ပေယဲ့ထက် အရှက်မဲ့တဲ့သူမရှိတော့ဘူး
Vol. 10 Ch. 196
ဟန်မုသည် သန့်စင်သောသားတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ဆက်ဆံရေးရှိ၍လား သို့မဟုတ် မြင်းပျံသည် ဟန်မုကိုသယ်ပြီး ကြယ် ၄ ပွင့် မိုးဟိန်းဂဠုန်ကို တာဝန်ယူ၍ကြောင့်လားတော့ မသိပေ။ အလင်းမြင်းပျံသည် မိုးဟိန်းဂဠုန်ထက် အားမနည်းပေ။ တဒင်္ဂအတွင်းမှာပင် ဟန်မု၏လက်ထဲမှ လေးလံသောဓားသည် မိုးဟိန်းဂဠုန်ကို ခုတ်လိုက်သည်။ မွန်မြတ်သောသားရဲ နှင့် ဝိညာဉ်သခင်ကြီးတို့တွင် မေးခွန်းထုတ်စရာမလိုသော တိုက်ရေးခိုက်ရေး ခွန်အားရှိသည်။ ဝိညာဉ်စွမ်းအားရောနှောထားသော ဓားသည် ဂဠုန်၏ အတောင်ပံကို ခုတ်လိုက်ရာ ဒဏ်ရာအပြင်းအထန်ရသွားကာ မိုးပေါ်မှ သွေးမိုး များရွာချလေသည်။
“ဂါး…”
စူးရှစွာအော်သံနှင့်အတူ ဂဠုန်ငှက်သည် ဒေါသထွဥ◌်လာသည်။ ၎င်း၏ ကြီးမားသောခန္ဓာကိုယ်ယိုင်သွားသည်နှင့် ဟန်မုသည် ဂဠုန်၏ ကျောပြင်ပေါ် သို့ တက်လိုက်၏။ သူသည် ၎င်း၏လည်တိုင်မှ ငှက်မွေးများကို လက်တစ်ဖက် ဖြင့် ဆုပ်ကိုင်ပြီး နောက်တစ်ဖက်မှ ဓားကိုင်ကာ ခုတ်လိုက်သည်။
ဂဠုန်၏လည်ပင်းမှ ငှက်မွေးများပေါ်တွင် အဖြူရောင်အလင်းတန်း တောက်ပလာသည်။ မထင်မှတ်စွာပင် ပိုးသားကဲ့သို့ နူးညံ့သောဓားသည် ဟန်မု ဆုပ်ကိုင်ထားသည့် ဂဠုန်၏လည်တိုင်မှ ငှက်မွေးများကို မတော်တဆဖြတ် လိုက်၏။
ဟန်မုသည် သူ့ဘယ်လက်လျော့ကျသွားသည်ကို ခံစားမိသလို ညာဘက် လက်မှဓားသည် ငှက်၏လည်ပင်းကို ခုတ်လိုက်မိသည်။ စူးရှသောနာကျင်မှု ကြောင့် ဂဠုန်၏တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားသည်။ ၎င်း၏ကြီးမား သော ခန္ဓာကိုယ်သည် မြေပေါ်သို့ တဟုန်ထိုးကျသွားရာ ဟန်မုသည်လည်း ဟန်ချက်ပျက်သွားသည်။ သူသည် ဂဠုန်၏ကျောပေါ်မှ ချော်ကျကာ ကြိုးပြတ် သွားသည့် စွန်ကဲ့သို့ မြေပေါ်သို့ကျသွားလေသည်။
သူသည် ဝိညာဉ်သခင်ကြီးတစ်ယောက်သာဖြစ်သလို သူ၏စာချုပ်သားရဲ သည် ဝိညာဉ်သားရဲဖြစ်၏။ သူသည် လေပေါ်တွင်ပျံနိုင်သည့်စွမ်းအားမရှိပေ။ သူ မီတာပေါင်းတစ်ထောင်ကျော်အမြင့်မှ ကျပြီးနောက် ပေထင်းဟွမ်သည် အံကြိတ်ကာ မြေပြင်ကိုကြည့်လိုက်သည်။ သူမသည် မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ဟန်မု၏ခန္ဓာကိုယ်သည် မြေပြင်နှင့် အနမ်းပေးကာ မှော်သားရဲများ၏ခွာသည် သူ့ခန္ဓာကိုယ်ပေါ်သို့ အညှာတာမဲ့စွာ နှင့် နင်းကြလေသည်။ သူအသက်ရှင်နေသေးသလားဟု ပေထင်းဟွမ်သည် ဆင်းပြီးစစ်မကြည့်ပေ။ သို့သော် ဟန်မုသေဆုံးသွားသည်မှာ သံသယဝင်ဖွယ် ရာမရှိပေ။
