← Chapters

အမဲလိုက်ခြင်း

Vol. 4 Ch. 52

အမဲလိုက်ခြင်း

Vol. 4 Ch. 52

အခန်း (၅၂) : အမဲလိုက်ခြင်း

ဝမ်ဝေ့ အစီအရင်ထဲ ဝင်ပြီးသွားသည့်အခါ မြစ်များ၊ ရေကန်များ၊ တောင်တန်းများနှင့် တောအုပ်များ ဝန်းရံနေသည့် လမ်းမကျယ်ကြီးတစ်ခုအပေါ် ရောက်နေသည်ကို သိလိုက်ရသည်။ ထိုနေရာတွင် သူ့အပြင် တခြားသူ ရှိမနေပေ။ ယှဉ်ပြိုင်သူ တစ်ဦးချင်းစီက မတူညီသော နေရာများသို့ ရောက်ရှိသွားကြောင်း ဝမ်ဝေ့ သိထားသည်။

ဝမ်ဝေ့က လက်မောင်းကို ငုံ့ကြည့်လိုက်သည့်အခါ နံပါတ်သုညကို သတိထားမိလိုက်သည်။ ထိုအရာက သူ သတ်ပြီးသော လူအရေအတွက် ဖြစ်သည်။

စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုက ပါရမီရှင်များ သို့မဟုတ် ကောင်းကင်ရွေးချယ်ခံများကြားတွင် သူတို့၏ အရည်အချင်းတိုးတက်လာအောင် လုပ်ခြင်း၊ အသက်ရှင်လိုစိတ်ကို မွေးဖွားပေးခြင်းနှင့် အချင်းချင်း၏ ကံကောင်းမှုကို လုယူရန် သိမ်းရုံးသတ်ဖြတ်သည့်နေရာတစ်ခု ဖြစ်သည်။

ထို့အပြင် တပည့်များ ရွေးချယ်ဖို့အတွက် ဂိုဏ်းအများစုက ထိုစစ်ဆေးမှုကို အသုံးပြုကြသည်။ အမြင့်ဆုံး ရလဒ်ရရှိသည့်သူကို ထိုဂိုဏ်းများမှ မကြာခဏ ဆုချလေ့ရှိကြသည်။

ဝမ်ဝေ့က ထိုဂိုဏ်းများပေးသော ဆုကို စိတ်မဝင်စားသည့်အတွက် သူ နံပါတ်တစ်နေရာရဖို့ ဂရုမစိုက်ပေ။

ဝမ်ဝေ့ ဤနေရာတွင် ရှိနေရသော အကြောင်းအရင်းက အရည်အချင်းတိုးတက်အောင် လုပ်ခြင်း၊ ချီကံကောင်းမှုကို လုယူခြင်းနှင့် ကျီစုန့် စသည့် အကြောင်းအရင်း သုံးခုကြောင့် ဖြစ်သည်။

ဤစစ်ဆေးမှုက သတ်ဖြတ်မှု အစစ်အမှန်ကို မြင်တွေ့နိုင်သည့် နေရာဖြစ်ပြီး သူ အတော်လေး အသားကျနေပြီဖြစ်သည်။ ယခင်က ဝမ်ဝေ့ လူသတ်ခဲ့ဖူးသော်လည်း သူတို့က ပြန်လည်တိုက်ခိုက်နိုင်ခြင်း မရှိသော ထောင်သားများသာ ဖြစ်သည်။ ဤစစ်ဆေးမှုတွင် ဝမ်ဝေ့က မရေတွက်နိုင်သော သတ်ဖြတ်မှုများအကြား ပြန်လည်မွေးဖွားလာဖို့ မျှော်လင့်နေမိသည်။

သူ၏ အဓိက ရည်မှန်းချက်ကို သေချာအာရုံစိုက်ပြီးနောက် ဝမ်ဝေ့က တောအုပ်ရှိသည့်ဘက်သို့ ဦးတည်ထွက်သွားသည်။ ဤနေရာက သူ၏ အဓိကအမဲလိုက်နယ်မြေ ဖြစ်လိမ့်မည်။

ဝမ်ဝေ့က တောအုပ်ထဲရှိ အပင်များကို အသုံးပြုကာ  ကျောက်တုံးများ၊ သစ်ကိုင်းများနှင့် ချွန်ထက်သော ဓားတစ်လက်ဖြစ်အောင် လုပ်ထားလိုက်သည်။

