← Chapters

ငှက်ငတုံး၊ အညံ့ခံခြင်း

Vol. 10 Ch. 195

ငှက်ငတုံး၊ အညံ့ခံခြင်း

Vol. 10 Ch. 195

နှစ်ပတ်မျှပတ်ပြီးနောက် သူတို့သည် စိန်ပြေးလိုက်တမ်းကစားသလို ဖြစ် နေ၏။ မီးလျှံယုံမှားငှက်၏ တိုက်ခိုက်မှုတိုင်းသည် စည်းချက်တစ်ချက် နှေး သည်။ ၎င်းသည် မှော်သားရဲပျံတစ်ကောင်၏ ရိုးရှင်သော ထင်ယောင်ထင်မှား တစ်ခုပင်။

“ဟင်း မင်းက အသုံးဝင်သေးတာကို ငါမမြင်ဘူးဆိုရင် မင်းသေနေတာ ကြာပြီ” ပေထင်းဟွမ်သည် ယုံမှားငှက်၏ နတ်ဘုရားအကြည့်ကို နားလည်၏။ သူမသည် ၎င်းရှေ့တွင်ရပ်ကာ ခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။ ပေထင်းဟွမ်၏ လက်ထဲတွင် အဖြူရောင်စီးကြောင်း ပေါ်လာသည်။ အဆုံးတစ် ဖက်မှာ ယုံမှားငှက်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး ကျန်တစ်ဖက်မှာ ပေထင်း ဟွမ်၏လက်တွင် ရစ်ပတ်နေ၏။

မြင်တောင်မမြင်လိုက်ရဘူး။

၎င်းသည် ဝိညာဉ်ပစ္စည်းဖြစ်သည်။ ကောင်းကင်မီးနှင့်သန့်စင်ထားသော ဝိညာဉ်ပစ္စည်းဖြစ်သည်။

အစပိုင်းတွင် ၎င်းသည် ဝိညာဉ်လက်နက်ကို သတိမထားမိပေ။ သတိထားမိချိန်တွင် ပိုးမျှင်သည် ၎င်း၏ခန္ဓာကိုယ်ကို ရစ်ပတ်နှင့်ပြီးဖြစ်သည်။ မဟုတ်သေးဘူး.. အဲဒါပိုးမျှင်မဟုတ်ဘူး။ အဲဒါက ဓားပျော့ပဲ။

အာ.. ဒီလူသားအစုတ်ပလုတ် ဘယ်လိုလုပ် ဒီလောက်ကောက်ကျစ်ရတာ လဲ။ မီးလျှံယုံမှားငှက်သည် အစွမ်းကုန် ရုန်းကန်လေသည်။ ၎င်း၏ ချွန်ထက် ကောက်ချိတ်ပြီး ရှည်လျားသည့်နှုတ်သီးမှ ဒေါသတကြီးအော်ဟစ်လေသည်။ မထင်မှတ်စွာပင် ၎င်းမှာရုန်းကန်လေလေ ဓားပျော့မှာ ပိုပြီးတင်းကြပ်စွာ ရစ်ပတ်လေဖြစ်သည်။

“အသေခံမှာလား အညံ့ခံမှာလား”

အေးစက်သောအသံသည် ဤနေရာတွင် ပျံ့လွင့်လာသည်။ ပေထင်းဟွမ်သည် အားကြီးသည်ဟု မီးလျှံယုံမှားငှက် ဝန်ခံရမည်။ သို့သော် ပေထင်းဟွမ်၏စကားများကြောင့် ရယ်ချင်မိသည်။ ဘယ်လောက် ရယ်ဖို့ကောင်းလိုက်လဲ။ သူ အကောင်ပေါက်ကတည်းက ဒီလောက်ရယ်ဖို့ ကောင်းတဲ့ဟာသမကြားဖူးဘူး။

မီးလျှံယုံမှားငှက်၏မျက်လုံးထဲမှ အထင်သေးမှုကို နားလည်သဖြင့် ပေထင်းဟွမ်သည် နှုတ်ခမ်းကို ပိုတင်းတင်းတွန့်လိုက်သည်။ ကိုးရောင်စပ် နိဗ္ဗာန်မီးအမျှင်အတန်းသည် တိတ်တိတ်လေးဖြတ်သွား၏။ နေရောင်အောက် တွင် ထိုမီးတောက်များကို လျစ်လျူရှု၍ရနိုင်သော်လည်း သူတို့သည် လျစ်လျူ မရှုနိုင်ကြပေ။

“အိုး”

ကမ္ဘာမြေကြီးတုန်ခါနိုင်သည့် အော်သံထပ်မံထွက်ပေါ်လာသည်။ အမွေး လောင်သောအနံ့နှင့်အတူ အသားကင်အနံ့များ တိုက်ပွဲတစ်ခုလုံးတွင် ရုတ်တရက် ထွက်ပေါ်လာရာ နေ့တစ်ဝက်ကြာ တိုက်ခိုက်နေကြသော ဝိညာဉ် သခင်များကိုပင် ဆာလောင်သွားစေသည်။