သူမသည် အမှားကြီးလုပ်မိလိုက်သလို အပြစ်မကင်းသလိုခံစားသွားရ သကဲ့သို့ ပေထင်းဟွမ်သည် မိုးဟိန်းဂဠုန်ပေါ်သို့ ဒေါသပုံချလေသည်။ သူမ လက်ထဲမှ ဓားပျော့သည် ပြင်းထန်စွာ ဒဏ်ရာရထားသော မိုးဟိန်းဂဠုန်ကို ရစ်ပတ်ကာ နှင်းဝံပုလွေကြေးစားအဖွဲ့ရှိသည့်နေရာဆီသို့ အပြင်းအထန် ပစ်လိုက်သည်။ ၎င်းသည် မြေကြီးနှင့်ရိုက်မိရာ သူမ ပြောလိုက်သည် “ကောင်စုတ် မင်းက အဆင့်မြင့်ကြယ် ဝိညာဉ်သခင်ကြီးကို မြေကြီးပေါ်ကျ အောင်လုပ်ရဲတယ်.. မင်းက ရှင်းထျန်ကြေးစားအဖွဲ့ရဲ့ ခေါင်းဆောင်ကို ဒဏ်ရာ ရအောင်လုပ်ခဲ့တာပဲ”
သူမသည် အလွန်ပင်ဖြောင့်မတ်ကာ ဖော်မပြနိုင်လောက်အောင် မှန်ကန် သည်ဟုပင် ထင်ရသည်။ သူမသည် ရှင်းထျန်ကြေးစားအဖွဲ့ရင်းနှီးပြီး ဟန်မု၏ သစ္စာရှိသောအပေါင်းအဖော်ဟု ထင်စရာပင်။ သူမသည် သူငယ်ချင်းကောင်း သေဆုံးသွားသည့်အတွက် တရားမျှတမှုကို ရှာနေသလိုပင်။
မြေပေါ်တွင် ပေထင်းဟွမ်၏ အော်သံကို လူအများကကြားနရသည်။ သူတို့အားလုံးသည် ပေထင်းဟွမ်၏ သဘောထားကြီးမြတ်မှုကို အားပေးကြ သည်။ ရှင်းထျန်ကြေးစားအဖွဲ့သည် ပေထင်းဟွမ်နှင့် မရင်းနှီးပေ။ သို့သော် ဤ လူသားနှင့် မှော်သားရဲတို့အကြားမှ စစ်ပွဲတွင် သခင်ပေယဲ့သည် တရားမျှတမှု အတွက် သူ၏ရန်ငြိုးကိုပင် ပစ်ပယ်နိုင်သည်။
ပေထင်းဟွမ်လုပ်ရပ်ကိုကြည့်ပြီး မွန်မြတ်သောသားရဲနှစ်ကောင်နှင့် အပြင်းအထန်တိုက်ခိုက်နေသော ဂူဟောက်သည် ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှ သွေးများအန်ကျလာတော့သည်။ တိုက်ခိုက်ရင်းနှင့် သူ၏အေးစက် သောအသံထွက်လာသည် “ပေယဲ့ အရှက်မမဲ့စမ်းနဲ့”
“သန့်စင်တဲ့သားတော်” အခုမှဂူဟောက်ကို မြင်လိုက်သကဲ့သို့ ပေထင်းဟွမ်သည် ရုတ်တရက်လှည့်ကာ ဂူဟောက်ဆီသို့ အမြန်ပြေးသွားလေ သည် “ခင်ဗျားကို ကူညီပေးမယ်”
“မိုးနတ်မင်းရေ သခင်ပေယဲ့က အရမ်းကိုအားကောင်းတာပဲ.. သူက ဝိညာဉ်သခင်ကြီးပဲ ဒါပေမဲ့ မွန်မြတ်တဲ့သားရဲကို ဒီလောက်မြန်မြန် အနိုင်တိုက် နိုင်တယ်”
“ဟုတ်တယ် သူက သခင်ဟန်မုအတွက်ကိုတောင် လက်စားချေလိုက် သေးတယ်”
“သခင်ပေယဲ့က ငယ်ပေမဲ့ သစ္စာရှိတယ်”
ထိုချီးကျူးစကားများကို ကြားပြီး ပေထင်းဟွမ် စိုးရိမ်တကြီးပြေးလာ သည်ကိုမြင်ပြီးနောက် ဂူဟောက်သည်သွေးအန်တော့သည်။ သူသည် သူ၏ မွန်မြတ်သောသားရဲ အလင်းမြင်းပျံနှင့် မတော်တဆတိုက်မိပြီး နှစ်ယောက်လုံး မြေပေါ်သို့လဲကျသွားလေသည်။
***