← Chapters

မောက်မာပြီးလွှမ်းမိုးနိုင်တယ်

Vol. 10 Ch. 199

မောက်မာပြီးလွှမ်းမိုးနိုင်တယ်

Vol. 10 Ch. 199

မင်၏ ရုတ်တရက်ပေါ်ပေါက်လာမှုသည် ထိုနယ်ပယ်တွင်ရှိနေသည့် မှော်သားရဲများကို မြေပေါ်တွင် ပြားပြားဝပ်သွားစေသည်။ သူ၏ သွေးသား ဖိအားသည် အစောပိုင်းက ဂူဟောက်နှင့်တိုက်ခိုက်နေသော မွန်မြတ်သည့် သားရဲနှစ်ကောင်ဖြစ်သော နီရဲမီးလျှံကျားနှင့် မြေကြီးချပ်ဝတ်နဂါးတို့အပါအဝင် မှော်သားရဲများ မနှိမ်နှင်းနိုင်သောအရာဖြစ်သည်။ ဂူဟောက်သည် နောက်ဆက် တွဲအကျိုးသက်ရောက်မည့်ကိစ္စကို စိတ်မပူပေ။ ထိုအဖြစ်သည် သူ၏နတ် သားရဲ ပေါ်လာသည့်အချိန်ကနှင့် အတူတူပင်ဖြစ်သည်။ ဝိညာဉ်သခင်၏ စာချုပ်သားရဲနှင့် မှော်သားရဲများသည် ထိုနတ်သားရဲ၏ ဝမ်းတွင်းပါဖိအားကို ခံနိုင်ရည်မရှိကြပေ။

ဇစ်မြစ်မသိရသည့်သတ္တဝါဖြစ်သည့် မင်နှင့်ရင်ဆိုင်ရာတွင် ဂူဟောက်၏ ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းထားသည့် နတ်သားရဲသည် သူ၏မှော်သားရဲ နေရာထဲတွင် တုန်ယင်နေပြီဖြစ်သည်။ ချပ်ဝတ်တန်ဆာမရှိသည့် နှင်းဖြူရောင် ဝတ်ဆင်ထားသော ဝိညာဉ်သခင်သည် လေပေါ်တွင် မသေမျိုးကဲ့သို့ ပေါလော ပေါ်နေသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ့မျက်နှာသည် ခန္ဓာကိုယ်ပေါ်မှ အင်္ကျီ ထက်ပင် ဖြူစွတ်နေသည်။ လခြမ်းပုံသဏ္ဍာန် ကိုးရောင်မီးဓားသွားတွင် မယှဉ် နိုင်သော အရှိန်တစ်ခုရှိသည်။ သူထုတ်လိုက်သည်နှင့် ကြယ်ဝိညာဉ်အရည် အချင်းထက်ပင် အဆပေါင်းများစွာ မြန်ဆန်သည်။ ၎င်းဖြတ်သွားသည့်နေရာ တိုင်းသည် ပုံစံပျက်ပြားသွားလေသည်။ လူသားဝိညာဉ်သခင်တစ်ဦး၏ အနှိုင်းမဲ့ စွမ်းအားသည် ၎င်းကြောင့် ပြဲကွဲသွားသည်။ ထိုလခြမ်းမီးဓားသွားရှေ့တွင် ၎င်း သည် အားနည်းပြီး ဖော်ပြရန်ပင် မထိုက်တန်ပေ။

ကျယ်လောင်သောအသံထွက်ပေါ်လာပြီး ချိုင့်ဝှမ်းတွင် လောင်ကျွမ်း သောအနံ့ထွက်ပေါ်လာသည်။ အစိမ်းရောင်မီးခိုးများ မြင့်တက်လာပြီး မျက်စိ တစ်မှိတ်အတွင်း၌ ပျောက်ကွယ်သွားလေသည်။ အားလုံးသည် မျက်လုံးပွတ်ပြီး ဂူဟောက်ရပ်နေခဲ့သည့်နေရာကို ကြည့်လိုက်ကြသည်။ ထိုလူသည် ဤအရပ်၌ မရှိဖူးသကဲ့သို့ ဖုန်မှုန့်သဖွယ် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားလေသည်။

တစ်ကွက်တည်း.. တစ်ကွက်တည်းပင်။ တစ်ကွက်တည်းနှင့်ပင် ကောင်းကင်အဆင့် ဝိညာဉ်သခင်ကို ပြာဖြစ်အောင်လုပ်လိုက်သည်။ အားလုံး သည် သူတို့၏အမြင်အာရုံကိုပင် သံသယဝင်လာကြသည်။ သူတို့ပဲ တစ်ခုခု မှားနေတာလား၊ ဒါမှမဟုတ် သူတို့ရဲ့မှတ်ဉာဏ်တွေပဲ ရှုပ်ထွေးကုန်တာလား။ ခုနကမြင်လိုက်တာက ထင်ယောင်ထင်မှားလား။