ဝမ်ဝေ့ သူ့ စစ်ဆေးမှုအတွက် ပြင်ဆင်နေစဉ် ကျီစုန့်ကလည်း စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲသို့ ဝင်သွားသည်။ ကံမကောင်းစွာဖြင့် သူက ဝမ်ဝေ့နှင့် နယ်မြေအနည်းငယ် ကွာဝေးသော နေရာသို့ ခွဲထုတ်ခံလိုက်ရသည်။ သို့သော် ပုခုံးပေါ်ရှိ အဆောင်က သူ့ပစ်မှတ်၏ တည်နေရာကို ပြောပြမည် ဖြစ်သည့်အတွက် သူ စိတ်မပူပေ။

ကျီစုန့် ဝမ်ဝေ့ ရှိနေသော နေရာသို့ ဦးတည်သွားချိန်တွင် သူ့အစ်ကိုကြီး ပြောသောစကားကို ပြန်လည်ကြားယောင်မိသွားသည့်အတွက် ရပ်တန့်လိုက်သည်။

သူ့အစ်ကိုကြီး၏ ပြောကြားချက်အရ တာအိုအခွင့်အလမ်းဂိုဏ်းက သူ့ကို ထောင်ချောက်ဆင်ပြီး ချုံခိုတိုက်ခိုက်နိုင်ချေ မြင့်မားသည်။ ထို့ကြောင့် သူ ကြိုတင်ပြင်ဆင်ပြီး အရာအားလုံးကို ဖြည်းဖြည်းချင်း အချိန်ယူ လုပ်ဆောင်ရမည်။

တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်လေးက သူ့ခွန်အားနှင့် သူ့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာကို ကျီစုန့် သိသော်လည်း အစ်ကိုကြီးက သူ့ထက်ပိုပြီး ဉာဏ်ကောင်းသည့်အတွက် သူ ပြောတာ နားထောင်လိုက်ခြင်းက ပိုကောင်းသည်။

ထို့ကြောင့် သူက ဝမ်ဝေ့နောက် ချက်ချင်းလိုက်မသွားဘဲ သူ့အစ်ကို ပြောသည့် လိုအပ်သည့် ကာကွယ်ချက်များကို အရင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျီစုန့် ပြီးသွားသည့်အခါ မိစ္ဆာကျင့်ကြံသူ တုံပေါ်က စစ်ဆေးမှုထဲသို့ ဝင်လာသည်။ သူက သူ သတ်ဖြတ်ရတော့မည့် သားကောင်နှင့် ပတ်သက်ပြီး အရမ်းကို စိတ်လှုပ်ရှားနေမိသည်။ သားကောင်များ၏ ခုန်နေသော နှလုံးသားက ဘယ်လောက်ထိ အရသာရှိမည်ဖြစ်ကြောင်း စဉ်းစားလိုက်လျှင် စိတ်လှုပ်ရှားနေသည်။

“ ဧကရာဇ်မျိုးရိုးက နှစ်ယောက်ကို မထိနိုင်တာတော့ အတော်လေး ဆိုးတာပဲ” တုံပေါ်က သူ့ဘာသာသူ စဉ်းစားလိုက်သည်။ သို့သော်လည်း ဤနေရာတွင် ပျော်ရွှင်ဖို့ သားကောင်များစွာ ရှိနေသေးသည်။

ထိုနှစ်ယောက်အနောက်တွင် ကုန်းမြေငါးခုနှင့် အလွှာနိမ့်များမှ ယှဉ်ပြိုင်သူများအားလုံး စိတ်ဝိညာဉ်ခရီးလမ်း စစ်ဆေးမှုထဲသို့ ဝင်သွားကြသည်။

နာရီအနည်းငယ်အတွင်းမှာပင် ဝမ်ဝေ့က လက်နက်အဖြစ် ကျောက်ဓားကို ဖန်တီးလိုက်နိုင်သည်။ ဝမ်ဝေ့က လက်နက်များထက် သူ့လက်သီးကို သုံးရတာ ပိုကြိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ယခု အတော်လေး အားနည်းနေသည့်အတွက် လက်နက်ကို အသုံးပြုခြင်းက ပိုမိုလုံခြုံမှုရှိပြီး အကျိုးသက်ရောက်မှု ရှိသည်။

