျယ်လောင်သော အသံနှင့်အတူ လင်းနို့နက်၏ မိုးပြာရောင်တောင်ပံ များသည် ငွေရောင်ဝံပုလွေ၏လက်သည်းများကြောင့် စုတ်ပြဲသွားသည်။
ထိုအခွင့်အရေးကို အခွင့်ကောင်းယူကာ ချင်းယွိ၏လက်ထဲမှ ဓားရှည် သည် သွေးဆာလင်းနို့ဆီသို့ ပျံသွားကာ ခုခံမှုမရှိချိန်တွင် သွေးဆာလင်းနို့၏ ကျောပြင်ဆီသို့ ကျသွားလေသည်။ အစိမ်းရောင်သွေးများ မိုးရွာသလိုကျလာ သည်။ တစ်ခါမှမဖြစ်ဖူးသည့် တိုက်ပွဲဝင်ရသော ခံစားချက်သည် ချင်းယွိ၏ တည်ငြိမ်သောနှလုံးသားကို ပထမဆုံးအကြိမ် မျှော်လင့်ချက်ပေးလိုက်သလို ပင်။ ထို့အပြင် မွန်မြတ်သောသားရဲကို စာချုပ်သားရဲအဖြစ်ပိုင်ဆိုင်ရသည်မှာ လည်း အလွန်ပင်မယှဉ်နိုင်သော ကောင်းသည့်အရာဖြစ်သည်။
ပေထင်းဟွမ်ဘက်တွင် အံ့အားသင့်စရာပင်မရှိပေ။ ဓားရှည်ပျော့သည် လေကို စက္ကူဖြူကဲ့သို့ ဖြတ်သွားကာ ကြယ် ၅ ပွင့်မီးလျှံထင်မှားငှက်ဆီသို့ ပြေးဝင်လေသည်။ မီးလျှံယုံမှားငှက်၏ အကြီးမားဆုံးအားကိုးစရာမှာ ၎င်း၏ ခန္ဓာကိုယ်ကို အနီရောင်မြေကြီးမီးလုံးဖြင့် ရစ်ပတ်ထားခြင်းဖြစ်သည်။ မြေကြီး မီးလုံး၏စွမ်းအားသည် စမ်းသပ်ပြီးမှသိနိုင်သည့်အရာဖြစ်သည်။ ထိုမြေကြီးမီး လုံးနှင့်ထိလိုက်သသည်နှင့် ဝိညာဉ်လက်နက်အဆင့်အောက်ရှိသည့် လက်နက် များအားလုံးသည် ပြာကျသွားနိုင်သည်။
ပေထင်းဟွမ်ကို ငတုံးတစ်ယောက်သဖွယ်တွေးပြီး မီးလျှံထင်မှားငှက် သည် ရယ်သွမ်းလေသည်။ ၎င်းသည် ပေထင်းဟွမ်ကို အထင်သေးသဖြင့် လှောင်ပြောင်နေသည်မှာ ထင်ရှားလွန်းသည်။
“သခင် ဒီအရူးနဲ့တော့… သူ့မှာ မြေကြီးမီးလုံးရှိတာနဲ့ အရမ်းကြီး ကြီးမြတ်သွားပြီထင်နေတာလား.. တကယ့်ငှက်ငတုံးပဲ” မိုးကြိုးသွားသည် မနေနိုင်တော့ဘဲ တိုက်ခိုက်ရင်းနှင့် စောဒကတက်လေသည်။
ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲနှင့်ယှဉ်နေရာ အဆင့်မြင့်ကြယ် မွန်မြတ် သောသားရဲမိုးကြိုးသွားသည် စိတ်မလှုပ်ရှားသလို စိတ်လည်းမဝင်စားပေ။
ပေထင်းဟွမ်၏နှုတ်ခမ်းသည် ခပ်ပါးပါးတွန့်ကွေးသွားသည်။ မြေကြီးမီး.. ဒါ အရမ်းကောင်းတဲ့ပစ္စည်းပဲ။ ပေထင်းဟွမ်၏ မျက်လုံးများမှာ စိတ်ပိုင်းဖြတ် ထားသည့်အကြည့်များထွက်လာသည်။ သူမသည် လွတ်လပ်နေသည့်အလား ဒြပ်စင်စွမ်းအင်ကို ဓားပျော့ထဲသို့ ထည့်လိုက်သည်။ သူမ၏လက်ကောက်ဝတ် ကို ကြမ်းတမ်းစွာလှုပ်ယမ်းလိုက်သည်နှင့် ဓားပျော့သည် လမ်းတစ်ဝက်တွင် ဦးတည်ဘက်ပြောင်းပြီး မီးလျှံငှက်အား ရိုက်လိုက်လေသည်။ ငှက်သည် ကျယ်လောင်စွာ အော်ငိုလေသည်။