သူတို့သည် မယုံနိုင်ကြပေ။ သူတို့၏မျက်လုံးထောင့်များသည် ကိုးရောင် မီးလျှံကြားမှ ကလေးအား ခိုးကြည့်လိုက်ကြသည်။ ဒီကျောက်စိမ်းလိုကလေး က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။ အချိန်ကြာရှည်စွာ ကျင့်ကြံလာခဲ့သည့် ဘိုးဘေးကြီးများပင် နားလည်ချင်ယောင် မဆောင်နိုင်ကြပေ။

နားမလည်နိုင်သောအကြည့်များ ပေထင်းဟွမ်ပေါ်သို့ ကျရောက်လာ သည်။ သူမသည် နှာခေါင်းပွတ်ကာ ရယ်ရမည်လား ငိုရမည်လားကို မသိတော့ ပေ။ သူမ အမှန်တကယ်မသိပေ။ မင်သည် ၉ ရောင်စပ် နဂါးဇာမဏီ မှော်သားရဲ ဖြစ်သည်ကို သူမ သိသည်။ သို့သော် သူ၏ပေါက်ဖွားရာဇစ်မြစ်ကိုတော့ မသိ ပေ။ သူမသည် သူ၏ပုံစံအစစ်အမှန်ကို မမြင်ဖူးပေ။ ပြီးတော့ အရွယ်ရောက်တဲ့ အထွတ်အမြတ်သားရဲကပဲ လူသားအသွင်ပြောင်းနိုင်တယ်လို့ သူတို့ပဲ ပြောတာ မလား။ မင်က လူကြီးဟုတ်တာလား မဟုတ်တာလား။

မီးလျှံများဖြင့် ဝန်းရံခြင်းခံထားရသည့် မင်သည် အသာလှည့်ကာ သူမ အားကြည့်လေသည်။ သူ၏ ကိုးရောင်စပ်မျက်လုံးသည် နူးညံ့သောအလင်း၊ ထောင်ထိပ်ပေါ်မှ နှင်းလက်တစ်ဆုပ်စာ၊ နေရောင်အောက်မှ အတောက်ပဆုံး အလင်းနှင့်တူလေသည်။ သူသည် ပေထင်းဟွမ်သည် အကဲခတ်ပြီးနောက် အထူးသဖြင့် ကျေနပ်သွားသလိုပင်။ သူ့မျက်လုံးမှ အမူအရာသည် နူးညံ့လာ သည် “ပြိုင်ပွဲဝင်.. မင်းလုပ်တာ ကောင်းတယ် သေရေးရှင်ရေးအချိန်မှာတောင် မျက်တောင်တစ်ချက်မခတ်ဘူး.. မင်းက ကိုးရောင်နဂါးဇာမဏီရဲ့ စာချုပ်သခင် ဖြစ်ထိုက်ပါပေတယ်”

“ဟင်…” ဒီကောင်က ဘာလို့ဒီလောက် မောက်မာနေတာလဲ။ သူက မောက်မာလွန်းလို့ သူ့လမ်းကိုတောင် ရှာမတွေ့နိုင်ဘူးထင်တယ်။ ယန်ယဲ့ ပြောသလိုဆိုလျှင် ကိုးရောင်နဂါးဇာမဏီသည် ပြန်လည်မွေးဖွားလာလျှင် တောင် ပိုင်ရှင်ကိုမပြောင်းလဲနိုင်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူသည် ထိုလူနှင့် ဆက်ဆံရေးတစ်ခုရှိရမည်။ သို့သော် ထိုလူ့ကိုမသိသလိုပင်။

ပေထင်းဟွမ်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ဝိညာဉ်ကိုသာ သယ်ဆောင်သည့် ကျင့်ကြံသူ၏ ဘဝကိုမသိပေ။ ကိုးရောင်နဂါးဇာမဏီသည် လည်း သခင်ရွေးရန်နှင့် ဆွဲဆောင်ရန် ၎င်း၏ဝိညာဉ်ကို မှီခိုရသည်။ နိဗ္ဗာန်မီး သည် မှတ်ဉာဏ်များနှင့် ပြန်လည်မွေးဖွားခြင်းမဟုတ်ပေ။ သို့သော် လူတစ်ဦး ၏ ဝိညာဉ် ပြန်လည်မွေးဖွားပြီး လူဝင်စားခြင်းသည် သူတို့၏ စိတ်သဘောထား ကိုပြောင်းလဲစေနိုင်သည်ဟု မဆိုလိုပေ။ ကိုးရောင် နဂါဇာမဏီသည် ဂုဏ်မောက်သော မှော်သားရဲဖြစ်သည်။ သူ၏မူရင်းစာချုပ်သခင်သည် သေရေး ရှင်ရေးနှင့် မထိုက်တန်ပါက ကိုးရောင်နဂါးဇာမဏီသည် ပြာအဖြစ်ပြောင်းရန် ရွေးလျှင်ရွေးနိုင်သည်။

ထို့ကြောင့်ပင် ကိုးရောင်နဂါးဇာမဏီသည် ဒဏ္ဍာရီလာတည်ရှိမှုပင်ဖြစ် သည်။

***

All Chapters