လက်နက်ပြုလုပ်ပြီးနောက် ဝမ်ဝေ့က ချက်ချင်း သတ်ဖြတ်ခြင်း မပြုလုပ်ဘဲ ပတ်ဝန်းကျင် အနေအထားကို သေချာလေ့လာပြီး ရင်းနှီးမှုရှိအောင် လုပ်နေသည်။

တစ်နာရီကျော်ကြာ အနားယူပြီးနောက် ဝမ်ဝေ့ စတင် အမဲလိုက်တော့သည်။

စိတ်ဝိညာဉ်ခရီးလမ်းစစ်ဆေးမှုကို အပိုင်းနှစ်ပိုင်းခွဲထားသည်။

ပထမနှစ်ဝက်တွင် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ဖြည်းဖြည်းချင်း တောရိုင်းထဲတွင် ရှင်သန်နေထိုင်ဖို့ သင်ယူရမည်ဖြစ်သည်။ သူတို့၏ ပြိုင်ဘက် ဘယ်နေရာမှာ ရှိနေလဲဆိုတာကို သိချင်ပါက ကိုယ့်နည်းလမ်းနှင့်ကိုယ် ခြေရာခံရမည် ဖြစ်သည်။

ဒုတိယအပိုင်းတွင် သူတို့ တိကျသော အကွာအဝေးတစ်ခုကို ရောက်သွားပါက တစ်ယောက်ချင်းစီတိုင်း၏ တည်နေရာကို ပြသမည် ဖြစ်သည်။ ထို့အပြင် ထိပ်သီးဆယ်ယောက်၏ တည်နေရာများကိုလည်း ယှဉ်ပြိုင်သူအားလုံးဆီ ပြသသွားမည် ဖြစ်သည်။

ဒုတိယအပိုင်း၏ နောက်ထပ် အရေးကြီးသည့်အရာက လျှို့ဝှက်နယ်မြေများစွာကို ဖွင့်ပေးလိုက်မည် ဖြစ်သည့်အတွက် လူအများစု ကံကောင်းမှုနှင့် တွေ့ကြုံနိုင်သည်။

ပထမတစ်ပိုင်းတွင် တခြားယှဉ်ပြိုင်သူများအနေဖြင့် ပစ်မှတ်ကို ခြေရာခံနိုင်ရန် အတော်လေး ခက်ခဲသော်လည်း ဝမ်ဝေ့အတွက်တော့ မတူညီပေ။ သူ၏ အစစ်အမှန် အမြင်အာရုံစွမ်းရည်ကြောင့် ယှဉ်ပြိုင်သူအားလုံး၏ ခေါင်းပေါ်ရှိ ချီနဂါးများကို မြင်နိုင်သည့်အတွက် သူတို့ကို အလွယ်တကူ ခြေရာခံနိုင်သည်။

ဝမ်ဝေ့က သူနှင့် အနီးဆုံးမှာ ရှိနေသော ပစ်မှတ်ကို ခြေရာခံလိုက်သည်။ ထိုသူက သန့်ရှင်းလှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။

သူမက အဝတ်အစားပေါ်ရှိ အညစ်အကြေးများကို ခါနေပြီး ပေါ်ပေါ်ထင်ထင်နေနေသည့်အတွက် ကြည့်လိုက်ရုံဖြင့် အလိုလိုက်ခံထားရသော ချမ်းသာသည့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘာအတွေ့အကြုံမှ မရှိကြောင်း ဝမ်ဝေ့ ပြောနိုင်သည်။

ထိုမိန်းကလေးက သူမ၏ သက်တော်စောင့်များအား တစ်ခုခု ပြောဆိုလိုက်သည်ကို ဝမ်ဝေ့ ကြားလိုက်ရသည်။ ထိုအချက်အလက်အရ ထိုမိန်းကလေးကို သူမ၏ မိဘများက ဘဝအကြောင်း အတွေ့အကြုံရစေရန် ပို့ထားခြင်းဖြစ်သည်ဟု ဝမ်ဝေ့ ခန့်မှန်းမိသည်။ ထို့ကြောင့် သူတို့က သူမကို ကာကွယ်ရန်အတွက် စွမ်းအားကြီးသည့် သက်တော်စောင့်များအား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ထိုမိန်းကလေးက သူမ၏ သက်တော်စောင့်များနှင့် ကွဲသွားကာ တစ်ယောက်တည်း ဖြစ်နေသည်။ သူမ၏ မိဘများ ဘာတွေစဉ်းစားနေလဲဆိုတာ ဝမ်ဝေ့ သိချင်မိသည်။