ဒီကောင် ဒီကောက်ကျစ်တဲ့လူသား။

ကမ္ဘာမြေကြီးမီးကို ဖြတ်ပြီး ယုံမှားကြာပန်းမြေကြီးမီးလျှံရှိတဲ့ မှော်သားရဲ ကို ကင်နိုင်တာ ကောင်းကင်မီးတောက်အပြင် ဘာရှိသေးလို့လဲ။ ၎င်း၏ ဝိညာဉ် ထဲမှ တုန်ယင်မှုကိုခံစားရသည်။ မီးလျှံယုံမှားငှက်၏မျက်လုံးများမှ အထင်အမြင်သေးမှုများ လုံးဝနောက်ဆုတ်သွားလေ၏။ ကြောက်ရွံ့မှု ထွက်ပေါ် လာသည်။ ဤလူငယ်ဝိညာဉ်သခင်၏မျက်လုံးထဲမှ အညှာတာမဲ့မှု များကို သူ ရှင်းရှင်းကြီးမြင်နေရသည်။ သူမ၏ စကားသံကို သူကြားနေရသည် “ဝန်ခံမှာလား သေမှာလား”

ဝန်ခံမှာလား။ တစ်ဖက်လူသည် ကြယ် ၆ ပွင့်ဝိညာဉ်သခင်ကြီးဖြစ်သော် လည်း ကောင်းကင်မီးနှင့် ဝိညာဉ်သခင်ကြီးသည် ယုံမှားဖွယ်မရှိလောက်အောင် အားကြီးသည်။ ထို့အပြင် ဤအခိုက်အတန့်တွင် သူသည် မီးလျှံယုံမှားငှက်ကို ငြင်းဆန်ခွင့်မပေးပေ။ သူ ခေါင်းခါလိုက်သည်နှင့် ခန္ဓာကိုယ်တစ်ပိုင်းတင် ကျက် သွားမည်မဟုတ်သည်ကို ယုံကြည်သည်။ သူသည် ဤလူသားဝိညာဉ်သခင်၏ ဗိုက်ထဲသို့ ရောက်သွားမည်မှာ ယုံမှားဖွယ်ရာမရှိပေ။

“အရမ်းကောင်းတယ်”

မီးလျှံယုံမှားငှက် တဖြည်းဖြည်းမျက်လုံးမှိတ်သွားသည်ကို ကြည့်ပြီး ပေထင်းဟွမ်သည် တွေဝေခြင်းမရှိဘဲ တိမ်တိုက်စီးကာ ရောက်လာသည်။ သူမ သည် မီးလျှံယုံမှားငှက်ကို ဆွဲကိုင်ပြီး မြေပေါ်သို့ ပစ်ချလိုက်သည် “အစ်ကိုကြီး ဟွမ် ဒီကောင်ကို စောင့်ကြည့်ခိုင်းထားပေးဦး”

“ဟုတ်ပြီ” မြေပြင်ပေါ်တွင် ဟွမ်ယွမ်သည် မီးလျှံယုံမှားငှက်ကို ဖမ်းရန် လူစီစဉ်ထားပြီးဖြစ်သည်။ မီးလျှံယုံမှားငှက်သည် အမွေးကျွတ်သွားသည်အထိ ပေထင်းဟွမ်ကြောင့် မီးမြှိုက်ခံရပြီးဖြစ်သည်။ ၎င်းသည် သေအံ့ဆဲဆဲဖြစ်နေရာ တိုက်ခိုက်ရေးစွမ်းအားလည်းမရှိတော့ပေ။ သူသည် မှော်သားရဲလှောင်အိမ် ထုတ်ကာ ၎င်းကိုထည့်လိုက်သည်။ ၎င်းသည် သူဖမ်းမိသည့် ပထမဆုံး မွန်မြတ် သောသားရဲဖြစ်သည်။ ချင်းယွိဘက်တွင် သွေးဆာလင်းနို့သည် ချင်းယွိနှင့် လျှပ်စီးတို့၏ ညှဉ်းပန်းမှုကို အကြိမ်ပေါင်းထောင်ချီ ခံခဲ့ရပြီးဖြစ်သည်။ ၎င်းသည်လည်း နောက်ဆုံးထွက်သက်သာကျန်တော့သည်။

ပေထင်းဟွမ်ဘက်တွင် ရလဒ်ကောင်းများရှိနေချိန်တွင် ဟန်မုနှင့် ဂူဟောက်တို့သည် အားမထုတ်နိုင်သေးပေ။ သူတို့နှစ်ယောက်သည် မွန်မြတ် သောသားရဲ သုံးကောင်နှင့် တိုက်ခိုက်နေရသည်။ ပေထင်းဟွမ်သည် သူတို့ကို ကြည့်ပြီး မိုးကြိုးသွားကိုစီးကာ ဂူဟောက်ဆီသွားလိုက်သည်။ သူမသည် အဲလောက် အကျင့်ကောင်းလှသည်တော့မဟုတ်ပေ။

***

All Chapters