← Chapters

ဒီမြေခွေးလေးနဲ့ပဲ လုပ်နိုင်တဲ့အရာ

Vol. 10 Ch. 200

ဒီမြေခွေးလေးနဲ့ပဲ လုပ်နိုင်တဲ့အရာ

Vol. 10 Ch. 200

“မင်းနာမည်” ပေထင်းဟွမ်သည် သူမ၏နာမည်ကို တခြားသူများအား မသိစေလိုသည်ကို နဂါးဇာမဏီသိသည်။ သူမတွင် နောက်ကြောင်း ရှည်ကြီး ရှိခဲ့ကာ သူမ၏သရုပ်မှန်ကို ဖုံးကွယ်ရန်လိုအပ်ခဲ့သည်။ သူတို့နှစ်ယောက်သည် ဝိညာဉ်ကူးပြောင်းခြင်းဖြင့် ဆက်သွယ်ရန် ရွေးချယ်ခဲ့ကြသည်။

“ပေထင်းဟွမ်” ပေထင်းဟွမ်သည် နဂါးဇာမဏီကို ပထမဆုံးမြင်လိုက် ချိန်တွင် ၎င်း၏မောက်မာမှုနှင့် လွှမ်းမိုးမှုကို သဘောကျခဲ့သည်။ သူမကဲ့သို့ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်သဘောထားတူသည့် စာချုပ်တွဲဖက်ကို တွေ့ရန် မလွယ်ကူလှပေ။ သန္ဓေစာချုပ်ကြောင့်လားမသိပေ ကိုးရောင်စပ်နဂါးဇာမဏီ နှင့် ရင်းနှီးသောခံစားချက်မျိုး အကြောင်းမရှိခံစားမိလေသည်။

ပေထင်းဟွမ်၏စိတ်ထဲတွင် အနည်းငယ် ပြောင်းလဲသွားသည်ကို အာရုံ ခံစားမသိဖြင့် ကိုးရောင်နဂါးဇာမဏီသည် အထူးတလည် ပျော်ရွှင်မိသည်။ သူ၏ မျက်နှာသေးသေးလေးတွင် အပြုံးတစ်ခုပေါ်လာသည်။ သို့သော် သူ့အသံ မှာ အေးစက်လွန်းသည် “မင်းခန္ဓာကိုယ်ထဲက စွမ်းအားခြောက်သွားလို့ ငါ နိုး လာခဲ့တာ.. ငါက ကလေးအရွယ်ပဲရှိသေးလို့ အိပ်ဖို့လိုသေးတယ်.. ဒီတိုက်ကို မလာခင် ငါ့နောက်ကို လူတွေလိုက်ခဲ့ကြတယ်.. အဲလူတွေ မကြာခင်ရောက် လာလိမ့်မယ်.. ငါအပြင်မှာ အကြာကြီးနေလို့မရဘူး မင်းကိုလည်း အဖော်မပြု ပေးနိုင်ဘူး”

၎င်းသည် အသက်စာချုပ်ဖြစ်သည်။ တစ်ဖက်လူသေသွားလျှင် နောက် တစ်ယောက်သည် အသက်မရှင်နိုင်ပေ။ သေချာပေါက်ပဲပေါ့ မင်သည် သူမကို ထိခိုက်အောင်လုပ်မည်ကို ပေထင်းဟွမ် စိတ်မပူပေ။ သူမသည် စိတ်ထဲမှ မေး လိုက်သည် “မင် မင်းနောက်ကိုလိုက်တဲ့လူတွေက အရမ်းအားကောင်းတာပဲ လား”

မင်၏လှပသော နှုတ်ခမ်းများသည် ပြုံးသွားသည် “မင်းရဲ့ လက်ရှိအားက အရမ်းနည်းနေသေးတယ် မင်းကိုမပြောနိုင်သေးဘူး..” သူ့မျက်လုံးများသည် မွန်မြတ်သောဝိညာဉ်အပျက်အစီးဘက်သို့ ကြည့်နေသည် “ဟိုဘက်မှာ နတ် သားရဲတစ်ကောင်ရှိတယ်.. ဟုတ်တယ် မဆိုးဘူးပဲ ကြယ် ၂ ပွင့် နတ်သားရဲ အမြီးကိုးချောင်း မီးမြေခွေးပဲ.. အဲဒီအားနည်းတဲ့မြေခွေးကို ဖမ်းဖို့ ငါကူညီပေး မယ်.. မင်းရဲ့ အခုရှိနေတဲ့ ကြောင်နက်နဲ့ခွေးဖြူထက်တော့ နည်းနည်းပိုသန်မာ လိမ့်မယ်”

ပေထင်းဟွမ်သည် အထူးသဖြင့် လျှပ်စီးနှင့် မိုးကြိုး၏ ဝမ်းနည်းသွားသေ မျက်လုံးများကို မြင်လိုက်ရချိန်တွင် ငိုရမည်လား ရယ်ရမည်လားကို မသိတော့ ပေ။ သူမသည် နှာခေါင်းကိုထိကာ ထိုသားရဲနှစ်ကောင်၏ အသနားခံသော မျက်နှာထားများကို မမြင်ချင်ယောင်ဆောင်လိုက်သည်။