ဒီစစ်ဆေးမှုထဲမှာ အားလုံးက မတူညီတဲ့ နေရာတွေဆီ အပို့ခံရမယ်ဆိုတာကို သူတို့ မသိခဲ့တာလား

သို့သော် သူမက မိန်းကလေးဖြစ်နေသည့်အတွက် ဝမ်ဝေ့ စာနာထောက်ထားနေမည်‌တော့ မဟုတ်ပေ။ ဤစစ်ဆေးမှုအတွင်းသို့ ဝင်ရောက်လာသူတိုင်း သူတို့ အသက်ရှင်လျက် ပြန်မထွက်သွားတာမျိုးလည်း ဖြစ်နိုင်သည်ဟု ယူဆထားသင့်သည်။

ဝမ်ဝေ့က ထိုမိန်းကလေးကို ချုံခိုတိုက်ခိုက်လိုက်သည်။ သူမကို မြေပြင်ပေါ် လဲကျသွားအောင် လုပ်လိုက်ပြီးနောက် ဒူးဖြင့် ထောက်ထားပြီး လည်ပင်းကို လက်နက်ဖြင့် ထိုးစိုက်လိုက်သည်။

ထိုမိန်းကလေးက သူ့ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေစဉ် ဝမ်ဝေ့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများပေကျံသွားသည်။ သူမ ယခုလိုမျိုး သေသွားရသည်ကို သူမ မယုံနိုင်ဖြစ်နေသည်။ သူမ နောက်ဆုံးစကား ပြောဖို့ ပြင်လိုက်စဉ် ပါးစပ်ထဲမှ သွေးများထွက်လာသည်။ သူမ နောက်ဆုံးအလင်းတန်းကို မြင်ပြီးနောက် မှောင်ကျသွားကာ အရာအားလုံးရပ်တန့်သွားသည်။ သူမ သေဆုံးသွားလေပြီ။

ထိုမိန်းကလေးကို သတ်ပြီးနောက် သူမ၏ ချီနဂါးပျောက်ကွယ်သွားကာ သူ့ချီနဂါးမှ စုပ်ယူလိုက်သည်ကို ဝမ်ဝေ့ သတိထားလိုက်မိသည်။ ထို့နောက် ခရမ်းရောင်၏ ပြင်းအား တိုးလာသည်။ သူက သူမ၏ ကံကောင်းမှုကို လုယူလိုက်ပြီဖြစ်သည်။

ထို့နောက် ဝမ်ဝေ့က တိုက်ခိုက်စဉ်အတွင်း သူ့အပြုအမူများကို စတင်တွေးတောလာမိသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးများပေကျံနေသည်ကိုကြည့်ပြီး သံအရသာကိုပင် ခံစားနေမိပြီး အရမ်းညစ်ပတ်နေသည့်အတွက် ရွံရှာမိသည်။

သူ့အပြုအမူများက သိပ်ပြီး မချောမွေ့သည်ကို သူ သတိထားလိုက်မိသည်။ သူ မိန်းကလေးကို နောက်မှ ချုပ်ကာ လည်ပင်းကိုလှီးလိုက်သင့်သည်။ ဒီလိုလုပ်ခဲ့ပါက ပိုမိုမြန်ဆန်ပြီး သွေးလည်း သိပ်ပေမည် မဟုတ်ပေ။

တိုက်ခိုက်သည့်နေရာတွင် သူ အတွေ့အကြုံ အများအပြား မရှိသည်ကို ဝမ်ဝေ့ သတိထားလိုက်မိသည်။ ထို့ကြောင့် စစ်ဆေးမှုမှာ ပါဝင်ယှဉ်ပြိုင်ခြင်းက သူ လိုအပ်နေသော အတွေ့အကြုံ ဖြစ်သည်။

သူ့အမှားများကို သေချာအနှစ်ချုပ်ပြီးနောက် ဝမ်ဝေ့ နောက်ထပ်သားကောင်ဆီ ဦးတည်လိုက်သည်။ သူက ဤစစ်ဆေးမှုတွင် အသစ်ပြန်လည်မွေးဖွားဖို့ ဆုံးဖြတ်ထားပြီး တစ်နေ့တွင် ကောင်းကင်အမိန့်ကို လက်ခံပြီး တာအိုကို သက်သေပြနိုင်မည့် အရေးပါသော ခြေလှမ်းလှမ်းနိုင်ရန်လည်း ဆုံးဖြတ်ထားသည်။

All Chapters