← Chapters

ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ သန့်စင်သောသားတော်

Vol. 10 Ch. 197

ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ သန့်စင်သောသားတော်

Vol. 10 Ch. 197

သေချာပေါက်ပဲပေါ့.. ဂူဟောက်သည် ပေထင်းဟွမ်၏ အရှက်မဲ့မှုကြောင့် ဒေါသထွက်ခြင်းမဟုတ်ပေ။ ဂူဟောက်သည် ဓား ၃ လက်ကြယ်ဝိညာဉ်သခင် ဖြစ်သော်လည်း ထိပ်ပိုင်းအဆင့် ဝိညာဉ်သခင်များအကြားတွင် သန်မာသူနှင့် အားနည်းသူဟူ၍ရှိသည်။ စီရင်ချက်နတ်ဗိမာန်မှ အရင်းအမြစ်မျိုးစုံရှိသည့် ဂူဟောက်ကဲ့သို့ ကြယ်ဝိညာဉ်သခင်သည် အလွန်မြင့်မားသည့် တိုက်ခိုက်ရေး ခွန်အားရှိသည်။

သူသည် အဆင့်နိမ့်ကြယ် ဝိညာဉ်သားရဲနှစ်ကောင်နှင့် ရင်ဆိုင်နေရသည်။ နီရဲမီးလျှံကြား၏ တိုက်ခိုက်မှုစွမ်းအားသည် အထူးသဖြင့် ပုံမှန်မဟုတ်ပေ။ မြေကြီးချပ်ဝတ်နဂါး၏ ကာကွယ်မှုသည် ၎င်း၏နာမည်နှင့် ထိုက်တန်သည်။ အတန်ကြာအောင် တိုက်ခိုက်ပြီးနောက် ဂူဟောက်သည် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ အထူးသဖြင့် သူ၏မဟာမိတ် ဟန်မုသေသွားသဖြင့် ပေထင်းဟွမ်သည် မပြင်ဆင်ရသေးခင်မှာပင် သူ့ကိုတိုက်ခိုက်မည်ကို ဂူဟောက် အလွန်အမင်းပူပန်နေသည်။

သို့သော် ဒုတိယအတွေးမှာ ပေထင်းဟွမ်သာ အားလုံးရှေ့တွင် အပြစ်လုပ် လိုက်ပါက သူသည် ဤတိုက်ကြီးတွင် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။

ပေထင်းဟွမ်သည် ဤမျှအရှက်မဲ့လိမ့်မည်ဟု သူ မထင်ထားပေ။

သတိလွတ်သွားသည်နှင့် နီရဲမီးကျား၏ ကြီးမားသောခန္ဓာကိုယ်သည် သူ့ ဆီသို့ တိုးဝင်လာသည်။ မှော်သားရဲ၏ကြီးမားသော ဖိအားသည် သူ့ကို ခပ်ပြင်း ပြင်းရိုက်မိလေသည်။ သူသည် နတ်သားရဲချပ်ဝတ်တန်ဆာဝတ်ထားသော် လည်း ဤမျှအားကောင်းသော ရိုက်ခတ်မှုကို မခံနိုင်ပေ။ ကံကောင်းစွာပင် နတ်သားရဲချပ်ဝတ်တန်ဆာမှာ ခိုင်ခံ့သည်။ ဂူဟောက်သည် သွေးအန်မိသော် လည်း အပြင်းအထန်ဒဏ်ရာမရပေ။

“ပေယဲ့ ငါ့တိုက်ပွဲမှာ မင်းဝင်ပါဖို့မလိုပါဘူး” ဂူဟောက်၏ အေးစက်သော အသံသည် အေးစက်သည့်သံမဏိအလင်းနှင့် ရောယှက်ထားသကဲ့သို့ပင်။ သူ၏ အသံသည် လူများကိုထိခိုက်စေလျှင် ပေထင်းဟွမ်သည် ဒဏ်ရာအပြည့်ရနိုင် သည်။

“အာ.. သန့်စင်တဲ့သားတော် ဟုတ်ပြီလေ.. ဒါဆို ဖြည်းဖြည်းချင်းပဲ.. အင်း တစ်ယောက်တည်း တိုက်ခိုက်ပါ” ပေထင်းဟွမ်သည် မိုးကုတ်စက်ဝိုင်းမှ နေရောင် ရောင်ပြန်ဟပ်နေသော တိမ်တိုက်မှအလင်းများကို ကြည့်လိုက်သည်။ သူမသည် ဒဏ်ရာရသွားသည့် မြေပေါ်ကျသွားသော အလင်းမြင်းပျံကို ကြည့်လိုက်သည်။ ထိုအလင်းမြင်းပျံသည် သူမ၏သားရဲ အနှေးနှင့်အမြန် ဖြစ်လာမည့်အတွက် သနားမိသော်လည်း ထိုသားရဲ မကျန်းမမာဖြစ်သွားမည်ကို ပေထင်းဟွမ် မလိုလားပေ။ ထို့အပြင် ဂူဟောက် ပိုအားထားရသည့် အထောက်အပံ့အမျိုးအစား မွန်မြတ်သောသားရဲနှင့်ဆိုလျှင် သူမသည် အနိုင်ရနိုင်သည့်အခွင့်အရေးနည်းပါးသည်။

