← Chapters

ကမ္ဘာကြီးကိုအုပ်စိုးသောမင်

Vol. 10 Ch. 198

ကမ္ဘာကြီးကိုအုပ်စိုးသောမင်

Vol. 10 Ch. 198

နောက်ဆုံးအချိန်ပြင်ဆင်ပြီးနောက် သူမသည် ခန္ဓာကိုယ်ထဲမှ အဆီအနှစ်စွမ်းအားများအားလုံးကို ဆွဲနှုတ်ပြီး သူမရှေ့တွင် အတားအဆီးတစ် ခုတည်ထောင်ကာ ပိတ်ပင်ရန်ကြိုးစားလိုက်သည်။ သူမသည် သူနှင့်မယှဉ်နိုင် သည်ကို သိလျှင်တောင် လက်ဗလာနှင့်သေမည်မဟုတ်ဘဲ သူ့အပေါင်းအဖော် များကိုပါ ခေါ်သွားမည်ဖြစ်သည်။

ပေထင်းဟွမ်၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများသည် သူမဆီသို့ အလင်းအရှိန်နှင့်လာနေသည့် ကြယ်ဝိညာဉ်နည်းပညာကို တည့်တည့်စိုက် ကြည့်နေသည်။

သူမသည် တစ်နေ့တွင် စီရင်ချက်ဗိမာန်ဆိုသည့်နေရာကို ရှင်းထုတ်ရမည် ဟု အမြဲတမ်းအမှတ်ရသွားမည်။

ဆူညံနေသည့်အသံများသည် သူ့နားထဲတွင်ရှိနေဆဲပင်။ သို့သော် ဤကမ္ဘာတွင် ရေခဲကဲ့သို့အေးစက်သောအသံသည် ထိုဆူညံပွက်နေသော အသံ များအားလုံးကို ဖိနှိပ်လိုက်သည် “လူသားဝိညာဉ်သခင်တစ်ယောက်ကများ ငါ့ စာချုပ်သခင်ကို ထိခိုက်အောင်လုပ်ရဲတယ်ပေါ့ သေချင်နေတာလား”

ထိုအသံသည် မကျယ်လောင်သော်လည်း အထင်သေးမှုအပြည့်နှင့်ပင်။ ချွန်ထက်သောဓားသွားကဲ့သို့ အေးစက်မှုသည် အားလုံး၏ စိတ်ပူပန်မှုကို ဖြတ်တောက်လိုက်သည်။ ကြီးမားသောဖိအားတစ်ခုသည် ရုတ်တရက် ကမ္ဘာ‌ ပေါ်တွင် မြင့်တက်လာသည်။ ၎င်းသည် လွှမ်းမိုးနိုင်ကာ ကောင်းကင်ဘုံ ၉ ခု အထက်ရှိ နတ်ဘုရားကဲ့သို့ ကမ္ဘာကြီးကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ငုံ့ကြည့် နေသည်။

အရောင် ၉ ရောင်ပါသောအလင်းသည် ဤနေရာကို ဖြတ်သွားပြီး တဒင်္ဂအတွင်းမှာပင် အားလုံးကို ချည်နှောင်လိုက်သည်။

တောက်ပသောမီးတောက်များသည် ပေထင်းဟွမ်၏ရှေ့၌ တံတိုင်း သဖွယ်ပေါ်လာသည်။ မီးတောက်များသည် ကောင်းကင်ဆီသို့ လျှံတက်နေပြီး ကမ္ဘာပေါ်မှအရာများအားလုံးကို လောင်ကျွမ်းနေသည်။ လွင်ပြင်တစ်ခုလုံးမှာ ထူးဆန်းသော ၉ ရောင်မီးလျှံ၏ ရောင်ပြန်ဟပ်မှုကြောင့် ၎င်း၏ မူလအရောင် ပင်ပျောက်သွားလေသည်။ မိုးကောင်းကင်သည် ထိုခမ်းနားသောအလင်းဖြင့် ရောင်ပြန်ဟပ်ကာ ကောင်းကင်ပေါ်မှ တိမ်တိုက်များထက်ပင် ပိုတောက်ပနေ သည်။

ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ကြယ် ၆ ပွင့်ဝိညာဉ်သခင်ကြီး ၏ ကြယ်ပုံစံအဖွဲ့အစည်းသည် ရုတ်တရက်ပေါ်လာသည်။ ပြောင်မြောင်သော ပုံစံသည် ငွေရောင်အလင်းတန်းများဖြင့် မှေးမှိန်သွားခြင်းမရှိပေ။ သို့သော် မီးတောက်နှင့်တူသည့် အရောင် ၉ ရောင်ပေါ်လာသည်။ ၎င်းတို့သည် လူအများ ကို မျက်စိပင်ကျိန်းစပ်စေသည်။

လွှမ်းမိုးနိုင်လိုက်တဲ့ အရောင်ပဲ။

ကမ္ဘာတစ်ခုလုံးသည် ထူးဆန်းစွာပင် ငြိမ်ကျသွားသည်။ ကောင်းကင်နှင့် မြေကြီးပေါ်မှ မှော်သားရဲများနှင့် တိုက်ခိုက်နေကြသည့် လူသားဝိညာဉ်သခင်၊ ဓားသခင်များသည် လုပ်လက်စများကိုရပ်လိုက်ကာ ကမ္ဘာပျက်တော့မည့် အတိုင်း ထိုမြင်ကွင်းကိုကြည့်နေကြသည်။