တောက်လောင်သောတိမ်တိုက်သဖွယ် ၎င်းသည် ကောင်းကင်တစ်ဝက် ကို လင်းထိန်သွားစေသည်။ မင်၏အသွင်အပြင်ကဲ့သို့ ပြိုးပြိုးပြက်ပြက်နှင့် ထိတ်လန့်စရာမကောင်းသော်လည်း တောက်ပနေသောအနီရောင်သည် အလွန်ပြင်းထန်သောအမြင်အာရုံကို သက်ရောက်မှုရှိဆဲဖြစ်သည်။ ၎င်းသည် နတ်သားရဲ၏ မွေးရာပါဖိအားကို သယ်ဆောင်ကာ သူတို့ဆီသို့ လျင်မြန်စွာ ရွေ့လျားလာသည်။ မင်သာ ကြိုတင်သတိပေးမထားလျှင် ပေထင်းဟွမ်နှင့် တခြားသူများသည် ထိုအရာကိုသိကြမည်မဟုတ်ပေ။

နတ်သားရဲ.. တကယ်ကြီး နတ်သားရဲပဲ။

အကြောင်းအရင်းတချို့ကြောင့် ပေထင်းဟွမ်သည် စိတ်လှုပ်ရှားမိသည်။ ၎င်းသည် မီးဒြပ်စင်နတ်သားရဲဖြစ်သည်။ ထို့အပြင် ထိုမီးလျှံများသည် မီးလျှံ ယုံမှားငှက်ထုတ်လွှတ်သော မြေကြီးမီးထက်ပင် ပိုအဆင့်မြင့်ကြောင်းကို ပေထင်းဟွမ် ခံစားမိသည်။ ပေထင်းဟွမ်သည် မနေနိုင်ဘဲ မင်ကိုမေးလိုက်၏ “အဲဒါက ကောင်းကင်မီးလား”

မင်၏မျက်အိမ်များလှည့်လာကာ သူ၏အေးစက်သောမျက်နှာတွင် အထင်သေးမှု အရိပ်အယောင်ဖြစ်ပေါ်လာသည် “ဟင်း အဲဒါက ဒီအတိုင်း ကောင်းကင်မီးသေးသေးလေးပဲ.. ဒီမြေခွေးလေးက အဲဒါပဲလုပ်တတ်တယ်.. ငါ အရွယ်ရောက်တဲ့အဆင့်ရောက်ပြီး အမှန်တကယ် နိုးထလာရင် အထွတ်အမြတ် သားရဲနည်းနည်းဖမ်းပြီး မင်းနောက်လိုက်ဖြစ်အောင် လုပ်ပေးမယ်”

“ဦးလေးမင် ဘယ်လောက်တောင် မာနကြီးနေဦးမှာလဲ.. အထွတ်အမြတ် သားရဲနည်းနည်းရှာပြီး သူမရဲ့နောက်လိုက်လုပ်ခိုင်းမယ်လို့တောင် ဘယ်လိုများ ပြောနိုင်တာလဲ”

ပေထင်းဟွမ်သည် အတန်ကြာသည်အထိ ဆွံ့အမိသွားသည်။ သူမ မည်သို့ပြန်ဖြေရမည်ကို မသိနေသည့်အချိန်တွင် သူမရှေ့မှ နီရဲသောမီးလျှံများ သည် အမြင့်သို့တက်သွားသည်။ နတ်မိစ္ဆာကဲ့သို့အသံထွက်ပေါ်လာသည် “ရှေ့က လူသား ငါ့ကိုမြင်တာတောင် ဘာလို့ဒူးမထောက်တာလဲ”

သေလေ…

ပေထင်းဟွမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အဲဒီနတ်သားရဲက သူများထက်တောင် မောက်မာနေတာလား။ နတ်သားရဲများသည် လူသား စကားပြောနိုင်ကာ အရွယ်ရောက်ပြီးသား အထွတ်အမြတ်သားရဲတို့သည် လူသားအသွင်ပြောင်းနိုင်ကြသည်။ ထို့ကြောင့် သူမရှေ့မှ အမြီးကိုးချောင်းမီး မြေခွေးသည် လူသားစကားပြောနိုင်ခြင်းဖြစ်သည်။ သို့သော် ထိုသံသည် လူ့စိတ်ကို လှည့်စားရန်အစွမ်းရှိသည်။ ထိုအသံကိုကြားသည်နှင့် လူအများကို နာခံအောင်လုပ်နိုင်စွမ်းရှိသည်။

၎င်းထိုသို့ပြောသည်နှင့် ရှေ့တွင် ကောင်းကင်ဘုံနတ်ဘုရားများရှိနေ သကဲ့သို့ အမှတ်မရှိသော ကြယ်လွင်ပြင်မှလူများသည် ဒူးထောက်လိုက်ကြ သည်။ သူတို့သည် အလွန်အမင်းတည်ကြည်လေးနက်လျက်ရှိသည်။

***

All Chapters