“ပေထင်းဟွမ်.. မင်းက အဲဒီနတ်သားရဲကို လိုချင်နေတာလား အိပ်မက် မက်နေလိုက်”

ဂူဟောက်၏အသံသည် သူမအနောက်မှထွက်လာရာ သူမ၏ ကျောရိုး များစိမ့်သွား၏။ ပေထင်းဟွမ်သည် ရုတ်တရက် အနောက်ကိုကြည့်လိုက်သည်။ ဂူဟောက်၏လက်ထဲမှ ခမ်းနားသည့်ကြယ်ဝိညာဉ်နည်းပညာသည် တောက်ပ သောအလင်းတန်းအဖြစ် ထွက်လာသည်။ ထိုဝိညာဉ်နည်းပညာသည် သူ တိုက်ခိုက်နေသည့် သားရဲဆီသို့သွားခြင်းမဟုတ်ဘဲ ပေထင်းဟွမ်ဆီသို့ တည့်တည့်လာခြင်းဖြစ်သည်။

သူမ၏ အတွေးများအားလုံးသည် စိတ်ထဲတွင် တဝဲလည်လည်ဖြစ်နေ၏။ သူမသည် လော့ပေမြို့မှ လွတ်မြောက်လာသည့်နေ့ကို ပြန်တွေးနေမိသည်။ ပေထင်းမိသားစု၏ ဥပဒေအရာရှိ၊ သူမကို ပိတ်လှောင်ထားသည့် ပေထင်းသယ့် … ကောင်းကင်အဆင့်လား.. မကြာမီတွင် သူမသည် ကောင်းကင်အဆင့် ရောက်နိုင်သည်။ သူမဆီသို့ မွန်းကြပ်သည့်ခံစားချက်ရောက်လာသည်။ ဂူဟောက်အနောက်တွင် ကြီးမားသောဦးချိုပါမြင်း တစ်ကောင်ပေါ်လာသည်။ ဦးချိုပါမြင်း၏ ခေါင်းရှိ ငွေရောင်တောက်နေသော ဦးချိုမှ တောက်ပသော အလင်းများထွက်လာပြီး ပေထင်းဟွမ်အား ကျူးကျော်တိုက်ခိုက်လေသည်။

ချောင်းမြောင်းတိုက်ခိုက်တာလား။ စီရင်ချက်ဗိမာန်ရဲ့ ကိုယ်စားပြုကြီး က တကယ်ချောင်းမြောင်းတိုက်ခိုက်တာလား။ ဒီကောင်က သူမကို သတ်ဖို့ မွန်မြတ်တဲ့သားရဲကို တိုက်ခိုက်ဖို့ကို လက်လျော့လိုက်တာလား။

ကောင်းတယ် အရမ်းကောင်းတယ်။

ကောင်းကင်အဆင့်ဝိညာဉ်သခင်ရဲ့ ကြယ်ဝိညာဉ်နည်းပညာကို ကြောက် နေမယ်ထင်နေလား။ အေးစက်သော အလင်းတန်းသည် ပေထင်းဟွမ်၏ မျက်လုံးများမှ ထွက်လာသည်။ ကြယ်ဝိညာဉ်သခင်၏ ချုပ်နှောင်ထားမှုကြောင့် ပေထင်းဟွမ်သည် ဆွဲငင်အားပြင်းသည့် နယ်ပယ်ထဲသို့ ရောက်နေသလို ခံစား ရသည်။ သူမသည် ထိုတိုက်ခိုက်မှုကို ခံနိုင်ရန်အတွက် အားကောင်းသော မွန်မြတ်သောသားရဲ၏ တိုက်ခိုက်ရေးဝတ်စုံကိုသာ မှီခိုရတော့သည်။

“ပေယဲ့”

“သခင်”

မြေပေါ်ရှိ ချင်းယွိသည် ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် သူ့နှလုံးခုန် ရပ်တန့်သွားသလိုပ်င။ လျှပ်စီးသည် ချင်းယွိကို သယ်ဆောင်လာသည်။ မှော်သားရဲ၏ဖိအားအောက်တွင် ချင်းယွိခန္ဓာကိုယ်မှ ကြေးနီချပ်ဝတ်တန်ဆာ သည် မြေပေါ်သို့ပြုတ်ကျသွားပြီဖြစ်သည်။ သူ၏ပါးစပ်ကျယ်လင်းတသည် မြေပေါ်တွင် တုန်ယင်စွာဖြင့် လဲလျောင်းနေသည်။ ချင်းယွိက သူ့ ကိုယ်ကာယ ခွန်အားကိုသုံးပြီး ဒီတိုက်ခိုက်မှုကနေ သူမကို ကယ်ချင်နေတာလား။

သူသည် နတ်သားရဲ၏ဖိအားကို မခံနိုင်သော်လည်း လျှပ်စီးသည် သခင် ဖြစ်သူကို ကယ်တင်ရန် ပြေးသွားခဲ့သည်။ သူသည် ခက်ခက်ခဲခဲပြေးသွားကာ ထို ဦးတည်ဘက်သို့ ချင့်ချိန်စွာကြည့်လိုက်သည်။ ပေထင်းဟွမ်၏အမိန့်သည် သူ၏အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာသည် “မလာခဲ့နဲ့”

***

All Chapters