ပေထင်းဟွမ်ပင်လျှင် မယုံနိုင်သေးပေ။ သူမရှေ့တွင်သာ အမှန်တကယ် ပေါ်မလာပါက ဤအရာသည် သူမ၏စာချုပ်သားရဲပါဟု ယုံမည်မဟုတ်ပေ။ ၎င်းသည် အမှန်တကယ်ပင် သူမ၏မှော်သားရဲနေရာမှ ထွက်လာခြင်းဖြစ်၏။

မင်ဖြစ်သည်။ ထိုအေးစက်သောအသံသည် အထင်သေးမှုဖြင့်ပြည့်နေပြီး မြင့်မြတ်သလို တန်ခိုးကြီးသည့်ဧကရာဇ်သဖွယ် ဂုဏ်သရေရှိလှသည်။ သို့သော် မင်၏ ကြည်နူးစရာနွေဦးကဲ့သို့ပင်။

သူသည် အိပ်နေရာမှ နိုးလာခဲ့သည်။

ထိုအခိုက်တွင် ၉ ရောင်မီးလျှံသည် တဖြည်းဖြည်းမှေးမှိန်သွားပြီး သူ၏ ပုံရိပ်ပေါ်လာသည်။ သူသည် ပေထင်းဟွမ်ရှေ့တွင်ရပ်လိုက်ရာ သူမသည် ထိတ်လန့်ကာ ပါးစပ်ပင်မပိတ်နိုင်တော့ပေ။

မင်၏တစ်ကိုယ်လုံးကို ၉ ရောင်စပ်နိဗ္ဗာန်မီးလျှံဖြင့် ရစ်ပတ်ထားသည်။ ၎င်း၏ဆံနွယ်ရှည်များသည် ၉ ရောင်စပ် မီးလျှံနှင့်အတူ လှုပ်ခါနေသည်။ သူ၏ ၉ ရောင်စပ်စစ်ချပ်ဝတ်တန်ဆာကြောင့် တခြားသူများသည် သူ့ကို တည့်တည့် ပင် မကြည့်ရဲကြပေ။ သူ၏မျက်ခုံးနှင့် မျက်အိမ်အရောင်သည်လည်း ၉ ရောင် တောက်ပနေသည်။ သူ၏ ပုံမှန်ကျောက်စိမ်းဖြူအသားအရေအပြင် သူ၏ ခန္ဓာကိုယ် လက်မတိုင်းသည် ၉ ရောင်နီးပါးတောက်ပကာ ခမ်းနားလှသည်။

ဤကဲ့သို့အေးစက်ပြီး လွှမ်းမိုးနိုင်သည့်အသံသည် ၇ နှစ် ၈ နှစ်အရွယ် ကလေးဆီမှ ထွက်လာသည်ဟု တွေးရခက်သည်။

ထိုအချိန်တွင် မင်သည် ကလေးငယ် တစ်ဦးသာဖြစ်သည်။

သူ့နဖူးပေါ်ရှိ ၉ ရောင်စိန်ပုံစံ နဖူးအဆင်တန်ဆာတစ်ခုသည် စိတ်ဝိညာဉ် ခိုးယူသည့်အလင်းကို ထုတ်လွှတ်လိုက်သည်။ အလင်းတစ်ခုတည်းကပင် လူများကု ထိခိုက်စေနိုင်ရာ ထိုလူများသည် အလွန်လှပပြီး အရှိန်အဝါကြီးသည့် မင်ကို ရဲရဲမကြည့်ရဲကြပေ။ သူ၏တစ်ကိုယ်လုံးသည် ငရဲ ၉ ဆင့်မှ ထွက်လာ သည့် ရေခဲကဲ့သို့ရောင်ဝါကို ထုတ်လွှတ်ပေးနေသည်။ သူသည် ကျောက်စိမ်း ဖြင့်ထွင်းထုထားသည့် အလွန်အေးစက်သောကလေးဖြစ်သည်။ သူ့မျက်နှာပေါ် တွင် နှင်းခဲအလွှာတစ်ခုရှိနေပြီး သူ၏ ရှည်လျားသောနတ်ဆိုးဆန်သည့်ဆံပင် များသည် ခြေထောက်အောက်မှ အလွန်နူးညံ့သည့်မီးတောက်နှင့်အတူ ကခုန် နေသည်။

သူ့မျက်လုံးထဲမှ အေးစက်မှုများသည် တင်းမာနေသည်။ သူသည် မလှုပ် ပေ။ သို့သော် သူသည် လက်မြှောက်ကာ ညင်သာစွာလှုပ်ခါနေသည်။ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်သည့် လခြမ်းနှင့်တူသော ရောင်ဝါကိုးခု မီးလျှံတစ်ခုသည် ဂူဟောက်ထုတ်လိုက်သည့် ကြယ်ဝိညာဉ်နည်းပညာနှင့်ထိပ်တိုက်တွေ့‌လေသည်။

***

All Chapters