သူ့ခန္ဓာကိုယ်မှ မီးတောက်များသည် ရုတ်တရက်ငြိမ်းသွားသည်။ သူသည် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ကိုကြည့်လိုက်ရာ ဓားပေါ်မှသွေးစက်များကို အဖြူရောင်ဓားပျော့မှ လျင်မြန်စွာစုပ်ယူသွားသည်ကို မယုံနိုင်စါာတွေ့လိုက်ရ သည်။ မဖြစ်နိုင်ဘူး။ သူ့ခန္ဓာကိုယ်က မြေကြီးမီးနဲ့ တောက်လောင်နေတာပဲ။ ပြီးတော့ အဲဒါကမြေကြီးမီးအမျိုးအစားထဲမှာမှ အားအကောင်းဆုံး ယုံမှား ကြာပန်းမီးအမျိုးအစားပဲ။ ထိုထူးဆန်းသော မြေကြီးမီးကို မတော်တဆမျိုချမိ ရာမှ ၎င်းသည် ဝိညာဉ်သားရဲမှ မွန်မြတ်သောသားရဲအဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ထိုယုံမှားကြာပန်းမြေကြီးမီးသည် ကြယ် ၅ ပွင့်မွန်မြတ်သောသားရဲ ကို အဆင့်မြင့်ကြယ်မွန်မြတ်သောသားရဲကို စိန်ခေါ်နိုင်သည့် ခွန်အားကို ပေးထားခြင်းဖြစ်သည်။
ဤဓားပျော့သည် ကောင်းကင်မီးလျှံကိုသုံးပြီး သန့်စင်ထားခြင်းမဟုတ် လျှင်ပြဿနာမရှိပေ။ ဤတိုက်ကြီးတွင် ကောင်းကင်မီးလျှံမှာအမှန်တကယ် ရှိနေသည်။
တဒင်္ဂအတွင်းမှာပင် မီးလျှံယုံမှားငှက်၏ ကျောပြင်သည် အေးစက်လာ သည်။ ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့သည် မီးလျှံယုံမှားငှက်၏ခေါင်းဆီသို့ ထပ်မံဝင်လာပြန်သည်။ မီးလျှံယုံမှားငှက်သည် ခေါင်းညိတ်ပြီး တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိမ့်မည်ဟု ထင်ထားသည်။ မထင်မှတ်စွာပင် ပေထင်းဟွမ်သည် အလွန်မြန်ဆန်သည်။ ဓားပျော့သည် လေထဲတွင် ဦးတည်ဘက်ပြောင်းကာ အညှာတာမဲ့စွာဖြင့် ပြန်တိုက်ခိုက်လေသည်။
ထိုတိုက်ခိုက်မှုကြောင့် မီးလျှံယုံမှားငှက်သည် ဒေါသထွက်သွားလေ၏။ ၎င်းသည် ခေါင်းမော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်းသည် ရုတ်တရက် ပေထင်းဟွမ်ဆီသို့ အရှိန်တင်ကာ ထိုလူသားဝိညာဉ်သခင်ကို ဖိနှိပ် ရန် အားကောင်းသောခန္ဓာကိုယ်ကို သုံးခဲ့သည်။
“ဟင်း မင်းကိုယ်မင်း အထင်ကြီးလွန်းသွားပြီ” ပေထင်းဟွမ်၏မျက်လုံးထဲ မှ ပြင်းထန်သောအလင်းတစ်ခု လက်လာသည်။ သူမလက်ထဲမှ ဓားပျော့သည် ရုတ်တရက်ပျောက်သွားပြီး သူမခြေထောက်အောက်မှ တိမ်တိုက်သည် ရုတ်တရက်ကြီးလာသည်။ သူမသည် အရှိန်ကိုမြှင့်ပြီး တုံးအသောငှက်ကို ရှောင်ရှားရင်းနှင့် ခြေလှမ်းကိုရှေ့တိုးလိုက်သည်။ သူမ၏သွက်လက်သော ပုံရိပ် သည် ထူးဆန်းသောခြေလှမ်းများဖြင့် လှုပ်ရှားကာ ငှက်ငတုံး၏ဘေးသို့ ဆင်းသက်သွားလေသည်။
***